Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

ဦးနု - ပြဇာတ်လေးပုဒ်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

အသားထဲကလောက်ထွက်

အပိုင်း - ၁

နေရာ။ ။ ရန်ကုန်မြို့ကြံတောသင်္ချိုင်းအနီး၊ ပြည်လမ်းရှိ အလုပ်သမားများနေ သော တန်းလျားတွင် ထိန်ဝင်းတို့ လင်မယားနေသော အခန်းကလေး။ ၎င်းအခန်းကို ထမင်းချက်ရန်၊ စားရန်၊ နေထိုင်ရန်အတွက် အသုံးပြုရသည်။ အခန်း၏ညာဘက်တွင် မီးဖိုရှိ၍ ၎င်းမီးဖိုပေါ်တွင် ရေနွေးအိုး တစ်လုံးကို တည်ထားသည်။ ထိုအခန်း၏ ကျော ဘက်တွင် တံခါးတစ်ခုရှိသည်။ ၎င်းတံခါးသည် အိပ်ခန်းသို့ဝင်သော တံခါးဖြစ်သည်။ ဘယ်ဘက်တွင် တံခါးတစ်ခုရှိသည်။ ထိုတံခါးသည် အိမ်အောက်သို့ ဆင်းရန် အခန်း ပြင်ဘက်ရှိ လှေကားသို့သွားသည့် တံခါးဖြစ်သည်။ အခန်း၏ အလယ်တွင် စားပွဲခုံတစ် ခုရှိသည်။ ထိုစားပွဲခုံကို အညာစောင်တစ်ထည်ခင်း၍ ထားသည်။ ကြောင်အိမ်တစ်လုံး လည်း အခန်းထဲတွင်ရှိသည်။ ထိုကြောင်အိမ်ပေါ်တွင် ရေဒီယိုစက်တစ်လုံးရှိသည်။ ထို ရေဒီယို၏ ဘေးတွင် (ဘစ်ဘင်) နှိုးစက်စားပွဲတင်နာရီတစ်လုံးရှိသည်။ ဘယ်ဘက်စင်၏ ရှေ့နားခပ်ကျကျတွင် ပက်လက်ကုလားထိုင် ၂ လုံးရှိသည်။

ကန့်လန့်ကာကိုတင်လိုက်လျှင် တင်လိုက်ခြင်း အခန်းတွင်းတွင် ခပ်မှိန်မှိန်ထွန်း ထားသော စားပွဲတင်မှန်အိမ်မှ မီးရောင်ကြောင့် ခပ်မှောင်မှောင်ပင်ရှိသေးသည်။

အတော်ကလေးကြာသောအခါ လှေကားမှ ခပ်သုတ်သုတ်တက်လာသော ခြေသံ များကို ကြားရသည်။ ထိုအသံများကို ကြားရပြီးနောက် တံခါး၏သော့ခလောက်ကို ဖွင့်သံကြားရပြီးလျှင် တံခါးဖွင့်၍ မိန်းမတစ်ယောက်သည် အခန်းထဲသို့ ဝင်လာသည်။ ထိုမိန်းမသည် စားပွဲပေါ်ရှိ မီးအိမ်ကို မီးမြှင့်တင်ပြီးနောက် တံခါးကို ပိတ်လိုက်သည်။

မသောင်းတင်သည် အသက် ၃၀ အရွယ်လောက်ရှိသည်။ သူ့ရုပ်ရည်ရူပကာ ယသည် တစ်ခါတုန်းက အတော်ကလေးချောမည့် လက္ခဏာရှိသည်။ သို့ရာတွင် ယခု အချိန်မှာမူကား အတော်ကလေးကျလျက်ရှိလေသည်။ မသောင်းတင်သည် အတော် ကလေးသတ္တိရှိသော မိန်းမတစ်ဦး ဖြစ်သော်လည်း ထိုနေ့ညတွင် တုန်တုန်ယင်ယင် ဖြစ်လျက်ရှိသည်။ သူ့အဝတ်အစားများသည် အလွန်သပ်ရပ်သော်လည်း အပေါစားများ ဖြစ်ကြောင်းကို တွေ့ရသည်။ သူ့လက်ထဲတွင် လက်ဆွဲအိတ်ကလေး တစ်လုံးပါလာသည်။

