Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ဆရာဝန်များညွှန်ပြသည့်အိမ်တွင်းဆေးကုနည်းများ(၃)

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

သွေးတိုးရောဂါ (High blood pressure)

အစားအသောက် ညံ့ဖျင်းခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း နည်းပါးခြင်း၊ လေးလံသည့်အလေးမ လေ့ကျင့်မှု ပြုလုပ်ခြင်းနှင့် အန္တရာယ် မရှိလောက်ဟု ထင်ရသည့် လူထုရှေ့စကားပြောခြင်းစသည့် လှုပ်ရှားမှု မျိုးများက သင့်သွေးပေါင်ချိန် (blood pressure)ကို ထိုးတက်သွားစေနိုင် သည်။ သို့သော် သင့်သွေးပေါင်ချိန် ထိုးတက်သွားပြီး ယင်းအမှတ်မှာ ဆက်ရှိနေမည်ဆိုပါက စိတ်ပူစရာ ဖြစ်လာရသည်။ နှလုံး ရုတ်တရက် တိုက်ခိုက်ခံရခြင်း (heart attack) အတွက် ဖြစ်စေနိုင်သည့် အချင်းအရာ အားလုံးထဲတွင် အသက် ၆၅ နှစ်ကျော်လျှင် မည်သူတွေက နှလုံးသွေးကြော ဆိုင်ရာရောဂါရမည်ကို ကြိုတင်ပြောရာမှာ သွေးပေါင်ချိန်က အတိအကျ ဆုံး အညွှန်း” (predictor) အဖြစ်ရှိနေဆဲပင်။

သွေးတိုးရှိသူ မည်သူမဆို ဆရာဝန်တစ်ဦး၏ ပြုစုစောင့်ရှောက်မှု အောက်တွင် ရှိနေသင့်သည်။ ပုံမှန် စောင့်ကြည့်နေရန်အတွက်သာမဟုတ်။ ဆေးပေးကုသမှုအတွက်လည်း ဖြစ်သည်။ သွေးတိုးရောဂါသည်များ အတွက် ကောင်းသတင်းမှာ ဆေးဝါးမသောက်သုံးဘဲနှင့် နေထိုင်သွားလာ လုပ်ကိုင်နိုင်ခြင်းပင်။ သင်က သွေးတိုး လူနာတစ်ဦးဆိုလျှင် သင့် ဆရာဝန် က သင့်ကို ပုံမှန်ကိုယ်လက်လှုပ်ရှားမှု (exercise) လုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်းရှောင်ခြင်း၊ စိတ်ဖိစီးမှုကိုကိုင်တွယ်ခြင်း၊ အစားအသောက် အပြောင်းအလဲလုပ်ခြင်း၊ အရက်၊ ဆားနှင့် အဆီလျှော့စားသုံးခြင်း၏ အရေးပါပုံကို မလွဲမသွေ ပြောပါလိမ့်မည်။ သို့သော် အောက်တွင် ဖော်ပြ မည့်အကြောင်းအချက်များက နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း (Heart failure) လေဖြတ်ခြင်းနှင့်ကျောက်ကပ်ရောဂါ ဖြစ်ခြင်းမှ သိသိသာသာ ကျဆင်းလျော့နည်းစေမယ့် လူသိနည်းသေးသည့် အချင်းအရာတချို့ ဖြစ် ပါသည်။

တရုတ်နံနံကိုဝါးစားပေး

တရုတ်နံနံ (celery) နှင့် ယင်း၏အဆီကို အရှေ့တိုင်းကျေးလက် ဆေးများအဖြစ် သွေးတိုးရောဂါကုသလာခဲ့သည်မှာ နှစ်ရာစုနှင့်ချီရှိခဲ့ပြီဖြစ် သည်။ ယခုအခါ အနောက်နိုင်ငံများက တရုတ်နံနံက ဘာကြောင့်သွေး တိုးရောဂါကုသရာမှာ အစွမ်းထက်ရသည်ကို သိလာပြီဖြစ်သည်။ “ချီကာဂို တက္ကသိုလ်မှ သုတေသီတို့က တရုတ်နံနံတွင်ရှိသည့် ဒြပ်ပေါင်းတစ်မျိုး က သွေးလွှတ်ကြောများ၏အတွင်းနံရံရှိ ကြွက်သားများကို ဖြေလျှော့ခြင်း ဖြင့် သွေးပေါင်ချိန်ကို ကျဆင်းစေကြောင်း တွေ့ ရှိခဲ့သည်။

