Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးမျိုးကြီး - ကျွန်တော်မူးယစ်ဆေးသမား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ကျွန်တော်မူးယစ်ဆေးသမား

ဒီကနေ့ စာရေးသူတို့ရဲ့ ရွှေနိုင်ငံတော်ကို အကြီးမားဆုံး ခြိမ်းခြောက် နေတဲ့ အရာတွေထဲမှာ မူးယစ်ဆေးဝါးဟာ ထိပ်ဆုံးတန်းတြစ်နေရာက ပါဝင် နေတယ်ဆိုရင် လေကုန်ခံ ငြင်းဆိုနေမယ့် ပုဂ္ဂိုလ်အနည်းအကျဉ်းလောက်ပဲ ရှိမှာ သေချာပါတယ်။ သတင်းစာ၊ ဂျာနယ်တွေရဲ့ စာမျက်နှာတွေမှာ ကြည့် လိုက်ရင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ လူသတ်မှု၊ လုယက်ခိုးဆိုး တိုက်ခိုက်မှု အစရှိတဲ့ သတင်းတွေကို နေ့စဉ်နဲ့အမျှဆိုသလို မြင်တွေ့နေရပြီး အခုဆို သတင်းစာကိုင်ရင် သွေးညှီနံ့ရတယ်လို့တောင် ကာတွန်းဆရာတွေက သရော် နေခဲ့ပါပြီ။ အမေရင်းဖြစ်သူကို ဂျီတီစီကျောင်းသားက ဓားနဲ့ထိုးသတဲ့၊ ဖခင် အရင်းကို သားက လည်ပင်းဓားနဲ့ ခုတ်သုတ်သတဲ့၊ ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးတွေရဲ့ တန်ဖိုးက ကျပ်ငွေ ဘီလီယံချီ ရှိသတဲ့၊ ကဲ ဘယ်လောက်များ ကြောက်စရာကောင်းတဲ့ သတင်းတွေပါလဲ။ ဒီလို ကြုံရခဲတဲ့ အနိဌာရုံဖြစ်ရပ် တွေ၊ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်မှုတွေဟာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တယ်ဆို ' တာကလည်း လှည့်ကြည့်စရာ မလိုလောက်အောင် သေချာမှုရှိနေတဲ့ အချက် တစ်ခုပဲဖြစ်ပါတယ်။ ,

