Skip to product information
1 of 14

Other Websites

ဦးလှမင်း - ခေါင်းဆောင်လက္ခဏာ၂၁ရပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ကိုယ်ကျင့်တရားကောင်းမွန်ခြင်း
 
ကျောက်ဆောင်ကြီးတစ်ခုပမာ မယိမ်းမယိုင် ခိုင်မြဲသော
 အကျင့်စာရိတ္တ၊ သို့မဟုတ် ဖြောင့်မတ်တည်ကြည်သော
စိတ်သဘောထား ရှိခြင်း။
 

          ခေါင်းဆောင်မှုဟူသည် တူညီသောရည်မှန်းချက် တစ်ရပ်ကို အကောင်အထည်ဖော်ရာ၌ ယောက်ျား၊ မိန်းမမဟူ လူအားလုံးကို မိမိနှင့်အတူ ပူးပေါင်းပါဝင်လာအောင် စည်းရုံး နိုင်သည့် စွမ်းရည်ရှိပြီး၊ ထိုသို့စည်းရုံးရန် ဆန္ဒပြင်းပြခြင်းနှင့် အတူ ထိုသူအားလုံး၏ယုံကြည်မှုကိုပါ ရယူနိုင်သည့် ကိုယ်ကျင့် တရားမျိုးရှိခြင်းပင်ဖြစ်သည်။

ဘားနတ်မောင့် ဂိုမာရီ 

ဗြိတိသျှစစ်သူကြီး

 

          ငြိမ်းချမ်းမှုနဲ့ငြိမ်သက်မှုရဖို့အတွက် ဆိုပြီးသင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ ခံယူချက်တွေကို ဘယ်တော့မှ မပစ် ပယ်လိုက်ပါနဲ့။

ဒက်ခ်ဟမ်းမားရှိုးလ် 

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် ထင်ရှားသောနိုင်ငံရေးသမား

 

ခေါင်းဆောင်လက္ခဏာ အမှတ် ၁ ကို

ဖွင့်ဆိုချက် 

 လုပ်ငန်းတစ်ခုအတွက် စုပုံ၍အောခြင်း

 

          ခင်ဗျားဟာ အရွယ်အစားသေးငယ်တဲ့ လေဆိပ်တွေက တစ်ဆင့် ခရီးသွားခဲ့ဖူးတဲ့ အတွေ့အကြုံပဲဖြစ်ဖြစ်၊ အမေရိကန်ပြည်ထောင်စုအတွင်း လေကြောင်းခရီးနဲ့ အကြိမ်ပေါင်းများစွာ ခရီးသွား ဖူးရင်ဖြစ်ဖြစ် လီယာဂျက် (Lear Jet) အမျိုးအစား လေယာဉ်ငယ် ကို ကိုယ်တိုင်စီးဖူးပါလိမ့်မယ်၊ ဒါမှမဟုတ်ရင် မြင်တွေ့ဖူးပါလိမ့် မယ်။ ကျွန်တော်ဟာ အဲဒီလေယာဉ်မျိုးနဲ့နှစ်ကြိမ်လောက်ခရီးသွားခဲ့ဖူးပါတယ်။ အမှတ်တရအတွေ့အကြုံကောင်းတစ်ခုပါပဲ။ အဲဒီ အမျိုးအစားလေယာဉ်တွေက သေးငယ်ပြီး ခရီးသည်ငါးယောက် ခြောက်ယောက်လောက်ပဲစီးနိုင်တယ်။ ဒါပေမယ့်သိပ်မြန်တယ်ဗျာ။ အဲဒီလေယာဉ်ကို စီးရတာဟာ ဂျက်အင်ဂျင်တွေနဲ့တွဲကပ်ချည်နှောင်ထားတဲ့ပိုက်လုံးခပ်ကျဉ်းကျဉ်းထဲမှာ တွဲလွဲခိုပြီး လိုက်ရ တာနဲ့တူတယ်ဗျာ။ 

