Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဦးနု - လူမှုစီးပွါးမိန်ခွန်းပေါင်းချုပ်

Regular price 10,000 MMK
Regular price Sale price 10,000 MMK
Sale Sold out

နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု

သမဝါယမမိန့်ခွန်း

(၁၉၅၀ ခု၊ စက်တင်ဘာလ ၁၀ ရက်)

ယခု ကြွရောက်လာတဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်များနှင့် သမဝါယမ ခေါင်း ဆောင်များကို သမဝါယမအကြောင်း မပြောခင်၊ ကျွန်တော် တောင်းပန်လိုတဲ့ အချက် တစ်ရပ် ရှိပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက သမဝါယမလှုံ့ဆော်ရေးနဲ့ စည်းရုံး ရေးအတွက် စီမံကိန်းရေးဆွဲပြီး ရန်ကုန်နယ်နိမိတ်အတွင်းမှာ သမဝါယမလှုပ်ရှားမှု၊ ဖွဲ့စည်းမှု၊ တိုးတက်မှုရှိအောင် လုပ်ကိုင်ရမယ်လို့ ကျွန်တော်က အမိန့်ပေးပြီး ကျွန်တော် ကိုယ်တိုင် ဝင်ရောက်ဆောင်ရွက်မယ်လို့ တာဝန်ယူခဲ့ပါတယ်။ အဲဒီအမိန့်အတိုင်း ပထမ အဆင့်အဖြစ် ရှေ့ဆောင်ဟောပြောရေး အဖွဲ့ ကိုဖွဲ့ပြီး ရန်ကုန်မယ်ရှိတဲ့ ငြိမ်းချမ်းရေး ရပ်ကွက် ၁၄ ကွက်မယ် တစ်ကွက်စီဟောပြောဖို့ သြဂုတ်လ ၁၄ ရက်နေ့က ၂၇ ရက် နေ့အထိ ညတိုင်း ဟောပြောရေးများကို စီစဉ်ခဲ့ပါတယ်။ မူလက ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး ဟောပြောဖို့ ရည်ရွယ်ခဲ့သော်လည်း အခြားအရေးကြီးတဲ့ကိစ္စတွေ ရှိနေလေတော့ ကျွန်တော်လည်း အဲဒီအချိန်မယ် ခရီးထွက်သွားရပါတယ်။ ဒါကြောင့် ဟောပြောပွဲ တစ်ခုကိုမျှ ကျွန်တော် မတက်ရောက်နိုင်ခဲ့ပါဘူး။ မတက်ရောက်နိုင်ပေမယ့်လို့ သမဝါယ များအကြောင်း ဟောပြောဖို့ ကျွန်တော့်မယ် တာဝန်ရှိပါတယ်။ ဒါကြောင့် ခု ဒီအစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ပါတယ်။ ကြွရောက်လာကြတဲ့ ငြိမ်းချမ်းရေးနဲ့ သမဝါယမ ခေါင်းဆောင် များကို ခုလို အပင်ပန်းခံပြီး တစ်ခါထပ် အစည်းအဝေးတက်ရတဲ့အတွက် ကျွန်တော် တောင်းပန်လိုပါတယ်။

၂။ ကျွန်တော် ဒီနေ့ သမဝါယမနဲ့ ပတ်သက်ပြီး အပိုင်းခုနစ်ပိုင်းခွဲပြီး ပြောချင် ပါတယ်။ အပိုင်းများကတော့..

