Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - အ‌ခြေခံလူမှုဆက်ဆံရေးနည်းနာများ

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out
Type

အပိုင်း(၁)

လူများနှင့်ဆက်ဆံရာ၌ အခြေခံနည်းများ

၁။ အပြစ်တင်မစောပါနှင့်

သင်သည် မိမိအပြစ်ကိုအရင်မကြည့်ဘဲ သူတစ်ပါးအား အပြစ်မတင်မိပါစေနှင့်။ မပြည့်သည့်အိုးသည် ဘောင်ဘင်ခပ်ဆို သကဲ့သို့ သင့်ကိုယ်သင် ရေပြည့်အိုးဖြစ်အောင် အရင်ကြိုးစားပါ။ သင်၏ဖိနပ်ချွတ်တွင် မသန့်ရှင်းဘဲ သင့်အိမ်နီးနားချင်း ခေါင်းမိုး ပေါ်ရှိ ဆီးနှင်းများကို အပြစ်မတင်ပါနှင့်” ဟူ၍ ကွန်ဖြူးရှပ်က ပြော ခဲ့ဖူးသည်။

ကျွန်ုပ်တို့ နေ့စဉ်ဆက်ဆံနေကြရသော လူအများစုသည် စိတ်ဆောင်ရာသို့ လိုက်ပါတတ်သော၊ တယူသန်သော၊ စိတ်ကြီး ဝင်၍ မာန်မာနထောင်တတ်သောသူများ ဖြစ်ကြသည်။ ထိုသူတို့ ၏အလိုကို သိနားလည်ရန်နှင့် သူတို့၏အပြစ်ကို ခွင့်လွှတ်နိုင်ရန် ကိုယ့်ကျင့်တရားနှင့် စောင့်စည်းမှုတို့ လိုလေသည်။

လူများ၏အပြစ်ကို ကဲ့ရဲ့ နေမည့်အစား သူတို့၏သဘော ကို သိရှိအောင်ကြိုးစားပါ။ သူတို့လုပ်မိသောကိစ္စကို ဘာကြောင့်လုပ်ခဲ့သလဲဆိုသည့် အကြောင်းအရာကိုရှာဖွေပါ။ ထိုသို့ပြုလုပ် ခြင်းသည် အပြစ်တင်ခြင်းထက်ပို၍ အကျိုးရှိလေသည်။ ကြင် နာခြင်း၊ သနားခြင်း၊ ညှာတာခြင်း စသည့်စိတ်မျိုးကို ဖြစ်ပေါ်စေ သည်။ သူတို့ဘာကြောင့်လုပ်ခဲ့သည်ဆိုသည့် အကြောင်းအရင်း အားလုံးကိုသိလျှင် ခွင့်လွှတ်နိုင်သည်။

ဘာကြောင့် ကျွန်ုပ်တို့သည် အပြစ်တင်စောချင်ရသနည်း * တစ်ဖက်သားအား အပြစ်တင်မစောပါနှင့်။ *

၂။ မြှောက်ပင့်ခြင်းမလုပ်ဘဲ ချီးမွမ်းအားပေးပါ

တစ်စုံတစ်ယောက်အား ကိုယ်ခိုင်းလိုသည့်ကိစ္စ(အရာ)ကို ခိုင်းနိုင်သောနည်းသည် လုပ်ချင်အောင်ခိုင်းခြင်းပင် ဖြစ်သည်။ မည်သည့်ကိစ္စကိုမဆို ပြုလုပ်စေလိုလျှင် တစ်ဖက်သားအလိုရှိသောအရာကို ပေးခြင်းပင်ဖြစ်သည်။ ပါမောက္ခ ဒေါက်တာဂျွန် ဂျူဝီ (John Dewey) က “လူတို့တွင် အပြင်းပြဆုံးသောစိတ်သည် မိမိကိုယ်ကိုမိမိ အထင်ကြီးသောစိတ်ဖြစ်သည်” ဟုဆိုခဲ့သည်။

လူလားမြောက်လာသည့်အချိန်မှစ၍ လူတိုင်းလိုလို အလိုရှိ သောအရာများမှာ၁။

(၁) ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်း၊

၂။ အစား

၃။ အအိပ်

၄။ ငွေနှင့် ငွေဖြင့်ဝယ်ယူနိုင်သောပစ္စည်းများ

၅။ တမလွန်ဘဝအရေး

၆။ ရောဂစိတ်ပြေငြိမ်းမှု

၇။ သားသမီးတို့၏ကောင်းစားရေး

၈။ မိမိကိုယ်ကိုမိမိ အထင်ကြီးလိုခြင်း စသည့်အချက်များ ဖြစ်သည်။ အထက်ပါအချက်များအနက် ကျန်းမာခြင်းနှင့် အသက် ရှည်ခြင်းအချက်မှလွဲ၍ ကျန်သည့်အချက်အားလုံး ရရှိနိုင်ပါ သည်။

