Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - သိထားသင့်သောကိုယ်တိုင်စောင့်ရှောက်ကာကွယ်နည်းများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

သင့်ကိုယ်သင် ဆရာဝန်ပြန်လုပ်ပါ

(၁) ပြည့်စုံကောင်းမွန်သော နေ့တစ်နေ့ဖြစ်အောင် စားသောက်နေထိုင်ပါ

သင် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် နေ့စဉ်စောင့်ကြည့်ရမည့် အဓိကအရာ (၄) ခု ရှိပါသည်။ ဒါက ယင်းနေ့မှာ သင်စားသောက်သည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပမာဏ (လတ်ဆတ်သည့် လယ်ယာ ခြံမြေထွက်ပစ္စည်း)၊ သင်ဘယ်လောက် လမ်းလျှောက်ခဲ့သည်၊ ဘယ်လောက် လှုပ်ရှားတက်ကြွမှုရှိသည် (ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း)၊ သင်ကိုယ်တိုင် ရယ်မောချိန်နှင့် ပျော်ရွှင်ချိန် အနည်းဆုံး ၁၅ မိနစ်ခန့် ရရှိခြင်း ရှိ/မရှိ (ကိုယ်စိတ်ဖြေလျော့ခြင်း)နှင့် ပဲသီးတောင့်များ၊ ကောက်နှံအစေ့အဆံများနှင့် အခြားဖိုင်ဘာမျှင် မြင့်မားစွာပါသည့် အစားအစာ (ဖိုင်ဘာ)ပမာဏ အလုံ အလောက်ရရှိခြင်း ရှိ/မရှိ ဖြစ်သည်။ သင်က ယင်းအချက် ၄ ချက်အပေါ်ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်သည်ဟု ဆိုပါလျှင် ယင်းနေ့က သင့် အတွက် ကျန်းမာရေးနှင့် အလွန်ညီညွတ်သည့်နေ့ပဲ ဖြစ်သည်။ (ကျန်အချိန် တွင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ချောကလက်စားခြင်း ပြုလုပ်ပါက အထက်က ပြောဆိုချက်မှာ မှန်ကန်မည် မဟုတ်ပါ)။

(၂) ၂လ ၃လ တစ်ကြိမ် သင့်တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ပါ

သင့်အရင်းနှီးဆုံးအဖော်၏ အကူအညီဖြင့် အရေပြားစစ်ဆေးခြင်း ကို ဦးခေါင်းမှ ခြေဖျားအထိ ပြုလုပ်ပါ။ မှဲ့အသစ်များ၊ အရောင်ပြောင်းမဲ့များ၊သံသယရှိဖွယ် အစက်အပြောက်များနှင့် အဖုအပိမ့်များကို ရှာကြည့်ရန် ဖြစ် သည်။ သင့်ဦးရေပြား၊ ခြေချောင်းများအကြား လက်ချောင်းများအကြားပါ မကျန် အသေအချာ စစ်ဆေးပါ။ တစ်စုံတစ်ရာ စိတ်ပူစရာတွေ့ရှိပါလျှင် သင့်ဆရာဝန်ထံ ပြသပါ။

မဲ့များကို စစ်ဆေးရာတွင် အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိသည့် အောက်ပါ လက္ခဏာများကို “ABCD” စစ်ဆေးနည်းဖြင့် စစ်ဆေးပါ။

  • Asymmetry (ခေါက်ချိုးမညီခြင်း) အခြမ်း (၂) ခြမ်းအသွင်ပုံသဏ္ဌာန်ညီညွတ်မှု မရှိခြင်း။
  • Border irregularity (အနားအစွန်း မညီမညာဖြစ်ခြင်း) မဲ့ရဲ့ အနားအစွန်းက ထိုးထိုးထောင်ထောင်ဖြစ်ခြင်း။
  • Colour (အရောင်) အရောင်ညီညာခြင်း၊ တစ်ပြေးညီ မဖြစ်ခြင်း၊အနက်၊ အညို၊ သို့မဟုတ် ပန်းရောင်အသွေးအမျိုးမျိုးကို မြင်နိုင်ခြင်း။
  • Diameter(အချင်း) မှဲ့၏ အချင်းမှာ ၆ မီလီမီတာထက် ပိုကြီးခြင်း။

