Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဦးနု - အကုသိုလ်၊ပျက်အစဥ်ပြင်ခဏ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

အကုသိုလ်

(အောက်ပါအမည်တို့မှာ တစ်စုံတစ်ယောက်ကို ရည်ရွယ်သည်မဟုတ်။)

အချိန်၊ နံနက် ၇ နာရီ။

နေရာ၊ လှည်းကူးမြို့ မြေပိုင်ရှင် ဦးလူဘေ၏ အိမ်အတွင်းရှိ ဧည့်ခန်း။

(အစေခံဘသော်သည် သတင်းစာတစ်စောင်ကိုကိုင်လျက် အခန်း တွင်းသို့ ဝင်လာ၏။ ၎င်းနောက် သတင်းစာကို အခန်းအလယ်ရှိ စားပွဲ ခုံသို့ တင်ထားပြီးလျှင် အခန်းတွင်းရှိ အိမ်ထောင်ပရိဘောဂများပေါ်တွင် တင်ရှိနေသော ဖုန်တို့ကို ပွတ်တိုက်နေလေ၏။ တစ်အောင့်မျှကြာသော အခါ ဦးလူဘေ ဝင်လာပြီးလျှင် ခုံပေါ်မှသတင်းစာကို ကောက်ယူ၍ အနီးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဖတ်နေလေ၏ ။)

ဦးလူဘေ ။ ။ (သတင်းစာတစ်ရွက်၊ နှစ်ရွက်လောက်လှန်ပြီး တစ်စုံတစ်ခုကို စိတ်ပါသည့်မျက်နှာထားနှင့် ဖတ်နေလေ၏။)

(၎င်းနောက် မျက်မှောင်ကြုတ်ပြီးလျှင်)

“ဟာ.. (၎င်းနောက် မျက်နှာမဲ့လျက် ) ဟင်.. (ပိုပြီးမဲ့ပြီး) ဟင်... ဘယ့်နှာတွေလဲ၊ (တောက်ခေါက်လျက်) ငါးပါးတော့ မှောက်တော့မှာပဲ”

“ ဦးလူတ်ပါသည့်မှတ်ပြီးလျှင်

(ဒေါ်ထားထားသည် တဘက်ဖြူပခုံးတင်၍ ညောင်ရေအိုးနှစ်လုံး ကို တစ်ဖက်စီကိုင်လျက် ဝင်လာလေ၏။)

ဒေါ်ဒေါ်ထား။ ။ (အံ့အားသင့်သော မျက်နှာနှင့်) “ဘာများသတင်း စာဖတ်ရင်း တစ်ယောက်တည်း ခက်နေတာလဲ၊ စပါးဈေးတွေ ထပ်ပြီးကျ ပြန်ပြီတဲ့လား”

ဦးလူဘေ။ ။ 'စပါးဈေးအကြောင်း မဟုတ်ပါဘူးကွာ၊ စပါးဈေး ကတော့ တို့မြန်မာတွေထဲက အကြီးအကျယ် ဝယ်နိုင်တဲ့ သူဌေးကြီးတွေ မရှိသမျှတော့ သူတို့ဈေးချချင်တိုင်း ချပြီး ဝယ်တာခံနေရမှာပဲ၊ စပါးဈေး အကြောင်းတော့ မစဉ်းစားဘူး”

ဒေါ်ဒေါ်ထား။ ။ နို့... ဘာများလဲရှင့်” ပြင်ပြင်

ဦးလူဘေ။ ။ (သတင်းစာကို ကြည့်လျက်) ‘တို့ရဲ့ ငါးထောင်စား ကြီးတွေအကြောင်းပေါ့ကွ”

ဒေါ်ဒေါ်ထား။ ။ (ခပ်မဲ့မဲ့) “အမယ်လေးတော်.. ဘာများလဲလို့၊ တကတ် အရေးတကြီး”

ဦးလူဘေ။ ။ “ဟာ... အရေးကြီးပါပြီလား” ဒေါ်ဒေါ်ထား။ ။ ခုထက်ထိ ဒီအကြောင်းတွေ မရိုးသေးဘူးလား

ဦးလူဘေ။ ။ “ကဲ...ကဲ... (လက်နှင့် ဘုရားခန်းဆီသို့ ညွှန်ပြပြီး) ဘုရားပန်းသွားလဲချည်ဦးကွာ”

(ဒေါ်ဒေါ်ထားလည်း ဘုရားခန်းထဲသို့ဝင်သွားရာ အခန်းဝတန်းကို ခလုတ်တိုက်မိပြီး ဘုရားခန်းထဲသို့ လဲသွားလေ၏။ ၎င်းကိုယ်မှာ အခန်း အပြင်ဘက်တစ်ဝက်၊ အခန်းအတွင်းတစ်ဝက်ဖြစ်နေလေ၏။)

