Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - ဘဲ၊ငုံး၊သိုး၊ဆိတ်၊ပျားမွေးမြူနည်း

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အပိုင်း (၁)

ဘဲမွေးမြူရေး

၁။ ဘဲများ၏ သဘာဝ

ဘဲများသည် ကုန်းပေါ်တွင်နေလင့်ကစား စင်စစ်အားဖြင့် ရေ သတ္တဝါများဖြစ်ကြသည်။ ဘဲမွေးမြူရေးသည် ကြက်မွေးမြူရေးနှင့် ကွာခြားမှုမရှိပေ။ သို့ရာတွင် ကြက်များသည် ခြောက်သွေ့ခြင်းကို နှစ်သက်ပြီး ဘဲများမှာမူ ရေနှင့်ကင်း၍မနေနိုင်ဘဲ ရေရှိမှသာ ပျော် သည်။

ဘဲမများသာ ဥ အုခါနီးအချိန်တွင် ရေထဲ၌ ကြာရှည်စွာမနေ ဘဲ ကုန်းပေါ်သို့ မကြာခဏတက်၍ အပူဓာတ်ရယူရန် နေပူစာလှုံ ကြသည်။ နေရောင်ခြည်မှ ဗီတာမင် ဒီ ဓာတ်ကိုရရှိပြီး အပူရှိန်ရရှိ မှသာ ဥများကောင်းစွာ အုတတ်ကြသည်။ ဥကောင်းစွာ အုရန် ပတ်ဝန်းကျင်ကို ဖန်တီးပေးထားရမည်။ ဘဲထိန်းကျောင်းမည့်သူများကို မကြောက်ဘဲ ယဉ်ပါးအောင် လေ့ကျင့်ပေးရမည်။

ဘဲမွေးမြူရာတွင် အခြားသောတိရစ္ဆာန်များကဲ့သို့ ဘဲခြံအားထူးထူးထွေထွေ ဆောက်ပေးစရာမလိုအပ်ပေ။ သို့ပေမဲ့ ညဘက်အိပ် “ရန် ဘဲခြံငယ်များ (အကောင်အရေအတွက်လိုက်၍)တည်ဆောက်ထားသင့်ပေသည်။ ဘဲခြံ(ဘဲအိမ်)များကို လေကောင်းလေသန့် အမြဲရရှိစေ ရန် ပြုလုပ်ပေးထားသင့်သည်။ ထို့ပြင် လွတ်လပ်စွာသွားလာနိုင်ရေး အတွက်လည်း ပြုလုပ်ထားသင့်သည်။ ဘဲမွေးမြူရာတွင်လည်း အခြား တိရစ္ဆာန်များမွေးမြူသကဲ့သို့ ရာသီဥတုကို ဂရုစိုက်ရမည်။ ။