(၁) ကမ္ဘာ့သမဝါယမ ရာဇဝင်၊

(၂) ဗမာ့သမဝါယမ ရာဇဝင်၊

(၃) ရာဇဝင် သင်ခန်းစာများနှင့် သမဝါယမ အခြေခံမူများ၊

(၄) ဗမာ့စီးပွားရေးနှင့်၊ ယဉ်ကျေးမှု အခြေအနေနှင့် သမဝါယမဝါဒ၊

(၅) လက်ရှိ စီမံကိန်း၊

(၆) စီမံကိန်းကို အကောင်အထည်ဖော်နည်း၊

(၇) လူထုနှင့် ခေါင်းဆောင်များ၏တာဝန်၊

(၁) ကမ္ဘာ့သမဝါယ ရာဇဝင်

၃။ ကမ္ဘာပေါ်မှာ လူဖြစ်လာကတည်းက စားဖို့၊ ဝတ်ဖို့၊ နေဖို့ လုပ်ငန်းတွေမှာ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီမှု ရှိလာတာပဲ။ ကျွန်တော်တို့ ဗမာပြည်မယ်ဆိုရင် သာမှု၊ နာမှုတို့မယ် ရပ်ရွာက ဝိုင်းဝန်းကူညီကြတာပဲ။ ဘယ်တုန်းက စကူညီတယ်ဆိုတာ မသိ နိုင်ဘူး။ ဓလေ့ထုံးစံ ဖြစ်လာတာပဲ။ ဒီလို ယေဘုယျအားဖြင့် နေမှု၊ ထိုင်မှုတို့ကို မဆိုနဲ့ဦး။ လုပ်ငန်းတစ်ခုခုမယ်တောင် မလုပ်မဖြစ်လို့ ဝိုင်းဝန်းကူညီ လုပ်ကြရာကစပြီး ဓလေ့ထုံးစံ ဖြစ်လာတာ တွေ့ ရှိတယ်။ လယ်ယာလုပ်ငန်းမယ် ဆည်၊ တာတမံနဲ့ လုပ်ရတဲ့ တိုင်းပြည် များဖြစ်တဲ့ မက်ဆိုပိုတေးမီးယားတို့၊ ဟော်လန်တို့မယ်ဆိုရင် ရှေးတုန်းကတည်းက ရေ မြောင်း၊ ရေတံတားတွေကို လူအများဝိုင်းဝန်းပြီး ဘယ်လိုထိန်းသိမ်းမယ်ဆိုတာ စနစ်တကျ ပေါ်ပေါက်ခဲ့တယ်။ ကျွန်တော်တို့ ဗမာပြည်မယ်ဆိုရင်လည်း ရှေးက ကောက်စိုက်၊ ကောက် ရိတ်ချိန်မယ် တစ်ရွာလုံး ဝိုင်းဝန်းကူညီ လုပ်ကိုင်ရတဲ့စနစ် ပေါ်ခဲ့ဖူးတယ်။ အဲဒီလို လုပ် ခဲ့တာတွေဟာ သမဝါယမ စနစ်ဆန်ဆန်ဖြစ်ပေမယ့် တကယ့်ခေတ်သစ် သမဝါယမစနစ်ဟာ အဲဒီလိုဖြစ်လာတဲ့ အချိန်ကတည်းက စတယ်လို့ မဆိုနိုင်ဘူး။ ဘာဖြစ်လို့လဲလို့ဆိုရင် အဲဒီတုန်းက ဖြစ်ပေါ်လာတဲ့ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီမှုဟာ လူကြောင့်ဖြစ်ပေါ်လာတဲ့ အခက်အခဲများကို ကျော်လွှားအောင် လုပ်လာတာဖြစ်တယ်။ ဒါပေမဲ့ လူတွေဟာ ယဉ် ကျေးမှု တိုးတက်လာတာနဲ့အမျှ လူလုပ်လာတဲ့ စနစ်တွေကြောင့် လူတွေမယ် အခက်အခဲ တွေ တွေ့လာကြတယ်။ စီးပွားရေးစနစ်တွေ တိုးတက်လာတာနဲ့အမျှ အရင်းရှိတဲ့လူများ ဟာ အပြိုင်အဆိုင်လုပ်ငန်းတွေ လုပ်ကိုင်လာကြတယ်။ အဲဒီလို အပြိုင်အဆိုင် အရင်းရှင် စနစ်မယ် ရှေးတုန်းက ပေါ်ပေါက်ခဲ့တဲ့ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီမှု ဓလေ့ထုံးစံတွေ ဟာ ပျောက်ကွယ်ရတယ်။ အဲဒီလို ပျောက်ကွယ်တဲ့အချိန်မယ် အပြိုင်အဆိုင် အရင်းရှင် တွေဟာလည်း တဖြည်းဖြည်း တစ်ဦးကိုတစ်ဦး ဖြုတ်ဖြုတ်လာပြီး လက်ဝါးကြီးအုပ် အရင်းရှင်တွေ ဖြစ်လာကြတယ်။ အဲဒီအခါမယ် လူတွေဟာ ရှေးက ရိုင်းပင်းကူညီကြတဲ့မိန့်ခွန်းများ ဓလေ့ထုံးစံတွေလည်းပျောက်၊ ပိုမိုလည်း ဒုက္ခရောက်ကြရတယ်။ ဒီတော့ အပြိုင်အဆိုင် အရင်းရှင်စနစ်လက်ထက်ကတည်းက ခေတ်သစ် သမဝါယမစနစ်ဆိုတာ ပေါ်လာတယ်။ တဖြည်းဖြည်း လက်ဝါးကြီးအုပ် အရင်းရှင်ခေတ်ရောက်တော့ ဒီသမဝါယမစနစ်ဟာ ပိုမိုတောင့်တင်းလာတယ်။ ဒီတော့ ကမ္ဘာ့သမဝါယမ ရာဇဝင်ကို ရှင်းရှင်းမြင်နိုင်အောင် ကျွန်တော်က အရေးကြီးတဲ့ တိုင်းပြည်အချို့ကိုရွေးပြီး ဒီတိုင်းပြည်တွေမယ် ဘယ်လို ပေါ်ပေါက်ခဲ့တယ်။ ဘယ်လို သမဝါယမမျိုး ပေါ်ပေါက်ခဲ့တယ်ဆိုတာ ရှင်းပြလိုပါတယ်။

