Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ဂေါ်ရခါးသီးစိုက်ပျိုးခြင်း

အသုံးဝင်ပုံ - သမပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်၍ အညွန့်နှင့် အသီးကို ပုံစံအမျိုးမျိုးဖြင့် ကြော်လှော် ချက်ပြုတ်စားသုံးနိုင်သည်။ ။

ပြင်ဆင်ပုံ - အကြမ်းခံနိုင်သော အပင်အမျိုးအစားဖြစ်၍ မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ ပျိုးထောင်စိုက်ပျိုးခြင်း၊ အမြစ်အုံကို သားခွဲယူစိုက်ပျိုးခြင်းနှင့် အ ကိုင်းဖြတ်ထိုးမျိုးပွား စိုက်ပျိုးနည်းဟူ၍ အမျိုးမျိုးရှိသည်။

စိုက်ပျိုးပုံ - စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နိမ့်၍ မြေပုံတွင် အလျား ချကာ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်စိုက် ရမည်။ အသီးအပင်ဖောက်နေစဉ် ရေမလောင်းရပေ။ အပင်ပေါက် လာပြီးနောက် ရေသင့်တင့်ရုံ လောင်းပေးရမည်။ ပင်တန်းကြား (၄x၄) ကိုက် (၄) ကွက်ကြား (သို့မဟုတ်) (၆x ၆) ပေထား၍ မြေပုံစိုက် ပျိုးနိုင်သည်။

အစိုဓာတ်မပျက်စေရန် ဂရုစိုက်၍ ရေလောင်းပေးပါ။

ကိုင်းပြုပြင်ပေးပုံ - ပင်မကိုင်းအရှည် (၁) ပေခန့်ရှိလာအောင်ခေါင်နှိမ်ပေးပြီး ကိုင်းတက် (၂) ခုကို မွေး ထားပါ။ ကိုင်းတက်သည် (၄) ပေ (၅) ပေခန့်ရောက်လျှင် တစ် ကိုင်းဆီမှ ကိုင်းငယ် (၃) ခုစီ ဖြာထွက်လာစေရန် ထပ်မံခေါင်နှိမ် ပေးပါ။ ပိုးမွှားကျရောက်မှုနည်းပါးသော်လည်း အပင်ညှိုးသေရော ဂါနှင့် ရွက်ခြောက်ရောဂါများကျရောက်တတ်သည်။

ခူးဆွတ်ပုံ - အသီးသန္ဓေအောင်ပြီး နောက်ကြီးထွားမှုလျင်မြန်ပါက (၁၅) ရက်၊ အရက် (၂၀) ကြာလျှင် ခူးဆွတ်နိုင်သည်။ အကိုင်းတစ်ကိုင်းလျှင် (၈) လုံးအထိ သီးနိုင်သည်။

မျိုးရယူပုံ - ပန်းပွင့်ပြီး (၄၅-၅ဝ) ရက်တွင် အသီးကိုခူးဆွတ်ရမည်။ ခူးဆွတ်ထားသော အသီး များကို တောင်းများ၊ သေတ္တာများတွင် ကောက်ရိုးခံ၍ထည့်ပြီး အေး သောနေရာတွင်ထားရမည်။

ဘူးစိုက်ပျိုးခြင်း

အသုံးဝင်ပုံ - အရွက်နု၊ အညွန့်၊ အသီး၊ ဘူးရိုး(ပင်စည်)တို့ကို အမျိုးမျိုးချက်ပြုတ်စားသုံးကြသည်။ အစေ့ကိုဆီအဖြစ်လည်းကြိတ်နိုင်၍ ဆီကြိတ်ရန် ဆီထွက်နှင့် အစေ့ များသောမျိုးကို ရွေးချယ်ရမည်။ မျိုးရွေးချယ်ပုံ - စီးပွားဖြစ်ဘူးစိုက်ပျိုးပါက မျိုးရွေးချယ်မှုမှန်ကန်ဖို့လိုသည်။ ရေခံမြေခံရာသီဥတုနှင့် သင့်လျော်သော အောင်မြင်နေသည့် ဒေသခံမျိုး ဦးစားပေးစိုက်ပျိုးသင့်သည်။ ဒေသမျိုးများသည် ရောဂါဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်ရည် ရှိသည်။ အသီးပုံသဏ္ဌာန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှုတ်၊ ဘူးကျားဟူ၍ အမျိုးမျိုးရှိ သည်။အောက်မြန်မာပြည်တွင် ဘူးစက စိုက်ပျိုးမှုများပြီး စိုက်ပြီး ရက် (၉ဝ)တွင် စတင်ခူးဆွတ်နိုင်သည်။ သက်ကြီးမျိုးများမှာ ရက် (၁၂၀) ၌ စတင်ခူးနိုင်သည်။

ဘူးစိုက်ချိန် - (၁) နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်းမိုးနှောင်းကာလ (စက်တင်ဘာ၊ အောက် တိုဘာ) တွင် အစိုက်များသည်။ မိုးရာသီတွင်စိုက်ပျိုးပါက သီးအားကောင်းသောမျိုး၊ ပိုးဒဏ်ခံနိုင်သော မျိုးကို ရွေးချယ်ရမည်။ ဆီး နှင်းလွန်ကဲစွာ ကျရောက်ခြင်းကို မခံနိုင်ပေ။

