Skip to product information
1 of 17

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ကျန်းမာသုတဆေးသုတ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

(A) ဆေးဝါးများ

ဆေးတစ်မျိုးတည်းထက် ဆေးနှစ်မျိုးကို တစ်လှည့်စီ

တိုက်ကျွေးခြင်းက အစွမ်းပိုထက်

သင့်ကလေးဖျားနေပါသလား။ ဒါဆို လူကြီးမိဘတွေက အဖျားကျ ဆေး Acetaminophen ဒါမှမဟုတ် Ibuprofen တစ်မျိုးမျိုးကို တိုက်ပေလိမ့်မည်။ ယင်းဆေးနှစ်မျိုးကို တစ်လှည့်စီတိုက်ခြင်းက အဖျားကျရာမှာ ပိုမိုလျင်မြန်ကြောင်း လေ့လာမှုတစ်ရပ်က ဆိုထားပါတယ်။ တယ်လ်အဗစ် တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က အသက် ၆လ မှ ၃၆ လရှိ ဖျားနေတဲ့ ကလေးငယ် ၄၆၄ ဦးတို့ကို Acetaminophen ဒါမှမဟုတ် Ibuprofen ကို ဆေးညွှန်းပါအတိုင်း တိုက်ကျွေးတယ်။ တချို့ကလေးတွေကိုတော့ ယင်းဆေးနှစ်မျိုးကို တစ်လှည့်စီ ၄ နာရီခြား တိုက်ကျွေးတယ်။ ဆေးတစ်လှည့်စီ တိုက်ကျွေးတဲ့ အုပ်စုပါကလေးများက ကျန်ဆေးတစ်မျိုး တည်း တိုက်ကျွေးတဲ့ အုပ်စုဝင်ကလေးများထက် အပူချိန်နှစ်ဆ ပိုကျတယ်။ (4°F နှင့် 2° F အသီးသီး) နောက်ပြီး အဖျားပျောက်တာလည်း တစ်ရက်ပို စောတာ တွေ့ရတယ်။ ဒီလိုမျိုး ဖြေရှင်းချက်က ဘေးကင်းစိတ်ချရပေမဲ့ အဖျားပြင်းရင်တော့ ဆရာဝန်ထံပြသင့်တယ်။

သင့်ဆေးများကို ရောမသောက်သင့်

ပြီးခဲ့တဲ့ တစ်နာရီမှာ သွေးတိုးကျဆေးသောက်ထားခဲ့တယ်။ ယာဉ်စီးစဉ် မူးဝေအော့အန်ခြင်း (Motion Sickness) အတွက် ဆေးလုံးကို ယခုသောက်ရင် ဘေးကင်းပါရဲ့လား။ Drug Digest. Org ဝက်ဘ်ဆိုက်က သင့်ကို ပြောပြနိုင်ပါတယ်။ ဆေးအချင်းချင်း တုံ့ပြန်ခြင်းစစ်ဆေးတဲ့ ဒေတာဘေ့စ် (Database) မှာ လွတ်လပ်စွာ ရောင်းချနိုင်တဲ့ အိမ်သုံးဆေး များ၊ ဆရာဝန်ဆေးညွှန်းနှင့် ပေးတဲ့ဆေးများ၊ ဖြည့်စွက်စာများ အမျိုး ၅၀၀၀ကျော် ရှိတယ်။ သင်သောက်မယ့် ဆေးအမည်ကို စာရင်းထဲ ရှာကြည့်ပါ ။ ဖြစ်နိုင်တဲ့ ဓာတ်တုံ့ပြန်မှု ၁၁၅ဝဝ အကြောင်း အပြင် အစားအစာတစ်မျိုးမျိုး ဒါမှမဟုတ် အရက်နှင့်တွဲသောက်ခြင်းဖြင့် ပြဿနာရှိနိုင်ရင်လည်း ယင်း အချက်ကို သိရှိရပါလိမ့်မည်။ သာဓကအားဖြင့် ဂင်ဂိုဘီလိုဘာ (Ginkgo Biloba) နှင့် အက်စ်ပရင်ရောသောက်ရင် အစာအိမ်သွေးယိုစီးခြင်း အန္တရာယ် ကို ပိုမိုကြီးမားစေလိမ့်မယ်။ အမေရိကန်ဆေးဖော်စပ် ရောင်းချသူများ အသင်းကြီးမှ ကျွမ်းကျင်သူများက DrugDigeset.org ဝက်ဘ်ဆိုက်က စိတ်ချရကြောင်းနှင့် လိုချင်တဲ့ သတင်းကောင်းကောင်း ပေးနိုင်ကြောင်း ဆိုတယ်။ ဒါပေမဲ့ သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းမရှိဘဲ သင်သောက်နေတဲ့ ဆေးကို ရပ်စဲခြင်း၊ ဖြတ်ခြင်း မပြုလုပ်သင့်ကြောင်း သတိပေးထားတယ်။

