Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဦးနု - ဘုရားတရားသံဃာနှင့်ဗုဒ္ဓဘာသာအရေးတော်ပုံ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

မြတ်စွာဘုရားအကြောင်း

နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏မိန့်ခွန်း

သဘာပတိနှင့် ကြွရောက်လာကြသော လူကြီးမင်းများခင်ဗျား

ယနေ့ ဘုရားအကြောင်းကို ကျွန်တော်ပြောလိုပါတယ်။ ဘုရား အကြောင်းကို ပြောတဲ့အခါမှာ ပရိသတ်များ နားလည်လွယ်အောင် နောက် ခံကားကို အကျဉ်းချုံးပြီးရှေးဦးစွာ ပြောပြဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

ကျွန်တော်တို့ မျက်စိနဲ့ မြင်နိုင်တဲ့လူနဲ့ တိရစ္ဆာန်တွေအပြင် တစ်လော ကလုံးမှာ အခြားသတ္တဝါတွေ အများကြီး ရှိကြသေးတယ်။ တစ်လောက လုံးမှာရှိတဲ့ သတ္တဝါတွေကို အမျိုးအစားအားဖြင့် ဖော်ပြရမယ်ဆိုရင် ၎င်းတို့ဟာ

(၁) ဗြဟ္မာတွေ၊ (၂) နတ်တွေ၊ (၃) လူတွေ၊ (၄) တိရစ္ဆာန်တွေ၊ (၅) ပြိတ္တာတွေ၊ (၆) အသုရကာယ်တွေ၊

(၇) ငရဲသူ ငရဲသားတွေ ဖြစ်ကြတယ်။

ဒီသတ္တဝါတွေဟာ သတ္တဝါအသီးသီး ဖြစ်လာကြပြီး အချိန်ရောက် တဲ့အခါ သူတို့ဟာ သေကြရတယ်။ အဲဒီလိုသေပြီးရင် သူတို့ဟာ ပျောက် ကွယ်သွားကြတာ မဟုတ်ဘူး။ ဗြဟ္မာတွေသေပြီး နတ်တွေဖြစ်ချင်လည်း ဖြစ်လာကြတာပဲ။ လူတွေဖြစ်ချင်လည်း ဖြစ်လာကြတာပဲ။ နတ်အဖြစ် လူအဖြစ်က သေတဲ့အခါမှာ သူတို့ ဟာ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသုရကာယ်တွေ၊ ငရဲသူ၊ ငရဲသားတွေ ဖြစ်ချင်လည်း ဖြစ်လာကြတာပဲ။ အဲဒီလိုပဲ နတ်တွေ၊ လူတွေ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တွေ၊ ငရဲသူ၊ ငရဲသားတွေ သေကြပြန်ရင်လည်း သူတို့လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် တွေအရ အခုပြောခဲ့တဲ့အတိုင်း ဗြဟ္မာတွေ၊ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသုရကာယ်တွေ၊ ငရဲသူ၊ ငရဲသားတွေထဲက တစ်ခုခုပြန် ပြီးဖြစ်ရတာပဲ။ ပြန်ပြီးမဖြစ်ပဲ မနေနိုင်ဘူး။

အဲဒီလို ဗြဟ္မာတွေ၊ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသုရကာယ်တွေ၊ ငရဲသူ၊ ငရဲသားတွေ၊ အဖန်တလဲလဲဖြစ်ပြီး၊ အဖန်တလဲ လဲ အိုနေရတာတွေ၊ နာနေရတာတွေ၊ သေနေရတာတွေဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ဆင်းရဲဒုက္ခတွေပဲ ဖြစ်တယ်။

