Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - မြေပဲနှင့်အခြားပဲမျိုးစုံစိုက်ပျိုးနည်း

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

၁။ မြေပဲစိုက်ပျိုးခြင်း

ရေမြေရာသီဥတု - မြေပဲသည် မြေချဉ်ငံကိန်း (pH) (၅.၅ - ၇.၀) အတွင်းရှိရန် လိုအပ်သည်။ နုန်းမြေ၊ သဲမြေတို့တွင် ပို၍ဖြစ်ထွန်းပြီး ရွှံ့စေး မြေ၊ မြေနီမြေစေး၊ မြေနီကျောက်စရစ်တို့တွင် ဖြစ်ထွန်းမှုမရှိပေ။ မြေပဲစိုက်ရန် သင့်တော်သော မြေမှုန့်ပေါင်းစပ်မှုမှာ (သဲ : နုန်း : မြေစေး ၇၅:၁၅:၁ဝ) . ခန့်ပါဝင်သောမြေမျိုးဖြစ်သည်။ ထို့ကြောင့် အပူပိုင်းမြေများ၏ မြေမှုန့် ပေါင်းစပ်မှုမှာ (၈ဝ : ၁၅:၅)သာရှိသဖြင့် သဘာဝမြေသြဇာ၊ သစ်ရွက် ဆွေးများ၊ မြေဆွေးများရောစပ် အသုံးပြုသင့်သည်။

နေရောင်ခြည်ကောင်းစွာရရှိပြီး အပူချိန် (၈၅ - ၉၅)ဒီဂရီဖာရင် ဟိုက်ရှိပါက နှစ်သက်သည်။ မိုးရေချိန် (၂၅ - ၃၅)လက်မရွာသွန်းသွားပါက ပို၍ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသည်။ သို့သော် မိုးရေချိန်လက်မ (၄၀)ကျော်ပါက အထွက်နှုန်းကျဆင်းစေသည်။

အမျိုးအစား - ပင်ထောင်မြေပဲနှင့် ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။ ပင်ထောင်မြေပဲ (မိုး) စိုက်ပျိုးခြင်း - မိုးဦးကျလျှင်ကျချင်း စိုက်ပျိုးနိုင်ရန်သဲဆန်သောမြေများတွင် မတ်လမှစ၍ ထယ်ရေးကြိုတင်ခံထားရသည်။ အနည်းငယ်စေးသောမြေများတွင် မတ်လ၊ ဧပြီလခန့်တွင် ထယ်ရေး ကြိုတင် ခံထားသင့်သည်။ ထယ်ထိုးပြီးနောက် ထွန်နှစ်စပ်၊ သုံးစပ်အထိ ထွန်မွှေပေး ပြီး အမှိုက်သရိုက်များကို သုတ်သင် ရှင်းလင်းပစ်ရမည်။ ဆောင်းရာသီ သီးထပ်စိုက်ပျိုးရိတ်သိမ်းပြီးပါက ထွန်တစ်စပ်၊ နှစ်စပ်ခန့် ထွန်မွှေ ကျမ်းရိုက် ပေးထားရမည်။ နွေထယ်ရေးပြုပြင်ပေးခြင်းဖြင့် မိုးဦးကျမိုးရေချိန် (၀.၅) - လက်မခန့်တစ်ကြိမ်တည်းရွာလျှင် စတင်စိုက်ပျိုးနိုင်သည်။ အကယ်၍ မြေပဲစိုက်နိုင်သော မိုးရေချိန်အပြည့်အဝမရသေးပါက ပေါင်းပင်ကလေးများ သုတ်သင်ပေးခြင်း ထွန်ရေး ပိုမိုကောင်းမွန်စေရန် ထွန်ဖြင့် (၂ -၃) စပ်ခန့် ထပ်မံမွှေပေးရမည်။

စိုက်ပျိုးရန်မြေအသင့်တင့်ဖြစ်နေမှသာ မြေပဲကို အခွံခွာ၍ အစေ့ ထုတ်ရမည်။ မျိုးစေ့များချရာတွင် စိုက်ကြောင်းအတွင်းသို့ ညီညီညာညာ ကျရန်အရေးကြီးသည်။ စိုက်ကြောင်း ဘေးကျရောက်နေသော မြေပဲစေ့များ သည် မြေပေါ်တင်နေပြီး အပင်ပေါက်သေချာမှုမရှိပေ။ အပင်ပေါက်ပါက လည်း ကြားထွန်၊သံထွန်၊နှစ်ပါးထွန်များဖြင့် ထွန်လိုက်သောအခါ အပင်များ ထွန်ဖြင့် တိုက်ပါသွားပြီးအပင်သေကျေကာ အထွက်နှုန်းကို ထိခိုက်စေသည်။