ဒါကြောင့်လည်းပဲ နိုင်ငံတော်အစိုးရအပိုင်းက စီမံချက်တွေ ချမှတ် ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူနေပေမဲ့ မှုခင်းဖြစ်ပွားမှုကတော့လျော့ကျသွားခြင်း မရှိသေးဘူးဆိုတာကို လတ်တလောဖြစ်ပွားနေတဲ့ ရာဇဝတ်မှု အရေအတွက်တွေက ညွှန်ပြနေပါတယ်။ ဒါဆိုရင် လူငယ်တွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါးကို မမြည်းစမ်းဘူးတဲ့လူငယ်တွေ လမ်းမှား မရောက်ရလေအောင် ဘယ်လိုနည်းလမ်းတွေချမှတ်ပြီး လုပ်ဆောင်ကြမလဲ ဆိုတာက အားလုံးဝိုင်းဝန်းစဉ်းစားလုပ်ဆောင်ရမယ့် မဟာကိစ္စရပ်ကြီးတစ်ခု ဖြစ်လို့လာပါပြီ။ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ ရောင်းချဖြန့်ဖြူးမှုတွေ လျော့ကျ စေဖို့ဆိုရင် တစ်ဖက်မှာ စီမံချက်ချ ဖမ်းဆီး အပြစ်ပေး အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာဖြစ်သလို တစ်ဖက်မှာလည်း အသိ ပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်တယ်လို့ စာရေးသူကတော့ အပြည့်အဝယုံကြည်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖြတ်သန်းခဲ့ရဖူးတဲ့ နှစ် ၂၀ ကျော်ကြာ မူးယစ်ဆေးစွဲသမားဘဝကို အခြေပြုပြီး နောင်လာနောက်သားတွေ မူးယစ်ဆေးရဲ့ သားကောင်မဖြစ်ရလေအောင် ဒီနေရာကနေ ကိုယ်တွေ့ကြုံခဲ့ရ မူးယစ်ဆေးဝါးသမားဘဝ အကြောင်းကို စာဖွဲ့ လို့ ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒီစာကို စတင်မဖတ်ခင် မူးယစ်ဆေးနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ တစ်ခွန်း တည်းသော အမှာစကားကို ပြောလိုက်ချင်တာကတော့ မူးယစ်ဆေးဝါးကို လုံးဝမစမ်းသပ်မိပါစေနဲ့၊ စမ်းသပ်မိလို့ စွဲခဲ့မယ်ဆိုရင်တော့ သေတဲ့အထိ မပြတ်ဘူးဆိုတာပါပဲ။ မယုံမရှိပါနဲ့ စာရေးသူဟာ အခု အသက် ၅၄ နှစ်ရှိ ပါပြီ။ တကယ်လို့ ဘိန်းဖြူလေးများ ကိုယ့်မျက်စေ့ရှေ့မှောက် အလွယ်တကူရောက်လာခဲ့မယ်ဆိုရင် အနိမ့်ဆုံးအဆင့် ဆေးလိပ်ထဲ ထည့်ရှူဦးမှာပဲ ဖြစ်ပါ တယ်။ မူးယစ်ဆေးဝါးကို မသုံးရ မနေနိုင်အောင် စွဲလမ်းခဲ့ဖူးပြီး လက်ရှိ အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ထားတဲ့ သူတစ်ယောက်က ငါတော့ လုံးဝဖြတ်လိုက်ပြီလို့ ပြောလာခဲ့ရင် အဲဒီသူကို ဘိန်းဖြူတစ်လိပ်နဲ့အတူ ခေါ်လာခဲ့ပါ။ “ဟေ့ကောင် ငါ့လည်း တစ်ဖာလောက်တော့ လုပ်ဦး”လို့ မပြောခဲ့ရင် စာဖတ်သူတွေ စီးတဲ့ဖိနပ်နဲ့ စာရေးသူပါးကို ကြိုက်သလောက် သာ ရိုက်သွားကြပါလို့ စိန်ခေါ်ပါတယ်။

နောက် အရေးအကြီးဆုံးမှာကြားလိုတာကတော့ မူးယစ်ဆေးဝါး ဆိုတာ အရမ်းကို ကောင်းပါတယ်။ ကောင်းလွန်းတဲ့အတွက် လူတွေနဲ့ မတန်ပါဘူး။ လူတွေအနေနဲ့ ကိုယ်နဲ့ မတန်မရာကို အသုံးမပြုမိကြပါ စေနဲ့၊ အသုံးပြုမိရင် ဘဝပျက်ရုံကလွဲပြီး ကျန်တာတွေဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာပဲဖြစ်ပါတယ်။ ဘိန်းနဲ့ပတ်သက်ပြီး ကမ္ဘာမှာ စစ်တွေဖြစ်ခဲ့တာကို ကြည့်ရင်ပဲ ဒီပစ္စည်းဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲ ဆိုတာကို မှန်းဆကြည့်လို့ ရနေပြီဖြစ်ပါတယ်။