ကြက်သွန်ဖြူကိုမှန်မှန်စား

အကြောင်းရင်းမှန်ကို အတိအကျ မသိရသေးသော်လည်း ကြက် သွန်ဖြူသည် သွေးပေါင်ချိန်ကို ကျစေသည့် အစားအစာတစ်ခု ဖြစ်သည်။ “ကြက်သွန်ဖြူ စားခြင်းက သွေးပေါင်ချိန်ကျစေတယ်ဆိုတာ ကျွန်ုပ်တို့ သိထားကြတယ်။ သို့ပေမဲ့ ဘာ့ကြောင့်ဆိုတာ အတိအကျသိရှိဖို့ ကြိုးပမ်း နေဆဲပဲ”ဟု ပင်ဆာဗေးနီးယားပြည်နယ် တက္ကသိုလ်၊ အာဟာရဓာတ်ပညာ ဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ Yu Yan Yeh က ပြောသည်။ “ကြက် သွန်ဖြူဥတစ်လုံးလောက်ကိုပဲ ဒီအတိုင်းအစိမ်းစားစား၊ ဟင်းထဲမှာပဲ ချက်စားစား အကျိုးအာနိသင် ရှိပုံပေါ်တယ်”ဟု ဒေါက်တာက ပြောသည်။

မှတ်စု

တိရစ္ဆာန်များနှင့် လေ့လာမှုများ ပြုလုပ်ရာတွင် ကြက်သွန်ဖြူက ကိုလက်စထရောနှင့်ထရိုင်ကရစ္ဆရိုဒ်အဆီ ပမာဏတို့ကို လျှော့ချပေးကြောင်း ပြသထားချက် ရှိသည်။ ယင်းပစ္စည်းတို့မှာ နှလုံးရောဂါကျရောက်ခြင်း အပေါ် သက်ရောက်မှုရှိသည့် အခြားအကြောင်းအချက်များဖြစ်သည်။ ကြက်သွန်ဖြူကို အစိမ်းစားစား၊ ဆေးတောင့်ပျော့ပုံစံဖြင့်စားစား အကျိုး ရှိတာချည်းဖြစ်သည်။

အိမ်မွေးတိရစ္ဆာန်မွေးထားပါ

လူတွေက သူတို့၏ အိမ်မွေးတိရစ္ဆာန်များကို ထိကိုင်ရသည်ဖြစ်စေ၊ ပွတ်သပ်ရသည်ဖြစ်စေ သွေးပေါင်ချိန် အနည်းငယ်ဆိုသော်လည်း အရေးပါ သည့် ပမာဏကျဆင်းကြောင်း သိရသည်။ ရေကန်ထဲရှိ ငါးတစ်ကောင်ကို ကြည့်ခြင်းမျိုး တိရစ္ဆာန်တစ်ကောင်ကောင်ကို ကြည့်နေခြင်းပင်လျှင် သွေး ပေါင်ကျခြင်းကို ဖြစ်ပေါ်စေသည်။ တိရစ္ဆာန်များအနီးရှိနေခြင်းက လူတွေ ကို သက်သောင့်သက်သာရှိစေပုံပေါက်ပြီး သူတို့၏စိတ်ဖိစီးမှုကို လျှော့ချ ရာတွင် အထောက်အကူရပုံ ပေါ်သည်။

ဖြည်းဖြည်းသက်သာစကားပြောပါ

ပုံမှန်စကားပြောရာတွင် အသံကျယ်ကျယ်နှင့် မြန်မြန်ပြောဆိုခြင်း က သင့်သွေးပေါင်ချိန်ကို သိသိသာသာတိုးမြှင့်ပေးကြောင်း၊ လေ့လာမှု တချို့က ပြသသည်။ ဒေါသထွက်သည့်အခါ သွေးပေါင်ချိန်ပိုလို့ပင် မြင့် တက်သည်။ ဒေါသကြောင့် သွေးပေါင်ချိန်ကာလရှည်စွာ တက်နေခြင်းက နှလုံးပတ်သွေးကြော ရောဂါကျရောက်ဖို့ အန္တရာယ်ရှိနိုင်သည်။ ကောင်း သတင်းမှာ စိတ်ဆိုးစရာ ကိစ္စရှိသည့်တိုင် စကားဖြည်းဖြည်းနဲ့ ညင်ညင် သာသာပြောဆိုခြင်းက နှလုံးဆိုင်ရာရောဂါထကြွမှုကို လုံးဝဖယ်ရှားနိုင် သည်ဟု ဆိုသည်။