မျိုးစေ့ချရာတွင် ကြောင်းဆွဲထွန်နောက်မှလိုက်၍ ကြောင်းအတွင်း လက်ဖြင့်ဖြူးစိုက်ခြင်းနှင့် မြေပဲမျိုးစေ့ချထွန်များ အသုံးပြုလိုက်ခြင်းတူ၍ အမျိုး မျိုးရှိသည်။ ကြောင်းဆွဲထွန်နောက်မှလိုက်၍ ကြောင်းအတွင်းလက်ဖြင့် ဖြူး စိုက်ရာတွင် ပြင်ဆင်ထားသောမြေပေါ်တွင် ထွန်သွားများကို ၂ ပေစီခွာ၍ တပ်ထားသောထွန်ဖြင့် ရှေးဦးစွာထွန်ကြောင်းလိုက်ပေးပြီးနောက် ကန့်လန့် ဖြတ်ထွန်ကြောင်းပေးရသည်။ ထွန်ကြောင်းများ ကန့်လန့်ဖြတ်သည့်နေရာ တို့တွင် မျိုးစေ့များကိုလိုက်၍ချရသည်။ မျိုးစေ့ချထွန်အသုံးပြုခြင်းဖြင့် မျိုးစေ့ များ အတိမ်အနက် တစ်သမတ်တည်းရရှိ၍အပင်ပေါက်ညီညာစေပါသည်။

ပင်ထောင်မြေပဲများသည် စိုက်ပြီး (၄ -၅) ရက်တွင် စတင်၍ အညှောင်ပေါက်လာသည်။ ၂၂ ရက်အကြာတွင် ပန်းများစတင်ပွင့်ပြီး ၁လ) ခွဲခန့်အကြာတွင် အစွယ်များ ဖြိုင်ဖြိုင်ဆင်းသည်။ မိုးအခြေအနေကိုကြည့် ၍ ၁ လမှ ၁ လခွဲခန့်တွင် ဘောင်တင်ပေးရမည်။ ဘောင်တင်ပြီးချိန် စိုက်ပြီး ၄၅ ရက်မှစတင်၍ နုတ်သိမ်းချိန်အထိ ဘောင်တင်၊ ကြားတိုက်ခြင်း မပြုလုပ်ရတော့ပါ။

ပင်ထောင်မြေပဲ (ကိုင်း၊ ကျွန်း)စိုက်ပျိုးခြင်း - မြစ်ချောင်း၊ အင်းအိုင် ချောင်းဘေးရှိမြေများတွင် မြှစ်ရေ၊ ချောင်းရေကျပြီးစတွင် စိုက်ပျိုးရသဖြင့် အောက်တိုဘာ၊ နိုဝင်ဘာလတွင် အပြီးစိုက်ပျိုးရသည်။ မြစ်ရေ၊ ချောင်းရေ ကျပြီးချိန်တွင် ထယ်ထိုးပေးရသည်။ ထယ်စာခဲများအနည်းငယ် ခြောက်သွေ့ လာသောအခါ တလိမ့်တုံး (သို့မဟုတ်) ကျမ်းတုံးဖြင့် ထယ်စာ များကို ခြေပေးရသည်။ (ဝါးကြမ်းများဖြင့်လည်း ထယ်ခဲခြေပေးနိုင်သည်) ထယ်ထိုး ခြင်း၊ ထယ်စာခဲခြင်းကို ၃ ကြိမ်ခန့် ပြုလုပ်ပေးရမည်။ ထယ်စာခဲများ ခြေပြီးတိုင်း ကျမ်းတုံးဖြင့်အုပ်ထားပေးရမည်။ သို့မှသာ အစိုဓာတ် မဆုတ် ယုတ်၊ မြေမဟာဘဲရှိနေမည်ဖြစ်သည်။ (၄ -၅) သွားကျွန်များကို အသုံးပြု၍ မြေမှုန့်ရရှိစေရန် အနည်းဆုံး (၁၀ - ၁၂)စပ်ခန့်အထိ ထွန်မွှေပေးရမည်။ မြေမှုန့်ရသောအခါ ကျမ်းတုံးဖြင့်ညီညီညာညာရိုက်ပေးပါ။ ထို့နောက် ၁၅ လက်မ အကွာအဝေးရှိသည့် လေးသွားထွန်ဖြင့် ကြောင်းဆွဲပြီးမျိုးစေ့ ချသင့်သည်။