ဖောလစ်အက်စစ်ကို တားဆီးပိတ်ပင်တဲ့ဆေးတချို့

လနုသေးတဲ့ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ယူရန် ကြိုးစားနေတဲ့ အမျိုးသမီးများအတွက် ဖောလစ်အက်စစ်ကို ထောက်ခံချက်ပေးထားပါ တယ်။ သို့ပေမဲ့ အထူးသဖြင့် ကိုယ်ဝန်ပထမ ၃ လ ရက်သတ္တပတ် ၁၂ ပတ်အတွင်းမှာ ဖောလစ်အက်ဆစ်ရဲ့ လုပ်ဆောင်ချက်များကို ပိတ်ပင်တဲ့ ဆေးဝါးများနဲ့ ပူးတွဲသောက်သုံးပါက ကိုယ်ဝန်ချို့ယွင်းချက်များနှင့်ကလေးမွေးဖွားလာမယ့် အန္တရာယ်ကို မြင့်မားစေနိုင်ပါတယ်။ ကိုယ်ဝန် ချို့ယွင်းချက်များထဲမှာ ကြောရိုးနာဗ်ကြောစည်းနဲ့ဆိုင်တဲ့ နှလုံးနဲ့ သွေးကြော ဆိုင်ရာ၊ ဆီးလမ်းကြောင်းဆိုင်ရာ ချို့ယွင်းချက်များ ပါဝင်ပါတယ်။ ယင်းရှာဖွေတွေ့ရှိချက်များကို အစ္စရေးနိုင်ငံ၊ ဘီယာရှီဗာ၊ ဆိုရိုကာ ဆေးဘက် ဆိုင်ရာ ဗဟိုဌာနမှာ မွေးဖွားခဲ့တဲ့ ကလေး ၈၄၈၃၂ ဦးအပေါ် ကောက်ယူခဲ့တဲ့ အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်တယ်။ ပြီး

ဖောလိတ် (ဖောလစ်အက်စစ်)ကို ပိတ်ပင်တားဆီးတယ်လို့ သိထားတဲ့ ဆေးဝါးတချို့ကတော့ dihydrofolate reductase ကို တားမြစ်ပစ္စည်း များ (trimethoprim, sulfasalazine, methotrexate) ၊ ဝက်ရူးပြန်ရောဂါကုဆေးများ (carbamazepine, phenytoin, lamotrigine, primidone, valporoic acid နှင့် phenobarbital) တို့ဖြစ်သည်။

ဆေးအာနိသင်ပျက်ပြယ်စေနိုင်တဲ့ဖျော်ရည်တချို့

ရှောက်ခါးသီးကြီး (ဂရိတ်ဖရု) တစ်မျိုးတည်းကသာ (ခန္ဓာကိုယ်၏) ဆေးစုပ်ယူမှုစွမ်းရည်ကို ထိခိုက်စေသည်မဟုတ်။ ပန်းသီးနှင့် လိမ္မော် ဖျော်ရည်များ(ဂျူးစ်) ကလည်း ဆေးဝါးကုသမှုအချို့ရဲ့ အကျိုးကျေးဇူးများကို ယုတ်လျော့စေနိုင်ကြောင်း နောက်အကျဆုံး သုတေသနများက ပြသတယ်။ မကြာသေးမီ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့တာကတော့ သစ်သီးအတော် များများရဲ့ ဖျော်ရည်များက အသက်ကို ရန်ရှာတတ်တဲ့ ရောဂါများဖြစ်တဲ့ နှလုံးရောဂါနှင့် ကင်ဆာကုသတဲ့ ဆေးဝါးများရဲ့ အာနိသင်နဲ့ ပတ်သတ်ပြီး မကောင်းတဲ့ အကျိုးဆက် ရှိတယ်ဆိုတာပါပဲ။ တချို့နေရာများမှာ သစ်သီးဖျော်ရည်နှင့်အတူ ဆေးသောက်တဲ့အခါ ဆေးပမာဏတစ်ဝက်မျှသာ ခန္ဓာကိုယ်က စုပ်ယူရရှိတယ်။ ရှောက်ခါးသီးကြီးရဲ့ ဖျော်ရည်က တချို့ ဆေး တွေကို အန္တရာယ်ရှိလောက်တဲ့ ပမာဏအထိ စုစည်းများပြားမြင့်မားစေတယ် လို့ ပိုမိုရှေးကျတဲ့ သုတေသနတွေက ပြသထားတယ်။ အဓိက အချက်ကတော့ သင့်ဆေးလုံးများကို ရေနှင့် မျိုချဖို့ပဲဖြစ်တယ်။

