Skip to product information
1 of 18

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ကျန်းမာသုတဆေးသုတ2016-17

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ကျန်းမာသုတ ဆေးသုတ

Indole-3 Carbinolပဲဖြစ်တယ်။ ယင်းဒြပ်ပေါင်းက ရင်သားများ၊ အူမကြီး နှင့် ဆီးကျိတ် (ပရိုစတိတ်ဂလင်း) တွေမှာရှိတဲ့ အီစထရိုဂျင်အသိ ထူးတဲ့ ဆဲလ်များမှ ကင်ဆာကျိတ်များကို ချေမှုန်းရာမှာ အစွမ်းထက်တယ်။ ဒါ့အပြင် ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်များ (Crucifers) က ဘီတာကာရိုတင်း၊ ဗီတာမင် C နှင့် E၊ ဖောလိတ်နှင့် ကယ်လ်ဆီယမ်တို့အတွက် အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်တယ်။ ယင်းတို့ထဲမှ အများစုက အင်တီအောက်စီးဒင့်များလည်း ဖြစ်တယ်။

၃။ သင့်ကျန်းမာရေးအတွက် နေ့စဉ် ကြက်သွန်ဖြူတစ်ဥစား

ကြက်သွန်ဖြူ (Garlic) ထဲမှာပါဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့ အယ်လ် လီစင် (Allicin) က သွေးလွှတ်ကြောနံရံမာကျောလာခြင်းနှင့် နှလုံးပတ် သွေးကြောကြီးပိတ်ဆို့ခြင်းကို ကာကွယ်ပေးနိုင်တယ်။ သွေးထဲရှိ ကိုလက် စထရောလ်ပမာဏကို ချပေးတယ်။ သွေးခဲခြင်းနည်းပါးစေတယ်။ ပစ်ကျူ ထရီဂလင်းကို နှိုးဆွပေးတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတယ်။ ကင်ဆာကာကွယ်ပေးတယ်။ ဒါတွေက လေ့လာမှု များက ညွှန်ပြထားချက်များပဲဖြစ်တယ်။ ဒါ့အပြင် ကြက်သွန်ဖြူက ဗက်တီး ရီးယားပိုး သတ်နိုင်တဲ့သတ္တိ (Antibacterial) ရှိတာကြောင့် အသေး ကူးစက်ရောဂါများကို ကုသရာမှာ သုံးစွဲလေ့ရှိတယ်။ ယင်းရဲ့ စူးရှတဲ့ အနံ့မကြိုက်ရင်တော့ ယင်းအနံ့ပျောက်စေဖို့ တရုတ်နံနံ (Parsiey) ကို စားပါ။

၄။ ကျန်းမာရေးအတွက်လတ်ဆတ်တဲ့ အော်ဂဲနစ်အစားအစာများကို စားသုံးသင့်

သင့်ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာအတွက် လတ်ဆတ်ပြီး မပြု မပြင်ရသေးတဲ့ အော်ဂဲနစ်အစားအစာများထက်ကောင်းတာ ဘာမှမရှိပါ ဘူး။ လယ်ယာမှ ထွက်ကုန်အသီးအရွက်များနှင့် အသားတွေက အရင်းအမြစ် နေရာမှ သင့်စားပွဲပေါ်တိုက်ရိုက်ရောက်သင့်တယ်။ သို့မှသာ ကြားမှာ အာဟာရဓာတ် ဆုံးရှုံးမှုနည်းမှာဖြစ်ပါတယ်။ စူပါမားကက်များရှိ အစား အစာများဟာ စင်ပေါ်မရောက်ခင် ရက်သတ္တပတ်ပေါင်းများစွာ ဒါမှမဟုတ် လနှင့်ချီပြီး ခူးဆွတ် (သို့မဟုတ်) သတ်ဖြတ်ခဲ့တာဖြစ်တယ်။ ယင်း စားစရာတွေက လတ်ဆတ်ပုံပေါက်အောင် နိုက်ထရိုဂျင် ဒါမှမဟုတ် အခြားနည်းများနှင့် တာရှည်ခံအောင်ပြုလုပ်ထားခြင်းဖြစ်တယ်။ ဒါ့အပြင် ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများ အသုံးပြုစိုက်ပျိုးထားတဲ့ အစား အစာတွေက အော်ဂဲနစ်နည်းဖြင့်စိုက်ပျိုးတဲ့ အစားအစာတွေထက် အာဟာ ရဓာတ် တန်ဖိုး ပိုပြီးနည်းပါတယ်။

