Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဦးအောင်သိမ်းမြတ် - ကိုယ်တွေ့အာနုဘော်ကြီးမားသောမဟာပရိပ်တော်များ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

ခန္ဓပရိတ် အာနုဘော်

(ကိုယ်တွေ့)

ကျွန်ုပ်သည် ၁၉၆၂ ခုနှစ် ဇန်နဝါရီလလောက်တွင် ရန်ကုန် အနီးရှိ မြို့သစ်တစ်မြို့သို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပါသည်။ ကျွန်ုပ်၏ အိမ်မြေယာမှာ အလျား ပေ ၆၀၊ အနံ ပေ ၄၀ ကျယ်ဝန်းပါသည်။

ကျဉ်းမြောင်း ပိတ်ဆို့နေသော ရန်ကုန်မြို့တွင်းမှ ပြောင်းရွှေ့ လာခဲ့ရသူဖြစ်သဖြင့် အပြန့်ကျယ်ဝန်းသော အိမ်နေရာမြေကွက်ကလေး တွင် နေထိုင်ရန် အခွင့်ရရှိချိန်တွင် အလွန် ဝမ်းသာကြည်နူးသည်နှင့်အမျှ ခြံစည်းရိုးကို ပုဏ္ဍရိက်ပင်များ ဖြည့်စွက်မွမ်းမံ၍ အခြားနေရာများတွင် သရက်၊ သင်္ဘော၊ ပိန္နဲ၊ မာလကာ၊ ပုန်းညက်၊ ရဲယို၊ ငှက်ပျော၊ စံပယ်။ ဒူးရင်း၊ ဒူးရင်းသြဇာပင်များ၊ အုန်းပင်များ ချထားစိုက်ပျိုးကာ ရေမပြတ် တရစပ်လောင်းသဖြင့် ငှားစွင့်ကြွားဝင့်သော အပင်များဖြင့် ကျွန်ုပ် အိမ်ဝိုင်းမှာ ကြည်နူးစရာကောင်းလာပါသည်။

မေလသို့ ရောက်သောအခါ မိုးရိပ်မိုးနံ့ကလေးများ ရလာသည့် အတွက် ပင်ပန်းကြီးစွာ ရေလောင်းရသည့်ဒုက္ခမှ ယာယီအားဖြင့်ကင်းဝေးတော့မည်ဟု မျှော်လင့်နေပါသည်။ သို့ရာတွင် မိုးဖြိုင်ဖြိုင် ကျသော ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် ကျွန်ုပ်မှာ ရင်ကျိုးရပါတော့၏။

အဘယ်ကြောင့်ဆိုသော် တစ်ဆောင်းလုံး တစ်နွေလုံး နှစ်သက် ဖွယ်ရာ လှပပြန့်ပြူးခဲ့သော ခြံဝင်းမြေအပြင်ကို ရက်ရှည်လများ မိုးရေဒီရေ နှစ်ထွေသော ရေများ ဖုံးလွှမ်းထားသဖြင့် ကျွန်ုပ် ယုယပြုစု ခဲ့သော အပင်အားလုံး သေကုန်သောကြောင့် ဖြစ်ပါသည်။

တစ်အိမ်လုံးတွင် ရေတွေ ပင်လယ်ဝေရုံမက သစ်ပင်များပါ သေကုန်၍ စိတ်ပင်ပန်းနေချိန်တွင် မြွေပူရာတွင် ကင်းမှောင့်ဟူသကဲ့သို့ ရှိရှိသမျှ ကုန်းမြေများကို ရေဖုံးသဖြင့် ခိုမှီတွယ်ကပ်စရာ လိုက်လံရှာဖွေ ကြကုန်သော ပုရွက်ဆိတ်အမျိုးမျိုး၊ ကရင်နီကောင်အမျိုးမျိုး၊ ကင်း အမျိုးမျိုးနှင့် မြွေအမျိုးမျိုးတို့သည် ကျွန်ုပ်၏ အိမ်ကလေးကို သူတို့ ပျော်စံရာအမှတ်ဖြင့် စုပြုံတက်လာကြလေ၏။