ဦးလူဘေ။ ။ “ဟာ... (သတင်းစာကို ရုတ်တရက် ကုလားထိုင် ပေါ်တွင်ချ၍ ဒေါ်ဒေါ်ထား လဲရာသို့ ကပျာကယာ ထသွားလေ၏။

ဘသော်လည်း ဦးလူဘေ၏ နောက်ကနေပြီး လိုက်သွားလေ၏။ ဦးလူဘေလည်း ဒေါ်ထားကို ထူလေ၏။)

ဦးလူဘေ။ ။ “တကတဲကွာ.. ခဏခဏဝင်လိုက်ထွက်လိုက်လုပ် နေရတဲ့ အခန်းတောင်မှ ခလုတ်တိုက် လဲရသေးသလားလို့၊ မှန်းစမ်း လက်ကို ရှသွားသေးသလား” (ဒေါ်ဒေါ်ထားက လက်ဖြန့်ပြ၏။)

ဦးလူဘေ။ ။ “ခြေထောက်ရော ထိသေးသလား” (လုံချည်ကို အသာကလေးပင့်၍ပြ၏)

ဒေါ်ဒေါ်ထား။ ။ “ခြေထောက်တော့မထိပါဘူး၊ အားလွန်ပြီး လက် နဲ့ထောက်ရလို့ လက်နည်းနည်းနာသွားတယ်”

(လက်နှင့်ပြ၍ မျက်နှာခပ်မဲ့မဲ့) ။

“ဟောဒီ ဘေးတစ်ခြမ်းကလည်း နည်းနည်းအောင့်သွားတယ်။ ကိုလူဘေ ဒီကနေ့ ကျွန်မ ဘာဖြစ်မှန်းမသိဘူး”

ဦးလူဘေ။ ။ “အို..ဘာဖြစ်ရမှာလဲကွ၊ ဂရုမစိုက်လို့ပေါ့၊ လာ လေ...ဘေးထဲက အောင့်သွားရင် ထိုင်နေဦးလေ”

ဒေါ်ဒေါ်ထား။ ။ နေဦး... ဘုရားဝတ်ဖြည့်လိုက်ဦးမယ်။ ဘသော်.. ဟောဒီအကွဲတွေကို ကောင်းကောင်းယူပြီး အိမ်ရှေ့ သွားပစ် လိုက်စမ်း”

ဘသော်။ ။ “ဟုတ်ကဲ့.. (ဒေါ်ဒေါ်ထားလည်း ဘုရားရှိခိုးခန်းထဲ သို့ ဝင်သွားလေ၏။ ဘသော်လည်း ဒေါ်ဒေါ်ထား၏ နောက်က ဝင် လိုက်သွားလေ၏။ ဦးလူဘေလည်း ၎င်းနေရာသို့ ပြန်ပြီး သတင်းစာ ဖတ်နေလေ၏။)

ဦးလူဘေ။ ။ (သတင်းစာတစ်ကြောင်းလောက် ဆက်ဖတ်ပြီး ခေတ္တပိတ်ထား၍ ခပ်စောင်းစောင်းတွေးနေဟန်ရှိ၏။ ၎င်းနောက် ၎င်းဖတ်နေသောနေရာကို လက်ညှိုးညှပ်၍ပိတ်ပြီး သတင်းစာကိုပိုက်ထားလျက်) ‘တို့ ပိုက်ဆံရှိတဲ့ အကောင်တွေကလည်း လက်ပိုက်ပြီး ကြည့်မနေဘဲနဲ့ ထိထိရောက်ရောက် ဝင်လုပ်ကြဦးမှပဲ”

(ဒေါ်ဒေါ်ထား နာသွားသော ဘေးတစ်ဖက်ကို အသာဖိလျက် ထွက်လာလေ၏။)

ဦးလူဘေ။ ။ (သရော်သောမျက်နှာနှင့်) “ဘယ့်နှယ်ကျောင်းအမ၊ သားအတွက်မှ ဆုတောင်းခဲ့ပါစ”

ဒေါ်ဒေါ်ထား။ ။ ဆုတောင်းရတာပေါ့” (ဒေါ်ဒေါ်ထားလည်း အနားတွင် လာ၍ထိုင်၏။) ဦးလူဘေ။ ။ အင်း... အင်္ဂလိပ်စာကို သင်တာ ကျုပ်မကြိုက်ပေမဲ့ လူကလေး ရန်ကုန်မှာ ကျောင်းသွားပြီး နေတဲ့နေ့ကစပြီး မင်း ဘုရားရှိခိုး အချိန်မှန်လွန်းလို့ ကျုပ်ဖြင့် လူကလေး အင်္ဂလိပ်စာသင်နေတာဟာ တစ်ဖက်တစ်လမ်းတော့ အကျိုးရှိမယ် ထင်တာပဲ”