၄။ ။ပထမဆုံး အင်္ဂလန်နိုင်ငံကို ကျွန်တော် ပြလိုပါတယ်။ ရောဘတ်အိုဝင် ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ အင်္ဂလန်မယ် ၁၈ဝဝ ပြည့်နှစ်ကျော်က စက်မှုလက်မှု စနစ် စပြီးထွန်းကားတဲ့အချိန်မယ် အရင်းရှိတဲ့အလုပ်ရှင်များက အမြတ်လိုချင်တဲ့ဇောကြောင့် အလုပ်သမားတွေဟာ အလွန်ပင်ပန်းဆင်းရဲတယ်။ အဲဒီအချိန်မယ် အိုဝင်ဟာ အလုပ်သမားပိုင်တဲ့ စက်ရုံ၊ အလုပ်ရုံဆိုတာ တည်ပြီး စမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ ပျက်ပြီး သွားတယ်။ သူ့ဝါဒကတော့ အလုပ်သမားများမယ် အတော်ပျံ့နှံ့တယ်။ ရော့ကဒေ(လ်) (Rochdale) ဆိုတဲ့ သိုးနဲ့ ချည်အထည်စက်တွေရှိတဲ့ မြို့ကလေးမယ် စက်ရုံတွေဟာ များပြားလာတဲ့အခါ လက်ရက်ကန်းတွေဟာ အလုပ်လက်မဲ့ ဖြစ်ကြတယ်။ စက်ရုံများ မှာလည်း အလုပ်သမားများကို လုပ်ပေးတဲ့ လုပ်ခဟာ အင်မတန် နည်းတယ်။ အလုပ် သမားများဟာလည်း အိပ်စုတ်အိမ်ပဲ့တွေမယ် ငါးသေတ္တာလို ကျပ်နေအောင်နေရတယ်။ ရေလည်း မလုံလောက်၊ ထင်းမီးလည်း မလုံလောက်၊ ရတဲ့လခကိုလည်း အလုပ်ရှုပ် များပိုင်တဲ့ ဆိုင်ကလေးတွေမယ် ဝယ်ရတဲ့ ကူပွန်လက်မှတ်တွေနဲ့သာ ရကြတယ်။ ဒီတော့ အလုပ်သမားများ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ စဉ်းစားကြည့်နိုင်တယ်။ အဲဒီမြို့က သိုးမွေးရက်တဲ့ အလုပ်သမား ၂၈ ဦးဟာ အိုဝင်ရဲ့ ဝါဒသက်ဝင်ယုံကြည်တဲ့အလျောက် သူတို့ဘာသာ စုပေါင်းပြီး သူတို့ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်မယ်ဆိုပြီး စုပေါင်း ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ .... ။

