Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးကျော်တင့် - ပဲရစ်အရေးတော်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အခန်း - ၁

ပြင်သစ်အင်ပါယာကြီး ကျဆုံးခြင်း

အလုပ်သမားများသည် တစ်ဖွဲ့တည်းနှင့် မည်မျှပင် ထကြွဆူပူ လှုပ်ရှားခြင်း ပြုလုပ်သော်လည်း လွတ်လပ်ခွင့်ရနိုင်မည် မဟုတ်ချေ။ တိုင်းပြည်တွင် အသီးသီး ဂိုဏ်းဂဏ ကွဲပြားနေသော အလယ်တန်းစားကုန်သည်ပွဲစား စသော လူစုများပါ ပူးပေါင်းဆောင်ရွက်မှသာလျှင် နိုင်ငံရေးအာဏာကို လက်တွင်းသို့ ရောက်ရှိနိုင်ပေမည်။ သို့မှ တိုင်းပြည် ကို တိုင်းသူပြည်သားများ၏ အလိုဆန္ဒအတိုင်း ပြုပြင်ပြောင်းလဲနိုင်လေ သည်။ ထိုအခါ၌ အလုပ်သမားနှင့် အလုပ်ရှင်တို့ မသင့်မတင့် ဖြစ်ကြ လျှင် အလုပ်သမားများ တောင်းဆိုသည့် အချက်များကို အလုပ်ရှင်တို့က မဆိုင်းမတွဘဲ လိုက်လျောရချေမည်။

ခရစ်နှစ် ၁၈၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အလွန် ထင်ရှားကျော်စောသော ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး နပိုလျံသည် ပြင်သစ် ဒုတိယအင်ပါယာ နိုင်ငံတော်ကြီးကို ခမ်းနားကြီးကျယ်စွာ၊ သိမ်းပိုက် စိုးစံတော်မူလေသည်။ သို့စိုးစံတော်မူစဉ်တွင် အများပြည်သူတို့နှင့် ဆိုင်သော ဘုရားရှိခိုးကျောင်း၊ ဆေးရုံ၊ လူအိုရုံ စသည် အဆောက်အအုံများကို ၎င်းသည် ရက်ရောစွာ ဆောက်လုပ်လှူဒါန်းခဲ့၏။ ဤကဲ့သို့ ၁၇ နှစ်တိုင်တိုင် စိုးမိုးအုပ်ချုပ်ပြီးသည့်နောက် ဘုရင်မင်းမြတ်အပေါ်၌ အထူးထူးအထွေထွေသော တာဝန်ဝတ္တရားများ၊ တစ်နေ့တခြား ကြီးလေး လာလေသည်။ ၎င်းဘုရင်မင်းမြတ်သည် ရှေးအခါက ဆင်းရဲသားဝါဒ အတိုင်း၊ ခေါင်းဆောင်အဖြစ်ဖြင့် လုပ်ကိုင်လာသောကြောင့် အထွတ် အထိပ်သို့ ရောက်ရခြင်းကို မျက်ဝါးထင်ထင် သိမြင်လာခဲ့ရာ ၎င်းဆင်းရဲ သားဝါဒကို တစ်ဖန် အသစ်ပြန်လည် ဖြန့်ဖြူးရန် မလုပ်မနေနိုင်အောင် ရှိလေ၏။ ပဲရစ်မြို့တော်၌လည်း လွန်ခဲ့သော ၁၇ နှစ်အတွင်းက မတွေ့ မကြုံဖူးသော နိုင်ငံရေး ဆူပူလှုပ်ရှားခြင်းတို့သည် ၁၈၆၈ ခုနှစ် နွေရာသီ ကုန်ခါနီးတွင် ဖြစ်ပေါ်လာလေသည်။

