Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဦးနု - ကမ္ဘာကျော်ရှိတ်စပီးယားပြဇာတ်များ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

ဗင်းနစ်မြို့ကုန်သည်ကြီး

နိဒါန်း

ကမ္ဘာ့ပြဇာတ်သမိုင်းစဉ်ကို အခန်းခွဲ၍ အမည်နာမ ပိုင်းခြားပေး မည်ဆိုပါက ရှိတ်စပီးယား ပေါ်ထွက်ရေးသားခဲ့သော ပြဇာတ်ခေတ်ကို “သစ်ဆန်းယဉ်” ပြဇာတ်ခေတ်ဟု ပေးရပေမည်။ သစ်ဆန်းယဉ်ဆိုသည်ကား ရှိပြီး ဝတ္ထုပုံပြင်၊ ရှိပြီး အတွေးအခေါ်၊ ရှိပြီး အနုစာပေ သက်ဝင်ရာ တို့ကို အတွေးသစ်၊ အမြင်ဆန်း၊ အရေးယဉ်တို့ဖြင့် ထပ်လောင်းမွမ်းမံ၍ တစ်ဖုံနွှဲကာ (တွေးတောထင်မြင်ရေး) စီစဉ်သမျှကို သစ်ဆန်းယဉ်ဟု ခေါ်စမှတ်ပြုသင့်ပေသည်။ ရှိတ်စပီးယား၏ ပြဇာတ်ခေတ်ကို သစ်ဆန်း ယဉ် ပြဇာတ်ခေတ်ဟု အမည်ပေးရခြင်းမှာ ရှေးအချစ်ဝတ္ထုတို့ကို ရာဇဝင် ကြောင်းနှော၍ ပြဇာတ်အသွင်ဖော်လိုက်ခြင်းကြောင့် ဖြစ်ပေသည်။

ရက်ကန်းရက်သူသည် တခြားတစ်ပါးသူက ပြုပြင်စီမံပြီးနှင့်သော ပိုးချောဖြင့် လှပဆန်းကြယ်သည့် အထည်များကို ရက်ဘိသကဲ့သို့ရှိတ်စပီးယားသည် အခြားတစ်ပါးသူတို့ ရေးသားထားခဲ့သော ဝတ္ထုများ ကို လှပဆန်းကြယ်သည့် ပြဇာတ်အသွင်သို့ ဖော်ထားပေသည်။ ဗင်းနစ် မြို့ကုန်သည်ကြီး ပြဇာတ်မှာ ရှိပြီးဝတ္ထုနှစ်ပုဒ်ကို စုပေါင်းရောစွက်ကာ ဇာတ်ကွက်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ ဗင်းနစ်မြို့ကုန်သည်ကြီး ပြဇာတ်ထဲတွင်ပါဝင်သော အသားတစ်ပေါင်ကို အပေါင်ပစ္စည်းအဖြစ် လက်ခံငွေချေးသူ ဂျူးလူမျိုး ရှိုင်းလော့မှာ ဝတ္ထုတစ်ပုဒ်ဖြစ်၍ အမွေခံ မိန်းကလေးနှင့် ကြုတ်သုံးကြုတ်မှာ ဝတ္ထုတစ်ပုဒ်သတ်သတ် ဖြစ်ပေ သည်။ ဤဝတ္ထုနှစ်ပုဒ်လုံးမှာ ရှေးပဝေသဏီ နှောင်းကျောက်ခေတ်အဆုံး၊ ခေတ်လယ်အစလောက်ကပင် ပေါ်ပေါက်ပြီးဖြစ်၏။ ဗင်းနစ်မြို့ကုန် သည်ကြီးလာ အသားပေါင်သော ဇာတ်လမ်းမျိုးကို အီတလီပြည်၊ ဖလော ရင့်မြို့သား “ဆာဂျီအိုဗန်နီရေး အဲပီကိုရိုနီ (၁၃၇၈) ဝတ္ထုတွင် ပါဝင်ပြီး ဖြစ်လေပြီ။ သို့သော် ထိုဝတ္ထုတွင် သမီးခိုးခံရခန်း မပါဝင်ချေ။ ငွေချေးစား သူ၏သမီး ခိုးခံရသော အခြားငွေချေးစားသူဝတ္ထုမှာ အန်တိုနီမွန်ဒေး ရေး ဇီလောင်တို (၁၅၈ဝ) ဝတ္ထုတွင် ပါဝင်ပေသည်။