တစ်စက္ကန့်နှစ်စက္ကန့်လောက် မသောင်းတင်သည် ဝင်လာသောတံခါးကို ကျောပေးလျက် ရပ်၍ အသက်ပြင်းစွာ ရှူလျက်ရှိလေသည်။ သူ့ကို ကြည့်ရသည်မှာ ပြေးလာဘိသကဲ့သို့ရှိလေသည်။ ၎င်းနောက် မသောင်းတင်သည် အခန်း၏ ဗဟိုဆီသို့ လာ၍ လက်ဆွဲအိတ်ကို စားပွဲခုံအနီးရှိ ကုလားထိုင်ပေါ်သို့ တင်လိုက်ပြီးလျှင် နာရီကို လှမ်း၍ ကြည့်လေသည်။

မသောင်းတင်။ ။ အို ခုနစ်နာရီတောင် ခွဲသွားပါရောလား။ (မသောင်းတင် သည် အိမ်ခန်းထဲသို့ ခပ်သုတ်သုတ်ဝင်သွားသည်။ ဤသို့ဝင်သွားရင်း ထပ်၍ ဝတ်ထားသော သူ့ဘလေဇာကုတ်အင်္ကျီကို ချွတ်လျက်ရှိလေသည်။ ဤသို့ချွတ်လျက်ရှိစဉ် ဘလေ ဇာကုတ်အင်္ကျီအောက်မှ ဝတ်ထားသော အင်္ကျီအရောင်ကို ကောင်းစွာမြင်နိုင်လေသည်။ ထိုအရောင်မှာ ခပ်နက်နက်ဖြစ်သည်။ အိမ်ခန်းတွင်းမှ အံဆွဲကိုခပ်မြန်မြန်ဆွဲဖွင့်ပြီးလျှင် ခပ်မြန်မြန်ပိတ်လိုက်သည့်အသံကို ကြားရသည်။ မကြာမီ မသောင်းတင်သည် အခန်း တွင်းမှ ပြန်၍ ထွက်လာသည်။ ထိုအခါတွင် ဘလေဇာကို ချွတ်နေစဉ်က မြင်ရသော အပေါ်အင်္ကျီအနက်မပါလာတော့ချေ။ မသောင်းတင်သည် ချွေးခံအင်္ကျီဖြင့်သာ ထွက်လာ သည်။ သူ့လက်ထဲတွင် အပေါ်အင်္ကျီအဖြူတစ်ထည်ကို ကိုင်လျက်တွေ့ရသည်။ ထို အပေါ်အင်္ကျီကို ကုလားထိုင်ပေါ်သို့ ပစ်တင်လိုက်ပြီးလျှင် စက်မီးဖိုကို မီးမွှေး၍ ရေနွေး အိုးကို တည်လေသည်။ ၎င်းနောက် ကုလားထိုင်ပေါ်သို့ ပစ်တင်လိုက်သော အပေါ် အင်္ကျီကို ကတိုက်ကရိုက်ယူ၍ ဝတ်လေသည်။ ဝတ်၍မှ ကောင်းစွာမပြီးသေးခင် စားပွဲ ခုံပေါ်သို့ ညစာစားရန် ပန်းကန်များကို ကမန်းကတန်းတင်လျက်ရှိလေသည်။ ဤသို့ တင်နေရင်း နာရီကိုလည်း မကြာခဏ ကြည့်လျက်ရှိသည်။ ပန်းကန်များကို အပြည့်အစုံ တင်ပြီးမှ စိတ်အေးသွားသည့်အနေနှင့် သက်မချလိုက်သည်။

မသောင်းတင် အေးလေ ဒါပဲကောင်းတယ်။ (နာရီကိုကြည့်ပြန်သည်)။ ဘာဖြစ် လို့များ သူဒီနေ့ သိပ်ပြီး နောက်ကျပါလိမ့်မလဲ။