ပဋိဇီဝ ဆေးသောက်ချိန်လွဲသွားရင် ဘယ်လိုလုပ်ရမလဲ

ပဋိဇီဝဆေးများ (Antibiotics) ကို များသောအားဖြင့် တစ်နေ့ (၂၄နာရီ) ၄ ကြိမ် သောက်လေ့ရှိတယ်။ အကောင်းဆုံးကတော့ ဆေးသောက် ချိန်ကို အညီအမျှခြားထားသင့်ပြီး နေ့စဉ် အဲဒီအချိန်မှာပဲ သောက်သင့်တာ ဖြစ်တယ်။ ဒီလိုလုပ်ခြင်းဖြင့် သင့်သွေးထဲမှာ ပဋိဇီဝဆေးပမာဏ အမြဲလိုလို တစ်သမတ်တည်း ရှိနေစေမှာ ဖြစ်တယ်။

ဆေးသောက်ဖို့ တစ်ကြိမ်လွဲ ချော်ရင် ဘယ်လိုလုပ်ရမလဲ

ဆေးသောက်ဖို့ တစ်ကြိမ်လွဲချော်ရင် သတိရရချင်း ဆေးသောက်လိုက် ပါ။ သွေးထဲမှာ ဆေးပမာဏ တစ်သမတ်တည်း ရှိနေစေဖို့ ဖြစ်တယ်။ ဒါပေမဲ့ လွဲချော်သွားတဲ့အချိန်က နောက်ဆေးသောက်ရမယ့်အချိန်နဲ့ သိပ် နီးကပ်နေရင်တော့ လွဲသွားတဲ့ဆေးချိန်ကိုကျော်ပြီး မူလ ဆေးသောက်ချိန် ဇယားအတိုင်း သောက်ပါ။ တစ်ကြိမ်တည်းမှာ ဆေးချိန် ၂ခုကို မသောက်ပါနဲ့။ ဒါက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြင့်စေ ပါတယ်။

အကြိမ်တော်တော်များများ လွဲ ချော်ရင်

ဆေးချိန် (Doses) အတော်များများကို လွဲချော်ခဲ့ရင် ဒါမှမဟုတ် တစ်နေ့တာ ဆေးချိန်ထက်ကျော်ပြီး လွဲချော်ခဲ့ရင် သင့် ဆရာဝန်နှင့် တွေ့ပြီး အကြံဉာဏ် တောင်းခံသင့်ပါတယ်။ ဒါမှမဟုတ် အဖျားရောဂါကြောင့် ဒီလို ဆေးသောက်ဖို့ ကျော်သွားရတာ၊ လွဲချော်ရတာဆိုရင် ပိုပြီးတော့တောင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဆေးချိန်ပြီးအောင်သောက်သင့်

သင် နေထိုင်ကောင်းသွားသည့်တိုင် ပဋိဇီဝဆေးများကို ဆေးချိန် အညွှန်းအတိုင်း ပြီးသည်အထိ ဆက်သောက်သင့်တယ်။ ဆေးပတ်လည်သည်အထိ မသောက်ရင်၊ ဒါမှမဟုတ် ဆေးသောက်ချိန် အတော်များများ လွဲချော်သွားခဲ့ရင် ကူးစက်ရောဂါက ပြန်ဝင်လာနိုင်ပါတယ်။ အဲဒီအခါ “ပဋိဇီဝဆေးပြီးတဲ့အဖြစ်မျိုး” (Antibiotic Resistance) လည်း ဖြစ်လာနိုင် ပါတယ်။ “ပဋိဇီဝဆေးပြီးတယ်” ဆိုတာက သင့်ခန္ဓာကိုယ်တွင်းရှိ ရောဂါပိုး များက ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိပြီး ဆက်လက်အသက်ရှင်နိုင်တဲ့ နည်းလမ်း ကို ရှာဖို့ အသွင်ကူးပြောင်းခြင်းပဲ ဖြစ်တယ်။ ထို့သို့ ဖြစ်ခြင်းက အဲဒီရောဂါ ပိုးက ဆေးယဉ်ပါးပြီး ဆေးမတိုးတော့တဲ့ ပြဿနာပေးတော့တာပဲ။