(၃) သင့်အိပ်ချိန်ကို စောင့်ကြပ်ကြည့်ရှုပါ

သင်အိပ်ချိန် အလုံအလောက်မရရှိခြင်းကို ကောင်းကောင်းပြောနိုင် သည့်နည်း ၃ နည်းရှိသည်။ ပထမတစ်ခုမှာ သင် အိပ်ရာထရန် နံနက်ခင်း အများစုမှာ နာရီနှိုးစက် လိုပါသလား။ ဒုတိယအချက်မှာ မွန်းလွဲပိုင်းတွင် သင်လုပ်နေသည့် အလုပ်ကို ထိခိုက်လောက်အောင် သင် အိပ်ငိုက်ပါ သလား။ တတိယအချက်မှာ သင် ညစာစားပြီး ခဏအကြာမှာ မှေးခနဲ အိပ်ပျော်သွားတတ်ပါသလား။ ယင်းမေးခွန်းတစ်ခုခုအတွက် သင့်ရဲ့ အဖြေ က “ဟုတ်ကဲ့” ဟု ဆိုပါလျှင် သင် အိပ်ချိန် ပိုလိုပြီ။ သင့်တွင် အိပ်ချိန်အလုံ အလောက် (၈ နာရီ) ခန့် ရပါလျက်နဲ့ အထက်ကဖော်ပြခဲ့သည့် ပြဿနာမျိုး ရှိနေပါသေးလျှင် သင့်စွမ်းအင် နိမ့်ကျခြင်းနှင့်ပတ်သက်ပြီး သင့်ဆရာဝန်နှင့်ပြောဆိုဆွေးနွေးပါ။

(၄) အသက် ၅၀ ကျော်လျှင် သင့်အရပ်အမြင့်ကို နှစ်စဉ် တိုင်းပါ

ဒီလိုလုပ်ခြင်းက အမျိုးသမီးများအတွက် ကိုယ်ဟန်နေထားနှင့် အရိုးကျန်းမာရေးအတွက် အကဲဖြတ်ခြင်းနည်းလမ်းတစ်ခုအနေနှင့် အထူးအရေး ကြီးပါသည်။ အရပ်အမောင်း နိမ့်ကျလာခြင်းက အရိုးသိပ်သည်းမှုစစ်ဆေး ချက် Bone Density Testတွင် အပြောင်းအလဲနည်းတူ ခန္ဓာကိုယ်တစ်ခု လုံးဆိုင်ရာ အရိုးကျန်းမာရေးအတွက် အသိအမြင်ပေးပါသည်။ သင် ပူပန်မှု ရှိပါလျှင် သင့်ဆရာဝန်ထံ ပြသကြည့်ပါ။

(၅) သင့်ဆီးအရောင်ကို စိတ်ထဲ မှတ်တမ်းပြုထားပါ

ဒါက ထူးဆန်းသလိုထင်ရသော်လည်း ကျန်းမာရေးအတွက် ညွှန်ပြ ပစ္စည်းတစ်ခုအနေနှင့် အသုံးဝင်ပါသည်။ သင့်ဆီးရောင်က အရောင်ကြည် လင်ပြီး ကောက်ရိုးရောင် Straw Colour ဖြစ်သင့်သည်။ ဆီးရောင်က နက်မှောင်ပြီး အနံ့ပြင်းပါက သင် အရည်သောက်နည်းလို့ ဖြစ်မည်။ သင် အရည်ပိုသောက်သည့်တိုင် သင့်ဆီးအရောင်က မည်းမှောင်နေသေးလျှင် သင့်ဆရာဝန်ထံ ပြသပါ။ ဆီးရောင်က ဝါထိန်နေလျှင် သင့် မာတီဘီတာမင် ထဲမှ ဗီတာမင်ဘီ ဖြစ်နိုင်ပါသည်။ (သင်မာတီဗီတာမင်သောက်နေလျှင်)