မိမိကိုယ်ကိုအထင်ကြီးသောစိတ်သည် လူနှင့်တိရစ္ဆာန်တို့ ၏ သဘာဝကို ကွဲပြားခြားနားစေသော အချက်တစ်ချက်ဖြစ် သည်။ သင်မည်သို့သောအလုပ်ကိုလုပ်ခြင်းဖြင့် သင့်ကိုယ်သင် အထင်ကြီးသောစိတ်ကို ဖြေဖျောက်စေသည်ဟုဆိုလျှင် ထိုစိတ် ကိုအကဲခတ်ဖြင်းဖြင့် သင့်အကျင့်နှင့်စာရိတ္တကို ဆုံးဖြတ်နိုင်ပါ သည်။

မိမိလက်အောက်ငယ်သားများ၊ အလုပ်သမားများ စိတ်ဓါတ် တက်ကြွလာအောင် နှိုးဆွပေးနိုင်သောစွမ်းရည်သည် အကြီးမား ဆုံးအရည်အချင်းဖြစ်သည်။ လူတစ်ယောက်အား သူ့တွင်ရှိသည့် အကောင်းဆုံးအစွမ်းအစကို ပြနိုင်ရန် မြှင့်တင်ပေးသည့် နည်း လမ်းသည် ချီးမွမ်းခြင်းနှင့် အားပေးခြင်းပင်ဖြစ်သည်။ အထက် လူကြီးများ၊ အလုပ်ရှင်များ၏ ပြစ်တင်ကြိမ်းမောင်းခြင်းသည် လူတစ်ယောက်အား သူ့တွင်ရှိသည့်တက်လမ်းကို အညွန့်တုံး အောင် လုပ်ပစ်ခြင်းနှင့်တူသည်။

ကမ္ဘာအရပ်ရပ်ရှိလူများစွာသည် မည်မျှပင် ရာထူးဌာနန္တရ ကြီးမားသူဖြစ်ပါစေ ဆူပူကြိမ်းမောင်းနေသည့် လက်အောက်တွင်အလုပ်လုပ်ရခြင်းထက် ထောက်ခံ၊ အားပေး၊ ချီးမွမ်းသောသူများ ၏လက်အောက်တွင် အလုပ်ကိုပိုကောင်းအောင် အားကြိုးမာန် တက်မလုပ်သောသူ ရှိနိုင်မည်မဟုတ်ပေ။

တစ်ချို့က ဤကဲ့သို့ချီးမွမ်းခြင်းကို မြှောက်ပင့်သည်ဟု ထင် တတ်ကြသည်။ “ဒီမြှောက်ပင့်တဲ့စကားလုံးတွေက ရိုးနေပါပြီကွာ။ လူပါးလူနပ်တွေကို စမ်းလို့မရပါဘူး” ဟု ပြောချင်ပြောမည်။ မှန် ပါသည်။ မြှောက်ပင့်သော စကားလုံးများနှင့် ပါးနပ်သောလူများ အပေါ် စမ်း၍မရပါ။ မြှောက်ပင့်သောစကားသာမှန်လျှင် စမ်း၍ မရသည်ထက် မရတာပိုများသည်။ မြှောက်ပင့်ပြောသူများသည် စိတ်ထဲပါ၍ပြောကြသူများမဟုတ်ပါ။ ထိုသူတို့သည် ကိုယ်ကျိုး ရှာသမားများသာ ဖြစ်ကြသည်။ အချို့လူများသည် မြှောက်ပင့် ချီးမွမ်းခံချင်လွန်းသောကြောင့် မည်ကဲ့သို့ မြှောက်မြှောက်ပင့်ပင့် ငတ်ပြတ်နေသော လူတစ်ယောက်သည် မြက်နှင့် တီကောင်ကိုသာ ဝါးစားနေသကဲ့သို့ မြှောက်ပင့်သမျှကို ကြိုက်နေမည်။

ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းသည် မည်ကဲ့သို့ ခြားနား သနည်း။ ချီးမွမ်းခြင်းသည် ရိုးသားဖြောင့်မတ်၏ ။ မြှောက်ပင့်ခြင်း သည် မရိုးသားပေ။ ချီးမွမ်းခြင်းသည် ဝမ်းတွင်းစိတ်ထဲမှ ထွက် ပေါ်လာ၏။ မြှောက်ပင့်ခြင်းသည် နှုတ်မှထွက်လာ၏။ ချီးမွမ်း ခြင်းသည် အချီးမွမ်းခံရသူအတွက် အကျိုးဖြစ်စေရန် ရည်စူး၍ မြှောက်ပင့်ခြင်းသည် မြှောက်ပင့်သူအတွက်သာ အကျိုးဖြစ်ထွန်း စေရန် ရည်စူးသည်။

* သင့်ကိုဝိုင်းတိုက်သော ရန်သူများကို မကြောက်ပါနှင့်၊ သင့်ကိုဝိုင်းမြှောက်နေသော မိတ်ဆွေများကိုကြောက်ပါ။

အို ဗရီဂွန် (Obregon)

“မြှောက်ပင့်ခြင်း (အပေါစားချီးမွမ်းခြင်း) ကို ကျွန်ုပ်ကိုယ်တိုင် ခံယူရန်သော်လည်းကောင်း၊ ကျွန်ုပ်ကပေးရန်သော်လည်းကောင်း၊ ကျွန်ုပ်အားမသင်ကြပါနှင့်”ဟု ပဉ္စမမြောက်ဂျော့ဘုရင်က ရေးသား ခဲ့ဖူးသည်။

ကျွန်ုပ်တို့လုပ်ရန်အလုပ်သည် မြှောက်ပင့်နေရုံသာဆိုလျှင် လူတိုင်းထိုအလုပ်ကိုလုပ်ကြပြီး ပေါင်းသင်းဆက်ဆံရေး လုပ်ငန်း တွင် အထူးနှံ့စပ်ကျွမ်းကျင်သူများ ဖြစ်နေကြမည်။ ကျွန်ုပ်တို့ သည် ပြဿနာတစ်ခုကို စဉ်းစားနေသောအခါများတွင် မိမိတို့ ၏ ကိုယ်ပိုင်အချိန် ၉၅ ရာခိုင်နှုန်းလောက်ကို မိမိတို့အကြောင်း ကိုသာ စဉ်းစားတွေးတောနေခြင်းဖြင့် အချိန်ကုန်လွန်စေကြ သည်။ အကယ်ဤ မိမိအကြောင်းတွေးနေခြင်းကို ခေတ္တရပ်၍ အခြား သူများ၏ ကောင်းသောအချက်များကို စတင်စဉ်းစားမိလျှင် နှုတ်က မထွက်မီကပင် မြှောက်ပင့်သော စကားလုံးများဖြစ်ကြောင်း ကြိုတင် သိနိုင်၍ အဖိုးမတန်၊ မဟုတ်မမှန်သည့် မြှောက်ပင့်သောစကားလုံး များ အသုံးပြုရမည့်အခြေအနေသို့ ရောက်ရှိလာမည်မဟုတ်ပေ။

သင်တွေ့ရသောလူတိုင်းသည် တစ်နည်းနည်းဖြင့် သင့်ထက် သာသောသူများဖြစ်သည်ဟု မှတ်လိုက်ပါ။ သို့မှသာ ထိုလူများ ၏အကြောင်းကို သိနိုင်သည်” ဟု အီဖာဆန်ကပြောခဲ့သည်။ ဤစကားမှန်ကန်ခဲ့လျှင် ကျွန်ုပ်တို့အောင်မြင်ခဲ့သည့်အရာများ နှင့် လိုလားတောင့်တချက်များကိုသာ တွေးတောခြင်းကို ရပ်တန့်ကြည့်ပါ။ အခြားသူများ၏ ကောင်းသောအချက်ကို ကြိုးစား၍ ရှာဖွေပြီး မြှောက်ပင့်သောစကားလုံးများကို မေ့ပစ်ပါ။ ရိုးသား ဖြောင့်မှန်ပြီး စိတ်ထဲမှပါသော ချီးမွမ်းခြင်းကို ပြုလုပ်ပါ။ ထောက်ခံစရာရှိလျှင် ထောက်ခံ၍ ချီးမွမ်းစရာရှိလျှင် လှိုက်လှိုက် လှဲလှဲချီးမွမ်းပါ။ * မြှောက်ပင့်ခြင်းမလုပ်ဘဲ ချီးမွမ်းအားပေးပါ။ *

