Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဦးသိမ်းမောင် - ပုဂံခေတ်ယဥ်ကျေးမှု

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ပုဂံခေတ် ယဉ်ကျေးမှု

မြန်မာလူမျိုး ဖြစ်ပေါ်လာပုံ

“မြန်မာအစ တကောင်းက” ဟူသော စကားတစ်ရပ်ကို အစဉ်အလာ အားဖြင့် ကျွန်ုပ်တို့ မြန်မာလူမျိုးများ ပြောဆိုသုံးနှုန်းခဲ့ကြသည်။ သို့သော် ပထမ တကောင်းပြည် ဒုတိယ တကောင်းပြည် တည်ထောင်နေ ထိုင်ကြစဉ်က ရှိနေခဲ့ကြသော အမျိုးသားများသည်ကား မြန်မာလူမျိုး များ မဟုတ်ကြောင်း၊ ဤ ပုဂံခေတ် ယဉ်ကျေးမှု စာအုပ် မဖတ်ရှုမီပင် တင်ကြို သိရှိထားနှင့်ကြရန် လိုအပ်လှသည်ဟု ထင်မြင်သဘော ရရှိ ပေသည်။

ပထမ တကောင်းပြည်ကို တည်ထောင် နေထိုင်လာကြသူတို့ သည် အိန္ဒိယနိုင်ငံကြီးမှ ရေကြည်ရာ မြက်နုရာ ရန်သူတို့နှင့် အလှမ်း ဝေးရာ ဒေသကို ရှာဖွေ နေထိုင်လာကြသူ အိန္ဒိယတိုင်းသားများသာ ဖြစ်လေသည်။ ဒုတိယ တကောင်းပြည်ကို တည်ထောင် နေထိုင်လာ ကြသူများလည်း ပထမ တကောင်းပြည်ကို တည်ထောင် နေထိုင်လာ ကြသူများ၏ ရည်ရွယ်ချက်အတိုင်းပင် ဖြစ်လေသည်။ ထိုသို့ တိုင်းသစ် ပြည်သစ် တည်ထောင်စိုးစံ နေကြသူတို့မှာ မြန်မာပြည်ပမှ လာကြသော အိန္ဒိယတိုင်းသား လူမျိုးခြားများ ဖြစ်၍ အအုပ်ချုပ်ခံ ပြည်သူလူထုမှာ မြန်မာလူမျိုး မဟုတ်သေးသော ပင်ရင်းနေ ရှေးဦး မြန်မာပြည်သားများ သာ ဖြစ်လေသည်။

တကောင်းပြည် မတည်ထောင်မီ သို့မဟုတ် တည်ထောင်ချိန် အခါလောက်က မြန်မာပြည်နေ ရှေးဦး တိုင်းရင်းသားများသည် ယခု ပြည်ထောင်စုခေတ်၌ ရှိနေကြသော “ဗမာ (ဝါ) ပြည်ထောင်စုသားဟု ခေါ်ဆိုရသည့် လူမျိုးစုများလည်း ဟုတ်ဟန်မတူချေ။

အရှေ့အနောက် ခေတ်မီ ရာဇဝင် ပညာရှင်များကလည်း မြန်မာ ပြည်၏ ရှေးဦး တိုင်းရင်းသားများသည် အင်္ဂလိပ် အသံထွက်ဖြင့် အမ် ဒမန် ကျွန်းဟု ခေါ်ဆိုကြသော ကပ္ပလီကျွန်းရှိ ပင်ရင်းသားများနှင့် အနွယ်စပ်သော တစ်နည်း ကပ္ပလီကျွန်းသားများနှင့် လူမျိုး ညီအစ်ကို တော်သော လူမျိုးများဖြစ်သည်ဟု ယူဆကြလေသည်။