လက်ရှိ အစိုးရအုပ်ချုပ်ခြင်းကို မနှစ်သက်၊ မလိုလားသဖြင့် ပြောင်းလဲခြင်း၊ ပုန်ကန်ခြင်းတို့ကို အလိုရှိသော နိုင်ငံရေးခေါင်းဆောင်တို့ သည် မိမိတို့၏ နောက်လိုက်ငယ်သားများနှင့် တွေ့ဆုံစိုင်းပြင်း နှီးနှော ကြလေ၏ ။ အတိုက်အခံ ဂိုဏ်းသားများလည်း ဘလင်ကီဆိုသူ နိုင်ငံရေး၊ အကျဉ်းသမားထံ ထောင်အတွင်းသို့ သွားရောက် တွေ့ဆုံနှီးနှောပြီးလျှင် လျှို့ဝှက်သောအသင်းကို တည်ထောင်ကြ၏။ ဘလင်ကီသည် ရုပ်ဖျက်၍ထောင်မှ ထွက်ပြေးတိမ်းရှောင်သွားပြီးလျှင် နိုင်ငံရေးတစ်စင် ထောင်လေ သည်။ အသက်မှာ ၆၅ နှစ် ဖြစ်၏။ အကျဉ်းခံရသည့် နှစ်နှင့် တိုင်းပြည်မှ နှင်ထုတ်ခံရသည့် နှစ်များမှာ ၂၈ နှစ်လောက် ရှိလေသည်။ ၎င်းသည် သူပုန်ခေါင်းဆောင်အစစ် ဖြစ်သော်လည်း ဘုံဝါဒသမား မဟုတ်ချေ။ နောက်လိုက်ငယ်သား တပည့်ပေါင်းမှာ ၃၀၀၀ လောက် ရှိချေသည်။ အတိုက်အခံ ဂိုဏ်းသားတို့၏ ခေါင်းဆောင်ကြီးများမှာလည်း ရော့ဖို၊ ပရောက်ဒန်၊ ကားလ်မတ်တို့ ဖြစ်လေသည်။ ၎င်းတို့၏ဝါဒသည် ဘလင်ကီ၏ ဝါဒနှင့် ကွဲပြားခြားနားသော်လည်း ရည်ရွယ်ချက်မှာ တူကြ လေသည်။

၁၈၅၇ ခုနှစ်မှ ၁၈၆၇ ခုနှစ်အတွင်း၌ အလုပ်သမားများ၏ အခကြေးငွေမှာ ယုတ်လျော့ နည်းပါးသွားလေသည်။ သို့သော် အစိုးရက ဆင်းရဲခြင်း၊ ပပျောက်အောင် လုပ်မည်ဟု ကတိပေး၏။ သမဝါယမ အသင်းများ တည်ထောင်နိုင်ရန် ထောက်ပံ့ကြေးများ ပေး၏။ အလုပ် သမားများလည်း အစိုးရ၏ အကူအညီကို လက်ခံ၍ သမဝါယမအသင်း များ တည်ထောင်ကြ၏။ အလုပ်သမားအသင်းများ ဖွဲ့စည်းကြ၏။ သတ္တုအလုပ်သမားများသည် ၁၈၆၇ ခုနှစ်တွင် သပိတ်မှောက်ရာ ထမြောက် အောင်မြင်၏။ ၁၈၆၄ ခုနှစ်တွင် စာအုပ်ချုပ်သမားများသည် သပိတ် မှောက်သဖြင့် အခကြေးငွေ တိုးတက်ရကြ၏။ ဘုရင်ကလည်း သပိတ် မှောက်ခြင်းကို ကာကွယ်ရန် ဥပဒေကို ရုပ်သိမ်းလိုက်၏။ သို့သော် ဓနရှင်များကို စောင့်ရှောက်ရန်နှင့် သပိတ်သမားများအား ဖိနှိပ်ရန် စစ်တပ် များကို စေလွှတ်ထားလေသည်။

