Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးအောင်သိမ်းမြတ် - မြန်မာ့ရိုးရာသွေးသားရင်းချာပုံပြင်များ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

စကားတတ်လှ မယ်ရူပ

ရှေးလွန်လေပြီးသောအခါက မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင် ရှိသော တောင်တန်းကြီးတစ်ခုပေါ်၌ အလွန်ကြီးကျယ်၍ ခမ်းနားသာယာ သည့် ရွှေမြို့တော်ကြီးတစ်ခု ရှိခဲ့ဖူးလေသည်။

ထိုသာယာရွှေပြည်၏ ဘုရင်မင်းမြတ်တွင် သမီးတော်တစ်ပါး ရှိသည်။ အရွယ်၏ကောင်းခြင်း၊ ရုပ်ရည်လှပခြင်း၊ ပညာရှိခြင်းတို့ကြောင့် တိုင်းသူပြည်သားများက ချစ်ခင်မြတ်နိုးကြသည်။ ထိုသမီးတော်၏ အမည်တော်မှာ စကားတတ်လှ မယ်ရူပါ” ပေတည်း။

မယ်ရူပသည် စကားကို ချေချေငံငံ သာသာယာယာ ပြောတတ် ၏။ သို့ရာတွင် သူ့အား မည်သူမျှ နိုင်အောင် မပြောနိုင်ချေ။ သူနှင့် အချေအတင်ပြောသူတိုင်း အရှုံးပေးရသည်ချည်းဖြစ်၏။

မင်းသမီး၏သတင်းသည် အနယ်နယ် အရပ်ရပ်သို့ ပျံ့နှံ့၏။ အတိုင်းတိုင်း အပြည်ပြည်၌ ကျော်ကြား၏။ ပညာရှိများသည် မင်းသမီး ၏ အရည်အချင်းကိုစမ်းသပ်ရန် ရောက်လာကြ၏။ စကားစမြည် ပြော ကြည့်ပြီးနောက် ချီးမွမ်းကာ ပြန်သွားကြလေ၏။

ဘုရင်မင်းမြတ်သည် သမီးတော်အတွက် လွန်စွာဂုဏ်ယူ၏။ဂုဏ်ယူရာက မာနတက်လာသည်။ သို့အတွက် အမိန့်တော်တစ်ရပ် ထုတ်ပြန်တော်မူသည်။

“ငါ၏သမီးတော် စကားတတ်လှ မယ်ရူပအား စကားအရာတွင် အနိုင်ရရှိအောင်ပြောနိုင်သူအား သမီးတော်နှင့် လက်ဆက်ထိမ်းမြားကာ တိုင်းပြည်ကို ထက်ဝက်ခွဲပေးမည်၊ သမီးတော်နှင့် စကားပြောရာတွင် ရှုံးသူအား နားတစ်ဖက်ကို သံပူဖြင့်ဖောက်ပြီး ရာဇဒဏ်ခတ်တော်မူမည်”

ထိုသတင်းကိုကြားသောအခါ အတိုင်းတိုင်းအပြည်ပြည်မှ မင်းညီ မင်းသား မင်းမြေး အမတ်သား သေဌေးသား သူကြွယ်သားတို့ ရောက် လာကြ၏။ မင်းသမီး၏ လှပသောရုပ်ရည်ကို မြင်ရသောအခါ စကား မပြောဘဲ မနေနိုင်ကြချေ။

“သူနှင့် စကားပြောရလျှင်တော်ပါပြီ၊ နားကို အဖောက်ခံရလျှင် လည်း ခံရပါစေ”

ထိုကဲ့သို့သောလူများကလည်း မနည်းချေ။ အချို့ကား စကား အရာတွင် ကျွမ်းကျင်လိမ္မာသူများ ဖြစ်ကြပေ၏။ သို့ရာတွင် စကား တတ်လှ မယ်ရူပကိုကား နိုင်အောင် မပြောနိုင်ဘဲ နားတစ်ဖက် ဒဏ်ရာ ရလျက် ပြန်သွားကြရလေ၏။

တစ်နေ့တွင် စကားတတ်လှ မယ်ရူပ၏ ခမည်းတော်မင်းကြီး ထုတ်ပြန်သော အမိန့်တော်သည် ဒက္ခိဏဒီပတိုင်းပြည်သို့ ရောက်သွား လေ၏။