(က) အစားအသောက်၊ အထည်အလိပ် စုပေါင်းဝယ်ယူဖြန့်ဖြူးရေး၊

(ခ) အသင်းသားများအတွက် အိမ်ဆောက်ပေးရေး၊

(ဂ) အသင်းသားများအတွက် အလုပ်ရုံဖွင့်ရေး၊

(ဃ) အသင်းသားများအတွက် လယ်ကွက်များဝယ်ရေး၊

(င) တစ်နေ့မယ် အားလုံး အတွင်းဖူလုံတဲ့အုပ်စု (Community) ဖြစ်ပေါ်ရေး၊

ဒီရည်ရွယ်ချက်တွေဟာ နည်းတဲ့ ရည်ရွယ်ချက်တွေ မဟုတ်ဘူး။ နောက်ဆုံး မယ် ပြည်တစ်ပြည်တည်မယ့် ရည်ရွယ်ချက်ပဲ။ အဲဒီလောက်ကြီးတဲ့ ရည်ရွယ်ချက်တွေရှိ ပေမယ့် နောက်ဆုံးမယ် စုပေါင်းဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းသာ ကျန်ခဲ့တယ်။ တိုတိုဆို ရရင် စားသုံးသူများ သမဝါယမစနစ်ဟာ အဲဒီကစတယ်လို့ ဆိုရမယ်။

၅။ အဲဒီ ရော့ကဒေ(လ်)စနစ်ဟာလည်း အဲဒီအချိန်အခါတုန်းကရှိတဲ့ အရင်းရှင်လုပ်ငန်း၊ အခြားလုပ်ငန်း စသည်တို့နဲ့ ဘယ်လိုကွာသလဲဆိုရင်..

(က) အသင်းကို ဘယ်သူမဆို ဝင်နိုင်တယ်၊ ယောက်ျား၊ မိန်းမ မရွေးဘူး၊ အကျင့်စာရိတ္တပျက်ပြားတဲ့ လူများကိုသာ ဝင်ခွင့်မပြုဘူး။ ။

(ခ) အသင်းသားများဟာ အရင်းရှယ်ယာပါဝင်တဲ့ နေရာမယ်၊ အများဆုံး ဘယ်လောက်သာ ဝင်နိုင်တယ်ဆိုတာ ကန့်သတ်ထားတယ်။

(ဂ) အသင်းသားတစ်ယောက် တစ်မဲသာ ပေးနိုင်တယ်။

(ဃ) အရင်းပေါ်မယ် အတိုးကို နှုန်းအနည်းဆုံးသာ ပေးတယ်။

(င) အမြတ်ကို အရင်းလိုက်မဝေဘဲနဲ့ ဆိုင်ကဝယ်တဲ့ တန်ဖိုးအလိုက် ခွဲဝေပေးတယ်။ဒါတွေဟာ တခြားအရင်းရှင် လုပ်ငန်းတွေနဲ့ကွာတဲ့ အချက်တွေပဲ။ ဒါတွေဟာ လည်း နောက်ပေါ်ပေါက်တဲ့ သမဝါယမအသင်းတွေတိုင်းမယ် အဓိကထားတဲ့အချက် တွေပဲ ဖြစ်တယ်။

