Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဦးလှမင်း - စည်းရုံးစွဲဆောင်ခြင်းဖြင့်စိတ်ဓာတ်မြင့်တင်ခြင်း

ဦးလှမင်း - စည်းရုံးစွဲဆောင်ခြင်းဖြင့်စိတ်ဓာတ်မြင့်တင်ခြင်း

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out
Type

အခန်း (၁)

စိတ်ဓာတ်မြှင့်တင်မှုလုပ်ရန် လိုအပ်ပုံ

ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်မြင့်မားမှုဟာ လုပ်ငန်းတွေအောင်မြင်ဖို့ အတွက်အရေးပါတဲ့ အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။ အဲဒီအချက်အရ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်အသီးသီးအောင် မြင်ဖို့ ဘယ်လိုခံယူချက်တွေနဲ့ လုပ်ကိုင်နေကြသလဲဆိုတဲ့အချက်နဲ့ ပတ် သက်နေပါတယ်။ သာမန်အားဖြင့်တော့ အဲဒီခံယူချက်ဟာ သူတို့အနေနဲ့ ပိုက်ဆံများများရအောင် လုပ်ချင်တဲ့ဆန္ဒ ဒါမှမဟုတ် အိမ်ကို စောစောပြန် ချင်တဲ့စိတ်မျိုးနဲ့တူလိမ့်မယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ ဒီလိုလွယ်လွယ် တွေးလို့တော့မရပါဘူး။

စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများ

လူတွေဟာ စိတ်ဓာတ်တက်တက်ကြွကြွမရှိဘူး။ သူတို့ရဲ့ စိတ်ဓာတ် မြင့်မားအောင် စည်းရုံးဆွဲဆောင်မှုတွေလည်း မရှိဘူးလို့ ပြောရတာမျိုးက လွယ်ပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ ဘယ်လိုခံစားနေရတယ်၊ သူတို့ ဘာတွေ မကျေနပ်ဘူး စသည်ဖြင့်တော့ ခင်ဗျားကိုပြောကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လုပ်နေရတဲ့အလုပ်တွေနဲ့ အလုပ်ခွင်မှာ မပျော်မွေ့ကြကြောင်း ကိုတော့ အမူအရာ၊ အမှတ်လက္ခဏာတွေနဲ့ ပြတတ်ပါတယ်။ အရာရာဟာ အဆင်ပြေနေရင်တော့ အလုပ်ကို စိတ်ပါလက်ပါလုပ်နေတာတွေ၊ အားတိုက်ခွန်တိုက် လုပ်နေတာတွေကို ခင်ဗျားတွေ့မြင်ရမှာပါ။ အဲဒါမျိုးမတွေ့ဘူး ဆိုရင်တော့ အဲဒါဟာ အရေးပေါ်အချက်ပြနှိုးဆော်ချက်တစ်ခုလို့ ချက်ချင်း မှတ်ယူလိုက်ပါ။

လူတွေရဲ့ မကျေနပ်မှုတွေဟာ သူတို့ရဲ့ ယေဘုယျအပြုအမူ၊ အမူအရာ တွေမှာ ရောင်ပြန်ဟပ်နေတတ်ပါတယ်။ အဲဒီအထဲက အချက်ပြလက္ခဏာ အချို့ကတော့ -

* သာမန်လုပ်ငန်းအပြင် ထပ်ပြီးလုပ်ရမယ့် အပိုလုပ်ငန်းမျိုး ပေါ်ပေါက်လာတဲ့အခါ လိုလိုလားလားလုပ်ကိုင်လိုသူမရှိခြင်း။

*  အခြားအပိုလုပ်ငန်းတစ်ခုခုကို လုပ်ဖို့အတွက် မိမိဆန္ဒအလျောက်အဆိုပြုရန်ဝန်လေးခြင်း။

* အလုပ်ခွင်ကို နောက်ကျပြီးရောက်ခြင်း၊ အလုပ်ခွင်မှ အချိန်စော၍ ပြန်ခြင်း၊ ကျေနပ်လောက်တဲ့အကြောင်းပြချက်မရှိဘဲ ခွင့်ယူခြင်း။

* လက်ဖက်ရည်သောက်ချိန်နဲ့ ထမင်းစားချိန်တွေကို လိုအပ်တာ ထက် အချိန်ပိုဆွဲကာ အလုပ်မှနားခွင့် ပိုပြီးရအောင်လုပ်ခြင်း။

* အလုပ်တွေအချိန်မီမပြီးတဲ့အတွက် အဖွဲ့ အစည်းရဲ့ ရည်မှန်းချက် ပျက်ပြားရခြင်း။

* သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ မဆောင်ရွက်ခြင်း။

* အသေးအဖွဲကိစ္စကလေးတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းတိုင်တမ်း ခြင်း၊ ညည်းတွားပြောဆိုခြင်း။

