Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးသိန်းအောင်(မြန်မာစာ) - မြန်မာရာသီဆယ်နှစ်လနှင့်ယဥ်ကျေးမှုပွဲတော်များ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

တန်ခူးလ

တန်ခူးလသံခိပ်

ဝေါဟာရနှင့် ဥဿုံအဖွင့်

ရာသီလအမည် = တန်ခူးလ (ဧပြီလ)

(နှစ်ပြောင်းသည့်လ၊ နှစ်ကူးသည့်လ)

ရာသီအမည် = မိဿရာသီ

ရာသီပွဲတော် = သင်္ကြန်ပွဲ၊ နှစ်သစ်ကူးပွဲ

ရာသီပန်း = ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ငုပန်း၊ ရင်ခတ်ပန်း

ရာသီနက္ခတ် = အသ၀နီ ဘရဏီ၊ ကြတ္တိကာတစ်ပါဒ်

စန်းယှဉ်နက္ခတ် = စိတြနက္ခတ်

ရာသီရုပ် = ဆိတ်ရုပ်

ရက်ရာဇာ = ဗုဒ္ဓဟူးနှင့်သောကြာ

ပြဿဒါး  = ကြာသပတေးနှင့်စနေ

နာရီစက် = နေ့နာရီ ၃၀၊ ညနာရီ ၃၀

တာရာ = တံငါတာရာ ၊

မွန်းတည့် = ဥဘဝါး

ရက် = ရက်မစုံသောလ (၂၉ ရက်)

တန်ခူးဟူသည် ... တန်ခူးလသည်ကား... မြန်မာတို့၏ ၁၂ လ ရာသီလ၏ အဦးအစလပင်ဖြစ်ပေသည်။ ရာသီတွင် ပူပြင်းခြောက်သွေ့ သော နွေရာသီတွင် ကျရောက်သဖြင့် အပူဒီဂရီ ၄၈” အထက်ပင် ကျော်လွန်နေသေးသည်။ အပူရှိန်လွန်ကဲသောကြောင့် “တန်ခူးရေ ကုန်၊ ကဆုန်ရေခန်း” ဆိုသည့် စကားအရာနှင့်အညီ အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ၊ ကန်များ၊ ရေခန်းခြောက်စပြုကြသည်။

တန်ခူးလကိုမြန်မာမှုအရ မိဿရာသီခေါ်တွင်၍ ထိုလတွင် စန်း ပြည့်နက္ခတ်မှာ စိတြနက္ခတ်ဖြစ်ပြီး၊ ယှဉ်သောတာရာမှာ တံငါတာရာ ဖြစ်သည်။ ရာသီရုပ်ကား...ဆိတ်ရုပ်ဖြစ်လေ၏။ ရာသီပန်းအဖြစ် အဓိကစံနှုန်းပန်းမှာ ကံ့ကော်ပန်းပင်ဖြစ်သည်။ ထိုလတွင် ရာသီပွဲတော်အဖြစ် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောသင်္ကြန်ပွဲတော် ကို ဆင်နွှဲကြသည်။

တန်ခူးလတွင် ပဒေသရာဇ်ခေတ်သုံး မြန်မာနေ့နာရီ ၃၀ နာရီရှိ ပြီး၊ ညဉ့်နာရီ ၃ဝ နာရီရှိ၍ နေ့တာနှင့်ညတာ တူညီသောလလည်း ဖြစ်သည်။ ရှေးမြန်မာတို့၏ စံတော်ချိန်သတ်မှတ်ချက်အရ နေ့မွန်းတည့် ဥ-ဘဝါးရှိသောလဖြစ်သည်။ တန်ခူးလကို ပုဂံခေတ်တွင် “တန်ခူ” ဟူ၍ ရေးသားထားကြောင်း ကျောက်စာများတွင်တွေ့ရသည်။ အင်းဝခေတ်သို့ ရောက်မှသာ “တန်ခူး” ဟုရေးသားလာကြောင်း တွေ့ရသည်။ တန်ပုဒ်သည်ပါဠိဘာသာ “တာလ” ပုဒ်မှ ဆင်းသက်လာ၍ “ထန်း” ဟု အဓိပ္ပာယ်ရသည်။

