ဦးလှမြင့်(ဂန္ဓမာ) - စီးပွါးကြီးပွါးနီတိများ
(၃)
သာမန်လူတွေ အလိုအပ်ဆုံးအရာမှာ သတ္တိ ခဏ တဖြုတ်ဖို့ပဲ ဖြစ်သည်။ အောင်မြင်သူတိုင်း၏ လုပ်ငန်းဘဝတွင် ရုတ်တရက် ဆုံးဖြတ်ချက်ချ၍ လုပ်ဆောင်ခြင်းနှင့် စခဲ့သည်ချည်း ဖြစ်သည်။ စွန့်စားမှုကို ပြုရဲသည့် သို့မဟုတ် ခက်ခဲသည့်အလုပ်ကို လုပ်ရဲ သည့် ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။
(၄)
စွမ်းဆောင်ရည်ထက်မြက်ခြင်းသည် နက္ခတ္တပညာကို သတိထားစောင့်ကြည့်ခြင်းဖြင့် အစပြုသည်။ တကယ်တော့ သိပ္ပံပညာရပ်များအားလုံး လုပ်ကိုင်ပုံနှင့် မခြား ပါ။ တွေးတောရသည့်သတိပြု စောင့်ကြည့်ခြင်းဖြင့် စတင်ရသည်။
ယခု ဘာတွေလုပ်နေသည်ကို ပထမဆုံးမှတ် သားရမည်။ ထို့နောက် ၎င်းကို တိုးတက်အောင် လုပ်ဆောင်ပါ။ ဒါသည်ပင်လျှင် စွမ်းဆောင်ရည်ထက် မြက်ခြင်း၏ ပုံသေနည်းဖြစ်တော့သည်။
(၅)
စတိုးဆိုင်တစ်ဆိုင်ဆိုသည်မှာ ကုန်ပစ္စည်းများနှင့် ယန္တ ရားဆန်သည့် ဆိုင်ဝန်ထမ်းများရှိသည့် အဆောက် အအုံမျှသာ မဟုတ်ပါ။ ၎င်းအဆောက်အအုံတွင် ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုဝန်တိုခြင်း၊ ရည်ရွယ်ချက် ကြီးမားခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ကြေကွဲခြင်းများစ သည့် ခံစားမှုဖြင့် ပြည့်နှက်နေသည်။
ပညာဉာဏ်ရှိသည့် ကုန်သည်တိုင်းသည် ဒီအဆောက် အအုံအတွင်းရှိ စိတ်ခံစားမှုများသည် ကိန်းဂဏန်းများနည်းတူ အရေးကြီးကြောင်း သိထား သင့်ပေသည်။
(၆)
အဆန်းတကာ့အဆန်းတွေထဲမှာ အချက်တစ်ချက် ကတော့ လူတွေသည် မိမိတို့၏ ခန္ဓာကိုယ်၊ မိမိတို့ ၏နေအိမ်၊ မိမိတို့၏လုပ်ငန်းများနှင့် မိမိ၏ ကိုယ်ပိုင် အစွမ်းအစများနှင့် ပတ်သက်သည့် ထင်ရှားသည့် အချက်များကို ဘာကြောင့် သတိမမူမိကြသလဲဆိုခြင်း ပဲ ဖြစ်သည်။
အသက်မွေးဝမ်းကျောင်း နယ်ပယ်အားလုံးတွင် ကြီးကျယ်သည့်တိုးတက်ဖြစ်ထွန်းမှု အများစုကို ပြုလုပ်ခဲ့သူတို့မှာ အပြင်လူများပဲ ဖြစ်သည်။ သူတို့က စူးရှသည့်မျက်စိများနှင့် ဝင်ရောက်လာပြီး ယင်းလုပ် ငန်းနယ်ပယ်တွင်းက လူတွေမမြင်မိသည်ကို သတိမူမိ ၍ပဲ ဖြစ်သည်။