ကျေးရွာများတွင် သဘာဝရေအိုင်၊ ချောင်း၊ မြောင်းများအနီး ဘဲများကိုလွှတ်ထားပြီး အထူးတလည်အစာမကျွေးဘဲ မွေးမြူနိုင်သည်။ သို့ရာတွင် ဤကဲ့သို့ မွေးမြူခြင်းမှာ အနည်းငယ်မျှသာမွေးမြူပါက ဖြစ်နိုင်ပေသည်။ စီးပွားရေးလုပ်ငန်းအဖြစ် ကြီးကြီးကျယ်ကျယ် လုပ် ကိုင်ရန် ဘကောင်ရေများများ မွေးမြူမည်ဆိုပါက နည်းစနစ်မှန်ကန် စွာ မွေးမြူမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ ဤစနစ်သည်လည်း အစာစရိတ်စက ကုန်ကျမှုနည်းနိုင်သေးသည်။ နံနက်ပိုင်းတွင် ဖွဲ၊ ဆန်ကွဲ၊ ပုစွန်ဇွဲ (သို့မဟုတ်) ငါးမှုန့်ရောစပ်၍ကျွေးပြီး ညနေပိုင်းတွင်မှော်စာပင်များ ကျွေးရုံမျှဖြင့် ပြီးနိုင်သည်။ အရေးကြီးသည့်အချက်ကား ဘဲများ ရေထဲသို့ မကြာခဏဆင်းနိုင်ရန် သဘာဝရေအိုင်၊ ချောင်းငယ်၊ မြောင်းငယ်များရှိရန်ပင် ဖြစ်သည်။ ထိုသဘာဝ ရေအိုင်၊ ချောင်း၊ မြောင်းများတွင် ဘဲများစားတတ်သည့် ပိုးမွှားကောင်ငယ်များနှင့် မှော်စာပင်များရှိတတ်၍ ဘဲစာအတွက် ထိုက်သင့်သလောက် ပြည့်စုံမှုရှိ သည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့နေရာများစွာရှိရာ ဘဲမွေးမြူရေးအတွက် အလွန်ကောင်းမွန်ပေသည်။ ထို့ကြောင့် ဘဲမွေးမြူရေးမှာ တစ်နိုင် စီးပွားရေးအရနှင့် စီးပွားဖြစ်ကြီးကြီးမားမားလုပ်ကိုင်သင့်သော မွေး မြူရေးတစ်ခု ဖြစ်သည်။

၂။ ဘဲအမျိုးအစားနှင့် မျိုးဘဲများ

ဘဲအမျိုးအစားများစွာရှိသော်လည်း မြန်မာနိုင်ငံရာသီဥတုနှင့် ကိုက်ညီသည့် ဘဲအမျိုးအစားကိုသာ ရွေးချယ်မွေးမြူသင့်သည်။ ဘဲအမျိုးအစားကို အခြေခံအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ဥစားဘဲ များနှင့် အသားစားဘဲများပင် ဖြစ်သည်။

ဥစားဘဲများတွင် လူမွေးအများဆုံးဘဲမှာ အိန္ဒိယပြေးဘဲ (Indian Runner) နှင့် ကာကီကမ်ဘဲလ် (Khaki Campbell) ဘဲပင် ဖြစ်သည်။ အိန္ဒိယပြေး ဘဲမျိုးသည် ကိုယ်ထည်မတ်၍ ခြေထောက်မှာမူနောက်ပိုင်းကျကျရှိတတ်သည်။ သွက်လက်လျင်မြန်ပြီး အမွေး အတောင် သပ်ရပ်သည်။ ရင်ညွန့်ပြားပြီး အမြီးပိုင်းဆီသို့ ချွန်သွား သည်။ လည်ပင်းမှာမူ ခပ်မတ်မတ်ရှိတတ်ပြီး ရှည်သွယ်သည်။ ကိုယ်ထည်နှင့်နှိုင်းယှဉ်ပါက အတောင်အနည်းငယ်တိုပြီး ပေါင်တံ ရှည်၍ သန်မာသည်။ အရောင်အားဖြင့် အဝါညိုရောင်(သို့မဟုတ်)အညိုဖျော့ဖျော့အရောင်ရှိတတ်ပြီး ဝမ်းဗိုက်အမွေးများမှာမူ ဖျော့၍ အမြီးတွင် အရောင်ရင့်တတ်သည်။ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန်မှာ အထီး(၁.၅)ပိဿာနှင့် အမ(၈၀)သားမှ(၁.၂၅)ပိဿာ ရှိတတ်သည်။

