ဦးနု - ဗုဒ္ဓသာသနာ
မြတ်စွာဘုရားအကြောင်း
သဘာပတိနှင့် ကြွရောက်လာကြဝေသာ လူကြီးမင်းများ ခင်ဗျား။
ယနေ့ ဘုရားအကြောင်းကို ကျွန်တော် ပြောလိုတယ်။ ဘုရား အကြောင်းကို ပြောတဲ့အခါမှာ ပရိသတ်များ နားလည်လွယ်အောင် နောက်ခံကားကို အကျဉ်းချုံးပြီး ရှေးဦးစွာ ပြောပြဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။
သတ္တဝါ အမျိုးမျိုး
ကျွန်တော်တို့ မျက်စိနဲ့ မြင်နိုင်တဲ့ လူနဲ့ တိရစ္ဆာန်တွေအပြင် တစ်လောကလုံးမှာ အခြားသတ္တဝါတွေ အများကြီး ရှိကြသေးတယ်။ တစ်လောကလုံးမှာရှိတဲ့ သတ္တဝါတွေကို အမျိုးအစားအားဖြင့် ဖော်ပြ ရမယ်ဆိုရင် ၎င်းတို့ဟာ
(၁) ဗြဟ္မာတွေ၊ အသက်
(၂) နတ်တွေ၊ အသည် ။
(၃) လူတွေ၊
(၄) တိရစ္ဆာန်တွေ၊
(၅) ပြိတ္တာတွေ၊
(၆) အသုရကာယ်တွေ၊
(၇) ငရဲသူ၊ ငရဲသားတွေ ဖြစ်ကြတယ်။
ဒီသတ္တဝါတွေဟာ သတ္တဝါအသီးသီးဖြစ်လာကြပြီး အချိန်ရောက် တဲ့အခါ သူတို့ဟာ သေကြရတယ်။ အဲဒီလို သေပြီးရင် သူတို့ဟာ ပျောက်ကွယ်သွားကြတာ မဟုတ်ဘူး။ ဗြဟ္မာတွေ သေပြီး နတ်တွေ ဖြစ်ချင်လည်း ဖြစ်လာကြတာပဲ။ လူတွေ ဖြစ်ချင်လည်း ဖြစ်လာကြ တာပဲ။ နတ်အဖြစ် လူအဖြစ်က သေတဲ့အခါမှာ သူတို့ဟာ တိရစ္ဆာန် တွေ၊ ပြိတ္တာတွေ၊ အသုရကာယ်တွေ၊ ငရဲသူ ငရဲသားတွေ ဖြစ်ချင် လည်း ဖြစ်လာကြတာပဲ။ အဲဒီလိုပဲ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုကာယ်၊ ငရဲသူငရဲသားတွေ သေကြပြန်ရင်လည်း သူတို့ လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေအရ အခုပြောခဲ့တဲ့အတိုင်း ဗြဟ္မာ တွေ၊ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသုကာယ်တွေ၊ ငရဲသူ ငရဲသားတွေထဲက တစ်ခုခုပြန်ပြီး ဖြစ်ရတာပဲ။ ပြန်ပြီး မဖြစ်ဘဲ မနေနိုင်ဘူး။
အဲဒီလို ဗြဟ္မာတွေ၊ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာ တွေ၊ အသုကာယ်တွေ၊ ငရဲသူ ငရဲသားတွေ အဖန်တလဲလဲ ဖြစ်ပြီး အဖန်တလဲလဲ အိုနေရတာတွေ၊ နာနေရတာတွေ၊ သေနေရတာတွေ ဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ဆင်းရဲဒုက္ခတွေပဲ ဖြစ်တယ်။