ဘုရားတစ်ဆူ ပွင့်တော်မူမှပဲ ဒီဒုက္ခတွေက လွတ်မြောက်စေနိုင်တဲ့ တရားကို သတ္တဝါတွေ ကြားနာရပြီး အဲဒီတရားအတိုင်း ကြိုးစားအား ထုတ်တဲ့အတွက် ဗြဟ္မာတွေ၊ နတ်တွေ၊ လူတွေအမြောက်အမြားဟာ သေပြီးရင် တစ်ဖန်ပြန်မဖြစ်တော့ပဲ အဖန်တလဲလဲအို၊ နာ၊ သေနေရတဲ့ ဆင်းရဲဒုက္ခတွေက လွတ်မြောက်သွားကြပါတယ်။ ဒီတရားဟာလဲ ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက် အချိန်အတော်ကြာတဲ့အခါ ပျောက် ကွယ်သွားပါတယ်။ နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှပဲ ပြန်ပြီးပေါ်ပါတယ်။

အဲဒါကြောင့် သူတော်ကောင်းတွေဟာ ဒီသတ္တဝါတွေကို ဒီဆင်းရဲ ဒုက္ခတွေကလွတ်အောင် ကယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ဖို့ အဓိဌာန်ပြုကြပါတယ်။ အဲဒီအဓိဌာန်ပြုရုံနဲ့ ဘုရားမဖြစ်နိုင်သေးပါဘူး။ ဒီလိုအဓိဌာန်ပြုပြီး ဘုရားဖြစ်အောင် ဘဝပေါင်းများစွာ ကြိုးစားအားထုတ် ရပါသေးတယ်။ ဥပမာ လူတွေရောဂါခံစားနေရတာကို သနားပြီး ကယ်တင် လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဆရာဝန်လုပ်မယ်လို့ ရှေးဦးစွာ အဓိဌာန်ပြုရလိမ့်မယ်။ ဒီလိုအဓိဌာန်ပြုရုံနဲ့ ဆရာဝန် မဖြစ်သေးဘူး။ ဆရာဝန်ဖြစ်အောင် နှစ်ပေါင်းများစွာ ဆရာဝန်အတတ်ကို ဆည်းပူးရလိမ့်မယ်။

ဘုရားဖြစ်အောင် ဘုရားဆုတောင်းတဲ့လူတွေ လုပ်ရတဲ့ လုပ်ငန်း ကြီးတွေဟာ ဆယ်ခုရှိပါတယ်။ အဲဒီလုပ်ငန်းကြီးတွေကို ပါဠိလို ပါရမီ လို့ ခေါ်တယ်။ ပါရမီဆိုတာဟာ ဘုရားဖြစ်အောင်လုပ်ရတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကြီးတွေကတော့

(၁) မိမိရဲ့ ပစ္စည်းဥစ္စာ၊ သားသမီး၊ မယားမှ စပြီး မိမိအသက်အထိရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ ဒါနပါရမီ။

(၂) ကိုယ်နှင့် နှုတ်ကို အမှားမလုပ်မိ၊ မပြောမိအောင် အထူးစောင့်ထိန်းခြင်းဆိုတဲ့ သီလပါရမီ။

(၃) ကာမဂုဏ်တွေကို စွန့်လွှတ်ခြင်းဆိုတဲ့ နိက္ခမပါရမီ။

(၄) သတ္တဝါတွေ ချမ်းသာစေနိုင်တဲ့ ပညာရပ်များကို ဆည်းပူးပြီးသတ္တဝါတွေ ချမ်းသာအောင် ပြုလုပ်ပေးခြင်းဆိုတဲ့ ပညာ ပါရမီ။

(၅) သတ္တဝါတွေ ချမ်းသာရေးအတွက် အလွန်အမင်း အပြင်းအထန်ကြိုးစား အားထုတ်ခြင်းဆိုတဲ့ ဝီရိယပါရမီ။

(၆) နေရာတကာတိုင်းတွင် အထူးသည်းခံခြင်းဆိုတဲ့ ခန္တီပါရမီ။

(၇) အသက်ပင် သေရစေကာမူ ပဓာန မပြုဘဲ၊ ပေးထားတဲ့ ကတိ တို့ကို တည်စေခြင်းဆိုတဲ့ သစ္စာပါရမီ။

(၈) ကိစ္စတစ်ခုကို ဆောင်ရွက်မည်ဟု အဓိဌာန်ပြုပြီးသည့်အခါ အသက်သေရစေကာမှု ပဓာနမထားဘဲ ဆောင်ရွက်ခြင်းဆိုတဲ့ အဓိဌာန်ပါရမီ။ ။

