Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးရဲဦး - ပျော်ရွှင်လိုသော်ဒါတွေကိုဆောင်ဒါတွေကိုရှောင်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အဆပေါင်း ၆ဝဝ သာယာပျော်ရွှင်ဖို့အတွက်

သင့်ကို လက်ရှိအနေအထားကနေပြီး အဆပေါင်း ၆ဝဝ ပျော်ရွှင် စေဖို့အထိ စွမ်းဆောင်ပေးမယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်။ ဘယ်လို နည်းလမ်းတွေလဲဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုကြပါစို့..

ဆောင်ရန် •

သင့်ဘေးနားမှာ ပျော်ရွှင်ဖွယ်ရာ အမှတ်တရပစ္စည်းတွေနဲ့ သင့် ကိုယ်သင် ဝန်းရံထားပါ။ နံရံပေါ်ကပ်ထားတဲ့ ဓာတ်ပုံပဲဖြစ်ဖြစ်၊ အမှတ် တရ လက်ဆောင်ပစ္စည်းပဲဖြစ်ဖြစ် သင့်အိပ်ရာက နိုးလိုက်တာနဲ့ သင့် မျက်စိရှေ့မှာ တွေ့မြင်ရအောင် ထားထားပေးပါ။ သင့်ကို ပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေ ယူဆောင်လာပေးမယ့် ပစ္စည်းတွေနဲ့ သင့်စိတ်ကို ပြန် လည်လတ်ဆတ် ပျော်ရွှင်နေပါစေ။

လူတစ်ယောက်ဟာ ဗိုက်ဆာနေတဲ့အချိန်မှာ ပျော်ရွှင်ဖို့ ခက်ခဲပါ တယ်။ လူတစ်ယောက်ဟာ ၂၄ နာရီစက်ဝိုင်းမှာ အချိန်အလိုက် စိတ်ပိုင်းပျော်ရွှင်လိုသော် ဒါတွေဆောင် ဒါတွေရှောင်ဆိုင်ရာ သက်ရောက်မှုတွေ ရှိတယ်။ နေ့ခင်း ၂ နာရီလောက်မှာ စိတ်ကို မြူးထူးတက်ကြွစေတဲ့ serotonin levels ဟာ ကျဆင်းလာတဲ့အတွက် ပြန်လည်အားဖြည့်ပေးဖို့ ဗီတာမင်ဘီနဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်တွေကို စားသုံးပေးပါ။ ဗီတာမင်ဒီပါတဲ့ အစားအသောက်တွေကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ နို့ထွက်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဗီတာ မင် B6 နဲ့ B12 ဟာလည်း သင့်စိတ်ကို ပြန်လည်တက်ကြွလာအောင် အားဖြည့်ပေးနိုင်ပါတယ်။

| ရှောင်ရန် | X

အတိတ်ဆိုးမှာ ကျောက်ချနေထိုင်ဖို့ မကြိုးစားပါနဲ့။ အတိတ်က အမှားတွေ၊ ကံဆိုးမိုးမှောင်ဖြစ်ရပ်တွေကိုပဲ ပြန်တွေးနေခြင်းဟာ သင့်စိတ် ကို ညှိုးနွမ်းထိုင်းမှိုင်းစေပါတယ်။ ပြဿနာတွေကိုလည်း ဖြေရှင်းရာ မရောက်ပါဘူး။ အတိတ်ကို အတိတ်အတိုင်းပဲ ထားလိုက်ပါ။ အတိတ် ကဖြစ်ရပ်တွေကို အပြုသဘော လက်ခံပေးလိုက်ပါ။ ပြီးရင် အနာဂတ်ကို ရှေ့ဆက်ချီတက်ဖို့ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ပါ။ ။

ဗိုက်ကို အဆာခံပြီး အလုပ်မလုပ်ပါနဲ့၊ မဆော့ပါနဲ့။ ဆာလောင် မွတ်သိပ်ခြင်းဟာ စိတ်တိုဒေါသထွက်လွယ်ခြင်းကို ဖြစ်စေပါတယ်။

ကပ်စေးလည်း မနည်းပါနဲ့ ။ ငွေကြေးမှ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ အချိန်တွေကိုလည်း ကပ်စေးမနည်းပါနဲ့။ အချိန် မရဘူးလို့ တွေးထင်နေခြင်းဟာ သင့်စိတ်ကို မွန်းကျပ်မှုဖြစ်စေပြီး တခြားသော ပျော်ရွှင်မှု တံခါးဝတွေကိုလည်း မျက်စိလျှမ်းပြီး လျစ်လျူရှုမိတတ် ကြပါတယ်။ လောကကြီးမှာ များများပေးလေ များများရလေဆိုတဲ့ သဘောတရားကို မမေ့ပါနဲ့ ။

ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသော ဓာတုပစ္စည်း(၂) မျိုး

ပညာရပ်ပိုင်းဆိုင်ရာအရ ပြောရမယ်ဆိုရင် လူသားတွေရဲ့ ပျော်ရွှင် မှုအတွက် အဓိကစွမ်းဆောင်ပေးတဲ့ ဓာတ်ပစ္စည်းနှစ်မျိုးရှိပါတယ်။ Serotonin နဲ့ Dopamine တို့ပဲဖြစ်ပါတယ်။ လူသားတွေရဲ့ ပျော်ရွှင်မှုအဝဝအတွက် အဓိက တည်မှီပါတယ်။ ဒီဓာတ် ပစ္စည်းနှစ်မျိုး ချို့တဲ့လာရင် ပျော်ရွှင်မှုအတွက် အန္တရာယ်ရှိပါတယ်။ကောင်းစွာ အာရုံစူးစိုက်နိုင်တော့မှာလည်း မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် အာရုံစူးစိုက်နိုင်စွမ်းလည်း ရှိတော့မှာမဟုတ်ပါဘူး။ ပင်ပန်းနွမ်းနယ်ပြီး ဘာမှ မလုပ်ချင်မကိုင်ချင် ဖြစ်လာပါလိမ့်မယ်။

Dopamine ဆိုတာ လူတွေရဲ့ စိတ်ကို မြူးထူးတက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးပါ။ အာရုံစူးစိုက်မှုကိုလည်း တိုးတက်ကောင်းမွန်လာ စေပြီး အလုပ်လုပ်တဲ့နေရာမှာ စိတ်ဝင်စား ဈာန်သွင်းနိုင်မှု အားကောင်းစေ ပါတယ်။ Serotonin ကတော့ ပျော်ရွှင်ခြင်း၊ မြူးထူးခြင်းနဲ့ဆိုင်တဲ့ ဟော်မုန်းပဲဖြစ်ပါတယ်။

ဒီဟော်မုန်းတွေကို လူတွေဟာ သူတို့ကို ပျော်ရွှင်စေတဲ့အလုပ် လုပ်တဲ့အခါ ထုတ်လွှတ်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ၊ မိတ်ဆွေတွေနဲ့ ညစာစားတဲ့အခါ၊ လိင်စပ်ယှက်တဲ့အခါကျရင် ဒီဟော်မုန်းတွေကို ထုတ် လွှတ်လေ့ရှိပါတယ်။

ဂရိအတွေးအခေါ်ပညာရှင် Epicurus ပြောတဲ့ ပျော်ရွှင်မှု

ဆောင်ရန်] v1

၁။ မိတ်ဆွေ

စစ်မှန်တဲ့ ပျော်ရွှင်မှုကို လိုချင်ရင် သင်ဟာ သင့်ဘဝရဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မျှဝေခံစားပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်တော့ လိုအပ်ပါတယ်။ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ ပျော် ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ချစ်ခင်နှစ်သက်ခြင်းတို့ဟာ သင်ချစ်တဲ့ မိတ် ဆွေတွေနဲ့ အတူ မျှဝေမခံစားနိုင်သေးရင် လုံလောက်တဲ့ ပျော်ရွှင်မှုကို ရရှိပြီလို့ မပြောနိုင်သေးပါဘူး။ Epicurus က အသောက်နဲ့အစားဟာ ဘယ်တော့မှ တစ်ယောက်တည်း မလုပ်သင့်ဘူးတဲ့။ ဘာစားသလဲ ဆိုတာထက် ဘယ်သူနဲ့ အတူစားတာလဲ ဆိုတာက ပိုအရေးကြီးတယ်တဲ့။

