Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ရောဂါနှင့်အစားအစာ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

သွေးတိုးရောဂါနှင့် အစားအစာ

သင့်သွေးပေါင်ချိန် (Blood pressure) က နှလုံးကျန်းမာရေးအတွက် အထင်ကရပြယုဂ်တစ်ခုပဲ ဖြစ်တယ်။ ယင်းသွေးပေါင်ချိန်ကို ပုံမှန်အနေ အထားမှာ ထားရှိခြင်းက နှလုံးတိုက်ခိုက်ခံရခြင်းများ (Heart attacks) နှင့် လေဖြတ်ခြင်းတို့ကို ဖယ်ရှားပေးနိုင်တယ်ဆိုတာ သံသယရှိစရာ မလိုပါ ဘူး။ သင်က စက်ရုံထုတ်ဆေးဝါးများကို သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုကျစေတဲ့ အံ့သြစရာစွမ်းပကားပိုင်ဆိုင်တဲ့ အစားအစာများ ထဲမှ ဆေးဝါးများလည်း သင်ရရှိနိုင်ပါတယ်။

အစားအစာတွေထဲမှာ သွေးပေါင်ချိန်ကိုတက်စေတဲ့ အရာများနှင့် သွေးပေါင်ချိန်ကို ကျစေတဲ့အရာများ ပြည့်နှက်နေတယ်ဆိုတာ သုတေသန အများအပြားက ပြသထားတာရှိတယ်။ စက်ရုံထုတ်ဆေးဝါးများအစား ဒါမှ မဟုတ်စက်ရုံထုတ်ဆေးဝါးများနှင့် ပူးတွဲပြီး သွေးတိုးရောဂါမှ ထွက်လမ်းရှာ ဖို့ စားသောက်ခြင်းက ကျွမ်းကျင်သူအားလုံးနီးပါးရဲ့ နံပါတ်တစ်ဦးစားပေး ဖြစ်လို့ လာနေပါပြီ။ အစားအစာ (diet) ကို ပထမဆုံးစမ်းကြည့်ပါ။ သွေး ပေါင်ချိန်ကျစေနိုင်တဲ့ အစားအစာများစားရင်းက တိုးလို့ တိုးလို့ရှည်လျား လာနေပြီး ပင်မရေစီးကြောင်းထဲရှိ (အနောက်တိုင်းဆေးပညာသုံး) သမား တော်များရဲ့ အာရုံစိုက်မှုကို တိုးတက်ရရှိနေတာပဲ ဖြစ်တယ်။

ရောဂါနှင့် အစားအစာ တရုတ်နံနံ (Celery) ရှေးခေတ်သုံးဆေးတစ်လက်

တရုတ်နံနံကို အာရှ ယဉ်ကျေးမှုမှာ သွေးပေါင်ချိန်ကျစေတဲ့ ကျေး လက်သုံးဆေးတစ်လက်အနေနှင့် ဘီ၊ စီ ၂၀၀ လောက်က စတင်သုံးစွဲလာ ခဲ့တာ ဖြစ်ပါတယ်လို့ ချီကာဂိုတက္ကသိုလ်၊ ပရစ်ဇာ ဆေးကျောင်းမှ ဆေးဝါးဗေဒပညာရှင် William J.Elliott (ဝီလီယံ၊ ဂျေ၊ အီလီယော့ထ်) က ဆိုပါ တယ်။ သူက မကြာမီကမှ တရုတ်နံနံရှိ သွေးပေါင်ကျဆေးကို သီးခြားခွဲ ထုတ်ခဲ့သူပါ။ ဒေါက်တာ အီလီယော့ထဲက တရုတ်နံနံကိုလေ့လာဖို့ ညှို့ယူခံ ရခြင်းက ဗီယက်နမ် ဘွဲ့ကြိုကျောင်းသားတစ်ဦးကြောင့်ပါ။ သူက သူ့အဖေ ရဲ့ သွေးတိုးရောဂါကို တရုတ်နံနံဆေးညွှန်းပေးသောက်ခိုင်းခြင်းဖြင့် ရိုးရာ ဆေးပညာသုံး အာရှတိုက်သား ဆရာဝန်တစ်ဦးက ဘယ်ပုံဘယ်နည်းအောင်မြင်စွာ ကုသခဲ့ပုံကို ပြောပြတဲ့အတွက်ကြောင့်ပါ။ သူ့ဖခင် မင်လီ (အသက် ၆၂) နှစ်က တစ်နေ့ တရုတ်နံနံ (၂) ခက်ကို ရက်သတ္တတစ်ပတ်ကြာ စားပြီးနောက် သူ့သွေးပေါင်ချိန်က အမြင့်ပိုင်း ၁၅၈/ ၉၆ ကနေ ပုံမှန် ၁၁၈/၈၂ သို့ ကျဆင်းလာခဲ့တယ်။

