Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးအောင်သိမ်းမြတ် - မြန်မာရိုးရာဟာသပုံပြင်များအမှတ်(၂)

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ဣစ္ဆာသယ ကျည်ပွေ့

ငမူးနှင့် မှိန်းသည် ထန်းရည်သမားနှင့် ဘိန်းသမားများ ဖြစ်ကြ ၏။ ငမူးသည် မူးယစ်သောက်စားရန်သာ စိတ်ကူးနေသဖြင့် နေစရာအိမ် မရှိချေ။ ငမှိန်းမှာလည်း ဘိန်းရှူရန်ကလွဲ၍ ဘာမျှမသိသောကြောင့် နေစရာ အိုးအိမ် မရှိချေ။

ရပ်သူ ရွာသားများသည် ထိုသူနှစ်ယောက်ရောက်လာလျှင် မောင်း နှင်ပစ်ကြ၏။ ထန်းရည်ဖိုး၊ ဘိန်းဖိုးရရန် ခိုးတတ်သောကြောင့် ဖြစ် သည်။

သို့အတွက် ငမူးနှင့် မှိန်းမှာ အခြားရွာသို့ သွားရောက်ကာ အလုပ်လုပ်ကြရသည်။ အများသူငါ တည်းခိုသော သာလာယံဇရပ် ဆိုလျှင် ဆူညံတတ်၊ လူများတတ်သဖြင့် လူရှင်းသောသုသာန်ဇရပ်တွင် ဆုံကြသည်။ ရံဖန်ရံခါသော် ထိုဇရပ်မှာပင် အိပ်စက်ကြသည်။

တစ်ညတွင် ငမှိန်း အရောက်နောက်ကျသည်။ ငမူးသည် ဇရပ် ခါးပန်းပေါ် ခေါင်းတင်ပြီး လှဲနေစဉ် ဇရပ်ကြီး သိမ့်သိမ့်ခါသွားသဖြင့် မှိန်းထင်ပြီး အသာထ၏။ ဘိန်းစား မဟုတ်၊သဘက်တွေ ဖြစ်၏။ ရွံစရာ ကိုယ်ခန္ဓာကို နားရွက်ကြီးတွေဖြင့် ခြုံလွှား ထား၏။

ငမူးမှာ ဆင်းပြေးရန် အချိန်မရတော့သဖြင့် ပုဆိုးခြုံပြီး သဘက် တွေထဲ၌ ဝင်ထိုင်၏။

“ဟေ့... လူစော်နံတယ်ကွ၊ လူစော်နံတယ်” ထိပ်တွင် အနီကွက်ရှိသော သဘက်က ထအော်၏။ “မင်း ထင်လို့ပါကွာ၊ ဘယ်က လူစော်နံရမှာတုံး”

ငမူးက သွက်လက်စွာ ထသည်။ လက်ညှိုးထိုးလျက် ရေတွက် သည်။ ။

“တစ်... နှစ်... သုံး၊ တစ်... နှစ်... သုံး၊ ကဲ... ဘယ်မှာတုံးလူ”

သဘက်တွေကိုချည်း လက်ညှိုးထိုးပြီး ရေတွက်သည်။ သူ့ကို ချန်လှပ်ထားသဖြင့် လေးယောက် ဖြစ်မလာခဲ့ချေ။

“အေးကွ၊ ငါလည်း လူစော် နံသလိုလိုပဲကွ”

နောက်သဘက် တစ်ကောင်ကလည်း ထိပ်နီ၏ သံယောင် လိုက်ပြန်သဖြင့် ငမူး ထရပြန်သည်။

“နင့်ဘကြီး လူ မပါပါဘူးဟ၊ တစ်... နှစ်.. သုံး၊ သုံး.. နှစ်... တစ်၊ ဘယ်မှာ လူပါလို့တုံး၊ ငါတို့ချည်းပါဟ”

“အေးကွာ၊ ဒီဇရပ်က လူတွေလာတဲ့နေရာကိုးကွ၊ လူစော်နံမှာ ပေါ့ ဟုတ်ဘူးလား။ ဒါပေမဲ့ လူတွေဟာ လာသာ လာတာကွ၊ ဇရပ် လှေကားအောက်က ရွှေအိုး ခုနစ်လုံးကျတော့ တစ်ယောက်မှ မတွေ့ကြ ဘူးကွ”

“ဘယ်မှာ တွေ့မတုံးဟာ၊ သည်ဇရပ်ကို လာတာ ရွှေအိုး ရှာရ အောင် လာတာမဟုတ်ဘူး။ ငိုရအောင် လာတာလေ”