ဒေါ်ဒေါ်ထား။ ။ ရှင်ဟာလေ ပြောမှဖြင့် ဒါမျိုးချည်းပဲ” ဦးလူဘေ။ ။ “နို့ မဟုတ်ဘူးလားကွ၊ မင်းကရော” (ဦးဘစိန် ဝင်လာလေ၏။)

ဦးလူဘေ။ ။ “ကြွပါ၊ ကြွပါ”(ဘသော်လည်း အခန်းထဲမှ အကွဲ အရှတို့ကို အပြင်သို့ လွှင့်ပစ်ရန် ယူသွားလေ၏။)

ဦးဘစိန်။ ။ (အနီးရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျက်) သတင်းစာထဲက ဘာများထူးသေးသလဲဗျို့”

ဦးလူ။ ။ “ဟေ့.. မထား၊ ဦးဘစိန် သောက်ရအောင် ကော်ဖီ ယူလာခိုင်းလိုက်ကွာ၊ (ဦးဘစိန်ဘက်သို့လှည့်၍) ခင်ဗျာ”

ဦးဘစိန်။ ။ “ဒေါ်ဒေါ်.. ဪ... သတင်းစာထဲ ဘာအကြောင်း များ ထူးသေးသလဲလို့”

ဦးလူဘေ။ ။ ငါးထောင်စားတွေနဲ့ ငါးထောင်စားလုပ်ချင်တဲ့လူတွေ အလုပ်ရှုပ်နေကြတာပေါ့ဗျာ”

ဦးဘစိန်။ ။ “ဘယ့်နှယ် ဆိုစမ်းပါဦး”

ဦးလူဘေ။ ။ တကတဲဗျာ... ကောင်စီထဲဝင်လာဆို တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ရန်ဖြစ်ပြီး ရာထူးလုဖို့လောက် စိတ်ကူးနေကြတာပဲ”

ဦးဘစိန်။ ။ “ဘယ့်နှယ်ခင်ဗျား ပြောပါလိမ့်မယ်လဲ၊ ဒီရာထူးလုဖို့ ကောင်စီထဲဝင်ကြတာ၊ ရာထူးမလှရင် ဘာလုပ်ရဦးမှာလဲလို့”

(ဘသော်လည်း အကွဲအရှများ လွှင့်ပစ်ပြီး၍ အခန်းတွင်းမှ ဖြတ် ပြီးနောက် ဘေးသို့ဝင်သွားလေ၏။)

ဦးလူဘေ။ ။ (အံ့အားသင့်သောမျက်နှာနှင့်) ဘယ့်နှယ်ဗျ”

ဦးဘစိန်။ ။ “ကျုပ် တစ်ခုပြောမယ်၊ သမီး ပျက်စီးမှာစိုးလို့ ဒရဝမ်တွေနဲ့ အစောင့်ခိုင်းထားတဲ့ ခြံထဲကို ဉာဏ်များလွန်းလို့ ဘိုးဉာဏ် လို့တောင်ခေါ်ရတဲ့ အကောင်ဟာ ဝင်ချင်တော့ ငွေအိတ်တစ်ခုယူလာပြီး ဒရဝမ်တွေက ဖမ်းရအောင်အလိုက် ငွေတွေကြဲ၊ ငွေတွေကို ဒရဝမ်တွေက လုနေတုန်း အဘိုးကြီးသမီးကို တက်ပြီးလူပျိုလှည့်တဲ့ ကိန်းကို ခင်ဗျားတို့ ကျွန်တော်တို့ မြန်မာပြည်ကြီး ရောက်နေပြီ၊ ဒီကိစ္စမှာ ခင်ဗျား သေသေ ချာချာ စဉ်းစားစမ်း၊ ဘယ့်သူအပြစ်လဲဆိုတာ၊ ဘိုးဉာဏ်ရဲ့ အပြစ်လည်း မဟုတ်ဘူးဗျ၊ လူပျိုဆိုတာ ရရင် လည်မှာပေါ့၊ ယောက်ျားကောင်း မောင်း မတစ်ထောင်ဆိုထားတာပဲ၊ ဒရဝမ်တွေရဲ့ အပြစ်လား၊ မဟုတ်ပေါင်၊ ဘယ်သူမဆို ငွေရရင် မယူချင်ဘဲနေပါ့မလား။ တကယ့် အပြစ်က ငွေ မက်တဲ့ ဒရဝမ်တွေကို သမီးစောင့်ဖို့ငှားတဲ့ အဘိုးကြီးရဲ့ အပြစ်ဗျ၊ အစက တည်းက စိတ်ချရတဲ့ ဒရဝမ်တွေရွေးပြီး ခြံစောင့်ခိုင်း ရမယ်”