ကျွန်ုပ်မှာ ကျန်းမာရေးညံ့ဖျင်းသော မွေးကင်းစ ကလေးငယ် ကလေး ရှိနေရာ ကလေးကို အန္တရာယ်ပြုမည်စိုးသောကြောင့် ပုရွက်မျိုး များကို ရေနံဆီဖျန်းပြီး သတ်သလို၊ ကင်းနှင့်မြွေများကိုလည်း တွေ့ရာ သင်္ချိုင်းဓားမဆိုင်းသလို ငါးနှစ်ရွယ်နှင့်သုံးနှစ်ရွယ် သားနှစ်ဦး၏ အကူအညီဖြင့် သတ်ပစ်ပါသည်။

မည်သို့ပင် သတ်စေကာမူ ကင်းနှင့်မြွေကား လျော့ပါးမသွားပါ။ လာမြဲလာနေကြသည်။ တက်မြဲတက်နေကြသည်။

ဤမျှမပြီးသေးပါ။ အိပ်ရာထဲတွင် မြွေများ ကင်းများကို မကြာခဏတွေ့ရသလို သေတ္တာအောက်၊ အိုးခွက်ကြား၊ စာအုပ် စာတမ်းများ ကြားထဲတွင်လည်း ကင်းများ မြွေများကို အဆက်မပြတ် တွေ့ နေပြီး အဆက်မပြတ် သတ်ပစ်နေပါသည်။ ဤလိုနှင့် တစ်မိုးကုန် သွားပါတော့သည်။

မိုးကုန်လျှင်ကုန်ချင်း ခြံဝင်းတစ်ခုလုံးနှင့် အိမ်အောက်ပါမကျန် မြေဖို့ပစ်ပြီးလျှင် သစ်ပင်ပန်းပင်များကို ကျွန်ုပ် စိုက်ပျိုးပါသည်။ သည်လိုနှင့် နောက်တစ်မိုး ကျရောက်လာပြန်ရာ ပိုးကောင် မွှားကောင်နှင့် အဆိပ်ရှိသော အကောင်များ တက်မြဲတက်၍ ကျွန်ုပ်တို့ သားအဖ တစ်တွေမှာလည်း မြွေမုဆိုး၊ ကင်းမုဆိုး အလုပ်ကို ပြန်လုပ်ကြရ ပြန်လေ၏။

ခိုကိုးစရာ ကုန်းမြေရှိပြီးဖြစ်ပါလျက် အိမ်ပေါ်တွင် အထူးသဖြင့် “ကင်းခြေများ” ခေါ် ကင်းတို့ ရောက်လာခိုအောင်းမှုမှာ ပိုမိုဆိုးဝါး လာပါသည်။

ထိုအတောအတွင်း တစ်ခုသော ခြေခင်းလက်ခင်းသာသည့် ညနေပိုင်းတွင် ကိစ္စကြီးတစ်ရပ် ဖြစ်ပွားခဲ့လေ၏။

ထိုညနေက ကျွန်ုပ်သည် အိမ်ရှေ့၌ ရှိနေစဉ် နောက်ဖေးဘက်မှ မြေကြီးကို ပြင်းထန်စွာ ဆောင့်ကန်သံများ ကြားရပါသည်။ ကျွန်ုပ် သည် ခြေရင်းတံခါးသို့ ပြေးသွားကာ အသံလာရာဘက်သို့ လှမ်းကြည့် လိုက်သောအခါ အဝတ်တန်းတစ်ခုအောက်တွင် ခြေထောက်များ လှုပ်ရှားနေသော ကျွန်ုပ်၏ ခြေထောက်ကြားမှ မြွေတစ်ကောင် ပြေးထွက်၍ အနီးရှိ မြေပပ်ကြားအက်ထဲသို့ ဝင်သွားသည်ကို မြင်လိုက် ရသည်။