* လုပ်ငန်းမှာပြဿနာတစ်ခုခုပေါ်လာတဲ့အခါ အခြားသူတွေကို အပြစ်ပုံချလေ့ရှိခြင်း။

* အဖွဲ့ အစည်းက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာ မှုမရှိခြင်း။ ... ။

စတာတွေပဲ ဖြစ်ပါတယ်။

အဲဒီအထဲကအချက်တစ်ခုလောက်တွေ့ရုံနဲ့တော့ ပြဿနာမရှိသေး ပါဘူး။ အဲဒါကြောင့် ဝန်ထမ်းတွေဟာ စိတ်ဓာတ်ကျဆင်းနေကြပြီလို့လည်းချက်ချင်းမဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီအချက်တွေထဲက ၂ မျိုး၊ ၃ မျိုးလောက် တစ်ပြိုင်တည်းတွေ့နေရပြီဆိုရင်တော့ အဲဒါဟာ ခင်ဗျားအ တွက် တပ်လှန့်နှိုးဆော်သံလို့ သတ်မှတ်လိုက်ပါ။

လူတွေရဲ့ အပြုအမူနဲ့ အမူအရာတွေက သူတို့လုပ်ကိုင်နေရတဲ့ အခြေအနေအကြောင်းတွေကို ပြောပြနေပါတယ်။ ဒါမှမဟုတ် သူတို့ဟာ ဘယ်လိုအုပ်ချုပ်မှုမျိုးကို ခံနေရတယ်ဆိုတာ ပြောပြနေပါတယ်။ ဘာကြောင့် သူတို့ရဲ့ စိတ်ဓာတ်တွေကျဆင်းရသလဲဆိုတာကို ဖော်ထုတ်ပြီး သူတို့ရဲ့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆို တာကို လျင်လျင်မြန်မြန် စီမံဆောင်ရွက်ရပါမယ်။

ဆန့်ကျင်ဘက်တုံ့ပြန်မှုလက္ခဏာများ

လုပ်ငန်းတွေပုံမှန်လည်ပတ်မှုမရှိတဲ့အခါ ဝန်ထမ်းတွေက အဲဒီအခြေ အနေတွေကို မနှစ်သက်ဘူးဆိုတဲ့ သူတို့ရဲ့ သဘောထားကို အပြောအဆို အမူအရာတွေနဲ့ ဖော်ပြတတ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ ပြောတတ်ဆို တတ်ကြတဲ့ နမူနာအချို့ကတော့ -

# ဒါမျိုးလုံးဝမဖြစ်သင့်ဘူး ။ လတ်တလောဖြစ်နေတဲ့ ပြဿနာနဲ့ ပတ် သက်ပြီး ပါဝင်ကူညီဖြေရှင်းပေးဖို့ စိတ်မကူးဘဲ သူတစ်ပါးကို ထပ်ခါထပ်ခါ အပြစ်တင်ရင်း အချိန်ကို ကုန်လွန်စေပါတယ်။

# သူတို့သာ ကျုပ်ပြောတာကို နားထောင်ခဲ့မယ်ဆိုရင် ။ အတိတ်က အကြောင်းတွေကို မဆုံးနိုင်အောင် ပြန်ပြောပြီးဆုံးရှုံးမှုတွေအပေါ် တစိမ့်စိမ့် တွေးပြီး တဖျစ်တောက်တောက်ပြောနေတတ်ပါတယ်။ လက်တွေ့ တော့ ဘာတစ်ခုကိုမှ ဝင်မလုပ်ပါဘူး။

* ဘယ်လောက်များ အလုပ်ဝင်ချင်စရာ မကောင်းတဲ့ကုမ္ပဏီလဲလို့ ။ ဒီစကား က မိမိအဖွဲ့ အစည်းကို ပုတ်ခတ်တာဖြစ်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းရာ အရောက်ဆုံးပါပဲ။ အဲဒီလောက်သာ အသုံးမကျတဲ့ကုမ္ပဏီဆိုရင် ဘာကြောင့် ဝန်ထမ်းတွေအများကြီး ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသလဲ။

# ဘာမဆို ကျုပ်က နောက်ဆုံးမှသိရတဲ့သူပါ ။ ဒီစကားကတော့ အလုပ် အတွင်း ဆက်သွယ်ရေးစနစ်အားနည်းတာ ဒါမှမဟုတ် စနစ်တကျ စီစဉ် ထားမှုမရှိတာကို ဖော်ပြပါတယ်။

* ဒါတွေအားလုံး သူတို့အပြစ်ကြီးပဲ ။ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မသိဘဲ ဝါးလုံးရှည်နဲ့ရမ်းတဲ့စကားပါပဲ။ အဲဒီစကားကြောင့် သူ့မှာ တာဝန် မရှိတဲ့သဘောလည်း သက်ရောက်သွားတယ်။