၃။ တစ်ဖက်လူစိတ်ထဲရှိဆန္ဒများကို ပြင်းပြလာအောင်နှိုးဆွပေးပါ

ကျွန်ုပ်တို့ ဘာကိုအလိုရှိသည်ဟုပြောနေလျှင် ကလေးက လားနိုင်၍ ရယ်စရာကောင်းပါသည်။ အကယ်စင်စစ် သင်သည် သင်အလိုရှိသောအရာများ၌သာ အမြဲတမ်းစိတ်ဝင်စားနေသည်။ သို့သော် သင်စိတ်ဝင်စားသောအရာကို သင်ကလွဲ၍ မည်သူမျှ စိတ်မဝင်စားနိုင်ချေ။ သင်ကလွဲ၍ ကျန်သောလူအားလုံးတို့သည် သင်ကဲ့သို့ ကိုယ်အလိုရှိရာ၌သာ စိတ်ဝင်စားလျှက်ရှိကြသည်။

ထို့ကြောင့် အခြားလူတစ်ဦးကို ကိုယ့်ဘက်ပါအောင်ဆွဲရန် ထိုလူအလိုရှိသောအရာကိုပြော၍ ထိုအရာကို မည်သို့ရအောင် လုပ်ရမည်ကို ပြပေးပါ။ ဥပမာ-သင့်သားဆေးလိပ်သောက် သည်ကို မသောက်ရန် သူ့အားသွား၍ အတင်းအကြပ်မပိတ်ပင်ပါ နှင့်။ ဆေးလိပ်သောက်ခြင်းကြောင့် သူဝါသနာပါသော အားကစား တစ်ခုခုကို အောင်နိုင်မည်မဟုတ်ကြောင်း သိအောင်ပြပေးပါ။

အလုပ်သည် ကျွန်ုပ်တို့၏အရင်းခံစိတ်မှ ပေါက်ဖွားလာ လေသည်။ အလုပ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ နိုင်ငံရေး၌ဖြစ်စေတစ်ဖက်သားအား မိမိဘက်သို့ပါအောင် ဆွဲဆောင်နည်းသည် “တစ်ဖက်သား၏ စိတ်ထဲတွင်ရှိသောဆန္ဒကို ပြင်းပြလာအောင် နှိုးဆွပေးပါ။ နောက်တစ်နေ့တွင် လူတစ်ဦးဦးကို တစ်စုံတစ်ရာ ပြုလုပ်ရန် သင်ခိုင်းစေချင်လျှင် မခိုင်းမီ “သူလုပ်ချင်အောင် ငါဘယ်လိုခိုင်းရပါ့မလဲ” ဟု ကိုယ့်ကိုယ်ကို ပြန်မေးပါ။

အခြားသူများ၏ ယူဆချက်ကိုရအောင် စုံစမ်းပြီးနောက် လုပ်ရန်အလုပ်များကို သူ့ဘက်နှင့်ကိုယ့်ဘက် နှစ်ဖက်စလုံး ကြည့်ပြီးမှ ဆုံးဖြတ်နိုင်သော အရည်အချင်းသည် လူအများ နှင့် ဆက်ဆံရာတွင် လိုက်နာရန် အကောင်းဆုံးဖြစ်သည်။ *

ယခုအခါတွင် ထောင်ပေါင်းများစွာသော ဈေးသည်တို့သည် လမ်းတကာလျှောက်ပြီး မောမောပန်းပန်းဖြင့် အနည်းငယ်မျှသာ ငွေအတွက်ဈေးရောင်းနေကြရသည်။ အဘယ်ကြောင့် ထိုသို့လုပ် နေရသနည်း။ ထိုဈေးသည်တို့သည် သူတို့လိုချင်သော အရာကို သာ တွေးတောနေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ မည်သည့် အရာကို ဝယ်ချင်သည်မဝယ်ချင်သည်ကို သူတို့မသိပေ။ ကျွန်ုပ် တို့သည် ကိုယ့်ကိစ္စနှင့်ကိုယ် အမြဲတမ်း အလုပ်ရှုပ်လျှက်ရှိသည်။ အကယ်၍ ဈေးရောင်းသူတစ်ဦးသည် သူ၏ကူညီမှု (သို့မဟုတ်) သူတို့၏ ကုန်ပစ္စည်းများသည် ကျွန်ုပ်တို့၏ ပြဿနာကို မည်ကဲ့ သို့ဖြေရှင်းနိုင်ကြောင်း ပြသဖို့လိုအပ်သည်။ ဖောက်သည်တစ်ဦး သည် ရောင်းသူကဝယ်ပါဟု တိုက်တွန်း၍ ဝယ်ရခြင်းထက် မိမိ ကိုယ်တိုင်အလိုရှိ၍ ဝယ်ရခြင်းကို ပိုအလိုရှိသည်။ သို့သော် ဈေးသည်အများစုသည် ဝယ်သူဘက်မှမကြည့်ဘဲ ကုန်ပစ္စည်းများကို တစ်သက်လုံး ရောင်းလျှက်ရှိကြသည်။ ။

