Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဦးပုည - မော်ကွန်းပေါင်းချုပ်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

နိဒါန်း

မော်ကွန်း ဟူသော ဝေါဟာရ၌ မော်သဒ္ဒသည် အတ္ထုပ္ပတ္တိကိုဟောသည်၊ ကွန်းသဒ္ဒါသည် မင်းတို့စံရာနန်းတော်ကိုဟောသည်ဟု ဝေါဟာရလီနတ္တ ဒီပနီကျမ်းတွင် ဆိုသောကြောင့် မင်းတို့စံရာနန်းတော်အတ္ထုပ္ပတ်ကို ဆွဲဆို သည့် ကဗျာလင်္ကာ, သို့မဟုတ်မင်းတို့နှင့် စပ်ဆိုင်သော အကြောင်းအရာ အတ္ထုပ္ပတ်ကို ဆွဲဆိုသည့် ကဗျာလင်္ကာ မျိုးကိုမော်ကွန်းခေါ်ဆိုကြောင်း သိအပ်ပေသည်။ဤဦးပုညမော်ကွန်း ပေါင်းချုပ်တွင် ရတနာနဒီတွဲ မော်ကွန်းနှင့် ပဌမပိုင်းဘုန်းတော်ဘွဲ့ မော်ကွန်း၊ ဒုတိယပိုင်း ဇင်းမယ်နိုင် မော်ကွန်း, တတိယပိုင်းမန္တလေးကွဲမော်ကွန်းဟု မော်ကွန်း လေးစောင်ပါရှိရာ အားလုံးခြုံ၍ကြည့်လျှင် ပဉ္စမသင်္ဂ? ယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးနှင့် ဆင်ဖြူမရှင် မိဖုရားခေါင်ကြီးတို့ ရွှေလက်တွဲ၍ နန်းပွဲသဘင် ဘိသိက် မင်္ဂလာ ယင်တော်မူပြီးနောက် ဘုန်းတန်ခိုး အာနုဘော် အစွမ်းဖြင့် ရရှိအပ်သော အကျိုးထူး အာနိသင် အကြောင်းအရာ အစီအစဉ်ကို ပေါ်ပေါ် လွင်လွင် ထုတ်ဘော်ကျူးရင့်တွဲဆိုအပ်သောကဗျာလင်္ကာဖြစ်၍ ၎င်း ၄-စောင်လုံးကိုပင် ဘုန်းတော်ဘွဲ့မော်ကွန်းဟု သာမန် အားဖြင့် ဆိုသင့်သော်လည်း တပိုင်းနှင့်တပိုင်း တစောင်နှင့် တစောင် ကွဲလွဲခြားနားချက်ကို သိစေခြင်းငှါ ၄-ပိုင်း ၄-ကဏ္ဍ ၄-စောင်ကို အမည်ထူး၄-ခုဖြင့် သတ်မှတ်ခေါ် ဆိုခြင်းဖြစ်ပေသည်။

စလေ ဦးပုည

စလေဦးပုည၏အတ္ထုပ္ပတ္တိကို ဦးပုည၏ လက်ရာစာအုပ် စာတမ်းအများတွင် အချီးအဖွင့်တို့၌ ဂုဏ်မြှင့်ဖေါ်ပြကြ ပြီးဖြစ်သဖြင့် အကျယ်တဝင့်ထပ်မံဖေါ်ပြရန်ကား လိုအပ် မည်မထင်ပေ၊အကျဉ်းအားဖြင့်ဖော်ပြရသော် ဦးပုညသည် ၁၁၇၄-ခုနှစ်ဖွားဖြစ်၍၊ ၁၂ ၂၉-ခုနှစ်တွင် အနိစ္စရောက် သည်၊ ဖခင်မှာ ဦးမြတ်စံဖြစ်၍ မိခင်မှာ ဒေါ်လှရင်ဖြစ် သည်၊ ငယ်ရွယ်စဉ်က စလေမြို့တွင် ပညာသင်ကြား၍ နောင်သော် အမရပူရမြို့တွင် ပညာဆည်းပူးသည်၊ သာမ ဏေဝတ်ရာတွင် ရှင်ပုညဟူသော ဘွဲ့ကိုခံယူသည်၊ ပိဋကတ် ဗေဒင်, ကဗျာလင်္ကာတတ်မြောက် ကျွမ်းကျင်သဖြင့် မင်း တုန်းမင်းကြီးထံတွင် လက်ဖက်ရည်တော် အရာဖြင့် ထမ်း ရွက်ရာ မင်းလှသင်္ခယာဘွဲ့နှင့် ရွာစည်ရွာကို စားရသည်။ [ဦးပုညအတ္ထုပ္ပတ္တိအကျယ် ဟံသာဝတီ ရေသည် ပြဇာတ် ၌ ပါရှိသည်။

ဦးပုည ရေးသားပြုစုခဲ့သောစာပေစုများ

၁။ ဟော

(က) ဥပကနှင့်စာ ဟောစာ (ဟံသာဝတီ)