ပြင်သစ်ဘုရင်၏ စီမံချက်အရ ၁၈၆၂ ခုနှစ်၌ လန်ဒန်မြို့ပြပွဲသို့ ပြင်သစ်အလုပ်သမား ၂၀၀ ကို ပြင်သစ်ပြည်၏ ကိုယ်စားလှယ်များ အဖြစ်ဖြင့် စေလွှတ်လိုက်၏။ သို့စေလွှတ်ခြင်းကို အတိုင်ပင်ခံ ဝန်ကြီး ချုပ်များက သဘောမတူကြချေ။ ဘုရင်၏ ကြံရွယ်ချက် သဘောမှာ ပြင်သစ် အလုပ်သမားများသည် အင်္ဂလိပ် အလုပ်သမားတို့နှင့် တွေ့ဆုံ သည့်အခါ လိမ္မာယဉ်ကျေးလာကြလိမ့်မည်။ မကြာခဏ သပိတ်မှောက် ခြင်းကို စွန့်ပစ်ကြလိမ့်မည်ဟု အထင်ရှိလေသည်။ လန်ဒန်ပြပွဲတွင် အင်္ဂလိပ် ဓနရှင်တို့က အလုပ်ပိုင်ရှင်နှင့် အလုပ်သမားတို့ သင့်တင့်စွာ ပူးပေါင်းလုပ်ကိုင်ရန် အကြံပေးလေသည်။ ဤကဲ့သို့ သင့်တင့်စွာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှသာလျှင် အလုပ်လက်မဲ့ဖြစ်မည့် အလုပ် သမားများ၏ ကိစ္စကို ချောမောစွာ၊ ဆွေးနွေးတိုင်ပင်နိုင်ကြောင်း၊ ဟော ပြောလေသည်။ ပြင်သစ်ပြည်မှ ကိုယ်စားလှယ် လွှတ်သော အလုပ်သမား ၂၀ဝ တို့သည် လန်ဒန်မြို့မှ ပြန်လာကြရာ အချင်းချင်း စိတ်ဝမ်းကွဲပြား လျက် ရှိကြ၏။ စိတ်ဝမ်းကွဲပြားခြင်းမှာလည်း အင်္ဂလိပ်နိုင်ငံရေး ခေါင်းဆောင် အချို့နှင့် ကားလ်မတ်က ဘုရင်သည် အလုပ်သမား ကိုယ်စားလှယ်များကို စေလွှတ်ခြင်းမှာ ဓနရှင်များ၏ ဖိနှိပ်ခြင်းကို အမြဲ ခံစေလို၍ လွှတ်သည်ဟု ပြောဆိုကြသဖြင့် ဖြစ်လေသည်။ အတိုက်အခံ ခေါင်းဆောင် ဘလင်ကီကလည်း လန်ဒန်မြို့၌ ဖွင့်လှစ်သော ပြပွဲသို့ အလုပ်သမားများအား စေလွှတ်ခြင်းသည် ဘုရင်၏ လှည့်စားခြင်းမျှသာ ဖြစ်သည်ဟု ပြောဆို၏။

