စိတ်ကူးချိုချိုစာပေ
ဦးကုလားရာဇဝင်ချုပ် - မုံရွေးရာဇဝင်ချုပ်လင်္ကာ
Couldn't load pickup availability
နိဒါန်း
ရာဇဝင် -
ရာဇဝင်ဟူသည် လူ့သမိုင်းပင် ဖြစ်၏။ လူ့သမိုင်းအစ ဘယ်ကနည်း၊ ဤမေးခွန်း၏အဖြေမှာ ရာဇဝင်ဆရာချင်း တူ ကြလိမ့်မည် မဟုတ်ပါ။ သို့ရာတွင် ဤကမ္ဘာတွင် လူတည်စ, အချိန်မှစ၍ “လူသည် ဖြစ်ရပ်အဖုံဖုံနှင့် ကြုံတွေ့ခဲ့ရသည်” ဟူသော အချက်ကိုကား ရာဇဝင်ဆရာတိုင်းက လက်ခံ ကြ၏။
လူ့သမိုင်းတစ်လျှောက် လူတို့၏အတွေ့အကြုံအဖြစ် အပျက် ကြိုးပမ်းမှု၊ တည်ဆောက်မှု၊ ဖိနှိပ်မှု၊ တန်ပြန်မှု၊ သာ ယာမှု၊ ကြေကွဲမှု စသည့်လူ့လောကသနစ်စုံက ရာဇဝင်သမိုင်း တင်သည်၊ မော်ကွန်းထိုးသည်၊ ဆန်းစစ်သည်၊ ဝေဖန်သည်။
နိုင်ငံတိုင်း လူမျိုးတိုင်းတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုး အတွက် သီးခြား ရာဇဝင်များရှိကြ၏။ နိုင်ငံနှင့်လူမျိုး ကြီး ထွားလေလေ တိုးတက်လေလေ ရာဇဝင်ပြောင်လေလေဖြစ် သည်။ သို့ဖြစ်၍ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံကို လေ့လာ သုံးသပ်ရာတွင် ပစ္စက္ခအမြင်အားဖြင့် ဆုံးဖြတ်၍ မရ၊ သူ့ရာဇဝင် သူ့သမိုင်း သူ့မှတ်တမ်းများကို အသေအချာ လေ့ လာဆန်းစစ်ပြီး အဖက်ဖက်က ချိန်ထိုးကြည့်မှသာ အမှန်ကို မြင်စွမ်းနိုင်သည်။ ထို့ကြောင့် ရာဇဝင်သည် နိုင်ငံ၏ ပြတိုက် လူမျိုး၏ပြတိုက်နှင့်လည်း တူသည်။
ရာဇဝင်ပြတိုက်ကို ဖွင့်လိုက်လျှင် နှစ်ပေါင်းအရာ၊ အ ထောင်က ကွယ်လွန်ကြပြီးသော ဘိုးဘေးဘီဘင်များသည် ပြန်လည်အသက် ဝင်လာကြပြီး တိုင်းပြည်နှင့်လူမျိုးသမိုင်း တွင် သူတို့ဘယ်အပိုင်း ကဏ္ဍက ပါဝင်ခဲ့ကြသည်ကိုလည်းကောင်း၊ သူတို့၏ ဘဝဖြစ်စဉ်ကိုလည်းကောင်း သရုပ်ဖော် ပြကြသည်။
သူတို့ သရုပ်ဖော်ကြသည်မှာ ထိုးဇာတ်မဟုတ်၊ ဒဏ္ဍာရီ မဟုတ်၊ တကယ်ဖြစ်၍ အမှန်များ ဖြစ်ကြ၏။ ရာဇဝင် ပြတိုက်ထက် အထောက်အထား ခိုင်မာသောသက်သေခံရှာ မရနိုင်၊ သို့ဖြစ်လေရာ အတိတ်ခေတ်က လူတွေ၏ဘဝသည် ဘာတွေဖြစ်ခဲ့ကြ၍ ယခုပစ္စုပ္ပန်၌ ဘယ်လို အမွေဆက်ခဲ့ကြ သည်များကို ရာဇဝင်ပြတိုက်ကြီးမှာ ရှိကြရသည်။ လေ့လာ ကြရသည်။
ယင်းသို့လေ့လာကြရလျှင် ဘဝ၏သရုပ်သည် ပေါ်လာ သည်။ လူ့လောက၏ အတိုးအဆုတ် သုခ ဒုက္ခနှင့်တကွလောဘ ဒေါသ မောဟ လွှမ်းမိုးမှုကိုပါ တွေ့မြင်လာကြမည် ဖြစ်ပေရာ ရာဇဝင်ပြတိုက်ကြီးမှ သံဝေဂယူစရာ၊ နည်းမှီစရာ၊ လေ့လာစရာ သင်ခန်းစာပေါင်းများစွာ ပေါ်ထွက်လာ နိုင်သည်။
သို့ဖြစ်လေရာ ရာဇဝင်ကိုအခြေခံပြီး လူတစ်မျိုးနှင့် တစ်မျိုးလေ့လာကြ၍ နားလည်မှုယူကြရန်နှင့် ကျယ်ပြန့် သော ပညာရေးကို ရာဇဝင်နှင့် တည်ဆောက်ကြဖို့ ကမ္ဘာ ကျော် ပုဂ္ဂိုလ်ကြီးအချို့က အကြံပေးကြ၏။
