Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ကျန်းမာသုတဆေးသုတ2012

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဥများ(eggs) ရဲ့ အကျိုးပြုမှု (၅) ရပ်

(၁) ပရိုတင်း အရည်အသွေးကောင်းမွန်ခြင်း

ဥတစ်လုံးက ပရိုတင်းတစ်ပွဲစာရဲ့ ... မှ ... အထိ ညီမျှတယ်။

(၂) ကယ်လိုရီ (calories) ပါဝင်မှုနည်းခြင်း၊

ဥတစ်လုံးမှာ ၇ဝ-၈ဝ Kcal ရှိတယ်။ ဒါက တစ်နေ့တာအတွက် စားသုံးဖို့ ထောက်ခံထားတဲ့ ကယ်လိုရီပမာဏထက် ၄ ရာခိုင်နှုန်း ပိုလျော့ နည်းစေခြင်းဖြစ်တယ်။

(၃) အဆီဓာတ်နည်းခြင်း (Low in fat)

ဥများကို နံနက်စာအဖြစ် စားသုံးခြင်းက ကိုယ်အလေးချိန်များနေသူ များကို အလေးချိန်ကျစေရာမှာ ကူညီနိုင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အဓိက ထမင်းစားချိန်မရောက်ခင် သရေစာစားဖို့ အလားအလာ ပိုနည်းပါး သွားစေတာကြောင့်လို့ လေ့လာမှုအတော်များများက တွေ့ရှိထားတယ်။

(၄) ကိုလက်စထရောလ်

ရက်သတ္တပတ်မှာ ဥတစ်လုံးစားသူများနှင့် ဥတစ်လုံးထက် ပိုစားသူ များအကြား နှလုံးရောဂါ ဖြစ်နိုင်ခြေ ကွာခြားမှုမရှိကြောင်း သိပ္ပံပညာရှင်တို့ က ဆိုကြတယ်။ ယေဘုယျအားဖြင့် တစ်နေ့ ဥတစ်လုံးစားခြင်းက ဘေးကင်းပါတယ်။ ဥအကာထဲမှာ ကိုလက်စထရောလ်မရှိပါ။

(၅) ကိုလင်းဓာတ်ပစ္စည်း(Choline)ကြွယ်ဝ

ဥကြီးကြီးတစ်လုံးရဲ့ အနှစ်သားရှိ Lecithin က ကိုလင်းဓာတ်ပစ္စည်း ၂၅၁ မီလီဂရမ် ပေးပါတယ်။ ဒါက အမျိုးသမီးတစ်ဦးအတွက် တစ်နေ့တာ လိုအပ်သော ပမာဏရဲ့ တစ်ဝက်ထက် ပိုပါတယ်။ ကိုလင်းဓာတ်ပစ္စည်းက သန္ဓေသားလောင်းရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးကြီးပါတယ်။

ကြက်သွန်ဖြူရဲ့ အစွမ်းအာနိသင်

သင့်ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ထုတ်ကာကွယ်ရေးစနစ် တိုးမြှင့်ဖို့နှင့် ကူးစက်ရောဂါများကို တိုက်ထုတ်ဖို့ ကြက်သွန်ဖြူ အစိမ်းလိုက်ဖြစ်စေ၊ ချက် ပြုတ်လို့ဖြစ်စေ သင့်အစားအစာထဲ ပေါင်းထည့်စားလိုက်ပါ။ ဒါမှမဟုတ် ကြက်သွန်ဖြူအမှုန့် သို့မဟုတ် အဆီထည့်ထားတဲ့ ဆေးတောင့်များကို နေ့စဉ် စားသုံးပါ။ ကြက်သွန်ဖြူက မှိုစွဲရောဂါများဖြစ်တဲ့ ပွေးနှင့် ခြေဝဲနာဖြစ်စေတဲ့ မှိုများ(fungi)ကို သတ်နိုင်တယ်လို့ ယူဆတဲ့အတွက် ယင်းနေရာများမှာ ကြက်သွန်ဖြူနှင့် ပွတ်တိုက်ပေးပါ။ ဒါမှမဟုတ် ထုထောင်းပြီး အုံပေးပါ။

လည်ချောင်းနာအတွက် ကောင်းတဲ့ ကြက်သွန်ဖြူ

လည် ချောင်းနာ ( sore throat)ကို ခံစားလိုက်ရ တာနှင့် တစ်ပြိုင်နက် နောက် ဆက်တွဲ ရောဂါများဖြစ်စေ

သော အအေးမိနှာစေးပိုး ဒါမှမဟုတ် အခြား ဗိုင်းရပ်စ် ပိုးများ၏ အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် ဗီတာမင်စီ ၁ဝဝဝ မီလီဂရမ်မှ ၃ဝဝဝ မီလီဂရမ်အထိ နေ့စဉ် သောက်ပေးရပါမယ်။ ဒါမှမဟုတ် ကြက်သွန်ဖြူအစိမ်း ၃ ဥလောက်ကို နေ့စဉ်စားပေးပါ။ကြက်သွန်ဖြူစားပြီး ပါးစပ်က နံနေမယ်ဆိုရင်တော့ ယင်းအစား ကြက်သွန် ဖြူဆေးတောင့်လေးတွေကို သောက်သုံးနိုင်ပါတယ်။ ဇင့်ငုံဆေးပြားများ (Zinc lozenges) ကလည်း လည်ပင်းရောင်နာအတွက် အလွန်ကောင်းပါတယ်။