( ခ) ဝေဿန္တရာဟောစာ။

၂။ တရားစာဝတ္ထု

ဦးပုညဝတ္ထုပေါင်းချုပ် (ဟံသာဝတီ)

၃။ မော်ကွန်း-

(က) ရတနာနဒီဘွဲ့မော်ကွန်း          (ဟံသာဝတီ)

(ခ) ဘုန်းတော်ဘွဲ့မော်ကွန်း

(ဂ) ဇင်းမယ်နိုင်မော်ကွန်း (ဟံသာဝတီ)

(ဃ) မန္တလေးဘွဲ့မော်ကွန်း

၄။ ဗေဒင်ကဗျာပေါင်းချုပ်။

၅။ ပြဇာတ်- (က) ဝေဿန္တရာပြဇာတ် ( ခ) ကောသလပြဇာတ်။ (ဂ) ရေသည်ပြဇာတ် (ဟံသာဝတီ) (ဃ) ဝိဇယပြဇာတ် (ဟံသာဝတီ) (င) ပဒုမပြဇာတ် (ဟံသာဝတီ) (စ) ကုသပြဇာတ် (မပြီးဆုံး၊)

၆။ သာသနာတော် လျောက်နှင့် ဆွမ်းတော်ကြီးစာတမ်း (ဟံသာဝတီ)

၇။ မဉ္ဇူသကသတ်ပုံ၊

ဂ။ ဣန္ဒာသက္ကဆေးကျမ်း၊

၉။ သဂြိုဟ်ကိုးပိုင်းတေးထပ်။

၁၀။ မယ်ဘွဲ့ မောင်ဘွဲ့မှာတမ်း။

၁၁။ ဝါသုဒေဝဇာတ်ဝတ္ထု။

၁၂။ သက္ကဌဖော်နည်းလက်င်္ကာ၊

၁၃။ ဗဟန်းကန်တော်ကြီးကွဲ တောလား။

၁၄။ သဒ္ဒါပုဒ်စစ်နှင့် ဂန္ထန္တရနိသျ နံပျောက်များ။

၁၅။ တေးထပ်နှင့် အခြားကဗျာများ။

ပုံနှိပ်ခြင်းအာသီသ ဗု

ဗုဒ္ဓဘာသာဝင် သူတော်စင်ဖြစ်ကြသော အမျိုးသား, အမျိုးသမီးတို့အား တရားသက်ဝင် သဒ္ဓါရွှင်လျက် ဝမ်းတွင်သိုမှီး ပိဋကတ်တိုက်ကြီးသဖွယ် ဖြစ်ကြစေရန်၎င်း၊ ပါဠိတော် အဋ္ဌကထာ,ဋီကာ, ယောဇနာ, ဂန္ထန္တရများ နှင့်တကွ ရှေးဟောင်းစာပေများ မတိမ်ကော မပပျောက် စေရန်၎င်း၊ မသူတော်တရားကွယ်ပ၍ သူတော်တရား ထွန်းကားစေရန်၎င်း၊ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့် ပွား၍ အဓွန့်ရှည်စွာတည်စေရန်၎င်း၊ “အမတဒုန္ဒူဘိ”၊ အမြိုက်နိဗ္ဗာန်လမ်းပြ ဓမ္မစည်တော်ကြီးကို။ အာဟညိ" ဒေသနာဉာဏ်စက်ဖြင့် တီးနှက်ပေတော့အံ့” ဟူသော ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ အာသီသ အလိုကျ မိန့်ခွန်းတော်မြွက်ဟသည့်အတိုင်း လိုက်နာကျင့်သုံးရန်၎င်း၊ ရည် သန်ရိုးရင်း နှလုံးသွင်းရှိသည်ဖြစ်၍ ဦးပုညမော်ကွန်းပေါင်း ချုပ် ဝေါ်ဟာ သညာတင့်ဆန်း ဤသည့်ကျမ်းကို ခမ်း နားသပ်ရပ်စွာ ရိုက်နှိပ်ဖြန့်ချိ ထုတ်ဝေအပ်သည် ဖြစ်ပါကြောင်း။

ယင်းသို့ ထုတ်ဝေဖြန့်ချိရာတွင်လည်းရှင်းလင်းသေသပ် သော အထားအသို အပိုအလိုမရှိသော ပုဒ်ပါဌ,အဖြတ် အရပ် ကျနသေချာ၍ အက္ခရာပုဒ်ဗျည်း မလိပ်လည်းစေရအောင် ပါဠိဆ ရာ ကြီး ဦးခင်စိုး(သာသနဓဇသိရီပဝရဓမ္မာ စရိယနှင့် ဆရာ ကိုတင်နွယ်, ကိုသန်းညွန့်က ကောင်း စာသုတ်သင် ပြင်ဆင်ကာ စက်တင်ပုံနှိပ်အပ်သည် ဖြစ်ပါ ကြောင်း။

“ဟံသာဝတီ””