ဘုရားတစ်ဆူပွင့်တော်မူမှပဲ ဒီဒုက္ခတွေက လွတ်မြောက်စေနိုင်တဲ့ တရားကို သတ္တဝါတွေ ကြားနာရပြီး အဲဒီ တရားအတိုင်း ကြိုးစား အားထုတ်တဲ့အတွက် ဗြဟ္မာတွေ၊ နတ်တွေ၊ လူတွေ အမြောက်အမြား ဟာ သေပြီးရင် တစ်ဖန် ပြန်မဖြစ်တော့ဘဲ အဖန်တလဲလဲ အို၊ နာ၊ သေနေရတဲ့ ဆင်းရဲဒုက္ခတွေက လွတ်မြောက်သွားကြပါတယ်။ ဒီတရားဟာလည်း ဘုရားပရိနိဗ္ဗာန် စံဝင်တော်မူပြီးတဲ့နောက် အချိန် အတော်ကြာတဲ့အခါ ပျောက်ကွယ်သွားပါတယ်။ နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှပဲ ပြန်ပြီး ပေါ်ပါတယ်။
အဲဒါကြောင့် သူတော်ကောင်းတွေဟာ ဒီသတ္တဝါတွေကို ဒီဆင်းရဲ ဒုက္ခတွေကလွတ်အောင် ကယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ဖို့ အဓိဋ္ဌာန် ပြုကြပါတယ်။ အဲဒီ အဓိဋ္ဌာန်ပြုရုံနဲ့ ဘုရားမဖြစ်နိုင်သေး ပါဘူး။ ဒီလို အဓိဋ္ဌာန်ပြုပြီး ဘုရားဖြစ်အောင် ဘဝပေါင်းများစွာ ကြိုးစား အားထုတ်ရပါသေးတယ်။ ဥပမာ...လူတွေ ရောဂါခံစားနေရ တာကို သနားပြီး ကယ်တင်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဆရာဝန် လုပ်မယ်လို့ ရှေးဦးစွာ အဓိဋ္ဌာန်ပြုရလိမ့်မယ်။ ဒီလို အဓိဋ္ဌာန် ပြုရုံ နဲ့ ဆရာဝန်မဖြစ်သေးဘူး၊ ဆရာဝန်ဖြစ်အောင် နှစ်ပေါင်း များစွာ ဆရာဝန် အတတ်ကို ဆည်းပူးရလိမ့်မည်။
ပါရမီ ၁၀ ပါး
ဘုရားဖြစ်အောင် ဘုရားဆုတောင်းတဲ့လူတွေ လုပ်ရတဲ့ လုပ်ငန်း ကြီးတွေဟာ ဆယ်ခုရှိပါတယ်။ အဲဒီ လုပ်ငန်းကြီးတွေကို ပါဠိလို ပါရမီ လို့ ခေါ်တယ်။ ပါရမီဆိုတာဟာ ဘုရားဖြစ်အောင် လုပ်ရတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းကြီးတွေကတော့ ။
(၁) မိမိရဲ့ ပစ္စည်းဥစ္စာ၊ သားသမီး၊ မယားမှစပြီး မိမိ အသက်အထိ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခြင်း ဆိုတဲ့ ဒါနပါရမီ။
(၂) ကိုယ်နှင့်နှုတ်ကို အမှားမလုပ်မိ၊ မပြောမိအောင် အထူးစောင့်ထိန်းခြင်း ဆိုတဲ့ သီလပါရမီ။
(၃) ကာမဂုဏ်တွေကို စွန့်လွှတ်ခြင်း ဆိုတဲ့ နိက္ခမပါရမီ။
(၄) သတ္တဝါတွေ ချမ်းသာစေနိုင်တဲ့ ပညာရပ်များကို ဆည်းပူးပြီး သတ္တဝါတွေ ချမ်းသာအောင် ပြုလုပ်ပေးခြင်း ဆိုတဲ့ပညာပါရမီ။
(၅) သတ္တဝါတွေ ချမ်းသာရေးအတွက် အလွန်အမင်း အပြင်းအထန် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ဝီရိယပါရမီ။
(၆) နေရာတကာတိုင်းတွင် အထူးသည်းခံခြင်းဆိုတဲ့ ခန္တီပါရမီ။
(၇) အသက်ပင် သေရစေကာမူ ပဓာနမပြုဘဲ ပေးထားတဲ့ကတိတို့ကို တည်စေခြင်းဆိုတဲ့ သစ္စာပါရမီ။
(၈) ကိစ္စတစ်ခုကို ဆောင်ရွက်မည်ဟု အဓိဋ္ဌာန်ပြုပြီးသည့်အခါအသက်သေစေကာမူ မဓာနမထားဘဲ ဆောင်ရွက်ခြင်းဆိုတဲ့ အဓိဋ္ဌာန်ပါရမီ။ ။