ကြုတ်သုံးကြုတ် ဇာတ်လမ်းမှာလည်း ရစ်ချတ်ရော်ဘင်ဆင် ရေးသော “ဂျက်စတာ ရိုမာနိုရလော ခြောက်ဆယ့်ခြောက်ခုမြောက်ဝတ္ထု နှင့် တူလှပေ၏။ ထို့ပြင် ဤဝတ္ထုနှစ်ခုကို ရှိတ်စပီးယားကိုယ်တိုင် ရော စွက်ကာ ပြဇာတ်ဆင်သည်ဟုပြောရန် ခက်ပေသေးသည်။ စတက်ဖင် ဂေါ်ဆန်၏ ၁၅၇၉ ခုနှစ်ရေး စာတမ်းတစ်စောင်တွင် “ဂျူးခေါ် ပြဇာတ် တစ်စောင်ရှိပြီးကြောင်း ပါရှိပြန်ရာ ထိုဂျူးပြဇာတ်မှာ ဗင်းနစ်မြို့ ကုန်သည် ကြီး ဇာတ်ကွက်နှင့် တူလှပေသည်။ အချို့ကလည်း ရှိတ်စပီးယားသည် ခရစ်စတိုဖာမာလိုရေး မော်လတာကျွန်းက ဂျူးလူမျိုး ဆိုသောပြဇာတ်မှ အတုယူသည်ဟု ဆိုကြသည်။ အချို့ကလည်း အန်တိုနီမွန်ဒေး၏ ဇီလောင်တိုဝတ္ထုသည်ပင် ပြင်သစ်လူမျိုး အယ်လီဇန်ဒါ ဆီလဗင်ရေးအီပီတုံးဒီဆင့် ဟစ်စတိုရီတရယ်ဂျစ်တွင် ပါဝင်ပြီးဖြစ်သည်။ အချို့ ကလည်း ဂျာနူတပ်ဂျူးလူမျိုးခေါ် သီချင်းတစ်ပုဒ် ကမ္ဘာအစကရှိနေပြီ စသည်အားဖြင့် ဗင်းနစ်မြို့ ကုန်သည်ကြီး၏ အစမူလကို ကြက်ဥအစ လိုက်ရှာသကဲ့သို့ ရှာခဲ့ကြ၏။

သို့သော် စာဖတ်သူတို့အတွက် အရေးကြီးသည်ကား ဗင်းနစ်မြို့ ကုန်သည်ကြီး ဇာတ်လမ်းစမဟုတ်၊ ဗင်းနစ်မြို့ကုန်သည်ကြီး၏ အရသာ ဩဇ ဖြစ်ပေသည်။

ဗင်းနစ်မြို့ကုန်သည်ကြီးတွင် ရှိတ်စပီးယား ဖော်ပြလိုသော အာဘော် မှာ ဝိပါကတရား ဖြစ်ပေသည်။ ဝိပါကတရားဆိုသည်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံ၏အကျိုး ဖြစ်ပေသည်။ ကုသိုလ်ကံ၊ အကုသိုလ်ကံဆို သည်မှာလည်း ရှေးကလုပ်ခဲ့သော အလုပ်ကောင်း၊ ယခုလုပ်နေသော အလုပ်ကောင်းနှင့် ရှေးကလုပ်ခဲ့သော အလုပ်ဆိုး၊ ယခုလုပ်နေသော အလုပ်ဆိုး ဖြစ်ပေသည်။ အလုပ်အကောင်းအဆိုး ဆိုသည်ကိုလည်း နဂိုမူလက အကောင်းသဘော ဖြစ်စေကာမူ အလွန်အကျွံလုပ်လျှင် အဆိုး သို့ သက်ဝင်သွားသည်။ တစ်နည်းအားဖြင့် ဖော်ပြရလျှင် မဇ္ဈိမပဋိပဒါ မဟုတ်မူဘဲ အလွန်အကျွံလုပ်ပါက လုပ်မိသည်နှင့်အမျှ ဆိုးကျိုးခံရမည်(သို့မဟုတ်) ဝိပါကတရား လိုက်လာမည်ဟု ရှိတ်စပီးယားက ဆိုလို ပေသည်။