          အမှန်အတိုင်းဝန်ခံရရင်အဲဒီလေယာဉ်ကိုစီးရတာရင်ဖိုစရာကောင်းသလို၊ပျော်စရာလည်းကောင်းပါရဲ့။ ဒါပေမယ့်အဲဒါထက်ပိုပြီးနှစ်သက်စရာကောင်းတဲ့အချက်ကတော့ ကိုယ်သွားချင်တဲ့နေရာကို အချိန်တိုအတွင်းရောက်ရှိနိုင်လို့ အလုပ်လုပ်ဖို့ အချိန်ပိုပြီးရတာ ဖြစ်ပါတယ်။ ကျွန်တော်ဟာလေကြောင်းခရီးနဲ့မိုင်ပေါင်းများစွာသွားခဲ့တယ်လို့ ဆိုနိုင်ပါရဲ့ဗျာ။ ခရီးကွာလှမ်းလှတဲ့ ကိုယ်လေယာဉ်စီးမယ့် လေဆိပ်ရှိတဲ့နေရာကို ကားမောင်းသွားရတာတွေ၊ အဲဒီလေဆိပ်က ကားငှားပြီး ပြန်လာရတာတွေ၊ ခရီးတစ်ခုကို လေယာဉ်နဲ့လွန်းပျံသွားရတာတွေ၊ လေယာဉ်ခရီးတစ်ခုမှာ ခရီးသွားတွေပြွတ်သိပ်နေလို့ အချိန်အကြာကြီးစောင့်ရတာတွေစသည် စသည်ဖြင့်အတွေ့အကြုံတွေအများကြီးရှိခဲ့ပါတယ်။ ကြာတော့လည်းအဲဒါတွေဟာကျွန်တော့်အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။ အင်း ... အိပ်မက်တွေလို့ပဲ ပြောကြပါစို့ဗျာ။ လီယာ ဂျက်လေယာဉ်ရဲ့ ပျံသန်းချိန်ဟာ အခြားလေကြောင်းခရီးတစ်ခု ပျံသန်းချိန်ရဲ့ တစ်ဝက်ပဲ ရှိပါတယ်။               

          အဲဒီလီယာဂျက်ကို စပြီးတီထွင်သူကဘီလ်လီယာဆိုတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ တီထွင်မှုပညာရှင်၊ လေယာဉ် မှူး၊ စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ အလုပ်သုံးမျိုးကိုလုပ်ကိုင်သူလည်းဖြစ်ပါတယ်။မစ္စတာလီယာဟာ အလိုအလျောက်ထိန်းသိမ်းမောင်းနှင်တဲ့စနစ်၊ ကားရေဒီယိုနဲ့အသံသွင်းလမ်းကြောရှစ်ခုပါတဲ့ တိတ်ခွေ(EightTrackTape) အပါတဝင်ပစ္စည်းအမျိုးပေါင်း၁၅၀လောက်ရဲ့ မူပိုင်ခွင့် မှတ်ပုံတင် ရရှိထားသူဖြစ်ပါတယ်။ (ခင်ဗျား အနေနဲ့ သူ့ထက်ပိုပြီး စွမ်းဆောင်နိုင်ဖို့မလွယ်လှဘူးဗျာ) သူဟာအသစ်အဆန်းတီထွင်ဖို့အလွန်စိတ်ကူးကောင်းတဲ့သူပါ။ ၁၉၅ဝပြည့်နှစ်တစ်ဝိုက်မှာ မစ္စတာလီယာဟာ သေးငယ်ပြီး စွမ်းအားကောင်းတဲ့ လေယာဉ်ငယ်ကို တည်ဆောက်ဖို့ စိတ်ကူးရရှိပါတယ်။ ဒါပေမယ့် အဲဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့တော့ နှစ် အတော်များများ အချိန်ယူခဲ့ရပါတယ်။ ၁၉၆၃ ခုနှစ်မှာ မစ္စတာ လီယာဟာ သူတည်ဆောက်ခဲ့တဲ့လေယာဉ်ငယ်ကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရာမှာအောင်မြင်ခဲ့ပါတယ်။ ၁၉၆၄ခုနှစ်မှာသူတီထွင်ထုတ်လုပ်တဲ့လေယာဉ်တစ်စီးကို စတင်ရောင်းချခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မစ္စတာလီယာရဲ့အောင်မြင်မှုဟာဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်အနည်းငယ် အတွင်းမှာ သူဟာလေယာဉ်ပေါင်းများစွာကို လျင်လျင်မြန်မြန် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အဲဒီလိုလုပ်ငန်းအရှိန်ရလာပြီးမကြာခင်မှာပဲ သူထုတ်လုပ်ရောင်းချခဲ့တဲ့လေယာဉ်တွေထဲကလေယာဉ်နှစ်စင်းဟာ ရုတ်တရက်ဖော်ထုတ်လို့မရတဲ့ ချွတ်ယွင်းချက်တစ်ခုကြောင့် ပျက်ကျသွားခဲ့ပါတယ်။ အဲဒီသတင်းကြောင့် လီယာဟာ အတော်စိတ် ထိခိုက်သွားတယ်။ အဲဒီအချိန်မှာ လီယာထုတ်လုပ်ရောင်းချတဲ့ လေယာဉ်ငယ်တွေကို ဝယ်ယူ အသုံးပြုနေသူ ၅၅ဦးရှိပါတယ်။ လီယာဟာ အဲဒီပုဂ္ဂိုလ်တွေနဲ့အမြန်ဆက်သွယ်ပြီး“လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ သူနဲ့သူ့ အင်ဂျင်နီယာ တွေသွားရောက်စစ်ဆေးပြီး အဲဒီလိုဖြစ်ရတဲ့ ချွတ်ယွင်းချက်ကို မဖော်ထုတ်နိုင်မီ ကာလအတွင်း လေယာဉ်ပျံသန်းမှုတွေ ခဏရပ်ဆိုင်းထားဖို့” အကြောင်း ကြားခဲ့ပါတယ်။ လီယာအနေနဲ့ သူ့လေယာဉ်တွေ ပျက်ကျမှုနဲ့ပတ် သက်လို့ သတင်းဌာနတွေက သူ့ကိုဝေဖန်ပြစ်တင်မှုအပေါ် သိပ်ပြီး အမှုမထားလှပေမယ့် တန်ဖိုးရှိတဲ့လူ့အသက်တွေ မလိုအပ်ဘဲ ဆုံးရှုံး မှာကို ဘယ်လိုမှ မဖြစ်စေချင်တာကြောင့် ဒီလို အကြောင်းကြား ခဲ့တာ ဖြစ်ပါတယ်။ သူက သူ့ဂုဏ်သတင်းထက် လူသားတွေရဲ့ အသက်ကို ပိုပြီး အလေးထားပါတယ်။

