Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - သီးပင်စိုက်ပျိုးဝင်ငွေတိုး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကြက်မောက်ပင်စိုက်ပျိုးခြင်း

စိုက်ပျိုးနိုင်သောဒေသ - ကရင်ပြည်နယ် (သံတောင်)၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းပြီး ဒူးရင်း၊ မင်းကွတ်ပင်တို့ဖြင့် တွဲဖက်စိုက်ပျိုးနိုင်သည်။

ရာသီဥတုနှင့်မြေ - ပူနွေးစွတ်စိုသော ရာသီဥတုကိုနှစ်သက်သည်။ ရေဝပ်မှုဒဏ်ကို အတော်အတန်ခံနိုင်ရည်ရှိပြီး မြေမရွေးစိုက်ပျိုးနိုင်သည်။ မိုးရေချိန်လက်မ (၁၀၀)အထက်နှင့် အပူချိန် (၁၂-၃၅) ဒီဂရီ စင်တီဂရိတ် အတွင်းကောင်းစွာဖြစ်ထွန်းသည်။

မျိုးပွားခြင်း - အစေ့ကိုပျိုးထောင်ခြင်း၊ ကိုင်းကူးဆက်ခြင်းဖြင့် မျိုးပွား နိုင်သည်။

စိုက်ပျိုးခြင်း - အစေ့ပျိုးထောင်စိုက်ပျိုးပါက ပျိုးပင်တစ်လခွဲခန့် တွင် ပျိုးအိတ်များအတွင်း ရွှေ့ပြောင်းစိုက်ပျိုးရမည်။ ကြက်မောက်ပွင့်ချိန်တွင် ရေများစွာလိုအပ်၍ ရေလှိုင်လှိုင်ရသော နေရာမျိုးတွင် စိုက်ပျိုးသင့်သည်။ စိုက်ကျင်းများကို (၃x x ၃) ပေပတ်လည်တူးပြီး ကြက်ချေးဆွေး၊ နွားချေးဆွေး၊ စက်ဖွဲပြာ၊ ဓာတ်မြေသြဇာ (N: P:K) (၁:၁:၁) အရောတို့ကို ထုံး၊ ခြသတ်ဆေးရည်၊ ဖျူရာဒန်တို့အား အချိုးအဆအတိုင်းရောပါ။ ထို့နောက် အပေါ်ယံ (၁.၅) ပေ တူးထားသော မြေသားနှင့်သမအောင်ရောမွှေ၍ တစ်လ ခန့် နှပ်ထားပါ။ ။

ဇွန်၊ ဇူလိုင်လ (မိုးဖြိုင်ဖြိုင်ရွာပြီး အစိုဓာတ်ကောင်းလာချိန်)တွင် (၁- ၅ - ၂)နှစ်ရှိသည့် ပျိုးပင်များကို ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ပြောင်းရွှေ့ စိုက်ပျိုးရာတွင် နံနက်စောစော (သို့မဟုတ်) ညနေပိုင်းများတွင်သာ စိုက်ပျိုး သင့်သည်။ စိုက်ကျင်းမျက်နှာပြင်နှင့် ပျိုးထုတ်မျက်နှာပြင်တို့မှာ တစ်ပြေး ညီတည်းဖြစ်နေရမည်။ စိုက်ပျိုးပြီးပါက နှပ်ထားသော မြေဆွေးအရောများကို အပင်ခြေတွင် ပြန်ဖို့ပေးရမည်။