၆။ ဒီအသင်းဟာ ၁၈၄၄ ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး အလုပ်လုပ်တယ်။ အဲဒီကစပြီး အင်္ဂလန်နိုင်ငံမယ် စားသုံးသူများ သမဝါယမလုပ်ငန်းဟာ ပေါ်ပေါက်တိုး တက်လာတာပါပဲ။ စားသုံးသူ လက်လီသမဝါယမ အသင်းကလေးများကနေပြီး လက် ကား သမဝါယမတွေ ပေါ်တယ်။ နောက် သမဝါယမ ယူနီယံဆိုပြီး ဖွဲ့စည်းပြီး ပညာပေး ရေး၊ လမ်းပြညွှန်ကြားရေးတို့ကို လုပ်ကိုင်လာတယ်။ ပထမတော့ အင်္ဂလန်မယ်ရှိတဲ့ သမဝါယမလုပ်ငန်းများဟာ နိုင်ငံရေးနဲ့ ဘယ်လိုမှ မစပ်ဆိုင်ဘူး။ ကြားနေတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်ကြီးဖြစ်တုန်းက အပိုအမြတ်တော်ခွန်ကောက်တဲ့အခါမယ် မဖြစ်တော့ဘဲ သမဝါယမ ပါတီတည်ထောင်ပြီး ပါလီမန်မယ် ဝင်ရောက် ရွေးကောက်ခြင်းခံကြတယ်။ အင်္ဂလန်မယ် အခြားအမျိုးအစား သမဝါယမများထက် စားသုံးသူသမဝါယမများက အရေး ကြီးတဲ့အတွက်ကြောင့် အခြားအမျိုးအစား သမဝါယမများအကြောင်းကို ကျွန်တော် မပြော ဘဲ တခြားတိုင်းပြည်နဲ့ သမဝါယမရာဇဝင်ကို ပြောပါ့မယ်။