          ပျက်ကျတဲ့လေယာဉ်နှစ်စင်းကို လီယာဟာ သူ့အဖွဲ့တွေနဲ့ အတူ အသေးစိတ်လေ့လာစစ်ဆေးပါတယ်။ အဲဒီအခါမှာ အဲဒီ လေယာဉ်တွေကို ပျက်ကျစေတဲ့ အဓိကအချက်လို့ ယူဆရတဲ့ ချွတ်ယွင်းချက်ကို တွေ့ပါတယ်။ ဒါပေမယ့် အဲဒီအချက်ကြောင့် ပျက်ကျရတာဟုတ်မဟုတ်ဆိုတာကို မြေပြင်မှာ စမ်းသပ်စစ်ဆေးလို့ မဖြစ်ဘဲလေထဲမှာ လက်တွေ့ပျံသန်းကြည့်ပြီးမှသာ တိကျတဲ့ အဖြေမှန်ကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စကို လီယာဟာ တခြားဘယ်သူ့ကိုမှ မခိုင်းဘဲ သူကိုယ်တိုင် မောင်းနှင်ပျံသန်းကြည့် ခဲ့ပါတယ်။

          အမှန်ဆိုရင်တော့ ဒီလိုလုပ်တာဟာ အန္တရာယ်များပါတယ်။ ဒါပေမယ့် လီယာဟာ သူကိုယ်တိုင် ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါတယ်။လီယာစမ်းသပ်မောင်းတဲ့လေယာဉ်ဟာအရင်ကကံဆိုးမိုးမှောင်ကျခဲ့တဲ့လေယာဉ်တွေကြုံရတဲ့ ချွတ်ယွင်းချက်မျိုး ဖြစ်ပေါ် ခဲ့ပါတယ်။ ဒါပေမယ့် လီယာဟာ နည်းလမ်းအမျိုးမျိုးကို စွန့်စွန့် စားစားစမ်းသပ်ရင်းနဲ့ အဓိက ချွတ်ယွင်းချက်ကို တွေ့ ရှိဖော်ထုတ် ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သေမင်းနဲ့လက်တစ်လုံးခြား အခြေ အနေမျိုးက ရုန်းထွက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ လီယာနဲ့ သူ့အဖွဲ့ဟာ သူထုတ်လုပ်တဲ့လေယာဉ်အားလုံးမှာ အဲဒီချွတ်ယွင်းတဲ့ ပစ္စည်းအစားပိုမိုကောင်းမွန်တဲ့ စက်ပစ္စည်းတစ်ခုနဲ့လဲလှယ်ပြုပြင်ပေးခဲ့တဲ့အတွက် လေယာဉ်ပိုင်ရှင်အားလုံး အန္တရာယ်ကင်း ရှင်းစွာ စိတ်ချလက်ချ အသုံးပြုနိုင်ခဲ့ကြပါတယ်။ 