တစ်ခါက ဖတ်ဖူးခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်မှာတော့ ဘိန်းနဲ့ ပတ်သက်ပြီး ဒီလိုရေးထားခဲ့တာကိုလည်း မှတ်မိနေပါသေးတယ်။ ဟိုးရှေးရှေးတုန်းက နတ်ပြည်က နတ်သမီးလေးတစ်ပါးနဲ့ လူ့ပြည်က မင်းသားလေးတစ်ပါးတို့ဟာ ချစ်ကြိုက်မိကြပါတယ်တဲ့။ အဲဒီလို ချစ်ကြိုက် နေရာကနေ နတ်သမီးလေးက နတ်ပြည်ကို ပြန်ရမယ့် အချိန်ရောက်လာရော ဆိုပါတော့။ ဒါနဲ့ပဲ နတ်သမီးလေးက သူ့ချစ်သူမင်းသားလေးကို အမှတ်တရ လက်ဆောင်အနေနဲ့ ပန်းပင်လေးတစ်ပင် လက်ဆောင်ပေးခဲ့ပြီး ဒီပန်းပင် လေးကို စိုက်ထားပါ။ ပန်းတွေပွင့်တဲ့ အချိန်ရောက်ရင် သူ ပြန်လာခဲ့မယ်။ ဒါပေမဲ့သူ ပြန်မလာခင် အချိန်အတွင်း အဲဒီပန်းလေးရဲ့ ရနံ့ကို တခြားလူတွေ မရှူမိပါစေနဲ့ ၊ ရှူမိရှိုက်မိရင် လူသားတွေအားလုံး ဒုက္ခတွေ ကြုံတွေ့ကြရ လိမ့်မယ်။ အဲဒါကိုတော့ အထူးသတိပြုပါလို့ ပြောပြီးပြီးချင်းပဲ နတ်ပြည်ကို ပြန်သွားခဲ့ပါတယ်။

နတ်သမီးလေး နတ်ပြည်ကိုပြန်တက်သွားတာနဲ့ တစ်ပြိုင်နက် သူ ပေးခဲ့တဲ့ပန်းပင်လေးဟာ အပွင့်တွေပွင့်လာခဲ့ပြီး မင်းသားလေးဟာလည်း အဲဒီပန်းပင်က ထွက်လာတဲ့ရနံ့တွေကို ရှူရှိုက်မိကာ အိပ်မောကျ သွားပါလေ ရောတဲ့။ မင်းသားလေး အိပ်မောကျနေချိန်မှာပဲ လူတွေက အနီးအနားကို ရောက်လာပြီး ပန်းပင်လေးကိုတွေ့၊ အပွင့်လေးကလည်းလှ၊ အနံ့လေးက လည်း စွဲမက်ဖွယ်ရာကောင်းလွန်းတာကြောင့် ပန်းပင်ကို နုတ်ယူသွားခဲ့ကြ ကာ တစ်ယောက်လက်ကနေတစ်ယောက် စိုက်လိုက်ပျိုးလိုက်ရင်း ပွားလာ လိုက်တာ ဒီကနေ့ အချိန်အခါမှာတော့ အဲဒီ နတ်သမီးလေးထားခဲ့တဲ့ ချစ်သူ ကြုံတွေ့ နေစေခဲ့ပြီပဲဖြစ်ပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ နတ်သမီးလေး သူ့ ချစ်သူကို လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေးဟာ poppy လို့ အမည်ရတဲ့ ဘိန်းပန်းပင်လေးဖြစ်ပြီး ချစ်သူအတွက် ချစ်သက်လက်ဆောင်ပေးခဲ့တဲ့ ပန်းကို လူသားတွေက ရက်ရက်စက်စက် နုတ်ယူသွားခဲ့ကြတာကြောင့် အဲဒီပန်းရဲ့ ရနံ့ကို ရှူမိတဲ့သူတိုင်း ပျက်စီးခြင်းနဲ့ ကြုံရပါစေရဲ့ လို့ ကျိန်စာ တိုက်ထားခဲ့တာကြောင့်ပဲ ဖြစ်ပါသတဲ့ဗျာ။

ပုံပြင်ဆိုပေမဲ့လည်း ဒီကနေ့ မြင်တွေ့နေရတာတွေနဲ့ တစ်ထပ် တည်း ဖြစ်နေလေတော့ ဘိန်းပန်းဆိုတာ နတ်သမီး၊ နတ်သားတွေ အတွက်ပဲ သီးသန့်ထားခဲ့တာကို လူသားတွေက မတန်မရာသုံးစွဲနေကြလို့ များ ဘဝတွေပျက်နေကြတာလားဆိုတာကိုလည်း မဆီမဆိုင် တွေးနေမိပါ တော့တယ်။