၂။ ငွေကြေးဆိုင်ရာ အချည်အနှောင်ကင်းမှု

ဘဝမှာ ပျော်ရွှင်ဖို့အတွက် ငွေကြေးဆိုင်ရာ ချည်နှောင်မှုတွေ ကလည်း လွတ်မြောက်နိုင်မှလည်း ဖြစ်နိုင်ပါလိမ့်မယ်။ အကြွေးတွေနဲ့ ဘဝဟာ ပျော်ရွှင်မှုရဖို့ မလွယ်ကူပါ။ ဒီလအတွက် အိမ်လခ ဘယ်လို ပေးရမလဲဆိုတာ စဉ်းစားနေရရင် သင့်အတွက် စိတ်သက်သောင့်သက် သာရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ သင့်မိသားစုအတွက် စားဝတ်နေရေး ဖူလုံဖို့အတွက် ရုန်းကန်နေရရင်လည်း သင့်ဘဝဟာ ပျော်ရွှင်ဖို့ မလွတ် မလပ် ဖြစ်နေနိုင်ပါသေးတယ်။ ဒီအတွက် ရောင့်ရဲတင်းတိမ်တတ်ဖို့ လည်း လိုအပ်ပါတယ်။ Epicurus က သင့်ဘဝရဲ့ အခြေခံလိုအပ်ချက် တွေက လွဲလို့ ကျန်တဲ့အပိုင်းတွေကို မတပ်မက်ဘဲ ကိုယ့်ကိုယ်ကိုယ် ရောင့်ရဲတင်းတိမ်တတ်ဖို့ ညွှန်ကြားထားပါတယ်။

၃။ သောကကင်းခြင်း

သင်ဟာ အနာဂတ်ကို မလှမ်းခင် ပစ္စုပ္ပန်တည့်တည့်မှာ ခဏနားပြီး သင့်ဘဝအကြောင်း သင် ပြန်စဉ်းစားသင့်ပါတယ်။ သင့်ကို စိတ်ဒုက္ခပေး နေတာ၊ ပူပင်ကြောင့်ကြ ပေးနေတာတွေဟာ ဘာများဖြစ်မလဲဆိုပြီး စဉ်းစားသင့်ပါတယ်။ လူ့ဘဝမှာ တစ်ယောက်တည်း အချိန်ပေးပြီး စဉ်းစားဖို့ ဆိုတာ သိပ်ကို လိုအပ်လှပါတယ်။

| ရှောင်ရန်x

ဘဝမှာ ပျော်ရွှင်စေဖို့အတွက် ဒီ(၃)မျိုးကိုလည်း ရှောင်ရှားနိုင်ဖို့ လိုအပ်လှပါသေးတယ်။ ဒီအဆာပလာ(၃) မျိုးဟာ သင့်ဘဝကို ပျော်ရွှင် မှု ကမ်းကနေ ဝေးကွာစေနိုင်တဲ့ မုန်တိုင်းလေပွေများပဲ ဖြစ်ပါတယ်။

၁။ ဖြုန်းတီးခြင်း

ဝယ်ခြမ်းတဲ့နေရာမှာ တချို့က မလိုအပ်ဘဲ စိတ်အာသာပြေစေဖို့ အတွက် ဝယ်ယူလေ့ရှိကြတယ်။ စိတ်ညစ်တဲ့အခါမှာ ရှော့ပင်းထွက်တာ တို့ဟာ သင့်ကို ပျော်ရွှင်မှု မရရှိစေပါဘူး။ ကြော်ငြာတွေကတော့ သင့် အိတ်ကပ်ထဲက ပိုက်ဆံကို မထွက်ထွက်အောင် အမျိုးမျိုးနဲ့ ဆွဲဆောင်နေ ကြမယ်။ ဝယ်ကိုဝယ်လိုက်မှ သင့်အတွက် စိတ်ကျေနပ်မှု ရရှိစေမယ် ဆိုပြီး အာမခံနေကြလိမ့်မယ်။ ဒါပေမဲ့ သင့်ကို တစ်ခဏမျှကာလလေးလောက်ပဲ ပျော်ရွှင်မှုပေးပြီး ရေရှည်စိတ်ကျေနပ်မှု မပေးစွမ်းနိုင်ကြပါဘူး။ ပစ္စည်းပစ္စယ အသစ်ဝယ်ခြမ်းတာဟာ ခဏတာလောက်တော့ ပျော်ရွှင်မှု ရစေပါတယ်။ အဲဒီ ခဏတာ ပျော်ရွှင်မှုအတွက် ပြန်ပေးဆပ်လိုက်ရတာ က ကြွေးမြီတင်ခြင်း အိပ်မက်ဆိုးပါ။ သင့်ကို ညစဉ် နေ့စဉ် ခြောက်လှန့် နေပါလိမ့်မယ်။ ၂။ အတိတ်မှာ မနေနဲ့

ကျွန်တော်တို့ဟာ အတိတ်မှာ ထပ်ပြီးတော့ မနေသင့်တော့ပါဘူး။ အတိတ်က ကျော်သွားခဲ့ပြီးပြီ၊ ပြီးသွားခဲ့ ပြီးပြီ။ ပြင်းထန်စွာ ဝမ်းနည်းခြင်း၊