Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အေးမင်းစော - ကြွင်းကျန်ရစ်သော

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

ခြံဝင်း၏အကျယ်က အလျား ပေတစ်ရာ့လေးဆယ်ရှိပြီး အနံကတော့ ပေခြောက်ဆယ်ခန့် ရှိလိမ့်မည်။ ထိုခြံဝင်းထဲမှာ လေးပင်သုံးခန်း တိုက်ခံ အိမ် တစ်လုံးနှင့် ဆီကြိတ်ဆုံများရှိရာ အဆောက်အအုံတို့က တစ်ဆက် တည်း တွဲလျက်ရှိ၏။ လမ်းမဘက်မှာ ဆီးကြည့်လျှင်တော့ နှစ်ကာလက လက်စွမ်းပြခြယ်မှုန်းထားသော နီညိုရောင် သံချေးကွက်တွေကို အိမ်ခေါင် မိုးပေါ်မှာ ဟိုတစ်ကွက် သည်တစ်ကွက် တွေ့ရလိမ့်မည်၊ ထိုအမိုးနှင့် ထိစပ်ရာ အိမ်ပေါ်ထပ်ကလည်း ဟိုးယခင် ရေနံဝစဉ် မှိုင်းညို့နေသော အသွေးမှ ယခုတော့ ညိုမွဲခြောက်သယောင်းခြင်းဖြင့် အတိပြီးနေပြီ။ အဖြတ်အတောက်မရှိ ဒေါင်လိုက်ဖွဲ့စည်းထားသော သစ်သားနံရံတွေက ရာသီဥတုဒဏ်နှင့် ပြုပြင်ခြင်းကင်းမဲ့ခြင်းတို့၏ ပြယုဂ်အဖြစ် နေရာ အတော်များများမှာ ပေါက်ပြဲဆွေးမြည့်လျက်။ အနောက်ဘက်လမ်းဆီ မျက်နှာမူသော နံရံပေါ်ရှိပြတင်းပေါက်များမှာ မူလအခြေအနေမှ ပျက် ယွင်းကာ ယိုင်နဲ့ရွဲ့ စောင်းလျက်၊ အလားတူစွာ ထုအားဖြင့် တစ်ပေခန့် ရှိမည့် အောက်ထပ်တိုက်ခံ၏ နေရာအတော်များများမှာလည်း အပေါ် က မံထားသော အင်္ဂတေများ အချပ်လိုက်ကွာကျနေရာ အောက်ခံအုတ်ကွက်တွေက ထိုးထိုးထောင်ထောင်နှင့် ခေါင်းပြူထွက်ပေါ်နေပြီ။ ခြုံ၍ဆိုရလျှင် ထိုအရာသည် လူနေအိမ်တစ်လုံးဆိုသည်ထက် စစ်ရှုံး ဘုရင်များ အလောတကြီး စွန့်ခွာကျန်ရစ်ခဲ့သော ရှေးဟောင်းခံတပ်တစ် ခုနှင့် ပို၍တူသည်ဟု ဆိုရလိမ့်မည်။

ယခုအချိန်မှာတော့ အိမ်ကြီးသည် လူရိပ်လူရိပ်တို့ဖြင့် ပြန်လည် သက်ဝင် လှုပ်ရှားလျက်ရှိသည်။ ဆယ်စုနှစ်နှင့်ချီ၍ ကန္တာရတစ်ခုပမာ လူသူအဝင်အထွက် ကျဲပါးပြတ်တောက်သလို ရှိနေခဲ့ရာမှ အသံနှင့် အရိပ်တွေ အိမ်ကြီးဆီမှာ ပြန်တွေ့ခဲ့ရတာ ဆယ်ရက်မကရှိခဲ့ပြီ။ ယခု လည်း အိမ်ကြီး၏ အောက်ထပ်ဧည့်ခန်းထဲမှာ လူတစ်စုရှိနေသည်။ စတုရန်းပေ လေးရာခန့်ကျယ်သော ဧည့်ခန်းထဲမှာ ထိုလူတွေက ဟိုတစ်စု သည်တစ်စုဖြင့် နေရာယူလျက်ရှိသည်။ ထိုအထဲ အငြိမ်းစားတရားသူကြီး ဦးဘစိုးက အခန်းထဲ ဖြည်းလေးစွာဖြင့် လမ်းလျှောက်နေသလို အငြိမ်း စားတောအုပ်ကြီး ဦးသာမြတ်က ပါလာသော တရားစာအုပ်ကိုဖွင့်လျက် ငြိမ်သက်စွာ ဖတ်နေ၏။ အရှေ့ဘက်နံရံနှင့်ကပ်လျက် ခုတင်နှင့် တန်း လျားပေါ်မှာတော့ လမ်းထဲက ရပ်မိရပ်ဖလူကြီးတွေက သူတို့၏ ထင်မြင် ယူဆချက်များကို အချင်းချင်း လေသံတိုးတိုးဖြင့် ပြောဆိုလျက်ရှိသည်။ အနောက်ဘက်နံရံမှာ ကပ်လျက်ထိုင်နေသော ကျောင်းဆရာ ကိုစိန်ဝင်း က စိတ်မရှည်သည့် မျက်နှာဖြင့် လက်မနှစ်ချောင်းကိုပွတ်ချေရင်း အတွင်းက လူတွေဆီကြည့်သည်။ ထိုအထဲ သူ့ဘေးမှာရှိနေသော ကိုအေးက စိတ်ပိုင်းအားနည်းချက်ရှိသူပီပီ ထန်းပက်လက်ကုလားထိုင်မှာ ဒူးတစ်ဖက်တင်ပြီး အကျထိုင်ရင်းက အပေါ်မှာရှိသော ပင့်ကူအိမ်တွေ ကို မော့ကြည့်နေသည်။ ပတ်ဝန်းကျင်မှ လူသံနှင့်ကားသံများ တစ်ချက် တစ်ချက် ထွက်ပေါ်လာချိန်တွင် အခန်းသည် ပို၍ငြိမ်ဆိတ်သွားပြီး အားလုံး၏ ဦးခေါင်းတွေက လမ်းမဘက်ဆီ လှည့်လာပြန်သည်။ ဤသို့ဖြင့် သူတို့ဦးခေါင်းတွေက လမ်းမနှင့်ဧည့်ခန်း အခါခါကူးလူးနေခဲ့ သည်မှာ အချိန်အားဖြင့် တစ်နာရီကျော်ခဲ့ပြီ၊ သို့တိုင်အောင် သူတို့မျှော် လင့်ရာက အရိပ်အယောင်မျှပင် မပြသေး၊ ဦးသာမြတ်က လက်ထဲကစာအုပ် ကိုပိတ်ပြီး မျက်မှန်ကို ချွတ်သည်။ ခေါက်တုံ့ခေါက်ပြန် အခန်းထဲလျှောက် နေသော ဦးဘစိုးက ဆက်တီမှာ ဝင်ထိုင်သည်။ ထိုအထဲ အတိတ်ဆိတ် ဆုံးဖြစ်သော ခေါင်းရင်းအိမ်မှ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးဘို ဖြူကတော့ ကွမ်းအစ်ကိုဖွင့်ပြီး ကွမ်းယာနေသည်။ ထို့နောက် သူက တတိယမြောက်ကွမ်းယာကို ပါးစပ်ထဲထည့်သည်။ ထိုအချိန်မှာပင် ကျောင်းဆရာကိုစိန်ဝင်းထံမှ အသံထွက်ပေါ်လာသည်။ “အဘ-ကျွန် တော် စိတ်မရှည်တော့ဘူး၊ ဒါသက်သက်စော်ကားတာ” ကိုစိန်ဝင်း၏ ခပ်ဆတ်ဆတ်စကားအဆုံး ဦးဘစိုးက ထိုင်နေရာမှထပြီး ကိုစိန်ဝင်းထံ သွားသည်။ ပြီးတော့ ကိုစိန်ဝင်း၏ ပခုံးကိုအသားကိုင်ရင်း ဖျောင်းဖျ စကားဆိုသည်။ ထိုသို့ဖြင့် နောက်ထပ် ဆယ့်ငါးမိနစ်ခန့်ကြာချိန်မှာ အရှိန်ဖြင့်မောင်းဝင်လာသော ကားသံတစ်ခု