 ကိုင်းကျွန်းမြေများတွင် မျိုးစေ့ချထွန်ကို ပို၍သုံးစွဲသင့်သည်။ မြေပဲ စိုက်ချိန်တွင် မိုးပြတ်လေ့ရှိတတ်သဖြင့် ထယ်စာခဲများသည် မိုးစိုက်ယာမြေ များထက်ကြမ်းသဖြင့် အစိုစုပ်လွယ်သည်။ ထို့ကြောင့် မျိုးစေ့များနှင့် မြေတွင်း အစိုဓာတ်အလွယ်တကူတွေ့ စေရန် မျိုးစေ့ချထွန်ကို သုံးသင့်သည်။ တစ်ခါ တစ်ရံ မြေတွင်းအစိုဓာတ်ပါက မျိုးစေ့ချထွန်အစား မျိုးစေ့ချထယ်ကို အသုံးပြုစိုက်ပျိုးပါက အပင်ပေါက်ကောင်းမွန်စေသည်။ ထွန်ဖြင့် ကြောင်းဖြောင့်စေရန် ရှေ့ကြောင်းဆွဲပေးပြီးနောက်မှ လူဖြင့်မျိုးစေ့များ ဖြူးချပေး ခြင်းဖြင့်လည်း စိုက်ပျိုးကြသည်။ မည်သည့်နည်းကို အသုံးပြုသည်ဖြစ်စေကြောင်းဖြောင့်၍ ကြောင်းတွင်းမြေပဲစေ့များ ညီညီညာညာအပင်ပေါက် ကောင်းလာစေရန် အရေးကြီးသည်။ မျိုးစေ့ချပြီးပါက ကျမ်းရိုက်ရန်လည်း လိုအပ်သည်။

သီးထပ်မြေပဲစိုက်ပျိုးခြင်း - စပါးအပြီး သီးထပ်မြေပဲကို မြန်မာနိုင်ငံ အောက်ပိုင်းတွင် အဓိကထားစိုက်ပျိုးကြသည်။ သီးထပ်မြေပဲ စိုက်ပျိုးရာတွင် ကောက်ကြီးစပါးစိုက်သောမြေ မဖြစ်စေရပါ။ ကောက်လတ်နှင့် ကောက်လျင် စပါးစိုက်သောမြေမျိုးတွင် စိုက်ပျိုးရမည်။ ကောက်ကြီးစပါးမျိုး စိုက်ပျိုးပါက မြေပဲစိုက်ပျိုးရန် နောက်ကျပြီး၊ နောက်ပိုင်းအစိုဓာတ်ဆုတ် ယုတ်သွားမည် ဖြစ်သဖြင့် သီးထပ်မြေပဲစိုက်ပျိုး၍မရပေ။ သက်လျင်စပါးမျိုး စိုက်ပျိုးမှသာ စောစောရိတ်နိုင်ပြီး မြေပဲစိုက်ချိန်လည်း စောနိုင်မည်ဖြစ်သည်။

မြေပဲသီးထပ်စိုက်ပျိုးရန် စပါးရိတ်သိမ်းသောအခါတွင် အရင်း မှကပ်၍ ရိတ်သိမ်းရန်လိုအပ်သည်။ သို့မဟုတ်ပါက ရိုးပြတ်များကျန်ရှိ နေပါက ရိုးပြတ်ရိတ်တံစဉ် (သို့မဟုတ်) ရိုးဖြတ်ရိတ်စက်ဖြင့် အရင်းမှ ကပ်၍ ရိတ်ပေးရန်လိုအပ်သည်။ (မြက်ယမ်းဓားကောက်ဖြင့် အရင်းမှကပ်၍ ရှင်းလင်းပေးနိုင်သည်။) ထို့နောက် ရိုးပြတ်များကို ကန်သင်းသို့ပုံ၍ ပြောင်စင်အောင်လုပ်ပေးရမည်။ တစ်ခါတစ်ရံ လယ်ကွက်ထဲဖြန့်ထားပြီး (၄-၅) ရက် န်း၍ မီးရှို့ပစ်ခြင်းဖြင့်မြေသင်းပြီးဖြစ်သည့်အပြင် အချို့ ရောဂါ ပိုးမွှားများကိုလည်း သေကျေစေသည်။ ရိုးပြတ်ပြာများကြောင့် ဖိုတက် ဓာတ်တိုးတက်ရရှိစေသည်။