(၉) အယုတ်၊ အလတ်၊ အမြတ်မရွေးဘဲ သတ္တဝါအားလုံးအပေါ်မှာချစ်ကြည်သော စိတ်ကိုထားရှိခြင်းဆိုတဲ့ မေတ္တာပါရမီ။

(၁၀) မိမိအလို ဂန္ဒပြည့်ဝသည့် အခါများ၌လည်းကောင်း၊ မပြည့်ဝသည့်အခါများ၌လည်းကောင်း၊ စိတ်တက်ကြွခြင်း၊ စိတ်နိမ့် ကျခြင်းမရှိရအောင် မိမိကိုယ်ကိုမိမိထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ဥပေက္ခာပါရမီဆိုတဲ့ ပါရမီဆယ်ပါးပင် ဖြစ်ပါတယ်။

ဒီလုပ်ငန်းကြီးဆယ်ခုကို အယုတ်စား၊ အလတ်စား၊ အမြတ်စား ဆိုပြီး သုံးစားခွဲထားပါတယ်။ အဲဒီ ၃-ခုစလုံးကို ရာခိုင်နှိုင်းအပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာဟာ မလွယ်ကူပါဘူး။ တစ်ဘဝ တည်းနဲ့ပြည့်စုံအောင် မဆောင်ရွက်နိုင်ပါဘူး။ ဘဝပေါင်းတစ်ရာ၊ တစ်ထောင် ဆောင်ရွက်လို့လဲ မပြည့်စုံနိုင်ပါဘူး။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဘဝပေါင်းများစွာ အားထုတ်မှပဲ ဒီလုပ်ငန်းကြီးဆယ်ခုကို ရာခိုင်နှုန်းအပြည့် အောင်မြင်နိုင်ပါတယ်။

ပါရမီဆယ်ပါးကို လွယ်လွယ်နဲ့ နားလည်အောင် ဘုရားအလောင်း မျောက်မင်းဖြစ်စဉ်က အဖြစ်အပျက်တစ်ခုကို ပြောပြချင်တယ်။ ဒေဝဒတ်အ လောင်းဖြစ်တဲ့ ပုဏ္ဏားတစ်ယောက်ဟာ ပျောက်နေတဲ့ နွားကိုလိုက်ရှာရင်း တောထဲမျက်စိလည် လမ်းမှားရောက်သွားပြီး ချောက်ထဲကျသွားတယ်။ ချောက်ထဲကျနေတဲ့ ပုဏ္ဏားကို ဘုရားအလောင်း မျောက်မင်းဟာ တွေ့မြင် မိတယ်။

(၁) ဒီလိုပုဏ္ဏား သေဘေးဒုက္ခရောက်နေတာကို မြင်မြင်ချင်းပဲ ဘုရားအလောင်းမျောက်မင်းရဲ့ စိတ်ထဲမှာ မိမိသားငယ် ချောက်ထဲကျနေတာ ကိုတွေ့ရသလို သနားချစ်ခင်တဲ့စိတ်တွေ၊ ချမ်းသာရာရစေလိုတဲ့ စိတ်တွေ ပေါ်လာတယ်။

(၂) အဲဒါနဲ့ ဘုရားအလောင်းမျောက်မင်းက ပုဏ္ဏားရဲ့ အသက် ကို မိမိအသက်ပင်စွန့်ပြီး ကယ်မယ်လို့ ကတိပေးတယ်။ ကတိအတိုင်းပဲ ကယ်ဆယ်လိုက်တယ်။ ဘယ်လိုကယ်ဆယ်လိုက်တယ်ဆိုတာကို ပြောပြ ပါမယ်။

(၃) ဘုရားအလောင်းမျောက်မင်းဟာ ပုဏ္ဏားကို ကတိပေးပြီး တဲ့နောက် ချောက်ထဲက ဘယ်လိုအပေါ်ရောက်အောင် ကယ်ယူရပါ့မလဲ လို့ နည်းလမ်းများကို စူးစမ်းရှာဖွေတယ်။ ဒီလို စူးစမ်းဆင်ခြင်တဲ့အခါကျတော့ ပုဏ္ဏားကို ကုန်းပိုးပြီး ချောက်ထဲက အပေါ်ရောက်အောင် ခုန်တက်မှ ဖြစ်နိုင်မယ်ဆိုတဲ့ နည်းလမ်းကိုရတယ်။