“ခူး” ပုဒ်သည်.. ပန်းခူး၊ ဟင်းရွက်ခူး၊ ဆွတ်ခူးစသည့် ဝေါဟာရ တို့တွင် ပါဝင်နေလေရာ “ဆွတ်ခြွေခြင်း” အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် တန်ခူးလဆိုသည်မှာ (ထန်းခူး) သောလ၊ ထန်းသီးဆွတ်ခြွေ သောလဟုအဓိပ္ပာယ်ဖြစ်သည်။ ရှေးခေတ်-ပဒေသရာဇ်တို့၏ မင်းနေ ပြည်တော်များသည် အထက်အညာဒေသဖြစ်သော ဗိဿနိုး၊ သရေ ခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ အမရပူရ၊ မန္တလေးစသည်တို့၌ မြို့တည်နန်း စိုက်ခဲ့ကြသည်။ မြန်မာ့လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှုအဖြာဖြာသည် လည်း မင်းနေပြည်တော်များကို ဗဟိုပြု၍ ထွန်းကားခဲ့ခြင်းဖြစ်သည်။

ထိုအထက်အညာဒေသများသည် ထန်းပင်ဖြစ်ထွန်းပေါများရာ ဒေသများလည်းဖြစ်သည်။ ထန်းပင်တစ်ပင်လုံးသည် လူသုံးကုန်အ ဖြစ် အသုံးဝင်လျက် သူ့နေရာနှင့်သူအကျိုးရှိစွာ သုံးစွဲကြလေ့ရှိသည်။ ထန်းလျက်ခဲ၊ ထန်းလျှော်၊ ထန်းခေါက်ဖာ၊ ထန်းခေါက်တောင်း၊ ထန်း ရည်၊ ထန်းရွက်အမိုး၊ ထန်းရွက်အကာ၊ ထန်းလုံးတံတား၊ ထန်းလုံး တိုင်အပြင် ထန်းလုံးအမြောက်အထိ ချဲ့ထွင်သုံးစွဲကြသည်။ သို့ကြောင့် ပင်... မြန်မာ့လူ့အဖွဲ့ အစည်းကို အကျိုးပြုလှသည့် ထန်းအားဂုဏ်ပြု သောအားဖြင့် “ထန်းခူး” လ၊ တန်ခူးလ...ဟု ခေါ်ဝေါ်လာကြခြင်းဖြစ် သည်။

သက္ကရာဇ် ၅၈၅ ခုနှစ်ရေးထိုးသော “မင်းအနန္ဒသူ” ကျောက်စာတွင် “ ငါလေသိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ်ဘုရားဆုကိုလိုချင် သောကြောင့်၊ ဤအာမနာမည်သော ကန်အရပ်နှိုက်ကား၊ များစွာသောထန်းပင်တိလျှင် ကျောင်းအရံစိုက်လတ်၍၊ အုတ်တိပြုသော တည်တိုင်လေ နှစ်ထပ်ရံလပ်၍...”

ဟူ၍ ရေးထိုးထားသည်ကို တွေ့ရသည်။ ယင်းကျောက်စာအဆို အရ ကျောင်းအရံကို ထန်းပင်များစိုက်၍ ထားခဲ့ကြောင်း သိရသည်။

ပုဂံညောင်ဦးဒေသသည် ထန်းမှာစီးပွားရေးဖြစ်၍ ကျောင်းအရံ၌ ထန်း ပင်စိုက်ခြင်းအမှုမှာ အရံအတားအတွက် ထန်းပင်စိုက်ထားခြင်းမဖြစ် နိုင်ပေ။ ထိုထန်းပင်များကို အကြောင်းပြုပြီးလျှင် ထန်းလျက်လုပ်ငန်း လုပ်ကိုင်ရန်နှင့် ထိုလုပ်ငန်းမှ ရရှိသောဝင်ငွေဖြင့် ကျောင်း၊ ဘုရား ဝေယျာဝစ္စများ ဆောင်ရွက်ရန် စိုက်၍လှူဒါန်းခြင်းဖြစ်ပေမည်။

ထန်းခူးလ၊ တန်ခူးလ၌ ထန်းဖိုရင့်နှင့် ထန်းမနုနှစ်မျိုးကို တစ် ပြိုင်တည်းပေါင်း၍ ကူး၍လှီးခူးနိုင်သော “ထန်းမြိုင်” သည့်လအဖြစ် သတ်မှတ်ကြသည်။