 ပျိုးထောင်ပုံ - တိုက်ရိုက်အစေ့ချနည်းကို အသုံးများပြီးမိုးရာသီစိုက်ပျိုးပါက ပျိုးထောင်စိုက်ပျိုး သင့်သည်။ ပလတ်စတစ်အိတ် (၅"x ၄"၊ ၅"x ၇) ကို ရေစိမ့် ထွက်မှု ကောင်းစေရန် အပေါက်ဖောက်၍ စိုက်ပျိုးမြေနှင့် မြေဆွေး ကို ဆတူသမအောင်ရောမွှေ၍ ထည့်ရမည်။ ပျိုးမြေ (၁) တင်းလျှင် တီစူပါစတီးဇွန်း (၁၀) ဇွန်း (၁ဝဝဝ ဂရမ်) ခန့်ထည့်ပေးရမည်။

မြေပြုပြင်ပုံ - ရာသီမရွေး စတင်စိုက်ပျိုးနိုင်သည်။ စင်တင်စိုက်ပျိုးခြင်းဖြင့် မြေကြီးနှင့်ထိ၍ အသီး ပုပ်မှုသက်သာပြီး ပိုးမွှားကျရောက်မှုနည်းစေသည်။ စိုက်ဘောင်ဖြင့် စိုက်ပျိုးရမည်ဖြစ်ပြီး ဘောင်ကို အကျယ် (၃) ပေ၊ အမြင့် (၁) ပေ ခန့် ပေါက်တူးဖြင့်ဖော်၍ သဘာဝမြေဆွေး၊ နွားချေးဆွေး (ကြက် ချေးဆွေး၊ ဆိတ်ချေးဆွေး၊ သိုးချေးဆွေး)၊ တီစူပါ (ယူရီးယား၊ ပို တက်ရှ်) ကိုထည့်၍ သမအောင်ဆွပေးပါ။ အစေ့ချစိုက်ပျိုးပါက စိုက်ဘောင်အပေါ်ယံမြေကို ဆန်ခါချ၍ မြေတင်ပေးရမည်။ ထိုသို့ စိုက်ပျိုးပါက အညှောင့်ဖောက်ပြီး (၁) ပေခြား (၁) စေ့ချ၍ အပင် (၁) လသားတွင် ပင်ကြား (၃-၅) ပေချန်ကာ ကျန်အပင်များကို နုတ်ရမည်။ ပျိုးထောင်စိုက်ပျိုးပါက (၅) ပေခြားစိုက်ကျင်းတစ်ကျင်း လျှင် (၂) ပင်နှုန်းထည့်သင့်သည်။ မိုးနှောင်းဆောင်း၊ နွေနှင့် မိုးနည်း သော ယာမြေတောင်ပေါ်ဒေသများတွင် ဘောင်အမြင့်မဖော်ဘဲ စိုက် ကျင်း၊ စိုက်မြောင်းနှစ်ခုကြားတွင် ရေသွင်းမြောင်းထားရှိ၍ အညွန့် လွှတ်စိုက်ပျိုးနိုင်သည်။ အညွန့်စားဘူးကိုဤစနစ်ဖြင့် စိုက်ပျိုးသည်။

အပင်ပြုစုပုံ - အပင်ပျိုးသက် (၂၅) ရက်မှ (၄၅) ရက်အတွင်း ရွှေ့စိုက်နိုင်သည်။ တိုက်ရိုက် အစေ့ချစနစ်တွင် အပင်မပေါက်ခင် ရေကိုပို၍ ဂရုစိုက်လောင်းပေး ပါ။ စိုက်ပြီး (၁) ပတ် အမြစ်ခွဲချိန်၌ အပင်မှ (၆) လက်မခွာ၍ ယူရီးယားနှင့် ပိုတက်ရှ် အတူရော၍ ကျွေးကာ အပင်ကိုခါးဆွပေး ပါ။ အပင်ငယ်စဉ် ရေမပြတ်စေရန် ဂရုစိုက်ရမည်။ သီးကင်းဝင်ချိန် နှင့် အသီးဖြိုင်ဖြိုင် သီးချိန်သည် ရေအလိုအပ်ဆုံးဖြစ်သည်။ အရွက် (၇) ရွက်နှင့်အထက် စင်ပေါ်ရောက်လျှင် ခေါင်နှိမ်ပေးပါ။

ပိုးမွှားအန္တရာယ် - ဘူးကျိုင်းငယ်များ အပင်ငယ်စဉ်ကပင် ကျရောက်တတ်၍ ထိသေဆေးများဖြင့် ပက် ဖျန်းနှိမ်နင်းရမည်။ ပျကဲ့သို့စုပ်စားပိုးများ၊ ဂျပိုးအုပ်စုဝင်များ ကျ ရောက်တတ်သည်။ ဒေါင်းနှီးရွက်ခြောက်ရောဂါ၊ အစေးထွက်ရွက် ခြောက်ရောဂါ၊ ရွက်ပျောက်ရောဂါများကျရောက်တတ်၍ အပင်ငယ် စဉ်မှာပင် မှိုသတ်ဆေးပက်ဖျန်းကာကွယ်ရမည်။

မျိုးစေ့ထုတ်ယူပုံ - ရောဂါပိုးမွှားကင်း၍ ရင့်သောအသီးကိုခူးပြီး `အရိပ်ထဲ (၂) ပတ်ခန့်ထားရမည်။ အစေ့ရှိသော အတွင်းသားပိုင်းကိုထုတ်၍ အချွဲပြောင်အောင် ဆန်ခါ ဖြင့် ဖြည်းဖြည်းတိုက်ပါ။ ရေပြောင်အောင်ဆေး၍ (၄၅) မိနစ်အတွင်း ရေခြောက်ရန်နေလှန်းပါ။ အရိပ်ထဲတွင် (၂) ရက်ခန့် လေသလပ်ခံ အခြောက်လှန်းပါ။ အခြောက်လှန်းစဉ် လက်သန့်သန့်ဖြင့်မွှေပေးပါ။