စင်စစ်အားဖြင့် ကျွန်ုပ်၏ ဇနီးမှာ ခြေထောက်ကို အမှိုက်စ တစ်စ အဝတ်စုတ်တစ်ခုနှင့် လာငြိသည်။ အဝတ် သို့မဟုတ် အမှိုက်တွင် ပုရွက်ဆိတ်ပါလာပြီး ကိုက်ခဲခံရသည်ထင်ပြီး ငုံ့မကြည့်ဘဲ ခြေထောက်ကိုဆောင့်ခါပစ်လိုက်ခြင်းသာ ဖြစ်၏။ ငါ့မကြည့်သဖြင့် မြွေကိုက်ခံရ သည်ကိုပင် မသိလိုက်ပါ။ ကျွန်ုပ်သာ ထွက်မကြည့်မိလျှင် မည်ကဲ့သို့သော အခြေအနေဆိုးများ ဆက်လက်ဖြစ်ပွားလာမည် မသိပေ။

မြွေတစ်ကောင် ပြေးဝင်သွားသည်ကို မြင်ကြောင်း ကျွန်ုပ်ပြောမှသာ ဇနီးသည်မှာ သူ မြွေကိုက်ခံရကြောင်း သိပါတော့သည်။ ထိုအခါတွင် နီးရာဆေးပေးခန်းသို့ ပြေးပြီး ဆေးထိုးရာ မြွေဆိုး မြွေကောင်း မသိလိုက်လျှင် ဆေးရုံသို့ သွားခြင်းသာလျှင် အကောင်းဆုံး ဖြစ်ကြောင်း အကြံပေးပါသည်။

သုံးလသားသာသာ နို့စို့ကလေးငယ်ကို ထားပစ်ခဲ့ကာ ဇနီး သည်မှာ ဆေးရုံတက်ပြီး ဆေးဝါးကုသမှုခံယူရရာ တစ်ပတ်တိတိ ကြာညောင်းခဲ့ပေ၏။

ယင်းကိစ္စတွင် အလွန်ရှင်းပြောင်နေသော မြေပြင်၌ ခိုအောင်း စရာ မြက်ပင်နှင့် အမှိုက်မရှိသောအခါ ကြံကြံဖန်ဖန် မြေပပ်ကြားထဲမှ ထွက်ကိုက်သော မြွေ၏ ထူးဆန်းမှုကို သတိပြုမိပါသည်။

တစ်ညတွင် အိမ်ရှင်မက “ထပါဦး ထပါဦး” ခေါ်သဖြင့် ထကြည့်ရာ တစ်စုံတစ်ရာကို အနှီးဖြင့် အုပ်ထားသော အိမ်ရှင်မကို ကလေးငယ်ကလေး၏ ဘေးနားတွင် တွေ့ရပေ၏။

အနှီးကို ယူလာပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်သောအခါ လက်မဝက်ခန့်တုတ်၍ ခြောက်လက်မခန့်ရှည်သော ကင်းတစ်ကောင်ကို တွေ့ရသဖြင့် ဖနောင့်ဖြင့် ပေါက်ကာ သတ်ပစ်လိုက်ရပါတော့သည်။ နောက်တစ်နေ့တွင် တစ်အိမ်လုံး၌ ဖျာများလှန်၊ သေတ္တာတွေရွှေ့ဖွင့် စသည်ဖြင့် ရှင်းလင်းရာ၊ ဤသတ်နေသည့်ကြားကပင် ခိုဖြစ်အောင် ခိုအောင်းနေသော ကင်းများကို တွေ့ရပြီး သတ်ပစ်ရပြန်လေသည်။

တစ်အိမ်လုံးကို ရှင်းလင်းထားသဖြင့် မည်သည့်နည်းနှင့်မျှ ကင်းရှိတော့မည် မထင်သော်လည်း သန်းခေါင်ကျော်ခန့်တွင် အိမ်ရှင်မက နှိုးပြန်ပါတော့သည်။ ကျွန်ုပ် ထကြည့်သောအခါ အိမ်ရှင်မ၏ ဆံပင် ထွေးထဲတွင် ငါးလက်မခန့် ရှည်လျားသော ကင်းတစ်ကောင် ထွေးရစ် နေသည်ကို တွေ့ရသဖြင့် ညှပ်နှင့်ယူပြီး လွှတ်ပစ်လိုက်ပါသည်။