ထိုပြည်၏ ပြည့်ရှင်မင်းတွင် သားတော်ခုနစ်ပါးရှိသည်။

ညီနောင်ခုနစ်ဖော်တို့သည် စကားတတ်လှ မယ်ရူပနှင့် စကား နိုင်လုရန် ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်ပြီးလျှင် တိုင်းပြည်မှ ထွက်ခွာလာကြသည်။ သူတို့သည် တစ်တောဝင် တစ်တောင်တက်လျက် ခရီးနှင်လာကြရာ မယ်ရူပထံရောက်ရေးသာ စိတ်အားသန်နေကြ၏။

အငယ်ဆုံးမင်းသားထွေးကား အလွန်စပ်စုသူဖြစ်၏။ သို့ကြောင့် လမ်းတွင်တွေ့ သော လွယ်အိတ်တစ်လုံးကို ကောက်ယူသည်။

“ညီထွေး၊ ရှုပ်အောင်ကွာ ဘာလုပ်ဖို့တုံး”

နောင်တော်ကြီးက မြည်တွန်သည်။ ဒုတိယနောင်တော်ကလည်း “တော်တော်စပ်စုတဲ့ကောင်ပဲကွာ၊ ထားခဲ့စမ်း” ဟု ငေါက်ငမ်းသည်။

အစ်ကိုကြီးတွေ၏ ငေါက်ငမ်းသံ မြည်တွန်သံကိုကြားရသော နောင်တော်ငယ်များကလည်း သံယောင်လိုက်ကာ ဆူပူကြသည်။

ရှုတ်ချသူက ရှုတ်ချ၊ သရော်သူက သရော်ဖြင့်။

“အသုံးတည့်လို တည့်ငြားပေါ့ နောင်ဘုရားတို့ရာ၊ ဒါကလေး သယ်လာရတာ ဘယ်လောက်ပင်ပန်းတာမှတ်လို့”

ချိုချိုသာသာ အကြောင်းပြလျက် မင်းသားထွေးသည် လွယ်အိတ် ကို ဖုတ်ဖက်ခါပြီး ပခုံး၌ ချိတ်လွယ်လာခဲ့လေ၏။

နောက်တစ်နေ့နံနက်တွင် ခရီးဆက်ကြစဉ် လမ်းဘေး၌ ကြက် တစ်ကောင်သေနေသည်ကို တွေ့ကြရသည်။

မင်းသားခြောက်ပါးအနက် မည်သူကမျှ ငုံ့မကြည့်ချေ။ မင်းသား ထွေးမူကား ကြက်သေကို ဝမ်းသာအားရကောက်ယူပြီး လွယ်အိတ်ထဲ သို့ ထည့်တော့သည်။

“ဟေ့ ညီထွေး.. ထားခဲ့စမ်းကွာ၊ ကျက်သရေ မရှိတဲ့ အသေ ကောင်ကို” ။

နို့ညှာနောင်တော်က ငေါက်ငမ်းလျှင် ကျန်နောင်တော်များကပါ “ထားခဲ့၊ ထားခဲ့.. ညီထွေးဟာ တယ်လည်း အပြောရခက်ပါကလား” ဝိုင်းဝန်းတားမြစ်ကြသည်။

“နောင်တော်တို့ရာ.. နောင်တော်တို့ကို မထိခိုက်ရင် ယူခဲ့ပါရစေ

ဗျာ.. အသုံးဝင်လို ဝင်ငြားပေါ့”

“သည် ညီတော်ထွေးနဲ့တော့ ခက်နေပြီဟေ့”

နောင်တော်ကြီးမူ ညည်းတွားသံဖြင့် အလျှော့ပေးသည်။ ညီတော်ထွေးကလည်း ညီတော်ထွေးပင်။ မကြာမီ တစ်စုံတစ်ရာ ကို ကုန်းကောက်ပြန်သည်။

“ဟေ့ ညီတော်ထွေး၊ လုပ်ပြန်ပြီလား”

နောင်တော်လတ်က ဖျတ်ခနဲ လှည့်ကြည့်ကာ အော်ငေါက်၏။

“နောင်နောင်ကလည်းဗျာ... ညီညီ ဘာလုပ်လို့တုံး”