တန်ခူးလနှင့်ထန်းသည် ထပ်တူကျသော ပုံရိပ်တစ်ခုဖြစ်သည်။ ထန်းသည် ပုဂံခေတ်မှစတင်ပြီး ယနေ့အထိ မြန်မာတို့၏စီးပွားရေး နယ်ပယ်တွင် တွင်ကျယ်နေဆဲရှိသေးသည်။ ထို့ကြောင့်လည်း ရှေး အခါက စေတီဘုရားတည်ထားကိုးကွယ်ခြင်း၊ ကျောင်းဆောက် လှူ ဒါန်းခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်းစသော ကုသိုလ်ကောင်းမှုပြု လုပ်သောအကြောင်း ကမ္ပည်းရေးထိုး၊ မှတ်တမ်းပြုကြရာ၌ “ထန်းပင် ပေါင်းတစ်ထောင်ကိုလည်း စိုက်ပျိုးပါ၏” ဟူ၍ ထည့်သွင်းဖော်ပြကြ သည်။

ယင်းကိုထောက်ရှုခြင်းအားဖြင့် ထန်းသည်မြန်မာတို့၏ လူ့ဘဝ၌ များစွာအရေးပါခဲ့ကြောင်း ထင်ရှားသည်။ အရေးပါသည့်အလျောက် ထန်းပင်၏ အသုံးဝင်ပုံမှာလည်း ပင်လုံးတစ်မျှဖြစ်ပေသည်။ အသီး၊ အရွက်၊ အခက်၊ အလက်၊ ပင်စည်၊ အမြစ်မကျန်အသုံးဝင်ခဲ့သည်။ လွှင့်ပစ်ရသည်ဟူ၍မရှိ။ ထန်းနို့ ၊ ထန်းလက်ပင်လျှင် ထင်းအဖြစ်အ သုံးဝင်ခဲ့သည်။

ထန်းပင်ထိပ်ဖျားမှ ထန်းဖူးနုနုကလေးများကို “ကျီးမနား” ထန်း ရွက်ဟုခေါ်သည်။ ယင်းကို ရှေးမြန်မာကြီးများနှင့် ရဟန်းသံဃာတော်တို့က ရေးမှတ်မှတ်သားစရာအဖြစ် အသုံးပြုရသည်။ ရက်ချုပ်၊ ဇာတာ (ပေရွက်စာ) ထန်းစာ စသည်တို့ကို နုစဉ်အခါ၌ အသုံးပြုပြီး ကြီးရင့်လာသောအခါ ထန်းရွက်အားအဆောက်အဦများ၊ တဲများအ တွက် မိုးရန်၊ ကာရန်အသုံးပြုကြသည်။ ထန်းလက်ကျောသားနှင့်အူ ကို လျှော်အဖြစ် အသုံးချနိုင်သည်။ ကြိုးကျစ်၍သုံးနိုင်သည်။ ထန်း လက်မှ ဝမ်းပိုက်သားအား ထန်းဖျာ၊ ထန်းခေါက်ဖာ၊ တောင်း၊ နွားပချုပ် စသည်များရက်လုပ်အသုံးချနိုင်သည်။

ထန်းရည်ကိုထန်းရည်ချိုအဖြစ်လည်းကောင်း၊ သည်အတိုင်း သောက်သုံးနိုင်သည့်ပြင်၊ အပူပေးပြီးလည်းသောက်သုံးနိုင်သည်။ ပြု ပြင်ပြီး ထန်းရည်ခါးအဖြစ်လည်း သောက်သုံးနိုင်သည်။ ထန်းရည်ကို ကျိုချက်လိုက်သောအခါ ထန်းလျက်ရရှိသည်။ ထန်းလျက်အဖြစ် ချက်လုပ်စဉ် မပျစ်မကျဲအခြေအနေ၌ ခပ်ယူပြီး “သကာ” အဖြစ် လည်းကောင်း၊ “တင်လဲ” အဖြစ်လည်းကောင်း အသုံးချနိုင်သည်။ ထန်းလျက်-သကာနှင့် တင်လဲတို့သည် မြန်မာတို့၏ မုန့်ထဲတွင် ရော စပ်အသုံးပြုကြရသည်။ ထို့အပြင် ထန်းလျက်ကိုတစေးဖောက်ပြီး ချက်လုပ်သော ထန်းလျက်အရက်မှာ အလွန်အဆင့်မြင့်သည်။ ထန်း သီးမှာလည်း အရည်တည်စမှစ၍ လူတို့စားသုံးနိုင်ပြီး အသီးနုများကို နွားစားရန် စဉ်း၍ကျွေးနိုင်သည်။