မြောက်မှ တောင်သို့ စီးဆင်းကုန်သော ဧရာဝတီ သံလွင် ချင်းတွင်း စသော မြစ်ကြီးများသည် ရေကြည်ရာ မြက်နုရာ ရှာဖွေနေကြသူတို့အား မြန်မာပြည်တွင်းသို့ လာရောက်နေထိုင်ကြရန် မျက်နှာချိုသွေး လျက် ဖိတ်ခေါ်ဘိသကဲ့သို့ ရှိနေလေသည်။ ထို့ကြောင့် ရာသီဥတုနှင့် တကွ ရေမြေ သြဇာ ကောင်းလှသော အဆိုပါမြစ်ကြီးများ၏ မြစ်ဝှမ်း ဒေသများသို့ တရုတ် တိဗက်ပြည်တို့ဘက်မှ လည်းကောင်း၊ အိန္ဒိယ ပြည်ဘက်မှ လည်းကောင်း လူမျိုးစု အစားစားသည် အများအပြားပင် တစ်စတစ်စ ဝင်ရောက် နေထိုင်လာကြတော့သည်ဟု ဆိုနိုင်ခြေသည်။

လူနေပါးလွန်းလှသော မြန်မာပြည်ကလေးသည် လူဦးရေ အဆ မတန် များပြားလှသော တရုတ်ပြည်ကြီးနှင့် အိန္ဒိယပြည်ကြီး စပ်ကြား တွင် ညှပ်လျက် တည်ရှိနေကြောင်း အများအသိပင် ဖြစ်လေသည်။ သို့ ဖြစ်ရာ ဗမာများ၏ ယဉ်ကျေးမှုသည် တရုတ်ပြည်၊ အိန္ဒိယပြည်တို့မှ ဝင်လာသူတို့၏ ယဉ်ကျေးမှုအရိပ်ကို ခိုလှုံ ထွားကျိုင်းလာပြီးမှ နှစ်ပရိစ္ဆေဒ ကြာညောင်းလွန်းသောအခါ တသီးတခြား ဗမာ့ယဉ်ကျေးမှု ထွန်းကားလာရသည်ဟု ဆင်ခြင်သော် မလျော်ကန်ကြောင်းနှင့် သောင်း သောင်းဖြဖြ ကန့်ကွက်ကြလိမ့်မည် မထင်ချေ၊ (ဝါ) မမျှော်လင့်ချေ။

လူမျိုးရေး သမိုင်းဆရာကြီးတို့၏ အခေါ်အဝေါ် အယူအဆအား ဖြင့် တိဗက်မြန်မာအနွယ် မွန်ခမာအနွယ် လူမျိုးစုများ တစ်သုတ်ပြီး တစ်သုတ် ဝင်လာကြရာ မူလရှိနေသော ပင်ရင်းလူမျိုးများသည်လည်း ယှဉ်ပြိုင်နေထိုင်စွမ်းအား ရှိကြဟန်မတူသောကြောင့် တဖြည်းဖြည်း တရွေ့ရွေ့ တောင်ဘက်ဆီသို့သာ နေရာရွှေ့ပြောင်း သွားနေကြရလေ သည်။ နှစ်ပေါင်း ရာထောင် ကြာညောင်းလာသောအခါ ပင်ရင်းလူမျိုး များသည် မြန်မာပြည်၏အပ တောင်ဘက်ရှိ ရေခြားမြေခြား ဝေးကွာရာ ဒေသများသို့ ရောက်သွားကြရလေသည်ဟု ဆိုကြသည်။

မြန်မာပြည်တွင်းသို့ ဝင်လာကြသော တိဗက်မြန်မာအနွယ် လူမျိုး စုများ၊ မွန်ခမာအနွယ် လူမျိုးစုများသည်လည်း မောင်းဂွတ်လူမျိုးစုမှ ဆင်းသက်လာကြသူများဟု ယူဆကြသည်။ ထိုင်း အမျိုးအဆက်များ လည်း ဝင်လာကြသေးသည်။ တိဗက် မြန်မာအနွယ်ဝင် လူမျိုးစုတို့၏ အစဉ်အလာ အမည်များမှာ ပျူ-ကမ်းရန်နှင့် သက်များ ဖြစ်လေသည်။ သက်သည် ချင်းလူမျိုး ဖြစ်သွားဟန်တူ၍ ပျူလူမျိုးမှာမူ မြန်မာလူမျိုး ဖြစ်လာသော လူမျိုးအတွင်းသို့ ရောနှော အကျုံးဝင် ကွယ်ပျောက်သွား ရလေသည်ဟု လူမျိုးရေး သမိုင်းဆရာကြီးတို့က ယူဆကြလေသည်။ ရှေးမြန်မာစာပေ အရေးအသားတို့တွင် ပါရှိသော အချက်အလက်များ အရလည်း မြန်မာကို ပျူဟု ခေါ်ဆို ရေးသားကြပုံ သဘောသွားများ ထင်ရှားနေသည်။ ထိုင်း အမျိုးဆက်အချို့ကား ရှမ်းပြည်တွင် ကျန်ရစ် တည်တံ့လျက် ရှိနေလေသည်။