(မသောင်းတင်သည် သူ့အပေါ်အင်္ကျီ ကြယ်သီးများကို တပ်လျက်ရှိသည်။ ၎င်း နောက် စားပွဲခုံပေါ်ရှိ သတင်းစာတစ်စောင်ကို ကောက်ယူလိုက်သည်။ သို့ရာတွင် သူ့စိတ် များသည် ချောက်ချားလျက်ရှိသဖြင့် သတင်းစာကို မဖတ်နိုင်ဘဲရှိရာ သတင်းစာကို ပြန် ၍ချထားလိုက်ပြီးလျှင် အခန်းထဲတွင် တုန်တုန်ယင်ယင်နှင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက်ရှိလေသည်။ လှေကားပေါက်ဆီသို့ ရောက်သောအခါ တစ်စုံတစ်ခု ကြားရ မည်လားဟုရပ်၍ နားထောင်သည်။ သို့ရာတွင် ဘာကိုမျှ မကြားရ။ အတော်ကလေး ကြာသောအခါ စားပွဲခုံဆီသို့ ပြန်လာပြီးလျှင် ပန်းကန်များကို နေရာအနည်းငယ်ထပ်၍ ပြင်လျက်ရှိလေသည်။ ဤသို့ပြင်ပြီးနောက် အခန်းနံရံတွင်ဆွဲထားသော မှန်ကလေးဆီ သို့ သွားပြီးလျှင် မှန်ထဲတွင်ကြည့်ပြီး သူကပိုကရိုကျနေသော ဆံစများကို သပ်ရပ်အောင် ပြင် ပေးလျက်ရှိသည်။ ဤသို့ ပြင်လျက်ရှိစဉ် ထိန်ဝင်းသည်

“ကမ္ဘာမကြေ-ဗမာတတွေ”ဆိုသော တို့ဗမာသီချင်းကို ခပ်ကျယ်ကျယ်ကလေး ညည်း၍ လှေကားမှ တက်လာသည့်အသံကို ရုတ်တရက်ကြားရသည်။ ထိန်ဝင်းသည် တံခါးကို ခေါက်လိုက်သည်။

မသောင်းတင်။ ။(တံခါးဆီသို့ ဖွင့်ပေးရန် ခပ်သုတ်သုတ်သွားရင်း) ကိုထိန်ဝင်းလား (တံခါးဖွင့်ပေးလိုက်သည်)။

ထိန်ဝင်း။ ။(အခန်းထဲသို့ဝင်လာပြီး တံခါးကို ပြန်၍ ပိတ်ရင်း) ဟုတ်ပါတယ် ခင်ဗျာ။ ကိုယ့်အပြင် ဘယ်သူများ လာစရာရှိသေးလို့လဲမကြီးတင်။

(ထိန်ဝင်းသည် အသက် ၃၅ နှစ်လောက်ရှိပြီး လူရိုးတစ်ယောက်ဖြစ်သည်။ သခင်ဝါဒဘက်သို့ အတော်ပင်စိတ်ယိုင်လျက်ရှိသည်။ အရက်အနည်းငယ်မူးလာသည်။ ပင်နီအင်္ကျီကို ဝတ်လျက်ရှိသည်)။

မသောင်းတင်။ ။(ထိန်ဝင်း၏ လက်မောင်းကိုဖက်ပြီးထိန်ဝင်း၏ ပခုံးပေါ်တွင် သူ့ခေါင်းကို အသာတင်လျက်) အိုး ကိုထိန်ဝင်း။

ထိန်ဝင်း။ ။(ဖက်ထားသောလက်မောင်းကို ဆွဲနုတ်လျက်) ဟေ့ ဘာဖြစ်တာလဲ ကွ။ (သူဆောင်းထားသော ဝါးပပ်ဦးထုပ်ကို ချွတ်၍ စားပွဲခုံပေါ်သို့ပစ်တင်ပြီးလျှင် အပေါ်အင်္ကျီကိုချွတ်၍ တံခါးတွင်တပ်ထားသော ချိတ်တွင် ချိတ်လိုက်သည်)။

မသောင်းတင်။ ။(ခြေမကိုင်မိလက်မကိုင်မိဖြစ်လျက်) ကိုထိန်ဝင်းရယ် သိပ် ကြောက်စရာကောင်းတာပဲ (ဗြုန်းခနဲအပြောရပ်လိုက်ပြီးလျှင် ခပ်မြန်မြန် ဆက်၍ ပြောလျက်) ကျွန်မ တစ်ယောက်တည်းကိုထိန်ဝင်းကို စောင့်နေရတာ။ သိပ်ကြောက်တာပဲ။ ကိုထိန်ဝင်းဒီနေ့သိပ်နောက်ကျတယ်နော်။