ဤမျှ အရူးအမူး သတ်ဖြတ်သုတ်သင်နေသော ကျွန်ုပ်သည်ထိုကင်းခြေများကို အဘယ်ကြောင့် သတ်ဖြတ်ပစ်ခြင်း မပြုပါသနည်း။

ကျွန်ုပ်၏ ခေါင်းထဲတွင် အတွေးတစ်စု ဝင်လာသည့်အတွက် ဖြစ်ပေ၏။ ကျွန်ုပ်၏ အတွေးကား

“ကြည့်စမ်း၊ ငါ ဒါလောက် ပတ်ကြမ်းတိုက်ပြီး သုတ်သင် နေတဲ့ကြားထဲက ကင်းတွေဟာ လျော့မသွားဘဲ တိုးလာတယ်။ ခိုစရာအောင်းစရာ နေရာတွေ အများကြီးရှိရဲ့ သားနဲ့ ကလေးအနှီးခေါက်ထဲ ဝင်လာတာ၊ ဆံပင်ထဲ ဝင်လာတာ ဘာသဘောလဲ၊ ငါ သူတို့ကို ဒီပုံ ဒီနည်းနဲ့ အကြမ်းဖက်လို့ မဖြစ်တော့ဘူး”

ကျွန်ုပ်သည် ရတနာသုံးပါးနှင့်လည်း ဝေးကွာသူမဟုတ်ပါ။ ရဟန်းသံဃာများ၏ အရိပ်ကို ခိုလှုံကာ ၎င်းတို့၏ အဆုံးအမကိုလည်း ခံယူခဲ့ဖူးသည်။ လောကုတ္တရာနှင့် စပ်လျဉ်းသော သုတ၊ မုတများလည်း ရှိသည်။ လောကုတ္တရာ စာပေများကိုလည်း ဖတ်ရှုလေ့လာဖူးသည်။

သို့ကြောင့် အကြမ်းဖြင့် နှင်၍မရလျှင် အနုနည်းဖြင့် နှင်နိုင်၊ ကာကွယ်နိုင်သော မေတ္တာနည်း၊ တရားနည်းကို ကြားနာသိရှိဖူးသဖြင့် ယင်းအချက်ကို ကွက်ခနဲ သတိရလိုက်သောကြောင့် ထိုကင်းကို မသတ်ဘဲ လွှတ်လိုက်ခြင်း ဖြစ်ပေ၏။

ထို့ကြောင့် ကျွန်ုပ်သည် နောက်တစ်နေ့တွင် “ပရိတ်ကြီး စာအုပ်” ကို အိမ်တွင်းအနှံ့ လိုက်လံရှာဖွေပါတော့သည်။ သို့သော် သီးသန့်ပရိတ်ကြီးစာအုပ်ကို မတွေ့ပါ။ “ဆယ်စောင်တွဲ” စာအုပ်သာ ရှာတွေ့သဖြင့် ပရိတ်ကြီးများကို တစ်သုတ်ပြီးတစ်သုတ် ဖတ်ရှု ကြည့်လိုက်သောအခါ “ခန္ဓသုတ် ပရိတ်တော်” ကို တွေ့ ရှိပါသည်။

ကျွန်ုပ်သည် သားကြီးအား ခန္ဓသုတ်ပရိတ်တော်၏ အဓိပ္ပာယ်ကို ရှင်းပြပြီး ခန္ဓသုတ်ကို အကျက်ခိုင်းပါသည်။ သူ ဖတ်တတ်စေရန် ဆယ်ခေါက်ခန့်ချပေးပြီးမှ တစ်ရက်လျှင် တစ်ပုဒ်ကျ ကျက်ခိုင်းခြင်း ဖြစ်ပေသည်။

-