၇။ ပြင်သစ်ပြည်မယ် ၁၇၇၂-၁၈၃၇ ခုနှစ်က အသက်ရှင်သွားတဲ့ ဖူးရီးယား (Fourier)ဟာ ဖလန်စတားရဲ (Phalastere) ဆိုတဲ့စနစ်တစ်ခုကို စဉ်းစားခဲ့တယ်။ အဲဒီ စနစ်ထဲမယ်နေတဲ့ လူတွေဟာ ဘာလုပ်ရမယ်။ ဘယ်လိုစားရမယ်။ နေရမယ်ဆိုတာ အတိအကျ ရေးသားထားခဲ့တယ်။ ဒါပေမဲ့ သူ မစမ်းသပ်နိုင်ဘူး။ နောက် စိန့်ဆိုင်မွန် (Saint Simon) ဆိုသူ ဆိုရှယ်လစ်ဟာ ဖူးရီးယားရဲ့ ဝါဒတွေကို ယူတယ်။ စိန့်ဆိုင်မွန်ရဲ့ တပည့် ဘူးခက်(စ်) (Buches) ဟာ သမဝါယမကုန်ထုတ်လုပ်ငန်းစနစ်ကို ကြံဆခဲ့တယ်။ သူ့ရဲ့ ကြံဆချက်တွေဟာ လူစီဘလန့်(ခ်) (Louis Blanc) ဆိုတဲ့ နိုင်ငံရေးသမားလက် ကို ရောက်တယ်။ လူစီဘလန့်(ခ်)ဟာ ၁၈၄၈ ခုနှစ်လောက်က အစိုးရအဖွဲ့မယ် ပါဝင်လေတော့ သမဝါယမများကို အစိုးရကိုယ်တိုင်က အားပေးတယ်။ အရင်းထုတ်ပေးတယ်။ ဒါပေမဲ့ သိပ်မြန်လွန်းအားကြီးပြီး အားပေးသလောက် အထမမြောက်ခဲ့ဘူး။ တဖြည်းဖြည်းမှပဲ ကုန်ထုတ်သမဝါယမတွေဟာ တောင့်တင်းတိုးတက်လာတယ်။ ဒီအသင်းများ တစ်ခါတလေ အလုပ်ရှင်များက ထောင်ပေးတယ်။ ဒါပေမဲ့ များသောအားဖြင့် အလုပ် သမားများကိုယ်တိုင်က အလုပ်လက်မဲ့ အချိန်မယ် ထောင်တာများတယ်။ ဥပမာဆိုရင် ဂိုဒင် (Godin)ဆိုတဲ့ အလုပ်ရှင်တစ်ဦးဟာ သူ့လုပ်သားများနဲ့ ပေါင်းပြီး သူ့လုပ်ငန်းကို သမဝါယမလုပ်ငန်းအဖြစ် လုပ်ခဲ့ပြီး သူသေတဲ့အခါ သူ့ လုပ်သားများပဲ ဆက်ပိုင်သွား တယ်။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုးဟာ နည်းတယ်။ အလုပ်သမားများကိုယ်တိုင် ထူထောင်တဲ့ အသင်းများက များတယ်။ ဥပမာတစ်ခုကို ပြောပါမယ်။ တစ်ခါက ကင်မရာ၊ နာရီ စတဲ့ အင်မတန် နုနယ်တဲ့ စက်ကိရိယာလုပ်တဲ့ လူလေးဦးဟာ အလုပ်လက်မဲ့ဖြစ်ကြ တယ်။ သူတို့ဟာ စုပြီး သမဝါယမအသင်းထောင်တယ်။ ထောင်ပြီး ကင်မရာတစ်ခု လုပ်ပေးဖို့ အလုပ်တစ်ခုရတယ်။ ရတော့ ကင်မရာလုပ်ရအောင် ပစ္စည်းဝယ်စရာ ငွေမရှိ လေတော့ အသင်းရဲ့ အတွင်းရေးမှူးရဲ့ ထမင်းစား စားပွဲကုလားထိုင် ဗီရိုတွေရောင်းပြီး လုပ်ရတယ်။ အဲဒီကစပြီး လုပ်လာတာဟာ ဒီနေ့ဆိုရင် ပဲရစ်မြို့ မယ် လေးထပ်ရှိတဲ့ အလုပ်ရုံတစ်ခုကို ပိုင်တယ်။ လုပ်သား ၆၀၀ ကျော်ကျော်ရှိတယ်။ အဲဒီအသင်းမယ် တစ်ခုထူးခြားတာကတော့ အသင်းသားအားလုံး လခတန်းတူရကြတယ်။ အသင်းသား တွေရဲ့ ပညာရေးကိုလည်း တာဝန်ခံတယ်။

၈။ သမဝါယမ ကုန်ထုတ်လုပ်ငန်းများဟာတော့ အလုပ်ရုံကြီးတွေ၊ စက်ရုံကြီး တွေမယ် မရှိလှဘူး။ စက်ချုပ်အလုပ်တို့၊ အိမ်ထောင်မှု ပရိဘောဂပြောင်းရွှေ့ရေးအလုပ်တို့၊ ပေါင်မုန့်ဖုတ်အလုပ်တို့ စတဲ့ မကြီးကျယ်တဲ့လုပ်ငန်းတွေမယ်သာ ပါတယ်။ နောက်ပြီးတော့လည်း ပြင်သစ်ပြည်မယ်ဆိုရင် အစိုးရက သမဝါယမကို အားပေးလေတော့ အစိုးရက အရင်းပေး၊ အစိုးရက ပစ္စည်းအများဆုံးပြန်ဝယ် ဒါပဲ။