သဘက်တွေ သဘောကျစွာ ရယ်မောကြသည်။

“ဆန်းတယ်နော်၊ ငိုတာပဲ အိမ်မှာ ငိုလည်း ရသားနဲ့၊ ဒီဇရပ်ကို လာပြီး ငိုရတယ်လို့”

သဘက်တွေ တသောသောဖြင့် ထပ်မံ ရယ်မောကြပြန်သည်။ ထို့နောက် ရောက်တတ်ရာရာများ ဆက်လက်ပြောကြသည်။ ညဉ့် အတော်နက်မှ ထပြန်မည်ပြုကြရာ ငမူးသည် ရောနှောထပြန်ဟန်ပြုသည်။

တောအုပ်သို့ရောက်မှ ပြန်လှည့်လာသည်။ ထိုမှိန်းကား မရောက်သေး။

ငမှိန်းမှာ အိမ်တစ်အိမ်၏ နောက်ဖေးဘက်မှ ဝင်ကာ ထဘီ ခိုးရာတွင် လူမိသွားသဖြင့် သူကြီးအိမ်သို့ အပို့ခံရကာ ထိတ်တုံးထဲသို့ ရောက်နေ၏။ နောက်တစ်နေ့တွင်လည်း ထိတ်တုံးထဲမှ ငမှိန်း မလွတ် သေးပေ။ ထိုအချိန်တွင် ငမူးသည် သုသာန် ဇရပ်အောက်မှ ရွှေအိုးတွေကို တူးယူပြီးပြီ။

ရွှေအိုးတစ်လုံးကို ရောင်းချကာ ရွှေအိုး ရောင်းရငွေဖြင့် အိမ် တစ်လုံး ဝယ်လိုက်သည်။ နေစရာ အိမ်၊ အိပ်စရာနှင့် ခံ့ညား ခမ်းနားသော ဦးငမူး ဖြစ်နေလေ၏။

ငမှိန်းသည် ထိတ်တုံးမှ လွတ်လျှင် လွတ်ချင်း သုသာန်ဇရပ်သို့ သွား၏။ ငမူးကို စောင့်၏။ ငမူးကား ရောက်မလာချေ။ ရက်ပေါင်း များစွာ ဆက်လက်စောင့်ဆိုင်းရာ ငမှိန်းမှာ တစ်ခုသော နေ့တွင် ဇရပ်ပေါ် တွင် အိပ်ပျော်သွားရာ သန်းခေါင်တိုင်မှ နိုးလေ၏။

ငမှိန်းမှာ ဘိန်းမရသဖြင့် စိတ်ဆင်းရဲနေ၏။ ထမင်းလည်း မစားရ သဖြင့် နုံးခွေနေ၏။ သို့စဉ်တွင် ဇရပ်ပေါ်သို့ သဘက် သုံးကောင်တက် လာ၏။ ငမှိန်း ခေါင်းထောင်ကြည့်၏။ | ဘိန်းစား၏ ထိုင်းမှိုင်းသောအသိက အန္တရာယ်ဟု ရုတ်ခြည်းမသိမမြင်နိုင်ချေ။ သို့ဖြစ်သဖြင့် သဘက်များနှင့် ဝင်ရောက်ရောနှောမှ အန္တရာယ်ကင်းမည်ဆိုသည်ကိုလည်း မတွေးတောနိုင်ချေ။

“ဟာ.. လူစော် နံသဟ၊ လူစော်.. လူစော်”

ဝိုင်းထိုင်မိလျှင် ထိုင်မိချင်း သဘက်တစ်ကောင်က အော်၏။ ဟိုသည် ကြည့်သောအခါ ခွေနေသော ငမှိန်းကို မြင်ကြရ၏။

“နံမှာပေါ့ကွာ၊ ဟိုဥစ္စာ လူ မဟုတ်လား” သဘက်တွေ ထလာသည်။ ငမှိန်းအား ဝိုင်းအုံကြည့်ကြသည်။

“ဟာ နှာခေါင်းက ဖောင်းဖောင်းရှည်ရှည်ကလေးဟ၊ ဆန်းတယ် ဟေ့”

သဘက်တွေ ရယ်မောကြစဉ် သဘက်တစ်ကောင်က ငမှိန်း၏ နှာခေါင်းကို ကိုင်ဆွဲကြည့်သည်။ ။

“အမယ်လေးဗျ... အောင်မယ်လေး နာသဗျ”