ဥပမာအားဖြင့် ကုန်ကူးသန်းရောင်းဝယ်ရာတွင် ပစ္စည်းတစ်ခုကို အမြတ်များများလိုချင်၍ ဈေးတင်လှလျှင် ဝယ်သူမရှိတော့သဖြင့် အရှုံးနှင့် ကြုံရသည့်ပမာ၊ ရာထူးဌာနန္တရ တိုးတက်လိုသူတစ်ယောက်သည် တိုး တက်ချင်ဇောဖြင့် နေ့မအားညမအား အထက်လူကြီးထံသွား၊ ဣရိယာ ပုတ် မမျှမတ အလုပ်ကြိုးပမ်းလုပ်လျှင် အထက်လူကြီးနှင့် အများ၏ အငြိ အငြင်ကိုခံရပြီး လူလည်း နာမကျန်းဖြစ်ကာ အလုပ်မှ ဖဲခွာရသည့်ပမာ အကောင်းလွန်သော အဆိုးကို (သို့မဟုတ်) မဇ္ဈိမပဋိပဒါမကျသော အဆိုးကို ဗင်းနစ်မြို့ ကုန်သည်ကြီးတွင် ဖော်ပြထားပေသည်။

အန်တိုနီယိုသည် မိမိ၏ကုန်လုပ်ငန်းအပေါ်တွင် စိတ်အချရလွန် သောကြောင့် ရုံးတင်တရားစွဲဆိုခြင်းခံရသည့် ဝိပါက် လိုက်လာတော့သည်။ အန်တိုနီယိုသည် ပစ္စည်းဥစ္စာ ကြွယ်ဝသည်ထက် ကြွယ်ဝစေရန် အရပ် ရပ်သို့ ကုန်သင်္ဘောများ လွှတ်ထားရာ ထိုကုန်သင်္ဘောများ ပျက်စီးသွားသောအခါ မိမိအသားတစ်ပေါင်ကို အပေါင်ထားပြီးယူသော ငွေကိုပင် မဆပ်နိုင်တော့ဘဲ ရုံးတွင် မြီရှင်ရှိုင်းလော့က တရားစွဲဆိုခြင်း ခံရလေ သည်။ ဤကား မိမိအလုပ်ပေါ်တွင် စိတ်ချလွန်မှု၊ ချမ်းသာကြွယ်ဝလို သော ဆန္ဒလွန်မှုတို့ကြောင့် ဝိပါက်လိုက်ခြင်း ဖြစ်ပေသည်။

ဂျူးလူမျိုး မြီရှင်ရှိုင်းလော့သည်လည်း စာချုပ်အတိုင်း ဖြစ်စေချင် လွန်း၊ ဥပဒေအတိုင်း ပြုလုပ်စေချင်လွန်းသည့်အတွက် စာချုပ်ကပင် ဒုက္ခပြန်ပေးတော့သည်။ ဥပဒေကပင် ဒုက္ခပြန်ပေးတော့သည်။ စာချုပ်ပါ ငွေ၏နှစ်ဆကို ပေးပို့မည်ဟု သူ့အားနားချသော်လည်း ရှိုင်းလော့သည် ထိုငွေကိုမယူ၊ စာချုပ်ပါအတိုင်း အသားတစ်ပေါင်သာ လှီးယူလိုသည်ဟု ဆိုလေသည်။ ထို့ကြောင့် စာချုပ်ပါအတိုင်း အသားတစ်ပေါင်ကို လှီးယူ၊သွေးမထွက်စေနှင့်၊ ပိုလည်းမပိုပါစေနှင့်ဟု အန်တိုနီယိုဘက်မှ ရှေ့နေ ကလေးက ပြောသောအခါ ရှိုင်းလော့ အခက်တွေ့ ရလေတော့သည်။ သို့အခက်အခဲနှင့် ရင်ဆိုင်နေတော့သဖြင့် ငွေကိုသာ ယူပါတော့မည် ဆိုသောအခါ ဝိုင်းဝန်းနားချစဉ်က ငွေကိုလက်မခံခဲ့သည့် လွန်ကျွံစွာပြော ဆိုမှုကြောင့် မရတော့သည်သာမက လူတစ်ဦးတစ်ယောက်အား သေစေ လိုမှုဖြင့် တရားတင်ခြင်း ခံရပြန်ရာ မိမိပစ္စည်းဥစ္စာများ အသိမ်းခံရတော့ သည်။ ဤကား စာချုပ်စာချုပ်ဟု စာချုပ်ကို အားကိုးလွန်သော ဝိပါက် ခံရခြင်းဖြစ်တော့သည်။

