Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဦးနု - ကျေးဇူးရှင်

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

နိဒါန်း

ကျွန်တော်ငယ်စဉ်က ကျွန်တော့်ဖခင်ဟာ ကျွန်တော့်ကို အတော် ချစ်တယ်၊ တော်တော်လည်း အလိုလိုက်တယ်။ ဒီလိုချစ်တာ အလို လိုက်တာတွေကို အခွင့်ကောင်းယူပြီး အလိုလိုက် အမိုက်စော်ကား ဆိုတဲ့စကားအတိုင်း ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဖခင်ကို အတော် စော်ကားခဲ့ဖူးတယ်။ ဖခင်ကို ကျွန်တော်ခံပြောတယ်၊ ခံအော်တယ်။ ဖခင်က မလုပ်နဲ့ဆိုတာကိုမှ ဇွတ်တရွတ်လုပ်တယ်။ လူသူစိမ်းတွေရှေ့ မှာ ဖခင်ကိုခံပြီးပြောရဲရင် ဟုတ်လှပြီလို့ထင်ပြီး လူသူစိမ်းတွေရှေ့ မှာမှ ဖခင်ကိုအကြိမ်ပေါင်းများစွာ ခံပြောခဲ့ဖူးတယ်။ ခံအော်ခဲ့ဖူးတယ်။ ဖခင်ကြီးဟာ သားကိုချစ်တဲ့အရှိန်နဲ့ ဒီလိုအကြိမ်ကြိမ် စော်ကားတာ တွေကို ဗွေမယူဘူး၊ သည်းခံခဲ့တယ်။ အတော်ကလေး လူလားမြောက်လာတဲ့အခါမှ အမိအဘရဲ့ ဂုဏ်ကျေးဇူးဟာ အတိုင်းမသိ ကြီးမားတယ်ဆိုတာကို ကျွန်တော်သဘော ပေါက်တယ်။ ဒီလိုသဘောပေါက်တဲ့အချိန်မှာ ငယ်ငယ်က ဖခင်ကြီး အား စော်ကားမိခဲ့တာတွေကိုတွေးမိပြီး အပြစ်ကြောက်တဲ့စိတ်တွေနဲ့ ကျွန်တော်အင်မတန် တုန်လှုပ်သွားတယ်။ ဒီအပြစ်တွေက ခွင့်လွှတ်ဖို့ ဖခင်ကြီး အနိစ္စမရောက်ခင်က ဖခင်ကြီးအား ကျွန်တော်အကြိမ်ကြိမ် ခြေတော်ဦးခိုက်ကန်တော့ပြီး တောင်းပန်လိုက်ရတဲ့အတွက် ကျွန်တော့် စိတ်ထဲမှာ အတော်သက်သာရာ ရသွားတယ်။ ဖခင်ကြီးအနိစ္စရောက် ပြီးမှသာ သံဝေဂရမယ်ဆိုရင် ကျွန်တော့်အတွက် အင်မတန်ခက်မယ်။

အမိအဖတို့ရဲ့ ဂုဏ်ကျေးဇူးဟာ ဘယ်လောက်ကြီးတယ်ဆိုတာ မသိတဲ့အတွက် ကျွန်တော်ငယ်ငယ်တုန်းက ဖခင်ကြီးကို စော်ကားခဲ့ဖူး သလိုပဲ မိမိတို့ရဲ့ အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်းကောင်း၊ အမိအဖနှစ်ဦးစလုံးကိုသော်လည်းကောင်း စော်ကားနေတဲ့ လူငယ်တွေ အတော်များများရှိကြပါလိမ့်မယ်။

အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း စော်ကားနေကြတဲ့ သားသမီးတွေထဲက အနည်းဆုံးတစ်ယောက်တည်းဖြစ်ဖြစ် ဒီဝတ္ထုကို ဖတ်ပြီး သူစော်ကားနေတဲ့ အမိအဖတွေအပေါ်မှာ ရိုသေကိုင်းရှိုင်းတဲ့ စိတ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဒီဝတ္ထုကို ကျွန်တော်ရေးရကျိုးနပ် ပါပြီ။ ။

ဒီဝတ္ထုရဲ့ ပထမခန်းမှာ ဖော်ပြထားတဲ့ အဖြစ်အပျက်ဟာ တကယ့် အဖြစ်အပျက်တစ်ခုအပေါ်မှာ မှီပြီးဖော်ပြထားတာဖြစ်တယ်။

အနှစ် ၃၀ ကျော်လောက်က ကျွန်တော်မြို့တစ်မြို့ကို ရောက်သွား တယ်။ အဲဒီမှာ မိတ်ဆွေကြီးတစ်ဦးနဲ့ စကားပြောနေရင်း မိဘကိုစော် ကားရင် ချက်ချင်းဘေးတွေ့တတ်တဲ့အကြောင်းကို ရောက်သွားတယ်။ အဲဒါနဲ့ သူတို့မြို့ကို အညာကပြောင်းပြေးလာကြတဲ့ သူနဲ့ ဆွေရိပ်မျိုးရိပ်မကင်းထဲက သားအမိသုံးဦးအကြောင်းကို သူကပြောပြတယ်။