“ဖောင်းဖောင်းရှည်ရှည်ကလေးအောက်က ကန့်လန့်ပေါက် ကလေးကလည်း အသံထွက်သဟေ့” ။

ငမှိန်းမှာ သဘက်တွေအတွက် အထူးအဆန်းသတ္တဝါ ဖြစ်နေ ၏။ ဝါးခနဲ၊ ဝါးခနဲ ရယ်မောကြ၏။ နှာခေါင်းအောက်ရှိ ကန့်လန့်ဖြတ် အပေါက်မှ ထွက်လာသော အသံကို ကြားချင်သဖြင့် နှာခေါင်းကို နောက်တစ်ကောင်က ဆွဲပြန်၏။

“အား.. ဟား.. ဟား၊ နာတယ်... နာတယ်” သဘက်တွေ ရယ်မောကြပြန်ချေသည်။

သူတို့က နှာခေါင်းကို ဆွဲလိုက်၊ ငမှိန်းက အော်လိုက်ဖြင့် ရယ်ပွဲ ဖြစ်နေရာ သဘက်တွေ မထောင်းတာသလောက် ငမှိန်းမှာ ဒုက္ခတွေ့နေ သည်။

အကြောင်းမူ နှာခေါင်းသည် ရှည်ထွက်လာရာ ဇရပ်ပေါ်မှသဘက်တွေ တဟားဟား ရယ်မောလျက် ဆင်းသွားချိန်တွင် မှိန်း၏ နှာခေါင်းမှာ ခြောက်တောင်ရှည်လျက် ကျန်ခဲ့သဖြင့် ဖြစ်ပေသည်။

ငမှိန်းမှာ ခြောက်တောင်ရှည်သော နှာခေါင်းကြီးကို လက်ဖြင့် ပွေ့ကာ ရပ်ထဲရွာထဲသို့ လှည့်လည်သည်။ လက်ညောင်းလျှင် နှာခေါင်း ကို ပခုံးပေါ် တင်ထားသည်။

လူတွေက ဘိန်းစားကို အထင်သေး ရွံရှာမုန်းတီးသော်လည်း နှာခေါင်းကို ကြည့်ချင်သဖြင့် ငွေကြေးများ ပေးကမ်းကြသည်။

ထိုသို့ ရက်ပေါင်းများစွာ လှည့်လည်သွားလာပြီး ခြောက်တောင် ရှည်သော နှာခေါင်းကို ပြစားနေစဉ် တစ်နေ့သ၌ မှိန်းသည် အိမ်သစ် ကြီး တစ်ဆောင်ရှေ့သို့ ရောက်သွားသည်။

“နှာခေါင်းထူး၊ နှာခေါင်းဆန်း ကြည့်ချင်ရင် လာကြနော်” အိမ်သစ်မှာ ဦးငမူးအိမ် ဖြစ်ပေသည်။

ဦးငမူးသည် ဤအသံကား သူငယ်ချင်းမှိန်း၏ အသံပေတည်း ဟု သိသဖြင့် ထွက်ကြည့်၏။

“အဲဒီနှာခေါင်းရှည်ကို အိမ်ထဲခေါ်လိုက်ကြစမ်းဟေ့”

ဦးငမူးမှာ ဝဖြိုးစိုပြည်နေသည်။ အဝတ်ကောင်းတွေ သပ်ရပ်လှပ စွာ ဝတ်ထားသဖြင့် ငမှိန်း မမှတ်မိ။ ဟေ့ကောင်... ငမှိန်းဟု ခေါ်တော့ မှသာ မှတ်မိသည်။ ဦးငမူးအား ဖက်ငိုတော့သည်။ ပြီး

“လူစင်စစ်က ဘယ်လိုက ဘယ်လို ဆင်ဖြစ်လာတာတုံးကွာ”

ဦးငမူး ရယ်မောပြီး မေးသော်လည်း ငမှိန်းက ဖြစ်ကြောင်းကုန်စင် ကို ငိုကြွေးပြီး ဖြေသည်။ ဦးငမူးသည် ငမှိန်းအား အိမ်တွင် ခေါ်ထား လိုက်ကာ ညအချိန်တွင် သုသာန်ဇရပ်သို့ သွားရောက်စောင့်ဆိုင်းနေ သည်။

သန်းခေါင်ရောက်ပြီ။ နားရွက်တွေ ကိုယ်စီခြုံလျက် သဘက်