(၄) ဒါပေမယ့် ဒီလိုခုန်တက်တဲ့အခါမှာ အပေါ်မရောက်ဘဲ လိမ့် ကျသွားရင် ပုဏ္ဏားဟာ သေသွားစရာအကြောင်းရှိတယ်။ ဒါကြောင့် စမ်းခုန် ကြည့်ဦးမှပဲဆိုပြီး ပုဏ္ဏားရဲ့ အလေးချိန်လောက်ရှိတဲ့ ကျောက်တုံးကြီး တစ်တုံးကိုပိုက်ပြီး အကြိမ်ကြိမ် ခုန်တက်ကြည့်တယ်။ ဒီလိုကြိုးစားပမ်းစား စမ်းသပ်ကြည့်လို့ စိတ်ချရမှ ပုဏ္ဏားကိုကုန်းပိုးပြီး ခုန်တက်လိုက်တာ အပေါ် ရောက်သွားတယ်။

(၅) ဒီလိုပုဏ္ဏားကို ကယ်ဆယ်တဲ့နေရာမှာ ဘုရားအလောင်း မျောက်မင်းဟာ သူသေသွားနိုင်တယ်ဆိုတာကို သိပေမယ့်၊ သူ့အသက်ကိုစွန့် ပြီး ပုဏ္ဏားအသက်ကို ကယ်ခြင်းဖြစ်တယ်။

(၆) ပုဏ္ဏားကို အသက်စွန့် ကယ်လိုက်ပြီးတော့ ဘုရားအလောင်း မျောက်မင်းဟာ အလွန်မောပန်းတာနဲ့ ပုဏ္ဏားရဲ့ ပေါင်ပေါ်မှာ ခဏအိပ်နေ တယ်။ အဲဒီအခါမှာ ပုဏ္ဏားက မျောက်သားစားဖို့ အိမ်ယူသွားမယ်ဆိုတဲ့ အကြံနဲ့ မျောက်မင်းရဲ့ ခေါင်းကို ကျောက်ခဲနဲ့ထုတယ်။ မျောက်မင်းဟာ ခေါင်းမှာ ဒဏ်ရာအကြီးအကျယ်ရပြီး သစ်ပင်ပေါ်တက်ပြေးရတယ်။ ဒီလို သူ့ခေါင်းကို ပုဏ္ဏားက ကျောက်ခဲနဲ့ ထုတဲ့အတွက် သူ့မှာဝေဒနာ အပြင်းအ ထန်ခံစားရပေမယ့် ပုဏ္ဏားကို စိတ်မဆိုးဘူး၊ သည်းခံလိုက်တယ်။

(၇) ပြီးတော့ ပုဏ္ဏားကို ကိုယ်အားဖြင့်လည်း ရန်မမူဘူး။ နှုတ် အားဖြင့်လည်း ဆဲဆိုကြိမ်းမောင်းခြင်းမပြုဘူး။

(၈) ပုဏ္ဏားက ဒီလိုမိမိကို သေကြောင်းကြံစည်တာကို ဘုရား အလောင်းမျောက်မင်းကလည်း လျစ်လျူရှုထားလိုက်တယ်။

(၉) ဒါတင်မကသေးဘူး။ ဘုရားအလောင်းမျောက်မင်းဟာ သစ်ပင်တစ်ပင်မှ တစ်ပင်ကူးပြီး မိမိခေါင်းရဲ့ ဒဏ်ရာက ယိုစီးကျနေတဲ့ သွေးစက်ကြောင်းနဲ့ ပုဏ္ဏားတောထဲက ထွက်သွားနိုင်အောင် လမ်းပြလိုက် ရှာသေးတယ်။ ဆုံးခန်းတိုင်အောင် ကယ်ဆယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အတိုင်း ဘုရားအလောင်းမျောက်မင်းက ကယ်လိုက်တာပဲ။