(၉) အယုတ်၊ အလတ်၊ အမြတ်မရွေးဘဲ သတ္တဝါအားလုံးအပေါ်မှာ ချစ်ကြည်သောစိတ်ကို ထားရှိခြင်းဆိုတဲ့ မေတ္တာပါရမီ။
(၁၀) မိမိအလိုဆန္ဒ ပြည့်ဝသည့်အခါများ၌လည်းကောင်း၊ မပြည့်ဝသည့် အခါများ၌လည်းကောင်း စိတ်တက်ကြွခြင်း၊ စိတ် နိမ့်ကျခြင်းမရှိရအောင် မိမိကိုယ်ကို မိမိ ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုတဲ့ ဥပေက္ခာပါရမီ။
ဆိုတဲ့ ပါရမီဆယ်ပါးပင် ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီး ဆယ်ခု ကို အယုတ်စား၊ အလတ်စား၊ အမြတ်စား ဆိုပြီး သုံးစား ခွဲထား ပါတယ်။
အဲဒီ သုံးခုစလုံးကို ရာခိုင်နှုန်းအပြည့် အောင်မြင်အောင် ဆောင် ရွက်နိုင်ဖို့ ဆိုတာဟာ မလွယ်ကူပါဘူး။ တစ်ဘဝထဲနဲ့ ပြည့်စုံအောင် မဆောင်ရွက်နိုင်ပါဘူး။ ဘဝပေါင်းတစ်ရာ၊ တစ်ထောင် ဆောင်ရွက်လို့ လည်း မပြည့်စုံနိုင်ပါဘူး။ မရေမတွက်နိုင်အောင် များပြားလှတဲ့ဘဝပေါင်းများစွာ အားထုတ်မှပဲ ဒီလုပ်ငန်းကြီး ဆယ်ခုကို ရာခိုင် နှုန်းအပြည့် အောင်မြင်နိုင်ပါတယ်။
ဘုရားလောင်း မျောက်မင်း
ပါရမီဆယ်ပါးကို လွယ်လွယ်နဲ့နားလည်အောင် ဘုရားအလောင်း မျောက်မင်းဖြစ်စဉ်က အဖြစ်အပျက် တစ်ခုကို ပြောပြချင်တယ်။ ဒေဝဒတ်အလောင်းဖြစ်တဲ့ ပုဏ္ဏားတစ်ယောက်ဟာ ပျောက်နေတဲ့ နွားကို လိုက်ရှာရင်း တောထဲ မျက်စိလည် လမ်းမှားရောက်သွားပြီးချောက်ထဲ ကျသွားတယ်။ ချောက်ထဲကျနေတဲ့ ပုဏ္ဏားကို ဘုရား အလောင်း မျောက်မင်းဟာ တွေ့မြင်မိတယ်။
(၁) ဒီလိုပုဏ္ဏား သေဘေးဒုက္ခရောက်နေတာကို မြင်မြင်ချင်းပဲဘုရားအလောင်း မျောက်မင်းရဲ့ စိတ်ထဲမှာ မိမိ သားငယ်
ချောက်ထဲကျနေတာကို တွေ့ ရသလို သနား ချစ်ခင်တဲ့ စိတ်တွေ၊ ချမ်းသာရာရစေလိုတဲ့ စိတ်တွေ ပေါ်လာတယ်။ (၂) အဲဒါနဲ့ ဘုရားအလောင်း မျောက်မင်းက ပုဏ္ဏားရဲ့ အသက် ကို မိမိအသက်ပင် စွန့်ပြီး ကယ်မယ်လို့ ကတိပေးတယ်။ ကတိအတိုင်းပဲ ကယ်ဆယ်လိုက်တယ်။ ဘယ်လို ကယ်လိုက်တယ်ဆိုတာကို ပြောပြပါမယ်။ ။
(၃) ဘုရားအလောင်း မျောက်မင်းဟာ ပုဏ္ဏားကို ကတိပေးပြီးတဲ့နောက် ချောက်ထဲက ဘယ်လို အပေါ်ရောက်အောင် ကယ်ယူရပါ့မလဲလို့ နည်းလမ်းများကို စူးစမ်းရှာဖွေတယ်။ ဒီလို စူးစမ်းဆင်ခြင်တဲ့အခါကျတော့ ပုဏ္ဏားကို ကုန်ပိုးပြီး ချောက်ထဲက အပေါ်ရောက်အောင် ခုန်တက်မှ ဖြစ်မယ် ဆိုတဲ့ နည်းလမ်းကိုရတယ်။