၁၈၆၄ ခုနှစ်တွင် လူမျိုးမရွေး အလုပ်သမားများ၏ အသင်းကို လန်ဒန်မြို့၌ တည်ထောင်ဖွဲ့စည်းကြ၏။ ၁၈၆၇ ခုနှစ်အထိ ပြင်သစ်ပြည် ၏ အလုပ်သမား အသင်းသားပေါင်းမှာ ၆ဝဝ ခန့်သာ ရှိလေသေးသည်။ လစဉ်ကြေးငွေမှာ နည်းပါး၏။ အသင်းရန်ပုံငွေသည်လည်း ရွှေဒင်္ဂါး ပေါင် ၆၇ သာ ရှိ၏။ ကားလ်မတ်က ၎င်းအလုပ်သမားအသင်းသည် ကလေးကစားသကဲ့သို့ ရှိနေသဖြင့် ထမြောက်အောင်မြင်ရန် လမ်းမရှိဟု ဆိုလေသည်။ ၎င်းအလုပ်သမား အသင်းကိုပင် အစိုးရအဖွဲ့မှ ပုလိပ်တို့က လျှို့ဝှက်သောအသင်း ဖြစ်ကြောင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အသင်းဖြစ်ကြောင်းဟု သတင်းရရှိသည်ဆို၏။ ထိုသတင်းအရ ၁၈၆၈ ခုနှစ်၊ မတ်လတွင် ရုံးတင် တရားစွဲလေသည်။ များစွာသော အသင်းသား တို့အား ကြီးလေးသော အပြစ်ဒဏ်များ ပေးလေသည်။ ထိုစဉ်အခါ ပဲရစ်မြို့တော်ရှိ အလုပ်သမားအသင်းမှာ လုံးလုံးပျက်စီးသွားလေတော့ ၏။ ကားလ်မတ်သည် ၎င်း၏ တပည့်များနှင့် နောက်ထပ် အလုပ်သမား အသင်း တည်ထောင်ပြန်လေသည်။ ၎င်းအသင်းတွင် ပဲရစ်မြို့ရှိ အလုပ် သမားပေါင်း ခုနစ်ပုံပုံလျှင် တစ်ပုံနှင့် ညီမျှသော လူဦးရေ ခုနစ်သောင်းတို့ သည် အသင်းသားများအဖြစ် ပါဝင်ကြ၏။ ပဲရစ်မြို့တော်၏လူဦးရေမှာ ၁၇၉၃ ခုနှစ်၌ ၈ သိန်းသာ ရှိသည်။ ၁၈၇၁ ခုနှစ်တွင် လူဦးရေ ၁ သန်း၊ ၈ သိန်း၊ ၄ သောင်း၊ ၅ ထောင်ခန့် ရှိလာလေသည်။ လူဦးရေ ဤမျှ တိုးတက်ခြင်းမှာ အခြားနိုင်ငံများမှ လာရောက်နေထိုင်သူများ ကြောင့် ဖြစ်လေသည်။

လက်မှုပညာ အလုပ်များကို ချဲ့ထွင်ရေးတွင် တိုးတက်ခြင်း မရှိ။ တစ်နေ့တခြား ယုတ်လျော့လာလေ၏။ ယုတ်လျော့ခြင်းမှာ အုပ်ချုပ်သော အစိုးရ ညံ့ဖျင်းခြင်းကြောင့် ဖြစ်လေသည်။ အစိုးရအဖွဲ့ ကလည်း အတိုက်အခံ ဂိုဏ်းသားများအား အစိတ်စိတ်အမြွာမြွာ ကွဲအောင် အမြဲ ကြံရွယ်လျက်ရှိ၏။ အင်ပါယာကြီး ပျက်စီးချိန် နီးကပ်လာလေလေ၊ အတိုက်အခံ ဂိုဏ်းသားများ စိတ်ဝမ်းကွဲလေလေ ဖြစ်၏။ တချို့က ဒီမိုကရေစီသမ္မတ အုပ်ချုပ်ခြင်းကို အလိုရှိကြသည်။ တချို့က ဘုံဝါဒ သမ္မတ အုပ်ချုပ်ခြင်းကို အလိုရှိကြသည်။