ထန်းသီးဆံကို ဟင်းချက်စားခြင်း၊ မှည့်သောထန်းသီးမှ အနှစ် အကာကို ဆန်မုန့်နှင့်ရော၍ မြန်မာမုန့် (ထန်းသီးမုန့်) အဖြစ်လုပ် လွှင့်ပစ်ရသည်ဟူ၍မရှိ။ ထန်းနို့၊ ထန်းလက်ပင်လျှင် ထင်းအဖြစ်အ သုံးဝင်ခဲ့သည်။

ထန်းပင်ထိပ်ဖျားမှ ထန်းဖူးနုနုကလေးများကို “ကျီးမနား” ထန်း ရွက်ဟုခေါ်သည်။ ယင်းကို ရှေးမြန်မာကြီးများနှင့် ရဟန်းသံဃာတော်တို့က ရေးမှတ်-မှတ်သားစရာအဖြစ် အသုံးပြုရသည်။ ရက်ချုပ်၊ ဇာတာ (ပေရွက်စာ) ထန်းစာ စသည်တို့ ကို နုစဉ်အခါ၌ အသုံးပြုပြီး ကြီးရင့်လာသောအခါ ထန်းရွက်အားအဆောက်အဦများ၊ တဲများအ တွက် မိုးရန်၊ ကာရန်အသုံးပြုကြသည်။ ထန်းလက်ကျောသားနှင့်အူ ကို လျှော်အဖြစ် အသုံးချနိုင်သည်။ ကြိုးကျစ်၍သုံးနိုင်သည်။ ထန်း လက်မှ ဝမ်းပိုက်သားအား ထန်းဖျာ၊ ထန်းခေါက်ဖာ၊ တောင်း၊ နွားပချုပ် စသည်များရက်လုပ်အသုံးချနိုင်သည်။

ထန်းရည်ကိုထန်းရည်ချိုအဖြစ်လည်းကောင်း၊ သည်အတိုင်း သောက်သုံးနိုင်သည့်ပြင်၊ အပူပေးပြီးလည်းသောက်သုံးနိုင်သည်။ ပြု ပြင်ပြီး ထန်းရည်ခါးအဖြစ်လည်း သောက်သုံးနိုင်သည်။ ထန်းရည်ကို ကျိုချက်လိုက်သောအခါ ထန်းလျက်ရရှိသည်။ ထန်းလျက်အဖြစ် ချက်လုပ်စဉ် မပျစ်မကျဲအခြေအနေ၌ ခပ်ယူပြီး “သကာ” အဖြစ် လည်းကောင်း၊ “တင်လဲ” အဖြစ်လည်းကောင်း အသုံးချနိုင်သည်။ ထန်းလျက်-သကာနှင့် တင်လဲတို့သည် မြန်မာတို့၏ မုန့်ထဲတွင် ရော စပ်အသုံးပြုကြရသည်။ ထို့ အပြင် ထန်းလျက်ကိုတစေးဖောက်ပြီး ချက်လုပ်သော ထန်းလျက်အရက်မှာ အလွန်အဆင့်မြင့်သည်။ ထန်း သီးမှာလည်း အရည်တည်စမှစ၍ လူတို့စားသုံးနိုင်ပြီး အသီးနုများကို နွားစားရန် စဉ်း၍ကျွေးနိုင်သည်။

ထန်းသီးဆံကို ဟင်းချက်စားခြင်း၊ မှည့်သောထန်းသီးမှ အနှစ် အကာကို ဆန်မုန့်နှင့်ရော၍ မြန်မာမုန့် (ထန်းသီးမုန့်) အဖြစ်လုပ် နိုင်ခြင်း၊ ထန်းစေ့ခွံအား ပန်းအလှ၊ ကနုတ်ကွက်အလှများ ဖော်ဆောင် ၍ဆေးဘူး၊ဆားဘူး၊လက်ဖက်ဘူးစသည့်လူ့အသုံးအဆောင်ဘူးကလေး များအဖြစ် လုပ်ဆောင်အသုံးပြုနိုင်သည်။ ထန်းသီးမှည့်ကိုစိုက်ပျိုး၍ အပင်ဖောက်ပြီးလျှင် ထန်းပင်ပေါက် (ထန်းမြစ်) အဖြစ် စားသုံးနိုင်