သရေခေတ္တရာပြည်နှင့် မရှေးမနှောင်းပင် ပျူလူမျိုးများ ကွယ် ပျောက်သွားရာတွင် တိုင်းသစ်ပြည်သစ် ပုဂံပြည်ကို တည်ထောင်ပြီးသောအခါ တစ်စတစ်စ တိုးတက် ပွားများလာလေသည်။ ထိုသီးခြား လူမျိုးသစ်သည်ကား မြန်မာလူမျိုးပင် ဖြစ်တော့သည်။ ထို့ကြောင့် “မြန်မာ အစ ပုဂံက” ဟူသော ဆောင်ပုဒ်အသစ်ကို ကျွန်ုပ်တို့သည် “မြန်မာအစ တကောင်းက” ဟူသော ဆောင်ပုဒ် နေရာတွင် အစားထိုး အသုံးပြုရန် ပိုမို နှစ်သက်မိလေသည်။

မြန်မာရာဇဝင်ကျမ်းပြုဆရာ မစ္စတာ ဟာဗေးက မြန်မာများသည် မောင်းဂွတ်လူမျိုး တစ်နွယ် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ အစဉ်အလာ များသည် တရုတ် သို့မဟုတ် တိဗက်နှင့် မဆိုင်ဘဲ အိန္ဒိယနှင့်သာ စပ် ယှက်နေသည်။ မြန်မာများ၏ ရာဇဝင်ရှေ့ပိုင်းတွင် ၎င်းတို့သည် ဗုဒ္ဓ၏ မျိုးရိုးလူမျိုးစုမှ ဆင်းသက်ပေါက်ဖွားလာကြသူများ ဖြစ်ကြောင်း ဖော် ပြထားသည်ကို ဖတ်ရှုရသည်။ ဒဏ္ဍာရီပုံပြင်များပင်လျှင် များသောအား ဖြင့် ဟိန္ဒူ ဒဏ္ဍာရီပုံပြင်များ ဖြစ်နေလေသည် စသဖြင့် သူ၏ မြန်မာ ရာဇဝင်စာအုပ်တွင် ရေးသားထားလေသည်။

ရန်ကုန်တက္ကသိုလ်တွင် ရာဇဝင် ပါမောက္ခအဖြစ် အမှုထမ်းဆောင် သွားဖူးသော ပရော်ဖက်ဆာဒေဇိုင်းကလည်း မြန်မာပြည်နှင့် အိန္ဒိယ ပြည် အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်များ ကို ကျွန်ုပ်တို့ ဖတ်ရှုရပြန်သည်။

“မြန်မာလူမျိုးသည် အိန္ဒိယလူမျိုးလည်း မဟုတ်၊ တရုတ်လူမျိုး လည်း မဟုတ်ချေ။ သူတို့သည် နှစ်ပေါင်း တစ်ထောင်ကျော်မျှ အတွင်း တွင် တိုးတက်မှုဖြင့် တသီးတခြား ဖြစ်ထွန်း ပေါ်ထွက်လာသော လူမျိုး တစ်မျိုး ဖြစ်လေသည်။ ထိုနှစ်ပရိစ္ဆေဒ အတွင်း သူတို့၏ ကိုယ်ပိုင်ဉာဏ် ဖြင့် နိုင်ငံရေးစနစ် ပေါင်းသင်းဆက်ဆံရေးစနစ်ကို တီထွင် ဖန်တီးခဲ့ ကြလေသည်။ တရုတ် အိန္ဒိယ အထူးသဖြင့် အိန္ဒိယ၏ ယဉ်ကျေးမှု အရိပ်အာဝါသကို ခိုလှုံရစေကာမူ သူတို့၏ ကိုယ်ပိုင် ဘာသာစကား