၉။ ဂျာမနီပြည်ရဲ့ သမဝါယမရာဇဝင်ကတော့ ကျွန်တော်တို့အတွက် အတော် အရေးကြီးတယ်။ ကျွန်တော်တို့တိုင်းပြည်မယ် သမဝါယမများ စတင်တည်ထောင်တော့ ဂျာမနီပြည်က စနစ်ကိုယူပြီး တည်ထောင်တယ်။ ဂျာမနီမယ် အထူးအရေးပါတဲ့ သမ ဝါယမများကတော့ လယ်ယာလုပ်ငန်း သမဝါယမများပဲ။ ဂျာမနီပြည်မယ် ၁,၈ဝဝ ကျော် နှစ်များလောက်က တောင်သူလယ်သမားများဟာ ကျွန်တော်တို့ဆီက တောင်သူ လယ်သမားတွေလိုပဲ ဂျာမန်လယ်သမားတွေဟာ လယ်လုပ်ခါနီးအချိန်မယ်မျိုးတို့၊ ကိရိယာ တန်ဆာပလာတို့၊ လယ်တဲ့ပစ္စည်းတို့ ဝယ်ရတယ်။ ကုန်သည်ပွဲစားများကလည်း လယ်သမားများဟာ ဒီပစ္စည်းများကိုမရရင် မဖြစ်ဘူးဆိုတာသိတော့ ဈေးကို အဆမတန် ထားပြီး ရောင်းတယ်။ အတိုးကြီး သိပ်လိုက်တယ်။ ဒါပေမဲ့ လယ်သမားများကတော့ ဘယ်လောက်ကြီးတယ်ဆိုတာ ဂရုမစိုက်နိုင်ဘူး။ ပစ္စည်းရဖို့ပဲ အရေးကြီးတော့ ယူတာပဲ။ကောက်ပဲသီးနှံထွက်လာတဲ့ အချိန်ကျတော့လည်း ရောင်းစရာလူက ဒီကုန်သည်ပွဲစား များပဲဖြစ်တယ်။ ဒီကုန်သည်ပွဲစားများကလည်း ပစ္စည်းရောင်းတုန်းက ဈေးအကြီးဆုံးနဲ့ရောင်းရင် ကောက်ပဲသီးနှံကို လယ်သမားတွေဆီက ဝယ်တဲ့အခါမယ် ဈေးအနည်းဆုံး ပေးဝယ်တာပဲ။ ဒီအခြေအနေမယ် လယ်သမားများဟာ ဘယ်တော့ ချမ်းသာနိုင်ပါ့မလဲ။ အဲဒီအချိန်မယ် ရက်ဖေဆန် (Raiffeisan) ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ လယ်သမားတွေ သက် သာချောင်ချိဖို့ အလှူအတန်းသဘောပါတဲ့ လုပ်ငန်းတွေကိုလုပ်တယ်။ ဒါပေမဲ့ လယ်သမား တွေမယ် ထာဝစဉ်သက်သာချောင်ချိရေး မရဘူး။ မွဲမြဲပဲ ပြန်မွဲသွားတာပဲ။ ဒါကြောင့် ဒီ ပုဂ္ဂိုလ်ကြီးက လယ်သမားများဟာ ကိုယ့်အကျိုးကို ကိုယ်လုပ်မှ ချမ်းသာမယ်။ ဒီလိုလုပ် ရာမှာလည်း ပထမဦးဆုံး အကြွေးတွေကင်းမှဖြစ်မယ်လို့ တွေ့တယ်။ ဖိစီးနေတဲ့ ကုန်သည် ပွဲစား အကြွေးတွေကင်းအောင် သက်သာတဲ့ ကြွေးသစ်ရမှ ဖြစ်မယ်။ ကြွေးသစ်ရအောင် ဆိုလည်း ဘယ်လယ်သမားမှ အာမခံပေးစရာ မရှိဘူး။ ဒီတော့ လယ်သမားတွေစုပြီး တစ်ဦးကိုတစ်ဦး အာမခံဖို့ပဲရှိတယ်။ အဲဒီလိုယူဆပြီး သမဝါယမဘဏ်တစ်ခုကို ထောင် တယ်။ စည်းမျဉ်းများကတော့...