အိမ်ရှေ့မှာ ရပ်စဉ် သူတို့ အားလုံး၏ မျက်လုံးတွေက တိုင်ပင်ထားသည့်အလား အိမ်ရှေ့ဝင်း တံခါးဆီ စုပြုံရောက်ရှိသွားကြသည်။ သို့ရာတွင် အိမ်ရှေ့မြင်ကွင်းက မီး ခိုးရောင်ဖုန်လုံးများ၏ ဖုံးလွှမ်းထားမှုကြောင့် ရုတ်တရက် မမြင်ရ။ ထိုသို့ ဖြင့် စက္ကန့်အနည်းငယ်ကြာမှ မြင်ကွင်းက တစ်စစပီပြင်လာသည်။ အဖြူ ရောင် ဆလွန်းကား၏ တောက်ပမှုက ဖုန်မှုန့်တွေတားဆီးနေသည့်ကြား မှ နေရောင်အောက်တွင် အရောင်တဖိတ်ဖိတ်။ ပထမ မှန်အလုံပိတ် ထားသောကား၏ နောက်ခန်းတံခါးက တဖြည်းဖြည်းပွင့်လာသည်။ ထို့နောက်မှာတော့ ကားထဲမှနေ၍ ရှစ်လက်မအမြင့်ရှိ အနက်ရောင်ဒေါက် ဖိနပ်ကိုဝတ်ဆင်ထားသော ဖြူဝင်းသည့်ခြေအစုံက လမ်းပေါ်သို့ မြွေတစ် ကောင်လိုလျှောဆင်းလာလေသည်။

ပြဿနာ၏အစမှာ ဦးချမ်းသာသေဆုံးခြင်းမှ စတင်သည်ဟု ဆိုရ လိမ့်မည်။ တိကျစွာဆိုရလျှင် အချိန်အရ လွန်ခဲ့သောရှစ်ရက်၏ နံနက် ခင်းအချိန်မှာဖြစ်သည်။ ထိုနေ့သည် ရာသီဥတုအားဖြင့် သာသာယာယာ ရှိသော သာမန်နေ့တစ်နေ့ဖြစ်သလို နေရောင်ခြည်က မြို့လေး၏ ကောင်း ကင်ယံမှာ လင်းချင်းဝင်းဖြာလျက်၊ မြို့နေလူထုမှာလည်း ပုံမှန်ပြုမြဲဖြစ်သော နိစ္စဓူဝများဖြင့် မြို့၏လမ်းအသီးသီးမှာ လှုပ်ရှားသွားလာလျက်။ ထိုအချိန်မှာပင် ထမင်းချိုင့်လာပို့သော ဦးချမ်းသာ၏မြေးဖြစ်သူ ချစ်ဦး မောင်၏ ထိတ်လန့်တကြားအော်ဟစ်သံကို လမ်းထဲကလူများ ကြားခဲ့ရ ခြင်းဖြစ်သည်။ ပထမတော့ ပတ်ဝန်းကျင်မှလူများသည် မတော်တဆမှု တစ်ခုခုမှ ထွက်ပေါ်လာသောအသံလား၊ ဒါမှမဟုတ် ရန်ပွဲတစ်ခုခုမှ ထွက်ပေါ်လာသောအသံလား ဝေခွဲမရဖြစ်စွာ အမှုမဲ့အမှတ်မဲ့ နေခဲ့ ကြသေးသည်။ သို့ရာတွင် ထိုအသံ၏ပြင်းအားနှင့် လှုပ်ခတ်မှုမှာ ဆင့်ကာ ဆင့်ကာ ထွက်ပေါ်လာသော အချိန်ကာလ၏ ကြာမြင့်မှုကို ပေါင်းစပ်စဉ် အားလုံးလမ်းမထက်သို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။ ထိုအချိန်တွင် အော်ဟစ်လွန်း၍ မောပန်းမှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ ပေါင်းကာ ချစ်ဦးမောင်သည် အိမ်ရှေ့ခြံဝင်းက တိုင်ကိုမှီလျက် ပုံလျက် သားလဲကျနေသည်။ သူ့မျက်လုံးများက မည်မျှ ထိတ်လန့်ကြောက်ရွံ့ နေမှန်း ဖော်ပြနေသလို ဝိုင်းစက်လျက်။ သူက“လုပ်ကြပါဦး၊ အဘိုး သေပြီ” ဆိုသော စကားကို ထပ်တလဲလဲ ရေရွတ်ရင်း အိမ်ထဲသို့ လက်ညှိုးထိုး ညွှန်ပြသည်။