ထိုသို့ ပြောမည့်သာပြောသည်၊ သူ့ လွယ်အိတ်ထဲသို့ ပစ္စည်း အသစ်တစ်မျိုး ရောက်နေပြီ။

ထိုအရာမှာ ကြိုးမျှင်ကလေးတစ်မျှင် ဖြစ်၏။ ညီတော်ထွေးသည် နောင်တော်တွေမြင်သည့်အခါ၌ အချီအချ ပြောရသည်။ ရိပ်ခနဲသာ မြင်ကြရသည့်အခါများ၌ ဟိုလိုလို သည်လိုလို စကားရော ဖွေရော လုပ်ပစ်သည်။

ဤသို့ဖြင့် နောက်ထပ်၍ ကောက်ကောက်ကွေးကွေး ဆိတ်ချို တစ်ချောင်းနှင့် ဇွန်းတစ်ချောင်း၊ ကြိုးကြီးတစ်ပင်တို့ကိုလည်း ကောက် ထည့်ခဲ့ပြန်သေး၏။ င်

မကြာမတင် ကာလမှာပင် ညီတော်မောင်ရင်း ခုနစ်ပါးမင်းတို့ သည် စကားတတ်လှ မယ်ရူပစံရာ ရွှေပြည်တော်ကြီးသို့ ဆိုက်ရောက် သွားကြလေ၏။

ဒက္ခိဏဒီပအရပ်မှ ပင်ပန်းကြီးစွာရောက်လာသူများဖြစ်ကြောင်း သိရသောအခါ မင်းသမီး၏ရှေ့တော်သို့ အမြန်ဆုံး ဝင်ခွင့်ရ၏။

မင်းသမီးစံမြန်းသောအဆောင်မှာ မင်းသမီးနှင့်မတန်၊ ကျဉ်း မြောင်း၏ ။ သို့ပါလျက်နှင့် တံခါးတွေ ပိတ်ထားသေး၏။

 “တယ်ပြီး ပူလှ အိုက်လှပါကလား၊ ဟူး”

နောင်တော်ကြီး ညည်းတွားမိသည်။ မယ်ရူပကို စကားပြောခြင်းမဟုတ်။ မြည်တမ်းခြင်းသာဖြစ်သည်။

“မီးက အခု ပူတာ အိုက်တာထက် အဆပေါင်းများစွာ ပိုလို့ တောင် ပူပါသေးတယ် အရှင့်သား” ။

မယ်ရူပထံမှ ချေပချက် ချက်ချင်းပေါ်လာသည်။ စကားပြောရန် မရည်ရွယ်သေးသဖြင့် ချေပစကားကို နောင်တော်ကြီး မတုံ့ပြန်တတ်။ ဘာပြန်ပြောရပါမတုံး စဉ်းစားနေရသည့်အတွက် ရှုံးသွားလေ၏။ သို့ အတွက် မူရင်းအမိန့်တော်နှင့်အညီ ဝဲဘက်နားရွက်ကို သံပူဖြင့် ထိုး ဖောက်ခြင်းခံရလေ၏။

နောင်တော်ကြီး၏ ညီတော်ငါးဦးမှာလည်း မထူးခြားချေ။ သူတို့ လည်း တောက်တဲ့လှည်းနင်းခံရသလို အိုးတိုးအတဖြစ်ကာ ရှုံးကြသည်။ သူတို့လည်း ဘယ်ဘက်နားရွက်တွေ အဖောက်ခံရသည်။ ။ | နောက်ဆုံးလူကား ညီတော်ထွေးပေတည်း။

သူသည် ရှေ့ကနောင်တော်ခြောက်ယောက်ကဲ့သို့ မခံရအောင် စိတ်ကူးဖြင့် ပြင်ဆင်ထားသည်။ နောင်တော်ခြောက်ပါးလုံးသုံးစွဲသွားသော စကားကိုပင် ထပ်မံသုံးစွဲသည်။ မယ်ရူပထံမှလည်း စကားအသစ် မလာသေး။

“သည်အခန်းထဲမှာထက် မီးက အများကြီး ပိုပူပါသေးတယ်ရှင်”

“ဟုတ်လား၊ သည်လိုဆိုရင်” ညီတော်ထွေးသည် လွယ်အိတ်ထဲမှ ကြက်သေကို ထုတ်ပြ၏။ “သည်လိုဆိုရင်.. မောင်တော်ကြက်သေကို ကင်ချင်လိုက်တာ”

တော်ရုံတန်ရုံမိန်းမ ပါးစပ်ပိတ်သွားဖွယ်ဖြစ်၏။ သို့ရာတွင် စကား တတ်လှ မယ်ရူပကား ပြောစရာစကား မရှားပါး။