ခရစ်နှစ် ၁၈၆၉ ခုနှစ်အစတွင် ဂျာမန်နှင့် ပြင်သစ်တို့မှာ စစ်ဖြစ် တော့မလို ဖြစ်လာ၏။ ပြင်သစ်ပြည်၏ ကာကွယ်ရေးကို မျိုးချစ်ပုဂ္ဂိုလ် များက တလုံးတစည်းတည်း ခုခံတိုက်ခိုက်မှသာ ရန်သူ၏ ဘေးနှင့် ဝေးနိုင်မည်။ ထို့ကြောင့် အစိုးရက မျိုးချစ်ပုဂ္ဂိုလ်များအား အကူအညီတောင်းရလေသည်။ ဤအခြေအနေမျိုး ဆိုက်ရောက်နေစဉ်အတွင်း အစိုးရအပေါ်၌ အယုံအကြည် ကင်းမဲ့အောင် ကိစ္စတစ်ခု ပေါ်ပေါက်လာ ၏။ ထိုကိစ္စမှာ စိတ်ရူးသွပ်သော တရာ့မင်ဆိုသူသည် သူ၏ အိမ်သား အားလုံးကို သတ်ဖြတ်လိုက်လေသည်။ ၎င်းကို လူသတ်မှုနှင့် အစိုးရက ကွပ်မျက်လိုက်၏။ သတင်းစာ တစ်စောင်တွင် အစိုးရအား အရူးကိုတော့ သတ်ပစ်သည်။ အခြား လူသတ်မှု တစ်မှုက တရားခံကိုတော့ အဘယ်ကြောင့် အရေးမယူသနည်းဟု ရေးသား မေးထားလေ၏။ အခြား လူသတ်မှု တစ်မှု၏ တရားခံမှာ ဘုရင်၏ ညီအစ်ကိုဝမ်းကွဲတော်သူ ပိုင်ရီနပိုလျံဘိုနပတ်မင်းသား ဖြစ်လေသည်။ ၎င်းမင်းသားသည် လက်ဝဲ ဂိုဏ်းသား သတင်းစာဆရာ ဘစ်တာနိုအာကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်ခဲ့၏။ ထိုအမှုကို ဖုံးအုပ်၍မထားနိုင်။ တိုင်းပြည်က ဆူပူသော

ကြောင့် တရားရုံးက တရားစွဲ၍ လျော်ကြေးငွေ ၂၅၀၀၀ ပေးစေဟု အမိန့်ချမှတ်ရလေသည်။

လက်ဝဲဂိုဏ်းသား ဘစ်တာနိုအာကို သင်္ဂြိုဟ်မည့်နေ့တွင် ဘလင်ကီ၏ နောက်လိုက်ငယ်သား ၂၀၀၀ တို့သည် လက်နက်စွဲကိုင် လျက် ပါရစ်မြို့တော်အတွင်း ဆူပူရန် ချီတက်မည် ပြုလေ၏။ သို့သော် အခြားခေါင်းဆောင် နှစ်ဦးက တားမြစ်သဖြင့် မချီတက်ကြချေ။ အတိုက်အခံ ဂိုဏ်းသားတို့မှာ မိမိတို့ အင်အားမည်မျှရှိကြောင်းကို သိရှိကြလေသည်။ ထိုညနေမှာပင် ကားလ်မတ်၏ ဂိုဏ်းသားအလုပ်သမားများ အသင်း သည် လန်ဒန်မြို့၌ တည်ထောင်သော လူမျိုးမရွေး အလုပ်သမားများ အသင်းကြီး၏ ပဲရစ်မြို့တော်အသင်းခွဲ ဟူ၍ နာမည် ကျော်ကြားလာလေ ၏။ ဘစ်တာနိုအာကို သဂြိုဟ်ပြီးသည့်နောက် ပါရစ်မြို့တော်မှာ ငြိမ် သက်ခြင်းမရှိ ပြောက်ကျားပြောက်ကျား အဓိကရုဏ်းများ ဖြစ်လျက် ရှိ၏။

အတိုက်အခံ ဂိုဏ်းသားများမှာ တစ်ယောက်ကို တစ်ယောက် အထင်အမြင်လွဲ၊ တစ်ယောက်ကို တစ်ယောက် စွပ်စွဲပြောဆိုကြသဖြင့် တစ်ဖန်ကွဲကြပြန်၏။ ထိုစဉ်အခါ ရော့ဖို့ဆိုသူအား အစိုးရအပေါ် အကြည် ညိုပျက်စေရန် တရားဟောပြောမှုနှင့် ပုလိပ်တို့က ဖမ်းဆီးလေသည်။ လက်ဝဲဂိုဏ်းသား ခေါင်းဆောင် ၄၅ဝ ကိုလည်း ဘုရင်၏ အသက်ကို ကြံစည်သည်ဆို၍ ဖမ်းဆီးပြီးလျှင် ၃၇၉ ယောက်ကို သက်သေမရှိ၍ လွှတ်လိုက်၏။ ကျန်ခေါင်းဆောင်များကို အပြစ်ပေးလေသည်။ ရော့ဖို့ လည်း ထောင်ဒဏ်ခံရတော့၏။