ရွှေကြုတ်၊ ငွေကြုတ်၊ ခဲကြုတ်ဟူသော ကြုတ်သုံးကြုတ်ပြဿနာ ကို ရှိတ်စပီးယား တင်သွင်းထားခြင်းမှာ လူတို့၏စရိုက်နှင့် အယူအဆကို သိကြစေရန် ဖြစ်ပေသည်။ လူတို့တွင် ဆုံးဖြတ်ချက်ချမှတ်နည်း သုံးမျိုး ရှိ၏။ ပထမအမျိုးမှာ ထီထိုးသကဲ့သို့ မှန်ချင်မှန်၊ မမှန်ချင်နေဆိုသော ကံထိုက်ဆုံးဖြတ်ခြင်းမျိုး ဖြစ်၏။ ဒုတိယမျိုးမှာကား ကံထိုက်မဟုတ်၊အနုလောမ ပဋိလောမ အပြန်အလှန် သုံးသပ်ဆင်ခြင် ဆုံးဖြတ်ခြင်းမျိုး = ဖြစ်၏။ ဤဆုံးဖြတ်ချက်မျိုးမှ အကြောင်းနှင့်အကျိုး ပြေပြစ်စွာ ဆက်စပ်တွေးတောပြီး ဆုံးဖြတ်ခြင်းမျိုး ဖြစ်၏။ အကြောင်းနှင့်အကျိုး ပြေပြစ်စွာ ဆက်စပ်၍တွေးတောနိုင်ရန် လောဘ၊ ဒေါသ၊ မောဟတရားများကို မိမိအဇ္ဈတ္တသဏ္ဌာန်မှ ဖယ်ထုတ်ထားနိုင်မှ ဖြစ်ပေမည်။ လောဘ၊ ဒေါသ၊ မောဟ တရားသုံးပါးနှင့် ဆင်ခြင်တုံတရားမှာ ဓမ္မာသောကဖြစ်သဖြင့် အတူယှဉ်တွဲ၍မရပေ။ ထို့နောက် မိမိကိုယ်တွင် အစွဲအလမ်းရှိသလောဟု ဆန်းစစ်ကြည့်ရန် လိုပြန်သည်။ အစွဲအလမ်းဆိုသည်မှာ ရေအောက်ငါး ပမာ မြင်နိုင်သိနိုင်ခဲ၏။ အချို့ အစွဲအလမ်းမှာ ရိုးရာအစွဲအလမ်းဖြစ်သဖြင့် အစွဲအလမ်းဟု မမြင်နိုင်။ ထုံးစံဟု ထင်နေတတ်၏။ ထို့ပြင် မှ ပတ်ဝန်းကျင် စဉ်းစားထောက်ထားစရာ သက်သေခံတို့ကို ရှာဖွေရပြန်၏။

ဤသို့ မိမိ၌ လောဘ၊ ဒေါသလည်းမရှိ၊ အစွဲအလမ်း ဟူဟူသမျှလည်း ကင်းစင်၊ သက်သေခံ အထောက်အထားကလည်း စုံလင်မှသာ အဖြစ် ဘက်ကတစ်မျိုး၊ အပျက်ဘက်ကတစ်သွယ်၊ အကျိုးဘက်ကတစ်နည်း၊ အဆိုးဘက်ကတစ်ဖုံ ချိန်ခွင်တွင် တင်စက်သည့်ပမာ စက်ကြည့်ရ၏။ အကျိုးနှင့်အဆိုးကို ခွဲခြားပြတ်သားစွာ မသိရသေးသမျှ၊ စိတ်ချီတုံချတုံ ဖြစ်နေသမျှ ဆုံးဖြတ်ချက်ချ၍မဖြစ်။ တစ်ဖက်ဖက်က ပြတ်ပြတ်သား သား ထင်ရှားနေမှသာ ဆုံးဖြတ်ချက် ချမှတ်နိုင်ပေ၏။ သို့တစေ ဤသို့ တွေးတောဆင်ခြင်၍ ဆုံးဖြတ်ချက်ချစေဦး၊ ဤနည်းမျိုးတွင် ကျင့်သား ရနေသူမှသာ မှန်နိုင်ဖွယ်ရာနှင့် နီးနိုင်ပေ၏။ အဘယ်ကြောင့်ဟူမူ လူသား သည် အမှားမကင်းသောကြောင့် ဖြစ်၏။ ဤဒုတိယနည်းမှာ သိမ်မွေ့ လွန်းရကား လူသာမန်တို့လိုက်နာရန် ခဲယဉ်း၏။ ထို့ကြောင့် ကံထိုက် နည်းနှင့် အနုလောမ ပဋိလောမ နည်းနှစ်နည်းကို ပေါင်းစပ်သော သွင်ပြင် လက္ခဏာကို ကြည့်ဆုံးဖြတ်သည့်နည်းကို လိုက်နာကြကုန်၏။