၅။ သင့်အစားအစာချက်ပြုတ်ရာမှာ ဒါတွေသတိထား

သင့်အစားအစာများမှ ကောင်းတာတွေ အများဆုံးရရှိဖို့ ယင်းတို့ကို ညင်ညင်သာသာ ကိုင်တွယ်ပါ။ အပူချိန်မြင့်ခြင်းက အရေးကြီးတဲ့အာဟာ ရဓာတ်တွေကို ဆုံးရှုံးစေပါတယ်။ ဥပမာအားဖြင့် ရေများများနဲ့ပြုတ်ခြင်း (Boiling) က ဟင်းသီးဟင်းရွက်များမှာပါရှိတဲ့ ဗီတာမင်များကို ပမာဏ ထက်ဝက်လောက် ဖျက်ဆီးပစ်နိုင်ပါတယ်။ ဆီများများနှင့်ကြော်ခြင်း (Deep Frying) က အဆီများတဲ့ အစားအစာတွေမှာ အဆိုးရွားဆုံးအဆီမျိုးကို ထုတ်ပေးစေပါတယ်။ ဒါကတော့ သွေးကြောများကိုပိတ်စေပြီး ကင်ဆာအန္တရာယ်ကိုတိုးမြှင့်ပေးတဲ့ အသွင်ပြောင်းအဆီ (Trans fat) ပဲ ဖြစ်တယ်။ ထို့အတူ မီးကျွမ်းသွားတဲ့ ဒါမှမဟုတ် မည်းသွားတဲ့ တံစို့ထိုး အသားကင် ဒါမှမဟုတ် အိုးကင်းကပ်ဆီပူထိုးအသားတွေကို စားနေကျ ဆိုရင် ကင်ဆာဖြစ်နိုင်ခြေက မြင့်မားလာနိုင်ပါတယ်။ အပူသိပ်များများဖြင့် သင့်အစားအစာကို မဖျက်ဆီးလိုက်ပါနှင့်။ ယင်းအစားအစာ အာဟာရ တန်ဖိုးကို ထိန်းသိမ်းဖို့ရာ မီးနည်းနည်းနှင့် ဟင်းပေါင်းခြင်း (Lightly Steam), အမြန်မွှေကြော်ခြင်း (quickly stir-fly) ဒါမှမဟုတ် အမြန်အိုးကင်းကပ်ဆီပူထိုးခြင်းနည်းတို့ကို သုံးပါ။

၆။ “ဆား” စားနည်းခြင်းက ကျန်းမာရေးအတွက် သေချာပေါက်အကျိုးရှိ

ဆားကို ကန့်သတ်စားသုံးခြင်းက သင့်သွေးပေါင်ချိန်ကို ထိန်း နိုင်၊ မနိုင် ဆိုတာက သင့်တစ်ဦးချင်းစီရဲ့ ဇီဝဗေဒသဘောတုံ့ပြန်မှုပေါ် မူတည်ပါတယ်။ သို့ပေမယ့် သင့်မှာ သွေးတိုးမရှိသည့်တိုင် ဆားလျှော့စားခြင်းက အကျိုးရှိပါတယ်။ ဘာကြောင့်ဆိုတော့ ဆားထဲမှာ ဆိုဒီယမ် (ဆား= ဆိုဒီယမ် ကလိုရိုဒ်) က သွေးပေါင်ချိန်မြင့်တက်တဲ့နည်းလမ်းနှင့်မဟုတ်ဘဲ အခြား နည်းလမ်းများနှင့် ဦးနှောက်သွေးကြောများ ထိခိုက်ပျက်စီးမှုနှင့် လေဖြတ် ခြင်းကို အားပေးပါတယ်လို့ မင်နီဆိုဒါတက္ကသိုလ်သွေးတိုးရောဂါ ဌာန အကြီးအကဲ Dr.Louis Tobian က ဆိုပါတယ်။ သင့်မှာ သွေးတိုး အပြင်ကျောက်ကပ် ဒါမှမဟုတ် နှလုံးပြဿနာများရှိနေရင်တော့ ဆားကို သေချာ ပေါက် လျှော့စားသင့်ပါတယ်လို့ Dr.Tobian က သတိပေးလိုက်ပါတယ်။

၇။ ဆားနည်းနည်းစား အသက်ပိုရှည်

ဆား (အိမ်သုံးဆား) က အစားအစာများကို တာရှည်ခံအောင်လုပ် ပေးကြောင်း သင်္ဘောသားများက ပိုပြီးသိကြတယ်။ သို့ပေမယ့် ယင်းက ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကိုတော့ ပိုကောင်းအောင်၊ ပိုပြီးအသက်ရှည်အောင် လုပ်မပေးဘူး။ မကြာသေးမီက လေ့လာမှုတွေမှာ ပြသထားတာက ဆားကို တိုးစားခြင်းက အစာအိမ်၊ အစာမျိုပြွန်နှင့် ဆီးအိမ်ကင်ဆာများ တိုးဖြစ်ခြင်းနှင့် တိုက်ရိုက်အချိုးညီတယ်ဆိုတာပဲဖြစ်တယ်။ ဒါ့အပြင် ဆိုဒီယမ် (ဆားထဲမှာပါတဲ့ဒြပ်စင်) က နာတာရှည်ရောဂါများဖြစ်တဲ့ နှလုံး ရောဂါ၊ သွေးတိုးနှင့် အရိုးပွ၊ အရိုးပါးရောဂါတို့နှင့် ပတ်သက်နေကြောင်း ရှေးကပင် သိရှိထားတယ်။ ဆားအတွက် အစားထိုးအနေနှင့်ရှလကာရည်။ ကြက်သွန်ဖြူ၊ ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို သုံးပါ။

၈။ အနီရောင်အသားစားခြင်းအန္တရာယ်

အနီရောင်အသား (Red Meat) က ကျွန်ုပ်တို့ရဲ့ ပင်တိုင်အစားအစာ တစ်မျိုးဖြစ်တယ်။ သို့ပေမယ့် ကျွန်ုပ်တို့ရဲ့ စားပုံစားနည်းက ကျွန်ုပ်တို့ကို သတ်သလိုဖြစ်နေတယ်။ ဟားဗတ်သုတေသီတွေက လူပေါင်း ၁၂၁ဝဝဝကျော်ရဲ့ ရွေးချယ်စားသောက်မှုကို ၂၈ နှစ်ကြာ နောက်ယောင်ခံလေ့လာ ခဲ့ရာမှာ အနီရောင်အသား ၈၅ ဂရမ်လောက်ကို နေ့စဉ်စားသုံးသူတွေက သက်သတ်လွတ် စားသုံးသူတွေထက် နှလုံးရောဂါ သို့မဟုတ် ကင်ဆာ