တစ်ချို့သောလူများသည် တစ်ခြားသူကို ကူညီရန်မစဉ်းစား ချေ။ မိမိကိုယ်ကိုကူညီရန်သာ စဉ်းစားလျက်ရှိသည်။ ပညာတတ် များသည်လည်း ထိုကဲ့သို့အမှားမျိုးကို လုပ်တတ်ပေသည်။ မိမိ အကျိုးကိုသာကြည့်ပြီး သူတစ်ပါးထံမှ မည်ကဲ့သို့ အမြတ်ထုတ် ရမည်ကိုသာ အမြဲစဉ်းစားနေတတ်သည်။ ။

ကမ္ဘာကြီးတွင် ထိုကဲ့သို့ လောဘကြီးသော အတ္တကြီးသော ကိုယ်ကျိုးရှာသမားများနှင့် ပြည့်နေသည်။ သဒ္ဓါတရားရှိစွာ တစ် ဖက်သား၏အကျိုးကို သယ်ပိုးလိုသောလူတစ်ဦးတွင် အတိုင်းအဆ မရှိသော အခွင့်အလမ်းကောင်းများစွာ ရှိလေသည်။

“တစ်ဖက်သား၏ နေရာတွင် ကိုယ့်ကိုယ်ကိုထားကြည့်ပြီး တစ်ဖက်သား၏ စိတ်နေသဘောထားကို အကဲခတ်နိုင်သောသူ သည် သူ၏နောင်ရေးအတွက် ပူပင်စရာမလိုပေ။

အိုဝင်ဒီယန်း (Owen D Yang)

များစွာသောလူတို့သည် အထက်တန်းကျောင်းများ၊ တက္ကသိုလ် ကျောင်းများတွင် စာပေများ လေ့လာသင်ယူကြသော်လည်း မိမိ တို့၏ ကိုယ်ပိုင်စိတ်နေစိတ်ထားများ မည်ကဲ့သို့ရှိသည်ကို စူးစမ်း ရှာဖွေမှု မပြုကြပါ။ တွင်ကျယ်သောစိတ်သည် လူတို့တွင်ရှိသည့် အခြားသောစိတ်များ ကို လွှမ်းမိုးနေသောစိတ်ဖြစ်သည်။”

ဝီလျံဝင်းတား (William Winter)

ကျွန်ုပ်တို့၌ အကြံကောင်းတစ်ခုရှိလျှင် တစ်ဖက်သားအားထိုအကြံသည် ကျွန်ုပ်တို့အကြံဖြစ်သည်ဟု သိစေမည့်အစား သူ့ထံမှရရှိသည်ဟု အနေအထားမျိုးရောက်အောင် ပြုလုပ်ရမည်။ ထိုအခါ ထိုသူသည် သူ၏အကြံဟုယူဆပြီး အလွန်နှစ်သက်ရုံ မက အကြံပေးသူထက် နှစ်ဆပို၍လုပ်လိမ့်မည်။

ထိုကြောင့်“တစ်ဖက်သား၏စိတ်ထဲတွင် ဆန္ဒတစ်ခု ပြင်းပြ စွာဖြစ်လာအောင် ရှေးဦးစွာနှိုးဆွပေးပါ။ ထိုသူသည် ဤကိစ္စကိုဆောင်ရွက်နိုင်ပါက တစ်ကမ္ဘာလုံး ထိုသူနောက်သို့ လိုက်ပါအံ့။ မဆောင်ရွက်နိုင်ပါက တစ်ယောက်တည်းနေရအံ့” ဟူသော စကားကို ကောင်းစွာမှတ်သားထားပါ။ * တစ်ဖက်လူစိတ်ထဲရှိ ဆန္ဒကိုပြင်းပြလာအောင် နှိုးဆွပေးပါ*