ထိန်ဝင်း။ ။ ဒါတော့ မတတ်နိုင်ဘူးကွ၊ တစ်ခါတလေတော့လည်း ဒီလိုပဲ နောက်ကျတဲ့အခါ နောက်ကျမှာပဲ။ ကနေ့ညတို့မှာ လုပ်စရာတွေအများကြီးရှိနေတယ် (အရေးကြီးနေသည့် မျက်နှာထားမျိုးကို သရော်သလိုလုပ်၍) သိပ်ပြီးအရေးကြီးတဲ့အလုပ် တွေကွ (ရယ်ပြီးလျှင် မသောင်းတင်၏နဖူးကို နမ်းလိုက်သည်)။

မသောင်းတင်။ ။ ကိုထိန်ဝင်းရှင် အရက်သောက်လာသလား။

ထိန်ဝင်း။ ။ အေး အဖော်ကောင်းတာနဲ့ ဘီယာတစ်ဖန်ခွက်သောက်လာခဲ့ မိတယ်။ မင်းသဘောမကျဘူးလား။

မသောင်းတင်။ ။ တစ်ခွက်တည်းပဲလား။

ထိန်ဝင်း။ ။ ဖန်ခွက်အသေးကလေးနဲ့ နှစ်ခွက်သောက်ခဲ့ပါတယ်ကွာ။ (ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်)။

မသောင်းတင်။ ။ (တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မဖြစ်ရလေအောင် အထူးကြိုး စား၍ ချုပ်တည်းလျက်) ကိုထိန်ဝင်း ဒီလိုနောက်ကျပြီးနေတာကို ကျွန်မစိတ်မကောင်း ဘူး။ တစ်ခုခုများဖြစ်နေသလားလို့ တထိတ်ထိတ်နဲ့ ဖြစ်နေတာပဲ။

ထိန်ဝင်း။ ။ ကိုယ့်ကိုတစ်ခုခုဖြစ်မယ်၊ ဘာဖြစ်မှာလဲကွ၊ (ရယ်သည်) ကိုယ့်ကို ဘာဖြစ်မှာလဲ။

မသောင်းတင်။ ။ ဒါတော့ ဘယ်ပြောတတ်မလဲ၊ ဒါပေမဲ့ ရှင် အိမ်အပြန်နောက် ကျနေတယ်ဆိုတော့ တထိတ်ထိတ်ဖြစ်တာပေါ့။ ခုအခါကြီးက သိပ်မကောင်းတော့ဘူး။ နည်းနည်းကလေးနဲ့ပေတဲ့ လုတာပဲ။ ဘယ်သူမှ စိတ်ချလက်ချမသွားနိုင်ကြတော့ဘူး။

ထိန်ဝင်း။ ။ အင်း ဆိုစမ်းပါဦး၊ ကိုယ့်လူကခုတလောဝတ္ထုတွေကို သိပ်ဖတ်ပြီး အစိုးရိမ်သိပ်ကြီးနေတယ် ထင်တယ်။ ကိုယ်တို့လိုကောင်မျိုးကို မလုပါဘူးကွ။ လုတဲ့လူ တွေကလည် အပါးကြီးပါ။ ရလောက်တဲ့ လူကိုမှ ရွေးပြီးလုတာ။

မသောင်းတင်။ ။ ဒါတော့ ဒါပေါ့။ ဒါပေမဲ့ အပြင်ဘက်မှာ သိပ်မှောင်တာပဲ မဟုတ်ဘူးလား။

ထိန်ဝင်း။ ။(လက်စွပ်တစ်ကွင်းမှမရှိသော ဘယ်ဘက်လက်ကို ထောင်လျက်) အင်း ဟုတ်ပါရဲ့။ ကိုယ့်လက်စွပ်က စိန်တွေကို အရောင်တောက်အောင် လုပ်ဖို့ကလေးတောင်မှ အပြင်ဘက်မှာ အလင်းရောင်မရှိဘူး။ ဟေ့ ဒီမှာ မသောင်းတင်။ ကိုယ့်လို အကောင်မျိုး အလုခံရမှာကို ကြောက်ဖို့ နည်းနည်းကလေးမှ မရှိပါဘူးကွ။

မသောင်းတင်။ ။အင်းလေ ကျွန်မဟာ ဘယ့်နှယ်မှန်းမဆိုနိုင်ဘူး သိပ်ပြီးအစိုး ရိမ်ကြီးတတ်တာပဲ။ (ညာဘက် နံရံရှိစင်ကလေးပေါ်မှ လက်ဖက်ရည်ပန်းကန်လုံးနှင့် ပန်းကန်ပြားများကိုယူ၍ အဝတ်နှင့်တိုက်ရင်း) ဘယ့်နှယ်လဲ အစည်းအဝေး နေရာ ကျရဲ့လား။