           လေယာဉ် ၅၅ စီးကို ပျံသန်းမှုတွေ ရပ်ဆိုင်းခိုင်းလိုက်တဲ့အတွက်အဲဒီလေယာဉ်တွေလုပ်ငန်းလုပ်ဆောင်ရင် ရရှိလာမယ့် ဝင်ငွေကို မစ္စတာလီယာက ပေးရပါတယ်။ ဒါကြောင့် သူ့ရဲ့ ဘဏ္ဍာ ရေး အတော်ထိခိုက်သွားပါတယ်။ တစ်ချိန်တည်းမှာ သူ့လေယာဉ် ကို ဝယ်ယူသုံးစွဲခဲ့သူတွေနဲ့ ဝယ်ယူဖို့ကမ်းလှမ်းထားပြီးသားပုဂ္ဂိုလ် တွေကိုလည်း သံသယစိတ်တွေ ဝင်စေပါတယ်။ အဲဒါတွေကြောင့် လီယာဟာ သူ့လုပ်ငန်းကိုနှစ်နှစ်လောက်အချိန်ယူပြီးပြန်လည် ကြိုးပမ်းတည်ဆောက်ခဲ့ရပါတယ်။ ဒါပေမယ့်လီယာဟာ သူဆုံးဖြတ်ဆောင်ရွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ နောင်တရမှု လုံးဝမဖြစ်ခဲ့ဘူး။ သူ့အနေနဲ့ လေယာဉ်တွေ ပျက်ကျရတဲ့ အကြောင်းမှန်ကို ဖော်ထုတ်ဖို့အတွက် သူ့ငွေကြေးဓနတွေ၊ သူ့ဂုဏ်သိက္ခာတွေနဲ့ လိုအပ်ရင် သူ့ရဲ့ အသက်ကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ သမာဓိရှိမှုကိုတော့ နည်းနည်းလေးမှ အပွန်းအပဲ့မခံနိုင်ပါဘူး။အဲဒီလို “သမာဓိရှိခြင်း” ဆိုတဲ့အရည်အသွေးဟာ လူတစ်ယောက် မှာ အဓိကလိုအပ်တဲ့ ခေါင်းဆောင်လက္ခဏာတစ်ခု ဖြစ်ပြီးအဲဒီအရည်အသွေးကိုပိုင်ဆိုင်ဖို့အတွက် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ရှိရမှာဖြစ်ပါတယ်။ 

 

ထပ်မံဖြည့်စွက်ချက်များ 

          ခေါင်းဆောင်တစ်ယောက်အနေနဲ့သူ့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေအရပ်ရပ်ကို သူဘယ်လိုကိုင်တွယ်သလဲဆိုတာ ခင်ဗျားလေ့လာကြည့်ရင်သူ့မှာ ဘယ်လိုကိုယ်ကျင့်တရားမျိုးရှိတယ်ဆိုတာ ခင်ဗျားသိနိုင်ပါတယ်။ ပြဿနာအခက်အခဲတွေ က လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ပုံသွင်းမပေးနိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့အကျင့်စာရိတ္တအမှန်(စိတ်ဓာတ်အမှန်)ပေါ်ထွက်လာအောင်တော့ လုပ်နိုင်ပါတယ်။ အဆိုးလောကဓံတရားတွေက လူတစ်ယောက်ကို ရွေးချယ်စရာလမ်းနှစ်သွယ်ကို အမြဲဖန်တီးပေးတတ်ပါတယ်။ အဲဒီလမ်းနှစ်သွယ်ကတော့ မိမိကိုယ်ကျင့်သိက္ခာကို မပျက်မယွင်းအောင် ထိန်းမလား၊ ဒါမှမဟုတ် မိမိကိုယ်ကျင့်သိက္ခာ ကို အထိခိုက်ခံ၊ အလျှော့ပေးပြီး အပေးအယူလုပ်မလားဆိုတာတွေ ပဲဖြစ်ပါတယ်။ သူဟာကိုယ်ကျင့်သိက္ခာကိုမပျက်မယွင်းအောင် ထိန်းသိမ်းမယ်ဆိုတဲ့လမ်းကြောင်းကို ရွေးမယ်ဆိုရင် သူ့ဘဝခရီးမှာ ဆန့်ကျင်ဘက်အခြေအနေတွေနဲ့ အနည်းနဲ့အများဆိုသလို တွေ့ကြုံ ရမှာပါပဲ။ ဒါပေမယ့် သူ့ရဲ့ ကိုယ်စွမ်းကိုယ်စကတော့ ပိုပြီးအားကောင်းလာပါလိမ့်မယ်။ ရုရှားလူမျိုးစာရေးဆရာ အလက်ဇန္ဒား ဆိုလ်ဇင်နစ်ဆင်ရဲ့ “ကမ္ဘာမြေပေါ်မှာ လူရယ်လို့ဖြစ်လာရတဲ့ အဓိပ္ပာယ်ဟာ ကျွန်တော်တို့ တွေးရိုးတွေးစဉ်တွေးကြသလို ကြီးပွား ချမ်းသာဖို့အတွက် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ကိုယ်တွင်း (အတ္တ

 

         

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)