* ဟော ဘာတွေဖြစ်လာပြန်ပြီလဲ ။ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တစ် စုံတစ်ရာဝင်ရောက်ဆောင်ရွက်မှုမရှိဘဲ အရာရာကို မလိုမုန်းထားဖြစ်နေတဲ့သ ဘော ဖြစ်ပါတယ်။

* အဲဒါကို ဘယ်သူက ဂရုစိုက်နေလို့လဲ ။ လုပ်ကိုင်ဆောင်ရွက်မှု ညံ့ဖျင်း တာတွေနဲ့ ပတ်သက်လို့ သူ့မှာတာဝန်ရှိတာကို ဥပေက္ခာပြုတဲ့သဘော ဖြစ်ပါ တယ်။

* ဒီလိုဖြစ်မယ်ဆိုတာကို အရင်ကတည်းက သိဖို့ကောင်းတယ် ။ လုပ်ငန်း နဲ့ပတ်သက်လို့ ပုံမှန်ချောမောတဲ့ အဆင့်ကိုဖြစ်ဖြစ်၊ ပုံမှန်ထက်ပိုမြင့်မားတဲ့ အခြေအနေမျိုးကိုဖြစ်ဖြစ် ကြိုတင်မျှော်လင့်ထားပုံမရတဲ့သဘောဖြစ်ပါတယ်။

# ဘယ်သူကမှ ကျပ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ မပြောဘူး ၊ ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို သိအောင်လေ့လာဖို့ စဉ်းစားခဲ့ခြင်းမရှိတဲ့ သဘောဖြစ် တယ် ... စတာတွေပဲဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့တုံ့ပြန်မှုအားလုံးဟာ ဆန့်ကျင်ဘက်သဘောထားရှိနေ တဲ့အခြေအနေကို ရည်ညွှန်းနေပါတယ်။ ဒီစကားတွေဟာ လူတစ်ယောက်က အခြားလူတစ်ယောက်ကို အလွန်လွယ်လွယ်ကူကူနဲ့ ပြောတတ်ကြတဲ့စကား တွေပါ။ စိတ်ဓာတ်ကျဆင်းနေတဲ့ လူအချို့က ဒီစကားတွေကို အမှတ်တမဲ့ ပြောရာကနေကျန်တဲ့လူတွေကိုပါ အဲဒီစိတ်ဓာတ်ကျဆင်းမှုဟာ လွယ်လွယ်နဲ့ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ အဲဒီလိုမျိုး လူအများစုဟာ စိတ်ဓာတ်ကျဆင်း နေပြီဆိုရင် သူတို့ရဲ့ စိတ်ဓာတ်ပြန်ပြီး တက်ကြွလာအောင်လုပ်ဖို့နဲ့ ကုန်ထုတ် လုပ်မှုစွမ်းအားပြန်ပြီးတိုးတက်လာအောင်လုပ်ဖို့ အများကြီး ပိုမိုခက်ခဲသွားစေ ပါတယ်။

စွမ်းဆောင်မှုညံ့ဖျင်းခြင်း ၊

စွမ်းဆောင်မှုညံ့ဖျင်းခြင်းဟာ စိတ်ဓာတ်တက်ကြွအောင် စည်းရုံး ဆွဲဆောင်မှုမရှိလို့ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း မှာတော့ အဲဒီလိုဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး အခြားအကြောင်းအချက်တွေ ရှိပါသေးတယ်။ အဲဒီအချက်တွေဟာ တစ်ဦးချင်း စိတ်ဓာတ်တက်ကြွအောင် လုပ်ဖို့ကိစ္စနဲ့လည်း ပတ်သက်မှုမရှိပါဘူး။ စွမ်းဆောင်မှုကောင်းမွန်ဖို့ကို ဟန့် တားနေတဲ့ အချက်(၆)ချက် ရှိပါတယ်။ အဲဒါတွေကတော့ -

(၁) လေ့ကျင့်မှုပြည့်ပြည့်ဝဝမရှိခဲ့ခြင်း ။ လုပ်ငန်းခွင်မှာ ကြီးမားတဲ့ပြောင်း လဲမှုတွေရှိမယ်ဆိုရင် ဝန်ထမ်းတွေဟာ အဲဒီလုပ်ငန်းအသစ်ကို ကျွမ်းကျွမ်း ကျင်ကျင်လုပ်နိုင်တဲ့စွမ်းရည်မရှိတော့တာကြောင့် အဲဒီအလုပ်ကို ကြိုးစားလုပ် ကိုင်ဖို့ စိတ်ပါလက်ပါမရှိတော့ဘူး။ ဒီလိုမဟုတ်ရင်လည်း အဲဒီလုပ်ငန်းခွင်နဲ့ ဆီလျော်တဲ့လေ့ကျင့်မှုမျိုး အစကတည်းက မရှိခဲ့တာဖြစ်ပါလိမ့်မယ်။

View full details