ဦးလူဘေ။ ။ (ကြားဖြတ်လျက်) “ငွေမလိုချင်တဲ့လူရယ်လို့ ရှိပါ မလား”

ဦးဘစိန်။ ။ “အိုဗျာ.. မောင်တွေ အစောင့်ခိုင်းတော့ နှမပစ်ပြီးငွေကိုလုမတဲ့လား၊ ခင်ဗျားတို့ဘိုးဉာဏ် ခြံဝရပ်တာနဲ့ စွတ်လိုက်မှာပဲ”

(ဦးသာဗျာ၊ ဦးဘိုးတုတ်၊ ဦးလူလှတို့ ဝင်လာကြလေ၏)

ဦးလူဘေ။ ။ 'ကြွကြပါ၊ ကြွကြပါ။ (အထဲသို့) ဟေ့..ဦးသာဗျာ တို့လည်း လာတယ်၊ ကော်ဖီနောက်ထပ်သုံးခွက်လောက် ယူခဲ့ပါဦးဟေ့”

ဦးသာလျော။ ။ “ဘာတွေများ တိုင်ပင်နေကြသလဲ၊ ဦးဘစိန်ရဲ့ စကားဆန်းတွေ မကြားရတာလည်း အတော်ကြာပြီ၊ အခန့်သင့်ပဲ”

ဦးလူဘေ။ ။ “ဟာ.. ဦးသာလျောတို့ ခုပဲ တစ်ချီလွတ်သွားတယ်”

ဦးဘိုးတုတ်။ ။ ဒါနဲ့ ဦးဘစိန်၊ အမတ်ဦးသာဂိက မြန်မာပြည်မှာ ဘုန်းကြီးတွေကို ခရီးသွားရင် အခလွတ် ဘယ်ဖြစ်ဖြစ်သွားနိုင်ဖို့ အဆိုကို သွင်းမလို့ဆို၊ ခင်ဗျား ကြားပြီလား”

ဦးဘစိန်။ ။ (ခပ်တည်တည်) 'ဒါ ကိန်းရိုးကြီးအရပေါ့ ဗျာ”

ဦးဘိုးတုတ်။ ။ “ဘာကိန်းရိုးကြီးလဲဗျ၊ ကျုပ် နားမလည်ပါဘူး”

ဦးဘစိန်။ ။ “မသိနားမလည်တဲ့ တောသူတောင်သားတွေကို မြှောက်၊ ဘုန်းကြီးတွေနဲ့ပေါင်း၊ ရလဒ်ကား ငါးထောင်စားဖြစ်၏ ဆိုတဲ့ ကိန်းရိုးကြီးပေါ့ ဗျ” (ဝါးခနဲ ရယ်ကြ၏။)

ဦးလူလှ။ ။ “ဦးဘစိန်တို့ ပြောလိုက်မှ ရှင်းပါပေ့ဗျား”

ဦးဘစိန်။ ။ ဟုတ်တယ်လေ၊ ဒီအဆိုနိုင်ဖို့ ရှုံးဖို့ကို သူ နားမလည် ဘူးလေ၊ ဒီအဆိုသွင်းတာနဲ့ တစ်ပြိုင်နက် ဘုန်းကြီးတွေနဲ့ ပေါင်းမိရော မဟုတ်လားဗျ၊ ဒီအဆိုကို ကျုပ်စိတ်ထင်ဖြင့် အောင်တောင်မှ ဘုရင်ခံက “ဗီတို” အာဏာနဲ့ဖျက်မှာတဲ့၊ ဦးသာဂိလည်း စားနေကြကြောင်ဖားကြီးပဲ။ မသိဘဲနေပါ့မလား။ ဒီအဆိုကို ငါးထောင်စား နှစ်ဦးစလုံးကဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကဖြစ်ဖြစ် ကန့်ကွက်ရမယ်မဟုတ်လား၊ အဲဒီတော့ သာသနာတော်ကြီးနဲ့ လှည့်ပြီး ပြည်သူပြည်သားတွေကို မြှောက်ပေး လိုက်ရော၊ ရလဒ်ကတော့ သူငါးထောင်စားပေါ့ဗျ” (ဟား... ဟား...