ထိန်ဝင်း။ ။ အို.. ငြိမ်တာမှ၊ သိပ်ငြိမ်တာပဲ။ အင်းလေ စာကြည့်မယ်ဆိုရင်တော့ သိပ်ငြိမ်တယ်လို့ ဆိုရမှာပဲ။

မသောင်းတင်။ ။ ဘာကိုစာကြည့်ရမှာလဲ။

ထိန်ဝင်း။ ။ ဖြစ်နေတဲ့ အရေးတော်ပုံနဲ့ စာကြည့်လိုက်မယ်ဆိုရင်တော့ ကိုယ်တို့ အစည်းအဝေးဟာ သိပ်ငြိမ်တာပေါ့ကွ။ ဘာပဲဖြစ်ဖြစ် အပေါ်ယံကနေပြီး ကြည့်မယ်ဆို ရင်တော့ ငြိမ်ချက်သားကောင်းတယ်လို့ ဆိုရမှာပေါ့၊ ဘာမှ မလုပ်ကြပါဘူးကွာ။

မသောင်းတင်။ (အဓိပ္ပာယ်ပါယော မျက်နှာထားမျိုးဖြင့်) ဘာမှမလုပ်ကြဘူး။

ထိန်ဝင်း။ ။ မလုပ်ဘူး။ အင်းလေ မနက်ဖြန် မနက်စာစားမပြီးခင်အထိတော့ သူပုန်မထဖြစ်သေးပါဘူးကွာ။ (ရယ်သည်)

မသောင်းတင်။ ။ နောက်မနေစမ်းပါနဲ့ ကိုထိန်ဝင်းရဲ့ ။ ။

ထိန်ဝင်း။ ။ ဘာလဲကွ၊ မင်းက ကြောက်စရာလန့်စရာကြီးတစ်ခုခု ဖြုန်းခနဲ ဒိုင်းခနဲ ပေါ်လာလိမ့်မယ်လို့များ ထင်နေမိလို့လား။ ထိတ်စရာတစ်ခုခုများရှိနေလို့လားကွာ။

မသောင်းတင်။ ကျွန်မမှာလား၊ အို မရှိပါဘူးရှင်။ (လက်ဖက်ရည်ပန်းကန်ပြား နှင့် ပန်းကန်လုံးများကို စားပွဲခုံပေါ်သို့ ယူလာသည်) ရှင် အစည်းအဝေးက အိမ်ကို တန်းပြန်လာသလား။

ထိန်ဝင်း။ ။ (ခေတ္တထိုင်ပြီးလျှင် မသောင်းတင်ကို ကြည့်လျက်) အင်း မသောင်းတင်။ ။ (စားပွဲခုံတွင် ထိုင်သည်) ဒါဖြင့် အစည်းအဝေးပြီးတာ သိပ် နောက်ကျတာပဲ။

ထိန်ဝင်း။ ။ (လှဲနေရာမှ ခပ်မတ်မတ်ထိုင်လိုက်လျက်) ဒီမှာ ဟေ့ကောင်၊ ဘာခနဲ့ နေတာလဲကွ။ မင်းက ငါ့ကို အရက်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်လည်ပြီး သောက် နေတယ်လို့များ ထင်လို့လား။ ။

မသောင်းတင်။ ။ မဟုတ်ပါဘူး။ ကျွန်မက ရှင် ဟိုဒင်းလို့ ထင်လို့ပါ။

ထိန်ဝင်း။ ။ (ထိုင်ရာမှထပြီးလျှင် မသောင်းတင်ဆီသို့သွားလျက်) ဟေ့ မသောင်း တင်ကြည့်စမ်းပါဦးကွ။ ကိုယ့်ကို သူငယ်နှပ်စားကလေးများအောက်မေ့နေလို့လား၊ကိုယ့်ကိုမင်းက အလကားတောသားဆိုပြီး ဟေ့ ဒီမှာ လူဖျော်ထဲကလို့များမှတ်နေလို့ လား။