မှန်၏။ ရာဇဝင်ကိုမသိက စာပေ၏သဘော သဘာဝတ္ထ နှင့်အရသာကို သိဖို့မလွယ်ပေ၊ ဘယ်စာပေမဆို သူ့ခေတ် ကို အခြေခံသဖြင့် စာပေကို ခေတ်ကြေးမုံ - ဟု ဆိုကြ၏။
ဥပမာ - အနန္တသူရိယ၏ “သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မှု” အစချီသော လင်္ကာ ၄ ပိုဒ်မှာ နောက်ခံ ရာဇဝင် ရှိသည်။
ပုဂံခေတ်က မင်းယဉ်နရသိင်္ခနှင့် နရပတိစည်သူညီ နောင် ၂ ပါး ဝေဠုဝတီမိဖုရားကို လုကြရာမှ အနန္တသူရိယ အမတ်ကြီးပါအဆစ်ပါရပုံကို အကိုးအကားရာဇဝင်နှင့် သိမှ သာ လင်္ကာ ၄ ပိုဒ်လုံး၏ အရသာသည် အပြည့်အဝ ပေါ်လာ ပေမည်။
“ရွှေပြည်အင်းဝ၊ ပုဂံစသား၊ မြန်မာ့လက်နက်၊ ပျက် သောအခါ၊ ကြိုက်မိပါ၍၊ ငါ့စာမကျော်၊ ငါတုံသော်လည်း၊ ရှင် တော် ဟောရွတ်၊ ပိဋကတ်ကို၊ နှုတ်မှတ်ခံနား၊ တပည့်သားတို့၊ တည်ငြားနိစ္စ၊ မသင်ရတည့်” ဟူသော ရှင်အဂ္ဂသမာဓိ၏ စာသည်လည်း သက္ကရာဇ် ၈၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ ရာဇဝင် အခြေအနေကို အသေအချာ မသိပါက အရသာ အပြည့်အဝ မရှိချေ။
ထို့ကြောင့် စာပေ၏သဘော သဘာဝတ္ထုနှင့် အရသာ ပေါ်အောင် ရာဇဝင်ကိုပါ မြင်ရမည် သိရမည်ဖြစ်သည်။ စာပေသာမဟုတ် ယဉ်ကျေးမှုနှင့် အနုပညာကို လေ့လာကြရာတွင်လည်း ရာဇဝင်ပါရသည်၊ ရာဇဝင်မပါ လျှင် ဒါက ဘာအဆောက်အအုံ ဟူသော အမည်နာမနှင့် လှ၏, မလှ၏ဆိုသည့် အသိမျိုးမှအပ ရာဇဝင်တွင် ဘယ် ခေတ် ဘယ်ကာလက ဘယ်လက်ရာ ဘယ်အချက် လက် ထက်က ဘယ်အတွက်တည်း - စသော ဝိသေသလက္ခဏာ ပေါ်လာလိမ့်မည် မဟုတ်ပါ။
သို့ဖြစ်လေရာ ရာဇဝင်အခြေခံ မရှိသူ၏အသိမှာ ရာနှုန်းပြည့်မဖြစ်နိုင်၊ ရာနှုန်းပြည့်အသိမျိုး ရောက်အောင် ရာဇဝင်ကမှ ဆောင်ကြဉ်းနိုင်သည်၊ ရာဇဝင်အသိနှင့် ကြည့် သည့်အခါ ဘာမှမဟုတ်ဟု ထင်ရသော အရာများသည်အဓိပ္ပာယ်လေးနက်လာသည်။ တန်ဖိုးရှိလာသည်။ ၎င်းကို သုတေသနလုပ်ရသည်မှာ အရသာတိုးလာသည်။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းမှာသာမက၊ ပြည်ပသို့သွား ရောက်ကြရာတွင်လည်း ထိုနိုင်ငံ၏ ရာဇဝင်အခြေခံရှိသူ၏ အမြင်က အခြေခံမရှိသူ၏ အမြင်ထက် အစစအရာရာတွင် သာရမည်သာ ဖြစ်၏။
ဒါတွင်မက ခေတ်၏ အဖြစ်အပျက်များကို ရာဇဝင်နှင့် ချိန်ဆလျှင် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရုံသာမက ဘယ်ကိစ္စမှာ ဘယ်လိုဖြစ်နိုင်သည်၊ ဘယ်ကိစ္စတုန်းက ဘယ် လိုဖြစ်ခဲ့ကြသည့် သာဓကရှိသည်။ စသည်ဖြင့်လည်း အနာ ဂတ်ကို ကြို၍မြင်နိုင်သေးသည်။
