Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဦးနု - စာရိတ္တမဏ္ဍိုင်မိန့်ခွန်းများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

ဝန်ကြီးချုပ်ဦးနု ပန်ကြားချက်

အခုလို အခွင့်ကောင်းရတဲ့အခါမှာ ပြည်သူလူထုကြီး တစ် ရပ်လုံးကို ဒီနေရာကနေပြီး ကျွန်တော် ပန်ကြားလိုပါတယ်။ အထူးသဖြင့် တာဝန်ရှိတဲ့လူတွေကို အထူး ပန်ကြားလိုပါ တယ်။ ကျွန်တော် ခေါင်းဆောင်ပြီး စသုံးလုံး အဖွဲ့က ခုလို ခြစားမှုတွေကို အစွမ်းကုန် တိုက်ဖျက်နေတာဟာ ကျွန်တော် တို့ သွေးဆာလို့လည်း မဟုတ်ပါဘူး။ ဖမ်းဆီးရတာတွေ မှာ ပျော်လို့လည်း မဟုတ်ပါဘူး။ ဝါသနာပါလို့လည်း မဟုတ်ပါဘူး။ ဒီခြစားမှုတွေကို အချိန်မီ မဖျက်နိုင်ရင် ကျွန်တော်တို့ ပြည်ထောင်စုကြီး ရေတိမ်တွင် နစ်မယ် ဆို တာကို တထစ်ချ ယုံကြည်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ ဒီယုံကြည်ချက်အရ ကျွန်တော်တို့ အစွမ်းကုန် တိုက်ဖျက် နေခြင်း ဖြစ်ပါတယ်။

၁၉၅၆ ခု၊ စသုံးလုံး နှစ်ပတ်လည် ညီလာခံတွင် မြွက်ကြားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု မိန့်ခွန်းမှ။

နိဒါန်း

လူကောင်းမှ တိုင်းပြည်ကောင်းသည်။ လူမကောင်း လျှင် တိုင်းပြည်မကောင်းဟူသည်ကို အထူးဋီကာချဲ့ နေရန် မလို။ ထင်ထင်ရှားရှား ကွင်းကွင်းကွက်ကွက် လူတိုင်း နား လည်နိုင်သော အချက် ဖြစ်ပေသည်။

ရာဇဝင်ကိုကြည့်လျှင် ရှေးရောမပြည်ကြီး၊ ဂရိတ် ပြည်ကြီး၊ စပိန်ပြည်ကြီး စသည်တို့ ယိမ်းယိုင်ပြိုကွဲပျက်ခဲ့ရ သည်။ ယခုခေတ် မျက်မှောက်တွင်ပင် ချန်ကေရှိတ်အစိုးရ တရုတ်ပြည်ကြီး ပျက်စီးယိုင်လဲခဲ့ရသည်။ ဤသို့ ယိုင်လဲ ပြိုပျက်ခဲ့ရသည်မှာ ကိုယ်တွင်း စာရိတ္တအင်အား ခေါင်း ပါးချည့်နဲ့မှုသည်သာလျှင် အကြောင်းရင်းကြီး ဖြစ်ခဲ့သည် ကို တွေ့ရပေသည်။

အထူးအားဖြင့် စစ်ကြီးမက်ကြီး ဖြစ်ပွား၍ လူ့ အစည်းအရုံး ပျက်ပြားသည့်ခေတ်များ၌ စာရိတ္တအင်အား နည်းပါးတတ်လေသည်။ ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက်လည်း စာရိတ္တ ပျက်ပြားခဲ့ကြသည်။ ဒုတိယကမ္ဘာ စစ်ကြီး ဖြစ်ပွားပြီးနောက် ပို၍ ဆိုးလာခဲ့သည်။ ဤသို့ ပျက်ပြားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ပင် ဂယက်ရိုက်၍လာခဲ့ရာ ထိုအန္တရာယ်ကြီးကို အချိန်မီ တစ် ပြည်ထောင်လုံး ဝိုင်းဝန်းကာဆီး တားမြစ်နိုင်မှ ရှေးရောမ ပြည်ကြီး၏ အဖြစ်မျိုး၊ ယခုခေတ် ချန်ကေရှိတ်အစိုးရ တရုတ်ပြည်ကြီး၏ အဖြစ်မျိုးမှ လွတ်မြောက်နိုင်ပေမည်။