မသောင်းတင်။ ။ (ကြားဝင်ပြောလျက်) ကျွန်မ ဒီလိုမမှတ်ပါဘူး။

ထိန်ဝင်း ။ ။ ငါ့ကိုယ်ငါ ထိန်းနိုင်ပါတယ်ကွ။ (ပခုံးကို အနည်းငယ်လှုပ်လိုက်ပြီး လျှင် ရွှင်ရွှင်ပျပျကြီးပြုံးလျက်) ဒါပေမဲ့ ကိုယ်ဘယ်လိုပဲပြောပြော၊ မင်းကတော့ဖြင့် အစိုးရိမ်မကြီးဘဲ နေမှာမဟုတ်တော့ပါဘူး။ မင့်အိမ်က ကိုက ဒီအကျင့်ဟာ ပါလာတယ် မဟုတ်လား။ မင်းဒီလိုဆိုရင် မင်းတို့အဖေလို ပိုက်ဆံကလေးနည်းနည်းပါးပါးရှိတဲ့ အထည်သည်ထဲက တစ်ယောက်ယောက်ကို ယူလိုက်ဖို့ကောင်းတယ်။

သောင်းတင်။ ။ ကိုထိန်ဝင်းရယ် ရှိခိုးပါရဲ့ ရှင်၊ တော်ပါတော့။

ထိန်ဝင်း။ ။ အို ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ် လူတော်ကြီးရယ်လို့ ဟန် ဆောင်မနေပါဘူးကွ။ “

ဒီကောင်ဟာ သောက်သုံးမကျတဲ့တောသား၊ စကားတောင် လေးလုံး ကွဲအောင် မပြောတတ်ဘူး” လို့ မင်းမိဘတွေကပြောတာ ငါမသိဘူး မှတ်လို့လားကွာ။

သောင်းတင်။ ။ ရှင်, ခိုးရာကို ကျွန်မလိုက်ခဲ့တယ်မဟုတ်ဘူးလား။

ထိန်ဝင်း။ ။ (သောင်းတင်၏ပခုံးကိုပုတ်လျက်) လိုက်ပါတယ်ကွ၊ ဒါကြောင့်မို့ လည်း မင်းကို ငါသတ္တိရှိတယ်လို့ ပြောတာပေါ့။ အခုသတ္တိမရှိဘူးဆိုတောင် အဲဒီတုန်း က သတ္တိရှိခဲ့ဖူးတာပေါ့။ တို့ခိုးပြေးပြီးတော့ မင်းအဖေကြီး ဒေါတွေသိပ်ပွပြီး၊ လက်သီးကြီး တတန်းတန်းနဲ့ လုပ်နေတာကို မင်းမှတ်မိသေးရဲ့ လား၊ (တခိခိနှင့်ရယ်သည်) ငါတော့ အခုထက်ထိ မြင်နေသေးတယ်။ မင်းအဒေါ် ဒေါ်သိန်းကလည်း တောသားနဲ့ ခိုးရာလိုက် ပြေးရမလား၊ သူတို့တတွေ အရှက်ကြီးရှက်ရတယ်ဆိုပြီး လက်ကိုင်ပဝါပျောက်သွားလို့ သူ့အင်္ကျီလက်စနဲ့ မျက်ရည်တွေကို သုတ်သုတ်ပြီး နေတာကိုလည်း ငါဖြင့် မြင်ယောင် နေသေးတာပဲ (အကျယ်ကြီးရယ်လိုက်သည်)။

သောင်းတင်။ ။ ရှင်နဲ့ခိုးပြေးစတုန်းကနဲ့ အခုနဲ့ကျွန်မဟာ တူသေးရဲ့ လား၊ အတော် ကြီးပြောင်းသွားသလား။

ထိန်ဝင်း။ ။ မင်းငါနဲ့ညားကတည်းက ကြောင်ကိုကြောက်နေတဲ့ ကြွက်စုတ် ကလေးလိုပဲ တထိတ်ထိတ်တလန့်လန့်ဖြစ်နေတယ် မဟုတ်လား၊ မင်းမဟုတ်ဘူးလား။ အမြဲတမ်းလိုပဲ ကြောက်စရာတွေစဉ်းစားပြီး စိတ်ကူးနဲ့ လန့်နေတယ်မဟုတ်လား။

သောင်းတင်။ ။ (အဓိပ္ပာယ်ပါသော လေသံမျိုးဖြင့်) အမြဲတမ်း။

ထိန်ဝင်း။ ။( ချိုသာစွာ) အမြဲတမ်းလိုလိုပဲ မင်းရဲ့ အာရုံကြောတွေ တစ်ခုခု ချို့