ရိုးပြတ်များအားလုံးရှင်းလင်းပြီးပါက မြေအစိုအခြောက်အနေတော် ကို ကြည့်ပြီး ထယ်တစ်စပ်ထိုးပြီး ထွန် (၄ -၈)စပ်အထိ မွှေပေးရမည်။ အမှိုက်များစပါးရိုးပြတ်များ ထူနေလျှင် ကျမ်းတုံးထားရမည်။ သီးထပ်မြေပဲ စိုက်ပျိုးသောမြေများသည် အများအားဖြင့် မြေစေးဆန်သဖြင့် မြေမှုန့်ရရှိ ရန်ပြုပြင်ရာတွင် အထူးသတိထားရမည်။ မြေစေးဖြစ်သောကြောင့် ထယ်ဖြင့်ကြောင်းနက်နက်ဆွဲ၍စိုက်ရမည်။ ထယ်ထိုးသည့်အခါ ထယ်စာခဲကြီးများ မထွက်စေရန် သတိပြုရမည်။ ထယ်ထိုးပေးပြီးပါက ကျမ်းတုံးဖြင့်အုပ်ပေး ရမည်။ မြေစိုနေပါက နေလှန်း၍ ထွန်မွှေခြင်း၊ ကျမ်းရိုက်ခြင်း၊ တလိမ့်တုံးဖြင့် လှိမ့်ပေးခြင်းများ ပြုလုပ်ရမည်။ မြေမကြေသေးပါက သွားများ တပ်ဆင် ထားသည် ဓားကျမ်းတုံးဖြင့် ရိုက်သကဲ့သို့ ရိုက်ပေးပါ။ ဓားကျမ်း (၃-၄) စပ်ခန့်ရိုက်ပြီး တလိမ့်တုံးတစ်စပ်ခန့် နောက်ဆုံးအကြိမ်ဖိပေးပါက စိုက်ပျိုး ရန်အသင့်ဖြစ်သွားသည်။

မြေမှုန့်ရရှိပြီးသောအခါ သီးထပ်မြေပဲကို ထပ်ထိုးပြီးခရုပတ်ပုံစံ အစိုက်များကြသည်။ ထယ်ထိုးစိုက်ရာတွင် ထယ်တစ်ကြောင်းထိုးပြီးနောက် မှ မြေပဲစေ့များချစိုက်သည်။ နောက်တစ်ကြောင်းထိုးလိုက်သောအခါ မူလ စိုက်ထားသောမြေပဲဆံများကို ဖုံးပြီးသားဖြစ်သွားသည်။ ဤနည်းဖြင့် စိုက်ပျိုး ခြင်းမှာ အစိုဓာတ်မီရန်နှင့် လုပ်ငန်းတွင်ကျယ်စေသည်။ မျိုးစေ့များပေါက် လာသည့်အခါ အတန်းဖြစ်သော်လည်း ထယ်ကြောင်းဖြစ်ခြင်း၊ ခရုပတ် စိုက်ပျိုးခြင်းကြောင့် အတန်းများမဖြောင့်တန်းခြင်း၊ တစ်တန်းနှင့်တစ်တန်း အကွာအဝေးမှန်ကန်ခြင်းမရှိသည်ကို တွေ့ရသည်။