မြေသြဇာကျွေးခြင်း - အပင်သန်စွမ်းပါက စိုက်ပျိုးပြီး သက်တမ်း (၃-၄) နှစ်အတွင်း အသီးသီးနိုင်သည်။ အသီးစတင်သီးမည့်နှစ်ပန်းပွင့်ခါနီး နိုဝင် ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်ကြိမ်၊ ပန်းပွင့်ပြီး သီးလုံးပေါ်စ ဖေဖော်ဝါရီ လနှင့် မတ်လတွင်တစ်ကြိမ်၊ အသီးခူးပြီးအပင်နားချိန် သြဂုတ်လနှင့်စက်တင်ဘာလတွင်တစ်ကြိမ် စုစုပေါင်း (၃) ကြိမ် မြေသြဇာ ကျွေးရမည်။ မြေသြဇာကျွေးတိုင်း နွားချေးနှင့်ကြက်ချေးဆွေးအရော (၂) တင်းနှုန်းနှင့် စက်ဖွဲပြာ (၁) တင်း ထည့်ပေးရမည်။ ပထမအကြိမ် ဓာတ်မြေသြဇာကျွေးရာ တွင် N: P: K(၃: ၁:၁)၊ ဒုတိယအကြိမ် ဓာတ်မြေသြဇာကျွေးရာတွင် N: P: K(၁:၂:၁)၊ တတိယ အကြိမ်ဓာတ်မြေသြဇာကျွေးရာတွင် N: P:K(၁:၁ ;၃) ကို ကျွေးရမည်။ ကျွေးရာတွင် အပင်လိုအပ်ချက်ကို ကြည့်၍ နို့ဆီဘူး (၄) ဘူးမှ (၁၂) ဘူးအထိ ကျွေးရမည်။ အသီးရာသီ ကုန်ဆုံးသွားတိုင်း ကိုင်းကျပ်၊ ကိုင်းညှပ်များကို ဖယ်ရှားပြီ လေဝင်လေ ထွက်ကောင်းစေရန်ပြုပြင်ပေးပါက အသီးပိုထွက်စေသည်။

၃ ကွမ်းသီးပင်စိုက်ပျိုးခြင်း

စိုက်ပျိုးနိုင်သောဒေသ - ဒေသမရွေးစိုက်ပျိုးနိုင်ပြီး မိုးများသော ပင်လယ် ကမ်းခြေဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၃ဝဝဝ) အတွင်း အစိုဓာတ်ရရှိပါက စိုက်ပျိုးနိုင်သည်။ စိမ့်စမ်း လျှိုမြောင်တောင်ကြားများ၊ အနောက်နေကွယ်ဒေသများတွင် ဖြစ်ထွန်းသည်။ အစိုဓာတ်ကောင်းစွာရရှိပြီး အပူချိန်များသောဒေသများတွင်လည်း စိုက်ပျိုးနိုင် သည်။

ရာသီဥတု - ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်သက်သည်။ တစ်နှစ် ပတ်လုံးမိုးရေချိန် လက်မ (၈၀-၂၀၀)ရသော ဒေသများတွင် ကောင်းစွာဖြစ် ထွန်းသည်။ လိုအပ်ပါက ရေပေးသွင်းစိုက်ပျိုးနိုင်သည်။ မိုးခေါင်ပါက အပင် ကြီးထွားနှုန်းနှင့် ပန်းပွင့်နှုန်းထိခိုက်နိုင်သည်။ မိုးများပြီး အပူချိန်(၂၈-၃၂) ဒီဂရီ စင်တီဂရိတ်ရှိပါက ကွမ်းသီး စိုက်ပျိုးခြင်းအတွက် ပိုကောင်းသည်။

ကွမ်းသီးအမျိုးအစား - မြန်မာနိုင်ငံတွင် စိုက်ပျိုးသောကွမ်းသီးများကို အကြမ်းအားဖြင့် (၃)မျိုးခွဲခြားနိုင်သည်။ ၎င်းတို့မှာ - အိုးပေါင်း ကွမ်းသီး၊ ချည်ဝင်ကွမ်းသီး၊ ကွမ်းသီးမွှေးတို့ဖြစ်ကြသည်။ အိုးပေါင်း ကွမ်းသီးပုံသဏ္ဌာန် မှာ ဝိုင်း၍ အနည်းငယ် ပြားယောင်ယောင်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင်ကွမ်းသီးအဝိုင်းမျိုး၊ မွန်ပြည်နယ်တွင် ကွမ်းသီးလုံး ဝိုင်းမျိုးဟုခေါ်သည်။ ချည်ဝင် ကွမ်းသီးမှာ အနည်းငယ်ရှည်လျားပြီး ဧရာဝတီတိုင်းဒေသကြီးတွင် မိချောင်း၊ မွန်ပြည်နယ်တွင် ကွမ်းသီးလုံးချွန်ဟု ခေါ်ကြသည်။ အူဖြူ၊ အူနီ နှစ်မျိုးရှိသည်။ ကွမ်းသီးမွှေးကိုမူ ထားဝယ်နှင့် မော်လမြိုင်တို့တွင် စိုက်ပျိုးကြ သည်။