ဆုံးဖြတ်ရမည့် ပြဿနာတစ်ရပ်သည် တန်ဖိုးရှိလှ၏။ သို့သော် စဉ်းစားချိန်ဆစရာ အချက်အလက် သက်သေသက်ခံက နည်းနေ၏။ ထိုပြဿနာမျိုးတွင် သွင်ပြင်လက္ခဏာကို ကြည့်ဆုံးဖြတ်သောနည်းမှာ အကောင်းဆုံးနည်း ဖြစ်ပေ၏။

ဗင်းနစ်မြို့ကုန်သည်ကြီးတွင် ပိုများမှာ အချောဆုံး၊ အလိမ္မာဆုံး၊ အဌေးဆုံး ရတနာတုံးကလေး ဖြစ်ပေသည်။ ကြုတ်သုံးကြုတ်အနက် ကြုတ်မှန်ကြုတ်စစ်ကို ရွေးမိသူသည် ဤရတနာတုံးကလေးကို ရစေမည်။ မရွေးချယ်မိပါက တစ်သက်လုံး မိန်းမမယူရတော့ချေ။ ထို့ကြောင့် ကြုတ် ပြဿနာမှာ ယောက်ျားတို့၏ကံကြမ္မာကို ကောင်းစေ၊ ဆိုးစေမည့်ပြဿနာ ဖြစ်ပေသည်။ ယောက်ျားတို့နှင့် ပတ်သက်၍ အရေးအကြီးဆုံးပြဿနာ ဖြစ်ပေသည်။ အဖိုးအတန်ဆုံးလည်း ဖြစ်တော့သည်။ သို့သော် ပြဿနာကို ဆုံးဖြတ်နိုင်ရန် အထောက်အထား၊ သက်သေသက်ကန်တို့ကို ရှာ ကြည့်ပါက ရွှေကြုတ်၊ ငွေကြုတ်၊ ခဲကြုတ် အသီးသီးပေါ်က

ငါ့ကိုရွေးသူ၊ လူတို့လိုသမျှ အကုန်ရ။

ငါ့ကိုရွေးမူ၊ ယူထိုက်သမျှ အကုန်ရ။

ငါ့ကိုရွေးချူ၊ ဖြူ။

ဟူသော ကမ္ပည်းများသာ တွေ့ပေသည်။

ဤသုံးကြောင်းသော ကမ္ပည်းစာဖြင့် အဘယ်မှာလျှင် အနုလောမ ပဋိလောမ အပြန်အလှန် သုံးသပ်နိုင်မည်နည်း။ မသုံးသပ်နိုင်တော့ချေ။ မသုံးသပ်ဘဲလည်း မနေနိုင်၊ အမှန်ကို ရွေးမိရန်ကိစ္စမှာ အလွန်အရေးကြီးပေသည်။ ထို့ကြောင့် သုံးလည်း သုံးသပ်ဆင်ခြင်၊ ကံလည်း ကံထိုက်ဟု = သွင်ပြင်လက္ခဏာကို ကြည့်ဆုံးဖြတ်နည်းဖြင့် ဆုံးဖြတ်ရတော့သည်။

ပထမ ရွေးချယ်ရန်လာသူမှာ မင်းသားတစ်ပါးဖြစ်ရာ သူ့လက္ခဏာ း ကား လောကတွင် သူနှင့်တန်းတူသူမရှိဟူသော လက္ခဏာ၊ သူ့ကိုယ်သူ မိုးကျရွှေကိုယ်ဟု ယုံကြည်နေသော လက္ခဏာရှိပေသည်။ ထို့ကြောင့် ခဲဆိုသည့်အရာဝတ္ထုကို သူရွံရှာသည်။ ထို့ပြင် ကြုတ်ရွေးချယ်ရန် ရောက် ခဲ့ခြင်းမှာလည်း ပိုရှားကို မေတ္တာစစ်ဖြင့်ချစ်လှ၍ မဟုတ်ပေ။ လူတို့လို သမျှ အကုန်ရဆိုသည်ကို ချစ်၍ ရောက်ခဲ့ခြင်းဖြစ်ပေသည်။ ဤလက္ခဏာ၊ ဤညာဉ်ဖြင့် သူသည် “ဓာတ်တူနာမ်တူ ဆေးဘက်ယူ” ဟူသော စကား ပမာ ရွှေကြုတ်ကို ရွေးလိုက်လေသည်။ အဖိုးအတန်ဆုံး ရတနာကို ( ဂုဏ်မာနကြောင့် လွဲပေပြီ။

ဒုတိယလူမှာ `အာရဂွန်ဖြစ်၏။ သူ့တွင် မဟာသွေးမဟာမွေး မပါသော်ငြားလည်း သာမန်အရပ်သားထက် သူ့အဆင့်အတန်းက သာ