သားအကြီးဟာ သိပ်ဆိုးတယ်။ အမေမုဆိုးမကြီးမုန့်လယ်ရောင်း လို့ ရတဲ့ပိုက်ဆံကို ခဏခဏလုပြီး ဖဲရိုက်၊ အရက်သောက်ပစ်တယ်။ တစ်နေ့မှာ ဒီလိုပိုက်ဆံလုရာက သံတုတ်နဲ့ရိုက်လိုက်တာ အမေလက် ကျိုးသွားတယ်။ ညီလည်း အနားမှာရှိတယ်။ ဒါပေမဲ့ အစ်ကိုကြီးကိုကြောက်ပြီး ဘာမှပြန်မပြောရဲဘူး။ ညသန်းခေါင်လောက်ကျတော့ အစ်ကိုကြီးအိပ်နေတုန်း အမေကိုရိုက်တဲ့သံတုတ်နဲ့အစ်ကိုကြီးရဲ့ ခေါင်း ကို ညီကတအားရိုက်တယ်။ အစ်ကိုကြီးက ကုန်းအထ ခေါင်းရင်းက ထရံမှာထိုးထားတဲ့ ထန်းလှီးဓားနဲ့ညီက အစ်ကိုကြီးရဲ့ လည်ကိုလှီး တယ်။ နောက်ပြီးတော့ အစ်ကိုကြီးရဲ့ ကိုယ်ကို အပိုင်းပိုင်းဖြတ်၊ ဂုန်နီ အိတ်တွေထဲခဲတွေနဲ့ထည့်ပြီး မြစ်လယ်ကောင်မှာ သွားမြှုပ်ပစ်တယ်။ နောက်ပြီးတော့မှ သားအမိနှစ်ယောက် ခုနကပြောတဲ့ ကျွန်တော့်မိတ် ဆွေကြီးဆီကို ထွက်ပြေးလာခဲ့ကြတယ်။

နောက်ပြီးတော့လည်း အနှစ်ငါးဆယ်ကျော်လောက်က ဝါးခယ်မက ပုဂ္ဂိုလ်တစ်ဦးဟာ စိန်လယ်ဂျာထီကို ဒုတိယပေါက်ဖူးတယ်။ ဒုတိယ ပေါက်ပုံကလည်း အတော်ထူးဆန်းတယ်။ ဟိုတုန်းက စိန်လယ်ဂျာ ထီဖွင့်ပုံက အခုသိန်းထီဖွင့်ပုံမျိုး မဟုတ်ဘူး။ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေကစပြီး ဆုပေါင်းအားလုံး ၁၅ ဆု ရှိတယ်ဆိုရင် ပေါက်ဂဏန်း ၁၅ ခုကို ရှေးဦးစွာမဲချပြီး ဆွဲထုတ်လိုက်တယ်။ အဲဒီပေါက်ဂဏန်းရတော့မှ စိန်လယ်ဂျာဖလားပွဲမှာ ပြေးမယ့်မြင်း ၁၅ ကောင်ကို ဒီနံပါတ် တွေမဲချပြီး ပေးလိုက်တယ်။ ဒီဖလားပွဲမှာ ပထမရဖို့ သေချာတဲ့မြင်း ကို စီးရမယ့်ဂျော်ကီက သူ့မြင်းကိုကျတဲ့ဂဏန်းရဲ့ ထီလက်မှတ်ပိုင်ရှင် ကို သွားပြီးပထမရရင် သူ့ကိုတစ်ဝက်ပေးဖို့ပြောတယ်။ ပထမဆုဟာ တစ်သိန်းလောက်ရှိလိမ့်မယ်။ အဲဒီတော့ထီလက်မှတ်ပိုင်ရှင်က မပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဲဒါနဲ့ မြင်းပွဲကျတော့ ဂျော်ကီဟာမြင်း ကို ကောင်းကောင်းမစီးဘူး၊ ကိုးရိုးကားရားလုပ်တာပါပဲ။ အဲဒီမြင်းဟာ လမ်းတစ်ဝက်ကျတော့ မပြေးဘဲ ပတတ်ရပ်လိုက်တယ်။ သူ့နောက်က ကပ်လိုက်လာတဲ့မြင်းတွေလည်း လန့်ပြီးအရှိန်ပျက်ကုန်ကြတယ်။ အဲဒီတော့မှ နောက်ဆုံးကလိုက်လာတဲ့မြင်းနှစ်ကောင်ထဲက တစ်ကောင်က ပထမရသွားတယ်။ နောက်တစ်ကောင်က ဒုတိယရပြီး ဝါးခယ်မက ပုဂ္ဂိုလ်ဟာ စိန်လယ်ဂျာဆီမှာ မမျှော်လင့်ဘဲ ဒုတိယဆုပေါက်သွားတာ ပါပဲ။ ကံအကျိုးပေးပုံက အတော်ထူးဆန်းတယ်။ အဲဒီအဖြစ်အပျက် ကလေးကိုလည်း ပထမအခန်းမှာ ဆီလျော်အောင်ထည့်ထားလိုက် တယ်။

ကျွန်တော်သည် အချိန်ရသည်နှင့်

(၁) ကာမတဏှာ

(၂) ငရဲဆိုချိုနဲ့လားကျုံ့

(၃) ကျေးဇူးရှင်

ဆိုတဲ့ဝတ္ထုသုံးပုဒ်ကို ယခုဖော်ပြထားတဲ့အစီအစဉ်အတိုင်း ရေးပြီး ခဲ့တယ်။ ဝတ္ထုများကို ရေးတဲ့နေရာမှာ မိသားစုအား ပုံပြောသလို ရေး သားခဲ့ပါတယ်။

မောင်နု ၁၃၂၆-ခု၊ နယုန်လဆန်း ၁၃ရက်

(၂၃-၅-၆၄)