ထိုနေ့က ဦးချမ်းသာသေဆုံးကြောင်း ချစ်ဦးမောင်ပြီးနောက် ပထမ ဆုံး သိရှိခဲ့သူမှာ ကိုစိန်ဝင်းဖြစ်သည်။ သူက နေ့စဉ်ပြုမြဲအတိုင်း အိမ် ရှေ့မှာ မနက်ပိုင်းကျောင်းမသွားခင် တံမြက်စည်းလှည်းနေချိန် ချစ်ဦးမောင် ၏ အသံကို ကြားခဲ့ရခြင်းဖြစ်သည်။ သူက ပထမ အနီးအပါး တစ်အိမ်အိမ်မှ လင်မယားချင်းရန်ဖြစ်သံဟု ထင်ခဲ့သေးသော်လည်း ထိုအသံမှာ ရပ်တန့်မသွားဘဲ အကြိမ်ကြိမ်ထွက်ပေါ်လာချိန်မှာတော့ တံမြက်စည်းကို ကိုင်ထားသောလက်က ရပ်သွားသည်။ ထို့နောက် အသံလာရာဆီ ရှာဖွေ မိတော့ ဦးချမ်းသာ၏ ခြံဝမှာ ပျော့ခွေလဲကျနေသော ချစ်ဦးမောင်ကို မြင်သည်။ သည်လိုနှင့် ချစ်ဦးမောင်ညွှန်ပြရာ အိမ်ထဲသို့ အမောတကော ဖြင့်အပြေးဝင်တော့ အေးစက်တောင့်တင်းနေပြီဖြစ်သော ဦးချမ်းသာ၏ အသက်မဲ့ခန္ဓာက သူ့ကိုဆီးကြိုနေခဲ့ပြီ။ သူက ချက်ချင်းပင် အိမ်ရှေ့ပြန် ထွက်ပြီး တွေ့သည့်လူတစ်ယောက်ကို ခင်မကြီးတို့ဆီ အမြန်အကြောင်း ကြားခိုင်းသည်။ ထို့နောက် ဦးဘိုးဖြူလည်း ရောက်လာပြီး အခန်းတံခါး တွေဖွင့်ရင်း အနေအထားကိုကြည့်သည်။ ခဏအကြာတွင် ဦးဘိုးဖြူ အခေါ်လွှတ်ထားသော ဆရာဝန်ရောက်လာပြီး အခြေအနေကို စေ့ငု သည်။ သူက ဦးချမ်းသာသည် လွန်ခဲ့သော ဆယ်နာရီခန့်က သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းချက်ပေးသည်။ ထိုအချိန်တွင် ခင်မကြီးသည် သူမ၏ အိမ်ခန်းတွင် ဧည်သည်တချို့နှင့် စကားစမြည် ပြောဆိုလျက်ရှိပြီး သူမအစား ယောက်ျား ဖြစ်သော ကိုချစ်အောင်က အရင်ရောက်ရှိလာ၏။

ဦးဘိုးဖြူသည် စားပွဲပေါ်မှာရှိနေသော မနေ့ညက သူကိုယ်တိုင် ပို့ခဲ့သည့် နို့ဖန်ခွက်ကို စိတ်မကောင်းခြင်းကြီးစွာဖြင့် ကြည့်သည်။ တစ် စက်တစ်ငုံမှ သောက်ရသေးဟန်မတူသည့် နို့ခွက်ပေါ်မှာတော့ ပုရွက် ဆိတ်တွေက ဥဒဟိုပြေးလွှားလျက်ရှိ၏။ နို့ခွက်ဘေးမှာတော့ မနေ့ညက ပို့ထားခဲ့သော ညစာထမင်းချိုင့်က လုံးဝထိရသေးဟန်မတူဘဲ သည်အတိုင်း ရှိနေ၏။ နို့ခွက်မှလာသော ပုရွက်ဆိတ်တန်းက ထမင်းချိုင့်ကို အလယ် ထားလျက် ဦးချမ်းသာ၏မျက်နှာပေါ်ရှိ ဒွါရပေါက်များသို့တိုင် ခရီးဆက် နေပြီဖြစ်ရာ ဦးဘိုးဖြူက ထိုပုရွက်ဆိတ်များကို လက်ဖြင့်တစ်ကောင်ချင်း ကောက်ယူဖယ်ရှားသည်။ ဤသို့ဖြင့် အချိန်တစ်နာရီခွဲခန့်အကြာ သူတို့အားလုံး ဦးချမ်းသာကို ရေချိုးပေးတာ၊ အခန်းရှင်းတာတွေ လုပ်ပြီးချိန် ကျမှ ခင်မကြီးက ကြော့ကြော့မော့မော့လေး ရောက်လာခဲ့သည်။ အဖေ့ အလောင်းကိုကြည့်စဉ် ခင်မကြီးသည် မျက်ရည်ကျဖို့ဝေးစွ၊ မျက်နှာပင် တစ်ချက်ကလေးမပျက်ဘဲ ရှိနေခဲ့သည်။ အလောင်းကို စတိသဘော တစ်ချက်ငုံ့ကြည့်ပြီး ဆက်တီမှာသွားထိုင်ကာ နှစ်ပေါင်းများစွာ အနား မရခဲ့သူတစ်ဦး ခုမှအတိုးချအနားယူရဟန် ယပ်တောင်တဖျတ်ဖျတ်နှင့် အမောဖြေနေခဲ့သည်။ ကိုစိန်ဝင်းကတော့ အဖေတစ်ယောက်လုံး သေ သည်ကိုပင် အိမ်မှာဧည့်သည်နှင့် အေးအေးဆေးဆေး စကားဆိုနေနိုင် သည့် ခင်မကြီးကို ဒေါသထွက်နေခဲ့လေသည်။ သူက ထိုနေ့က ခင်မကြီး နောက်ကျခြင်း နှင့် ယနေ့နောက်ကျခြင်းကြား အဓိပ္ပာယ်နှင့် သဘောတရား အရ ကွာခြားမှုမရှိဟု ကောက်ချက်ဆွဲရင်း ခင်မကြီးဆီ လှမ်းကြည့်သည်။

ခင်မကြီးသည် အရွယ်အားဖြင့် ငါးဆယ်ကျော်ခဲ့ပြီဟု မထင်ရ လောက်အောင်ပင် နုပျိုဆဲရှိ၏။ ဟန်ပန်မှာလည်း ဆယ်ကျော်သက်တစ် ဦး၏ ကြွရွမှုမျိုးဖြင့် လတ်ဆတ်ဆဲ။ သူမအိမ်ထဲဝင်လာစဉ် လက်ကိုင်ဖုန်း က အသံမြည်လာသဖြင့် ခဏရပ်ကာ သားရေလက်ကိုင်အိတ်ထဲမှ ဖုန်း ကိုထုတ်ကာ ဟန်ပါပါဖြင့်ပြောသည်။ ထို့နောက် မောင်ဖြစ်သူ ကိုအေး ဘေးမှဖြတ်ကာ ဦးဘိုးဖြူနှင့် မျက်နှာချင်းဆိုင်က ဆက်တီမှာထိုင်သည်။ သူမက လက်ထဲရှိရေသန့်ဘူးကို ဖွင့်၍ တစ်ငုံမျှသောက်ပြီး ဘူးကိုစားပွဲ ပေါ်တင်သည်။ ကိုစိန်ဝင်းက ဤသည်ကို ခုံမှ ခပ်တောင့်တောင့်ထိုင်ရင်း က မျက်လုံးဝေ့ကြည့်နေ၏။ တစ်ခုရှိသည်က သူတို့အားလုံးသည် အခန်း ထဲ ဖြန့်ကျဲနေရာယူထားကြသည့်တိုင် မျက်လုံးတွေကမူ သူမဆီ စုပြုံပို့ ထားကြခြင်းပင်ဖြစ်သည်။

ခင်မကြီးက သားရေလက်ကိုင်အိတ်ထဲမှ နံ့သာဖြူယပ်တောင်ကို ထုပ်၍ ယပ်ခတ်ရင်း ဦးဘိုးဖြူဘက်သို့ လှည့်သည်။ “ကျွန်မရောက်ပါပြီ”။