လွတ်လပ်သော အင်ပါယာကြီး တည်တံ့ရေးကို တိုင်းပြည်က လိုလားသည် မလိုလားသည် သိသာစေရန် ရွေးကောက်ပွဲတစ်ခု ဘုရင် က ကျင်းပပြုလုပ်စေ၏။ ထိုရွေးကောက်ပွဲ၌ လိုလားသူတို့မှာ ၇ သန်းကျော် ရှိ၏။ မလိုလားသူတို့မှာ ၁ သန်းကျော်သာ ရှိလေသည်။ မဲမထည့် သူများမှာ ၁ သန်းကျော် ရှိသေး၏။

တိုင်းပြည်တွင် လက်မှုပညာ ချဲ့ထွင်ခြင်းမှာလည်း ယုတ်လျော့ လာလေ၏။ အလုပ်ပိုင် ဓနရှင်တို့သည် အလုပ်သမားတို့၏ အခကြေး ကို လျှော့ပေါ့၍ ပေးစပြုလာကြ၏။ အလုပ်သမားများကလည်း အလုပ် ရပ်စဲ၍ သပိတ်လက်နက်ကို အသုံးပြုကြ၏။ အရေးအကြီးဆုံးဖြစ်သော အလုပ်ရပ်စဲသည့် သပိတ်မှာ လီကရူဆက် သံမဏိအလုပ်ရုံ ဖြစ်လေ သည်။ ၎င်းအလုပ်ရုံကို အလုပ်သမားများ သပိတ်မှောက်သည့်နေ့မှာ ၁၈၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ဖြစ်၏။ သပိတ်ခေါင်းဆောင်ကား အယ်လ်ဖွန်စီဆိုသူ ဖြစ်လေသည်။ ထိုကိစ္စကို အလုပ်သမား အသင်း ချုပ်ကြီး၏ ဝါဒနှင့် ရော့ဖို့ဆိုသူထုတ်ဝေသော သတင်းစာက ထောက်ခံ ချက် ပေးကြ၏။ ထို့ကြောင့် တိုင်းပြည်ကလည်း အလုပ်သမားများ၏ တရားသဖြင့် တောင်းဆိုချက်တို့ကို ကရုဏာဖြင့် ထောက်ခံကြလေ သည်။ ဘုရင်၏ အလုပ်သမားများ လွတ်လပ်ရေး (ခေါ်) လိမ်လည် လှည့်ဖြားထားသော စနစ်မှာ ဤသပိတ်ကိစ္စက စတင်၍ ဘွင်းဘွင်း ပေါ်လာတော့၏။ အလုပ်သမားများက အခကြေးငွေ တိုးပေးရန် တရား သဖြင့် တောင်းဆိုခြင်းကို အလုပ်ပိုင်ဓနရှင်တို့သည် မိမိတို့ သက်သာခွင့် ရရန်အတွက် အစိုးရအား အကူအညီတောင်း၏ ။ အစိုးရသည် အကြင် နာ ကင်းမဲ့စွာ အလုပ်သမားများကို ဖိနှိပ်လေသည်။

ကရူဆော့ဆိုသူ သံမဏိအလုပ်ရုံပိုင်ရှင်သည် ဘုရင်၏ ဘက် တော်သား အလိုတော်ရိတစ်ဦး ဖြစ်၏။ ၎င်း၏အလုပ်ရုံကို အလုပ်