နုတ်သိမ်းခြင်း - ပင်ထောင်မြေပဲမှာ စိုက်ပြီးရက်ပေါင်း ၁၁၅ ရက်မှ ၁၂ဝ ရက်ရလျှင် နုတ်သိမ်းရမည်။ ထိုထက်နောက်ကျပါက မြေပဲများ အပင် ပေါက်လာမည်။ အတန်းလိုက်စိုက်ပျိုးထားသော မြေပဲပင်များကို အတန်း လိုက်နုတ်ယူပြီး အတန်းလိုက်စီချထားရမည်။ ထို့နောက် လက်ဖြင့် ဆွတ်ယူ ကြရသည်။ နုတ်ပြီးပြီးချင်း မြေပဲတောင့်များကို ဆွတ်ယူခြင်းထက် ၂ ရက်ခန့် နေလှန်းပြီးမှ ဆွတ်ယူခြင်းသည် ပိုလွယ်ကူသည်။ ဆွတ်ယူပြီးသော မြေပဲ တောင့်များကို ၅ ရက်ခန့် နေလှန်းရမည်။ နေလှန်းနေစဉ်အတွင်း မြေပဲတောင့်များ အခြောက်ညီစေရန် မွှေနှောက်၍ အထက်အောက်လှန်ပေး ရမည်။ ခြောက်သွေ့ သွားသောအခါ အမွေးအမျှင်များ၊ ဘောက်သီးများ ထွက်သွားစေရန် ပြာလေ့ပစ်ရမည်။ နောက်တစ်နည်းမှာ တစ်ပင်ချင်းနုတ်ပြီး အပင်မှအတောင့်များကို ချက်ချင်း ဆွတ်ယူသောနည်းဖြစ်သည်။

မျိုးစေ့သိုလှောင်ခြင်း - မျိုးအတွက်ထားရှိသော မြေပဲများကို ခြောက်သွေ့အောင်နေလှန်း၍ အတောင့်လိုက် (သို့မဟုတ်) မြေပဲအဆံလိုက် ခြောက်သွေ့ လေလုံသေ၀သံပုံးများတွင် ထည့်၍သိုလှောင်ထားရမည်။ အဖုံးပိတ်သော နေရာတွင် လေနှင့်အစိုဓာတ်များ ပုံးအတွင်းသို့ မဝင်ရောက်နိုင်စေရန် ပွဲညှက် များဖြင့် ထပ်မံပိတ်ဆို့ထားရမည်။

ပုတ်ဖြင့်သိုလှောင်လိုပါက ပုတ်အတွင်း၊ အပြင် နွားချေးသရိုးကိုင် ပြီး အောက်ခြေမှစက်ဖွဲပြာ ၆ လက်မခံ၍ မြေပဲတောင့်များကို ၆ လက်မခန့် အထိထူအောင်ထည့်ရမည်။ ထို့နောက် မြေပဲတောင့်များအပေါ်မှ စက်ဖွဲပြာ အုပ်ပြီး မြေပဲတောင့်များကို အထက်ပါအတိုင်းပြန်ထည့်ရမည်။ပုတ်ပြည့်သွား သောအခါ ပုတ်ဝကို ဂုံနီအိတ်များဖြင့် ဖုံးအုပ်၍နွားချေးသုတ်ပေးထားရမည်။

မြေသြဇာကျွေးခြင်း - ပင်ထောင်မြေပဲ (ကိုင်း - ကျွန်း)စိုက်ပျိုးရာတွင် မြေသြဇာချရန် မလိုအပ်ပေ။ သီးထပ်မြေပဲတွင် အများအားဖြင့် မြေဩဇာ အသုံးမပြုပေ။ သို့သော် မြေညံ့သောနေရာများတွင် အာမိုနီယံဖော့ (စ်)ဖိတ် ၁ ဧကလျှင် ၁ဝ နှုန်းကျွေးခြင်းဖြင့် ပို၍ဖြစ်ထွန်းပါသည်။ ပင်ထောင်မြေပဲ (မိုး)စိုက်ပျိုးရာတွင် နွားချေးအား မိုးကျခါနီး ၁ ဧကလျှင် လှည်း (၆ -၈) စီးနှုန်းအထိချပြီး နှံ့စပ်ရန်ထွန်ဖြင့် မွှေထားပြီးမှသာ စိုက်ပျိုးရမည်။ သစ်ဆွေး မြေသြဇာချလိုပါက လှည်း ၆ စီးနှုန်းခန့်ချ၍ ထွန်ဖြင့်မွှေပြီး ဖုံးအုပ်ထားရ မည်။ -

ပင်ထောင်မြေပဲတွင် ချရန်သင့်တော်ဆုံးဓာတ်မြေသြဇာမှာ မြေအမျိုး အစာ" . ရာသီဥတုအပေါ်မူတည်သည်။ နိုက်ထရိုဂျင်ဓာတ်များစွာ လိုအပ် နေသော မြေအမျိုးအစားဖြစ်ပါက အာမိုနီယံဆာ(လ်)ဖိတ်မြေသြဇာချသင့် သည်။ ဖော့(စ်)ဖိုတ်ဓာတ်များစွာ လိုအပ်နေသောမြေအမျိုးအစားပေါ်တွင်