ဒေါက်တာ အီလီယော့ထ်က တရုတ်နံနံမှ အာနိသင်ရှိဒြပ်ပေါင်းကို ထုတ်ယူပြီး ပုံမှန်သွေးပေါင်ချိန်ရှိတဲ့ ကြွက်များကို ကျွေးတယ်။ ရက်သတ္တ ပတ် ၂ ပတ်ကျော်ကြာ ကျွေးပြီးတဲ့နောက် ကြွက်တွေရဲ့ အပေါ် သွေးပေါင်ချိန် က ပျမ်းမျှ ၁၂ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ထိုးကျသွားတယ်။ ဆေးချိန် က တစ်နေ့ကို တရုတ်နံနံ ၄ ခက်စားတာနှင့် ညီမျှတယ်။ ကြွက်တွေရဲ့ သွေးထဲရှိ ကိုလက် စထရောပမာဏကလည်း ရမှတ် (၁၄ ရာခိုင်နှုန်း လောက်) ကျဆင်းသွားတယ်။ သွေးပေါင်ချိန်ကျစေတဲ့ ယင်းဓာတ်ပစ္စည်းက 3.n.butyl phthalide ဖြစ်ပြီး တရုတ်နံနံရဲ့ အနံ့က ယင်းဒြပ်ပေါင်းကြောင့် ဖြစ်တယ်။

တရုတ်နံနံ ထူးခြားတာက သွေးပေါင်ကျစေတဲ့ အာနိသင်ရှိဒြပ်ပေါင်း က ပမာဏမြင့်မြင့်မားမား ယင်းထဲမှာပါရှိနေတာပဲ ဖြစ်တယ်။ အခြား ဟင်း သီးဟင်းရွက်တွေမှာ အဲသလိုမျိုးမရှိဘူး။ တရုတ်နံနံက သွေးပေါင်ချိန်ကျ ဆင်းစေတာက သွေးကြောများကို ကျဉ်းကျုံ့စေတဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟိုမုန်းများ (stress hormones) ကို သွေးထဲမှ လျော့ပါးစေခြင်းကြောင့်ဖြစ်တယ်လို့ ဒေါက်တာ အီလီယော့ထဲက တွက်ဆတယ်။ ဒေါက်တာက တရုတ်နံနံဟာ စိတ်ဖိစီးမှု (mental stress) နှင့် နှီးနွယ်နေတဲ့ သွေးတိုးရှိ သူများမှာ အထိရောက်ဆုံးဖြစ်လိမ့်မယ်လို့ ညွှန်းဆိုတယ်။ အမေရိကန် လူမျိုး အားလုံးရဲ့ တစ်ဝက်နီးပါးမှာက ယင်းသို့မျိုး သွေးတိုးရောဂါရှိနေတာပဲဖြစ် တယ်။

မှတ်ချက်။ ။ တရုတ်နံနံမှာ အခြား ဟင်းသီးဟင်းရွက်များနှင့် နှိုင်းယှဉ်လိုက် ရင် ဆိုဒီယမ် (Sodium) ပါဝင်မှု မြင့်မားတယ်ဆိုပေမယ့် အလယ်အလတ် အရွယ်တရုတ်နံနံတစ်ခက်မှာက ဆိုဒီယမ် ၃၅ မီလီဂရမ်မျှသာ ပါဝင်တယ်။ ဒါကြောင့် ၂ ခက်လောက်စားခြင်းက နေ့စဉ်ဆိုဒီယမ် ၇ဝ မီလီဂရမ်မျှသာ တိုးတက်ရရှိတာကြောင့် မဖြစ်စလောက်ပမာဏလို့ ပြောလို့ရတယ်။

ကြက်သွန်ဖြူ (Garlic) ကြက်သွန်ဖြူရဲ့ အထင်ကရစွမ်းပကားများ

ကြက်သွန်ဖြူကို ပိုစားပါ။ ယင်းက သွေးတိုးရောဂါအတွက် နောက်ထပ် အထင်ကရကျေးလက်သုံး ဆေးတစ်လက်ပဲဖြစ်တယ်။ မကြာ သေးမီလေ့လာမှုများအရ ယင်းကထိရောက်မှုရှိကြောင်း တွေ့ရတယ်။ ရှေးပဝေသဏီကတည်းက တရုတ်ပြည်မှာ သုံးစွဲခဲ့ပြီး ယခုအခါ ဂျာမနီမှာ သွေးတိုးကျဆေးအဖြစ် တွင်ကျယ်စွာ သုံးစွဲနေတဲ့ကြက်သွန်ဖြူမှာ ရင်သပ် ရှုမောလောက်တဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဆရာဝန်ဆေးစာမပါ ဘဲ ဝယ်ယူရရှိနိုင်တဲ့ အသင့်ဖော်စပ်ပြီး ကြက်သွန်ဖြူဆေး (Garlic preparation) Kwai ကို ဂျာမနီက စစ်ဆေးရာမှာ အတော်အသင့်သွေးတိုးရှိ လူနာများရဲ့ အောက်သွေးပေါင်ချိန်ကို ကျစေကြောင်း တွေ့ရတယ်။ ဆေးချိန် အနေနှင့်ကတော့ တစ်နေ့ ကြက်သွန်ဖြူဥ (၂) ဥနှင့် ညီမျှတဲ့ဆေးချိန်ပဲ ဖြစ်တယ်။