(၆) လေ့ကျင့်ခန်းလုပ်ပြီးနောက် သင့်နှလုံးခုန်နှုန်းကို စစ်ဆေးတိုင်းတာပါ

အမေရိကန်နိုင်ငံ ဆရာဝန်အသင်း၏ ဂျာနယ် (the Journal of American Medical Association ထဲပါ လေ့လာမှု) တစ်ခုတွင် ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်း exercise လုပ်ပြီးနောက် နှလုံးခုန်နှုန်း ပုံမှန် ပြန်လည် (heart rate recovery, HRR) ညံ့ဖျင်းသည့် အမျိုးသမီးများ သည် ပုံမှန် HRR ရှိသူ အမျိုးသမီးများထက် နောက် ၁ဝ နှစ်အတွင်း နှလုံးတိုက်ခိုက်ခံရမှု Heart Attack ဖြစ်နိုင်ခြေ ၂ ဆ ပိုများကြောင်း တွေ့ရှိ ခဲ့သည်။ နောက်တစ်ကြိမ် သင် လေ့ကျင့်ခန်းလုပ်လျှင် (ပမာအားဖြင့် အားစိုက်ရသည့် မိနစ် ၂၀ ကြာလမ်းလျှောက်ခြင်း သို့မဟုတ် ရွရွပြေးခြင်း) လေ့ကျင့်ခန်း ပြုလုပ်ပြီးပြီးချင်း သင့်သွေးခုန်နှုန်းကို ၁၅ စက္ကန့်ကြာတိုင်း ယူပါ။ ယင်းကိန်းဂဏန်းကို ၄ နှင့်မြှောက်ခြင်းဖြင့် (၆၀ စက္ကန့်စား ၁ မိနစ်စာ) သင့်သွေးခုန်နှုန်းကို ရမည်။ ၂ မိနစ်ကြာထိုင်ပြီး နောက်တစ်ကြိမ် ပြန်တိုင်းပါ။ ပထမကိန်းဂဏန်းထဲမှ ဒုတိယကိန်းဂဏန်းကို နုတ်လိုက်ပါ။ ယင်းရလဒ်က ၅၅ ထက် လျော့နည်းပါက သင့် HRR က ပုံမှန်ထက် ပိုများနေသည့်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

(၇) သင့်မှာ သွေးချို၊ ဆီးချိုရောဂါရှိလျှင် သင့်ခြေထောက်များကို နေ့စဉ်စစ်ဆေးပါ

သွေးချို၊ ဆီးချိုရောဂါ diabetes ရှိသူများမှာ ခြေထောက်တွင် ထိခိုက် ဒဏ်ရာ ရလွယ်သဖြင့် သင့်ခြေထောက်များတွင် အပူဖုများ၊ မှိုစွဲရောဂါ၊ အရေခွံပြား ကွာကျခြင်း၊ ပွန်းပဲ့ ရှနာ တစ်စုံတစ်ရာ ရှိမရှိ ဂရုစိုက် စစ်ဆေး ပါ။ သွေးချိုဆီးချို ဝေဒနာရှင်များတွင် ခြေထောက်ကဲ့သို့ ခန္ဓာကိုယ် အစွန်း အဖျားနေရာတွင် နာ့ဗ်ကြောပျက်စီးထိခိုက်မှု တစ်စုံတစ်ရာ ရှိတတ်သည့် အတွက် နေ့စဉ် မိမိကိုယ်ကို စစ်ဆေးကြည့်ရှုခြင်းက သင့်ရဲ့ သွေးထဲရှိ သကြားဓာတ်ပမာဏကို ဘယ်လောက်ကောင်းအောင် ထိန်းချုပ်နိုင်ခြင်းနှင့် နာ့ဗ်ကြော ထိခိုက်ပျက်စီးခြင်း ရှိ/မရှိနှင့် ပတ်သက်သည့် အရေးကြီးသည့် သဲလွန်စများကို ပေးပါသည်။