မြေအမျိုးအစား - မြေချဉ်ငန်နှုန်း (၅-၅.၅)အတွင်းရှိ ရွှံ့စေးဆန် သော နုန်းမြေတွင် ပို၍ဖြစ်ထွန်းသည်။ ရေဝပ်ခြင်းကို မနှစ်သက်ပေ။ မြေဆီလွှာ အတွင်း ရေစီးဆင်းမှုကောင်းသောမြေမျိုးကို နှစ်သက်သည်။ နီညို သစ်တော မြေများတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမှုရှိနိုင်သည်။

ပျိုးထောင်ခြင်း - မျိုးယူရာတွင် ပင်စည်ကြီးမားထွားကျိုင်းပြီး အပင် သက်တမ်း (၁၅-၂၀) အတွင်းရှိသည့် အပင်မှကွမ်းသီးကို မျိုးယူသင့်သည်။ တစ်ခိုင်လျှင်အသီးအလုံး (၁၀၀) ကျော်ပါရှိပြီး သီးခိုင် (၄-၅) ခိုင်ထွက်ရှိ သည့် အပင်မှ ပထမဆုံးသီးခိုင်နှင့် နောက်ဆုံးသီးခိုင်ကိုမယူဘဲ အလယ်မှ ထွက်သည့် သီးခိုင်မှသီးခွံပါးပြီး အဆန်ကြီး၍ အလုံးညီသော အရောင်ရင့် အသီးများကိုသာ မျိုးအဖြစ်ရွေးချယ်သင့်သည်။

အရည်အသွေးမီရွေးချယ်ထားသော ကွမ်းသီးများကို အရိပ်ကောင်း ၍ စိုစွတ်သောနေရာတွင် သဲ၊ စက်ဖွဲပြာ၊ မြေဆွေးအချိုးကျရောစပ်၍ မြေ ပြုပြင်ထားသော ဘောင်များပေါ်တွင် (၁)လက်မခြား ဘေးတိုက် လှဲတန်း ချကာ (၃) အထိ မြေထဲမြှုပ်ထားရမည်။ ထို့နောက် ကောက်ရိုး၊ မြက်ခြောက် များဖြင့် ဖုံးပေးထားရမည်။ ရေတစ်နေ့နှစ်ကြိမ် ပုံမှန်လောင်းပေးရမည်။

မျိုးစေ့ချပြီး (၁)လခွဲခန့်အကြာ အညှောင့်ပေါက်လာပါက မြေဆွေး (၃) ဆ၊ နွားချေး (၁)ဆနှင့် စက်ဖွဲပြာ (၁) ဆရောထားသော (၈-၁၂)လက်မ အရွယ်ပျိုးအိတ်ထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးရမည်။ ပျိုးအိတ်များကို အရိပ်ရသော နေရာတွင်ထားပြီး နေ့စဉ် ရေလောင်းပေးရမည်။ အရွက်ကောင်းစွာ ထွက်ရှိနိုင်ရန် ပျိုးအိတ်များကို တစ်အိတ်နှင့်တစ်အိတ် (၁) ပေခန့် ခြားထား သင့်သည်။

စိုက်ပျိုးခြင်း - ကွမ်းသီးပင်များပျိုးထောင်ထားစဉ် စိုက်ပျိုးမည့် နေရာကို ပြင်ဆင်ပြုပြင်ထားရမည်။ ပင်ကြား၊ တန်းကြား (၈x ၆) ပေအကွာ ကျင်းက လေးများ တူးထားရမည်။ မြေညံ့ပါက (၆x ၄) ပေ ခပ်စိပ်စိပ်တူးနိုင်သည်။ စိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးခြင်းနှင့် သီးညှပ်စိုက်ပျိုးခြင်း ဟူ၍ ရှိသည်။ သီးညှပ် စိုက်ပျိုးရာတွင် ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ နာနတ်၊ ဒူးရင်းပင်များနှင့် ညှပ်၍ စိုက်ပျိုးကြသည်။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် မိုးဦး ကျအချိန်သည် အကောင်းဆုံးဖြစ်သည်။ မစိုက်မီ စိုက်ကျင်းများထဲသို့ မြေဆွေး (၃)ဆ၊ နွားချေး (၁)ဆ၊ စက်ဖွဲပြာ (၁) ဆရောထည့်ပြီး နှပ်ထားရမည်။ ကျင်းထဲသို့ ချရာတွင် မတိမ်လွန်း မနက်လွန်းစေရန် သတိပြုရမည်။ ကွမ်းသီးပင်၏ အသီးထွက်နှုန်းမှာ စိုက်ပျိုးစနစ်၊ ရေမြေ၊ ပြုစုပုံတို့အပေါ်မူတည်သည်။