(၁) ကျေးရွာအတွင်း နေထိုင်တဲ့ အကျင့်စာရိတ္တကောင်းတဲ့ လူတိုင်း ပါနိုင်တယ်။

(၂) ရှယ်ယာ မဝင်ရဘူး၊ ဒါပေမဲ့ ကြွေးဆပ်ဖို့ တာဝန်ကျတော့ အကန့်အသတ်မရှိတာဝန်ယူတယ်။

(၃) အသင်းဝင်တစ်ယောက် တစ်မဲပဲ ပေးနိုင်တယ်။

(၄) အသင်းကိစ္စများကို ကော်မတီဖွဲ့ပြီး လုပ်ကိုင်စေမယ်။

(၅) အမြတ်ကို မခွဲဘဲ ရန်ပုံငွေအဖြစ် ထားတယ်။

ဒီဘဏ်တွေက ရက်ဖေဆန်လို လူမျိုးများဆီက ပထမ ငွေချေးတယ်။ ဒီငွေနဲ့ အသင်းသားတွေကို ပြန်ချေးတယ်။ ဒီစနစ်အရ တောင်သူလယ်သမားတွေဟာ အတော် သက်သာချောင်ချိတယ်။ ဘဏ်တွေဟာလည်း ငွေတွေတိုးပွားလာတယ်။ နောက် ဘဏ် အလုပ်များအပြင် ပစ္စည်းများလည်း ဝယ်ဖြန့်ဖြူးတယ်။ နောက် ဒီဘဏ်တွေကပေါင်းပြီး ဗဟိုဘဏ်တစ်ခုကို ထောင်တယ်။ အဲဒီဗဟိုဘဏ်ထောင်တော့ အသင်းသားများကို နှစ် ရှည်ရှည် ငွေချေးလာနိုင်တယ်။ လယ်ယာလုပ်ငန်းများမယ် ငွေဝင်ကြီးကျ အကုန်များတဲ့ လုပ်ငန်းများကို လုပ်လာနိုင်တယ်။ ဒီစနစ်ကို အိန္ဒိယပြည်ကို ယူလာပြီး ၁၉ဝ၄ ခုနှစ် သမဝါယမအက်ဥပဒေကို လုပ်တယ်။ ဗမာပြည်ဟာ အဲဒီအချိန်က အိန္ဒိယပြည်ရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်လေတော့ ဒီစနစ်ဟာ ဗမာပြည်ကို ရောက်လာတာပဲ။

၁၀။ နောက်ဆုံးပြောချင်တဲ့ ရာဇဝင်ကတော့ ရုရှားပြည်ရဲ့ သမဝါယမရာဇဝင် ပဲ။ ရုရှားပြည်ကျေးရွာတွေမယ် မား (Mir) ဆိုတဲ့ စနစ်ရှိတယ်။ ဒီစနစ်က ကျေးရွာက မြေကိစ္စ၊ အလုပ်ကိစ္စတို့ကို စဉ်းစားဆုံးဖြတ်တဲ့ စနစ်ပဲ။ ဆိုဗီယက် အစိုးရအာဏာမရခင် က မြေတွေကို မှူးကြီးမတ်ရာတွေ၊ မင်းမျိုးမင်းနွယ်တွေက ဧရာမမြေကွက်ကြီးတွေပိုင်ပြီး ဒီမြေကွက်တွေကို မြေကျွန်တစ်ပိုင်းဖြစ်နေတဲ့ တောင်သူလယ်သမားများက လုပ်ကြရ တယ်။ တောင်သူလယ်သမားတွေကတော့ သူတို့ရွာလေးတွေ သူတို့နေ၊ သူတို့ပိုင်တဲ့