ကြက်သွန်ဖြူစားတဲ့အုပ်စုမှ လူတွေက ပျမ်းမျှသွေးပေါင်ချိန် ၁၇၁/ ၁၀၂ ကနေ (၃) လအကြာမှ ၁၅၂/ ၈၉ အထိ ကျဆင်းသွားတယ်။ တကယ့်ဆေးနှင့် အသွင်တူပြီး အာနိသင်မဲ့ ဆေးသောက်တဲ့အုပ်စုမှာက သွေးပေါင် ချိန်အပြောင်းအလဲမရှိဘူး။ စိတ်ဝင်စားစရာကောင်းတာက ကြက်သွန်ဖြူရဲ့အကျိုးသက်ရောက်မှုက စစ်ဆေးမှုပြုနေတဲ့ အချိန်တစ်လျှောက်လုံး ပိုပို အားကောင်းလာတာပဲဖြစ်တယ်။ ဒါက ကြက်သွန်ဖြူ၊ နေ့စဉ်စားသုံးခြင်းက တစ်စတစ်စ တိုးပွားလာတဲ့ အကျိုးဆက် (accumulating effect) ရှိကြောင်း ညွှန်းဆိုတယ်။

ကြက်သွန်ဖြူက သွေးကြောများရဲ့ အလိုအလျောက်ဆန့်၊ ကျုံ့နိုင်တဲ့ ကြွက်သားများ (smooth muscles) ကို ဖြေလျှော့ပေးခြင်းဖြင့် တစ်စိတ် တစ်ပိုင်းအားဖြင့် သွေးပေါင်ချိန်ကို ကျစေပုံရတယ်။ သို့ဖြင့် သွေးကြောများ ကို ဖောင်းကားစေတယ်။ ကြက်သွန်ဖြူဂျစ် (ဖျော်ရည်) (garlic juice) တိုက်ကျွေးထားတဲ့ တိရစ္ဆာန်များမှာလည်း ယင်းပုံစံမျိုးဖြစ်တယ်။

ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ (onions) နှစ်မျိုးစလုံးမှာ adenosine ဆိုတဲ့ ဒြပ်ပေါင်းကြွယ်ဝစွာ ပါရှိတယ်။ ယင်းဒြပ်ပေါင်းက အလိုအလျောက်ဆန့်ကျုံ့နိုင်တဲ့ ကြွက်သားကို ဖြေလျှော့ပေးတဲ့အရာ (a smooth muscle relaxant) ပဲ ဖြစ်တယ်။ သဘောကတော့ ကြက်သွန်နီများစားခြင်း ကလည်း သွေးပေါင်ချိန်ကို ကျစေနိုင်တာဖြစ်တယ်။ ဒါ့အပြင် ကြက်သွန်နီ မှာ သွေးပေါင်ချိန် ကျဆင်းစေတဲ့ အစွမ်းသတ္တိရှိ prostaglandin A1 နှင့် E ပမာဏအနည်းငယ်ပါရှိနေတယ်။ ။ မှတ်ချက်။ ။ အစိမ်း ဒါမှမဟုတ် ချက်ပြုတ်ထားတဲ့ကြက်သွန်ဖြူနှင့် ကြက် သွန်နီ နှစ်မျိုးလုံးက သွေးတိုးအတွက် အကျိုးကျေးဇူးပြုပါတယ်။ သို့ပေမဲ့ ကြက်သွန်ဖြူ၊ အစိမ်း (raw garlic) က ပိုပြီး အစွမ်းထက်တယ်လို့ ယူဆ ရတယ်။

သွေးတိုးရောဂါအတွက် အရေးကြီးတဲ့ ။ “ပိုတက်ဆီယမ်” နှင့် “ဆိုဒီယမ်”

ပိုတက်ဆီယမ် (Potassium)

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်အစားအစာများမှာ အများဆုံးစုဝေးရှိနေတဲ့ ပိုတက်ဆီယမ်ကို လျစ်လျူမရှုပါနှင့်။ ယင်းက အစွမ်း