လိမ်လည်မုသားမပြောနှင့် လိမ်လည်မုသားပြောဆိုခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေ ကြောင်း တွေ့ရသည်။ ဦးနှောက်ပို၍ အလုပ်လုပ်ရလို့ ဖြစ်သည်။ လိမ်လည် ပြောဆိုခြင်းများလေ စိတ်ဖိစီးမှုများလေ၊ သွေးပေါင်ချိန်တက်လေ ဖြစ် သည်။

အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပါ

Isometric လေ့ကျင့်ခန်း မလုပ်ပါနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း သည် သွေးပေါင်ချရာတွင် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဆိုသော်လည်း လေ့ကျင့်ခန်းအမျိုးအစားမှန်ဖို့တော့ လိုသည်။ အလေးမခြင်း လိုမျိုး isometric exercise (ကြွက်သားကိုဖိညှစ်၊ ကျုံ့စေသည့် လေ့ကျင့်ခန်း)ကိုမူ ရှောင်ရှားသင့်သည်။ ယင်းသို့ပြောသူမှာ မက်ဆာချူး ဆက် တက္ကသိုလ်ဆေးကျောင်းရှိ စိန့်ဗင်းစင့်ဆေးရုံမှ စမ်းသပ် နှလုံးရောဂါ ဌာနမှ ညွှန်ကြားရေးမှူး ဒေးဗစ်စပိုးဒစ်ချ်ဖြစ်သည်။ အကြောင်းမှာ လေးလံသည့် အလေးကိုမခြင်းသည် သွေးပေါင်ချိန်ကို ခဏတာထိုး တက်သွားစေသည်။ အထူးသဖြင့် အလေးမစဉ် အသက်အောင့်ထားပါက ပို၍ မှန်သည်။

ရယ်ရယ်မောမောနေထိုင်ပါ

ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်လက် သို့မဟုတ် စိတ်ဖိ စီးမှု (stress) ကိုတိုက်ဖျက်ရာတွင် ကိုယ်စိတ်ဖြေလျော့ခြင်းကုထုံး (relaxation therapy) သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း သို့မဟုတ် အခြားနည်းနာများကဲ့သို့ ထိရောက် ကောင်းမွန်ပါသည်ဟု နယူးယောက် ပြည်နယ်တက္ကသိုလ်၊ မိသားစုဆေးပညာဌာနမှ တွဲဖက် ပါမောက္ခ ဒေါက်တာစတိဖ်အလန်က ဆိုသည်။ ရယ်မောသည့်အခါ adrenaline နှင့် cortisone ဟိုမုန်းနှစ်မျိုးစလုံးကို အထွက်နည်းစေ သည်။ ယင်းဟိုမုန်းတို့က သွေးပေါင်ချိန်အပေါ် ဆိုးရွားသည့် အကျိုးသက် ရောက်မှုရှိသည်။ သူ၏ဆေးညွှန်းမှာ လူတစ်ယောက်က တစ်နေ့ အနည်းဆုံး(၂) ကြိမ် ရယ်မောစရာလုပ်သင့်ကြောင်းပင်။

ရယ်မောခြင်းက လူတိုင်းကို အကူအညီပေးသည်မှာ မှန်သော် လည်း ဒေါက်တာ အလန်က အထူးသဖြင့် ဒေါသထွက်လွယ်သော အလို မကျသော ပျော်ရွှင်မှုမရှိသည့် သွေးတိုးရောဂါသည်များအတွက် ရယ်မော ခြင်းကုထုံးမှ အကျိုးကျေးဇူးအများ ရရှိနိုင်ကြောင်း ညွှန်ပြသည်။“ရယ်ရယ် မောမောနေခြင်းက ငွေကုန်ကြေးကျမရှိသလို ထိရောက်မှုရှိပါတယ်”ဟု ဒေါက်တာအလန်က ဆိုကြောင်းပါ။