(၁၀) ဒီလိုဘုရားအလောင်းဟာ ပုဏ္ဏားကို ကယ်ဆယ်လိုက်တာ ဟာ ဘာအကျိုးကိုမှလိုလို့ မဟုတ်ဘူး။ မိမိအတွက် အကျိုးခံစားရမှုတွေ ကိုစွန့်လွှတ်ပြီး ကယ်ဆယ်ခြင်း ပြုခဲ့တာပဲ။

အဲဒီဝတ္ထုမှာ-

(၁) အလောင်းတော်မျောက်မင်းဟာ အသက်စွန့်ပြီး ပုဏ္ဏားကိုကယ်တာဟာ ဒါနပါရမီဖြစ်တယ်။

(၂) ပုဏ္ဏားက မိမိရဲ့ ခေါင်းကို ကျောက်ခဲနဲ့ ထုပေမယ့်၊ ပုဏ္ဏားကိုကိုယ်အားဖြင့်လည်း ရန်မမူ၊ နှုတ်အားဖြင့်လည်း ဆဲဆိုကြိမ်း မောင်းခြင်းမလုပ်ဘဲ၊ ကိုယ်နဲ့နှုတ်ကို ထိန်းသိမ်းစောင့်ရှောက် တာ သီလပါရမီ ဖြစ်တယ်။

(၃) ပုဏ္ဏားကို ကယ်တဲ့အခါမှာ မိမိအတွက် ဘာအကျိုးကိုမျှ မမျှော်လင့်ခြင်းဟာ နိက္ခမပါရမီ ဖြစ်တယ်။  

(၄) ပုဏ္ဏားအား ချောက်ထဲမှ လွတ်မြောက်စေနိုင်တဲ့ နည်းလမ်း များကို စူးစမ်းရှာဖွေခြင်းဟာ ပညာပါရမီ ဖြစ်တယ်။

(၅) ပုဏ္ဏားနဲ့ အလေးချိန်ချင်း တူမျှတဲ့ ကျောက်တုံးကို ပိုက်ပြီး အကြိမ်ကြိမ် စမ်းသပ်ခုန်တက်ပြီး ကြိုးပမ်းမှုဟာ ဝီရိယပါရမီ ဖြစ်တယ်။

(၆) ခေါင်းကို ကျောက်ခဲနဲ့ ထုလိုက်တဲ့အတွက် အရိုးကွဲလုမျှပြင်းထန်လှတဲ့ ဝေဒနာကြီးကို ခံစားရတဲ့တိုင်အောင် ပုဏ္ဏား အပေါ်မှာ ဒေါသမထွက်မိအောင် မိမိစိတ်ကို ချုပ်တည်းထား ခြင်းဟာ ခန္တီပါရမီ ဖြစ်တယ်။

(၇) ပုဏ္ဏားရဲ့ အသက်ကို ကယ်မယ်လို့ ကတိပေးပြီးတဲ့နောက် မိမိရဲ့ အသက်ကို ပဓာနမထားဘဲ ဒီကတိကို မဖျက်ခြင်းဟာ သစ္စာပါရမီ ဖြစ်တယ်။

(၈) ပုဏ္ဏားကို ဆုံးခန်းတိုင်ရောက်အောင် ကယ်မယ်လို့ ဆုံးဖြတ် ထားပြီးတဲ့နောက် ပုဏ္ဏားက မိမိရဲ့ သေကြောင်းကို ကြံပေ မယ့် ဆုံးခန်းတိုင်ရောက်အောင် မိမိရဲ့ မူလဆုံးဖြတ်ချက်အ တိုင်း မပျက်မကွက်ဆောင်ရွက်ခြင်းဟာ အဓိဌာန်ပါရမီဖြစ်တယ်။

(၉) ချောက်ထဲကျနေတဲ့ ပုဏ္ဏားကိုမြင်တဲ့အခါ အလောင်းတော်မျောက်မင်းရဲ့ စိတ်ထဲမှာ မိမိသားငယ် ချောက်ထဲကျနေတာ