ဤအရေးကို မြင်သဖြင့် ပြည်ထောင်စု အစိုးရက ပြည်ထောင်စုအတွင်း၌ တိုက်၍စားနေသော အပုပ်အသိုး အဆွေးအမြည့် မသမာမှုများကို ဆောလျင်စွာ နှိပ်ကွပ် ဖယ်ရှားပစ်နိုင်ရန် အထူးစုံစမ်း စစ်ဆေးရေး အက်ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီးလျှင် အထူးစုံစမ်း စစ်ဆေးရေးဌာနကို ဖွဲ့စည်းလျက် ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် လူကြီးများနှင့် အရာရှိ ကြီးများအား ကျမ်းသစ္စာဆိုစေ၍ အာဏာများ အပ်နှင်းလေ သည်။

ထိုအာဏာ အပ်နှင်းသည့် အခမ်းအနား၌ နိုင်ငံ တော် ဝန်ကြီးချုပ် သခင်နုက “ကျွန်တော်တို့ ပြည်ထောင်စု ရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အင်မတန်ကို အသည်းထိတ်စရာကောင်းတဲ့ အခြေအနေမှာ ရောက်နေပါပြီ” ဟု နိုင်ငံကြီး အား သတိပေး နှိုးဆော်လိုက်လေသည်။ တရားဝန်ကြီးချုပ် အဂ္ဂမဟာသရေစည်သူ ဆာဘဦးက လာဘ်မစားနှင့်၊ မကြောက် နှင့်၊ မျက်နှာမလိုက်နှင့်၊ ဒေါသရှေ့ထား၍ မပြုလုပ်နှင့်” ဟု ကျင့်ဝတ်ဩဝါဒစကား ပြောကြားလေသည်။

လွှတ်တော် ဥက္ကဋ္ဌကြီး သတိုးသီရိ သုဓမ္မဦးမြက အဂတိလေးပါး လိုက်စားတဲ့ လူတွေဟာ လူယောင်ဆောင် နေတဲ့ လူသားစား သရဲသဘက်တွေ ဖြစ်ပါတယ်။ ဒီလူတွေ ဟာ ပြည်ထောင်စုသားများရဲ့ အသွေးအသားကို စား သောက်ဝါးမျိုနေကြတဲ့ သရဲသဘက်တွေပဲ” ဟူ၍ လည်း ကောင်း။

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဦးဝင်းက “ကတိသစ္စာ ပျက်တဲ့အခါကျရင် ဘာပဲပြောပြော ဘေးဖြစ် ပါတယ်။ ကတိသစ္စာ ပျက်သွားတဲ့အခါကျတော့ ကိုယ်တင် မကဘူး၊ တစ်တိုင်း တစ်ပြည်လုံးပါ ပျက်တတ်တာကို သတိမူသင့်ပါတယ်” ဟူ၍ လည်းကောင်း။

စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းက “မျက်နှာ ကြီးငယ် မရွေးပါနှင့်၊ ယုံလို့ ပုံအပ်တဲ့ အာဏာတွေကို အလွဲသုံးစား မလုပ်ပါနှင့်။ ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစား နဲ့ အမှားအယွင်း မရှိရအောင် ဆောင်ရွက်ပါ” ဟူ၍ လည်းကောင်း နိုင်ငံတော်ကြီး အကျိုးကို မျှော်ကိုးသော သြဝါဒ စကားများ ပြောကြားကြပေသည်။

ဤစကားများကား မျက်မှောက်တွင်လည်း အမြဲ တစေ စေ့စေ့ ဆင်ခြင် လေ့လာသုံးသပ်ရန်၊ နောင်လာ နောက်သားတို့အတွက်လည်း မတိမ်းမစောင်းသော လမ်းကောင်းကြီး တစ်ရပ် ထင်ရှားရစ်စေရန် အထူးအရေးကြီး သည့်အလျောက် အားလုံးကို စုပေါင်း၍ စာတစ်အုပ် ပြု လုပ်ထုတ်