သို့ဖြစ်ရကား ရာဇဝင်အကျိုးကို တန်ဖိုးမဖြတ်နိုင်။ ထို့ ကြောင့် ကမ္ဘာ့ပညာရှင်ကြီးများက အမျိုးမျိုးသုတေသန ပြု လုပ်ပြီး အပြည့်စုံဆုံး ရာဇဝင်များဖြစ်လာအောင် ကြိုးပမ်း နေကြခြင်းဖြစ်၏။
မြန်မာနိုင်ငံကလည်း အလားတူ သုတေသန ပြုလုပ် နေကြ၏။ ရာဇဝင်သုတေသနမှာ ခုမှမဟုတ်၊ ရှေးခေတ် ကတည်းကဖြစ်သည်၊ ရာဇဝင်သမိုင်းများ ပြုစုခြင်းကို ဘုရင် မင်းမြတ်ကိုယ်တိုင်က အားပေးသည်။
ပိဋကတ်တော်သမိုင်းတွင် ရာဇဝင်ပေါင်း ၄ဝ ရှိသည် ဟု စာရင်းတင်ထားသည်။ ဤစာရင်းတွင်မပါဝင်ကြသေးသော အချို့ရာဇဝင် ကြီး, ငယ်များလည်း ရှိကြသေး၏။ ဥပမာအားဖြင့် မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားပြုစုသော ၁ဝ ကြောင်းရေး ပေ အင်္ဂါ ၁၁ဝ ရှိ မုံရွေး ရာဇဝင်ကြီးမှာဤစာအုပ်တွင် မပါချေ။ ဤမုံရွေးရာဇဝင်ကြီး နှင့် ဖူးစကက်စာရွက်နှင့် စာမျက်နှာ ၄၀၀ ခန့်ရှိ တွင်းသင်း ရာဇဝင်သစ်ကိုပါ မကြာမီပုံနှိပ်ထုတ်ဝေရန် ဟံသာဝတီက စီစဉ်ထားပြီးဖြစ်သည်။
ဤရာဇဝင်များအပြင် ပိဋကတ်တော်သမိုင်းတွင် စာရင်းတင်ထားသည့် ဧချင်းပေါင်း ၃၆ စောင်နှင့် အချို့သော မော်ကွန်းများမှာလည်း ရာဇဝင်သမိုင်းများပင် ဖြစ်ကြ ၏။
၎င်းကိုကြည့်လျှင် မြန်မာပြည်ဖွား တိုင်းရင်းသားများ သည် ရာဇဝင်တွင် မည်မျှစိတ်ဝင်စားသည်ကို အကဲခတ် နိုင်၏။ ထိုခေတ်က ရာဇဝင်သည် တော်ဝင်နန်းသုံးဖြစ်၍ ရင် သွေးတော်များအဖို့ ဆိုပါက ပုခက်တွင်းမှ စပြီး ရာဇဝင်ကို နားလည်ခဲ့ကြသည်။ ဘုရင်ကအစ နန်းတော်ကြီးတစ်ခုလုံး ရာဇဝင်ကို အလေးပေးလာသည့်အခါ တိုင်းသူပြည်သားများ လည်း ရာဇဝင်လေ့လာကြတော့မည်မှာ ယုံမှားစရာ မရှိပေ။ ရာဇဝင်တွင် စိတ်ဝင်စားမှုကြောင့် သူဌေးသားတစ်ဦး ရာဇ ဝင်ဆရာကြီးဖြစ်လာသည်ကို တွေ့ရ၏။ ၎င်းမှာ ရာဇဝင်ကြီး၊ ရာဇဝင်လတ်နှင့် ရာဇဝင်ချုပ်ကို ရေးသားသော ဦးကုလား ပင် ဖြစ်၏။
မှန်နန်းရာဇဝင်ပြုစုသော ဆရာတို့သည် ဦးကုလား ရာဇဝင်တို့တွင် ရာဇဝင်ကြီးနှင့် ရာဇဝင်လတ်ကို အကိုး အကား မှီငြမ်းများစွာပြုလျက် ရေးသားကြောင်း မှန်နန်း ရာဇဝင်၌ များစွာ တွေ့ရလေသည်။ ဦးကုလားသည် ရာဇဝင် ကြီး ရေးသားရာ ၁၀၆ဝ နန်းတက် စနေနံမင်းလက်ထက် ၁၀၇၃ ခုတွင် စဉ့်ကူးမင်းသားအား အိမ်ရှေ့မင်းအပြီးတွင် အဆုံးသတ်ထားခဲ့သည်။ ဤရာဇဝင်ချုပ်မှာကား၁၀၇၅ စနေနံမင်း နတ်ရွာစံသည်အထိ ရေးသား၍ သက္ကရာဇ် ၁၀၇၉ ခုမှာ ရေးသားကြောင်း နိဂုံးချုပ်ထားသည်ကိုထောက်သဖြင့် ရာဇဝင်ကြီးရေးပြီးမှ အကျဉ်းချုပ်မှတ်ရန် ရာဇဝင်ချုပ်ရေးသားခဲ့ကြောင်း သိရသည်။
ရာဇဝင်ချုပ်မှာ စစ်ဆင်စစ်ရေး၊ ပြည်တည်၊ အခြေ အနေများလို အကျယ်တဝင့် မပြတော့ဘဲ