(၈) နှလုံးသွေးကြောစစ်ဆေးမှုပြုလုပ်ပါ

သင့်အသက် ၄၀ ကျော်ပါလျှင် နှလုံးသွေးကြောပုံရိပ်ရိုက် အကဲဖြတ် ခြင်း အပြည့်အစုံလုပ်ရန် သင့်ဆရာဝန်ကို တောင်းဆိုနိုင်သည်။ (အနာဂတ် တွင် ဖြစ်လာမည့် နှလုံးတိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းအန္တရာယ်ကို ကာကွယ် ဖို့ဖြစ်သည်။ သင့်မိသားစုတွင် နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်း၊ Strokeရာဇဝင် ထင်ထင်ရှားရှား ရှိပါလျှင် အသက် ၄ဝ မကျော်သည့်တိုင် ယင်းသို့မျိုး စစ်ဆေးခြင်းကို ပြုလုပ်သင့်သည်။ ဆေးလိပ်သောက်ခြင်း၊ အခြေအနေ၊ သွေးထဲရှိ သကြားဓာတ်ပမာဏ၊ အီးစီဂျီ ဖတ်ရလဒ်များ၊ သွေးပေါင်ချိန်တိုင်းခြင်းများနှင့်အတူ သွေးထဲရှိ ကိုလက်စထရောပမာဏ တိုင်းတာ စစ်ဆေးရန် လိုအပ်ပါသည်။ ကိုလက်စထရောပမာဏတစ်ခုတည်း တိုင်းရုံ နှင့် မလုံလောက်ပါ။ အခြားအန္တရာယ်ပေးနိုင်သည့်အချက်များ လွဲချော်သွား နိုင်သည့်အတွက်ကြောင့် ဖြစ်သည်။ ကိုလက်စထရောပမာဏ ပုံမှန်ရှိရုံကာမျှနှင့် သင့်နှလုံးသွေးကြောဆိုင်ရာ ခြုံငုံအခြေအနေမှာ ပုံမှန်လို့ ဆိုလို့ မရပါ။ ကျန်စစ်ဆေးချက် ရလဒ်များနှင့် တွဲစပ်ပြီး သင့်ဆရာဝန်ထံ သွားရောက် အကြံဉာဏ်တောင်းသင့်သည်။

(၉) သင့်သွေးပေါင်ချိန် Blood Pressure ကို ၆ လတစ်ကြိမ် စစ်ဆေးပါ

အိမ်သုံး သွေးပေါင်ချိန်တိုင်းကိရိယာနှင့်ဖြစ်စေ၊ ဆေးခန်းမှာဖြစ်စေ သွေးပေါင်ချိန်ကို ချိန်ကြည့်ပါ။ အပေါ်သွေးပေါင်က ၁၄၀ ထက်ကျော် လျှင် (ဆီးချိုဝေဒနာရှင်အတွက် ၁၃၀ mmHg)နှင့် အောက်သွေးပေါင် ၉၀ ထက်ကျော်လျှင် (ဆီးချိုဝေဒနာရှင်အတွက် ၈၀ mmHg) တစ်နေ့စောင့် ပြီး နောက်တစ်ကြိမ်ပြန်တိုင်းပါ။ ယင်းတိုင် သွေးပေါင်ချိန်များ မြင့်နေဆဲ ဖြစ်ပါက ဆရာဝန်ထံ ပြသပါ။

(၁၀) သင့်ဘီးကို စစ်ဆေးကြည့်ပါ

သင့်ဆံပင်များ ကျွတ်နေပါက ဆရာဝန်ထံသွားပြီး သင့်သွေးထဲရှိ ferritin ပမာဏကို စစ်ဆေးပါ။ ယင်းသည် သင့်ခန္ဓာကိုယ်ကသံဓာတ် ဘယ်လောက်များများ သိုလှောင်ထားခြင်းကို ညွှန်ပြတယ်။ သံဓာတ်ပမာဏ နည်းပါးခြင်းက အကြောင်းရင်းမသိရသည့် ဆံပင်ကျွတ်ခြင်းနှင့် ဆက်နွယ်မှု ရှိကြောင်း လေ့လာမှုတချို့က ညွှန်းဆိုပါသည်။ သိုင်းရွိုက်ရောဂါကလည်း ဆံပင်ကျွတ်ရခြင်း၏ နောက်ထပ် အဖြစ်များသည့် အကြောင်းရင်းတစ်ခုပဲ ဖြစ်သည်။