ကာကီကင်းဘဲလ် ဘဲအမျိုးအစားမှာ အိန္ဒိယပြေးဘဲထက် ဥနှုန်း စံချိန်ကောင်းသည်။ အကောင်ပိုကြီးပြီး ကိုယ်ထည် အထက်အောက် အနည်းငယ်ပြားသည်။ လက်ပြင်ရိုးမှာမူ မြီးညှောင့်ရိုးထက် မြင့်သည်။ နှုတ်သီးမှာ ကြီး၍ဖြောင့်တန်းနေပြီး မျက်နှာမှာ ပြည့်ဖြိုးသည်။ ပေါင်တံ မှာ အသင့်အတင့်သာရှိပြီး ခြေထောက်အနေအထားမှာမူ အိန္ဒိယပြေး ဘဲကဲ့သို့ ဝမ်းဗိုက်ပိုင်း၏ အနောက်တွင် များစွာမကျချေ။ အရောင် မှာ ကိုယ်ထည်ပိုင်းတွင် ကာကီရောင်ရှိပြီး အမြီးအတောင်၊ ဦးခေါင်း၊ လည်ပင်းတို့တွင် ခပ်စိမ်းစိမ်းနှင့် ညိုညိုရှိသည်။ နှုတ်သီးများမူ အနက် ရောင်(သို့မဟုတ်)အစိမ်းရင့်ရောင်ရှိတတ်ပြီး ခြေထောက်ခြေဖျားများ မှာ လိမ္မော်ရောင်ရှိသည်။ ဘဲမများမှာ အများအားဖြင့် ကာကီရောင် အမွေးများ တစ်ကိုယ်လုံးဖုံးနေတတ်သည်။ အလေးချိန်မှာ အထီး (၁.၅) ပိဿာ၊ အမ (၁.၂၅) ပိဿာ ရှိတတ်သည်။

အသားစားဘဲများတွင် ပီကင်း (Peking) ဘဲအမျိုးအစားမှာ နာမည်ကြီးသည်။ ကိုယ်ထည်မှာ ကြီးမားခိုင်ခံ့၍ အမြီးမှာမူ ပြန့်၍ အနည်းငယ်ကော့နေတတ်သည်။ ဦးခေါင်းလုံး၍ နဖူးမောက်ပြီး လည်ပင်းတိုသည်။ ခြေထောက်များမှာ သန်စွမ်းတောင့်တင်းပြီး ခန္ဓာကိုယ်၏ နောက်ပိုင်ခပ်ကျကျတွင် ရှိတတ်သည်။ အရောင်မှာ အဝါဖျော့ဖျော့နှင့် အဖြူရောင်များရှိတတ်သည်။ ကိုယ်အလေးချိန်မှာ အထီး (၂.၅) ပိဿာနှင့် အမ (၂-၂၅) ပိဿာခန့်ရှိတတ်သည်။

အိုင်းရစ်ဘယ်ရီ အသားစားဘဲမျိုးမှာ အသားတိုးနှုန်းကောင်း သည်။ ကိုယ်ထည်ရှည်ပြီး ကျယ်ပြန့်သည်။ အမြီးမှာတိုပြီး အမြီးအတောင်များမှာ သန်မာမှုရှိသည်။ ခြေထောက်များ တိုသော်လည်း သန်မာမှုရှိသည်။ အရိုးကြီးမားသဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ကောင်း စွာထိန်းထားနိုင်သည်။ အရောင်အားဖြင့် အဖြူရောင်ရှိသည်။ ကိုယ် အလေးချိန်မှာ အထီး (၁ဝ) ပေါင်၊ အမ (၉) ပေါင် ရှိတတ်ကြသည်။

မျိုးဘဲများထားရှိသော မွေးမြူရေးသမားသည် မျိုးဘဲများကို ဂရုစိုက်ရမည်။ မျိုးဘဲများကိုလှောင်မထားသင့်ချေ။ အဘယ်ကြောင့် ဆို ဘဲများသည် အဆီဖြစ်လွယ်သောကြောင့် လှောင်ထားပါက အဆီ ပိတ်၍ အဝလွန်သွားတတ်သည်။ ထို့ကြောင့် မျိုးဘဲများကို လွတ်လွတ် လပ်လပ်သွားလာနိုင်ရေးအတွက် လွှတ်ကျောင်းရန် နေရာထားရှိ ပေးရန်လိုအပ်သည်။ ဘဲများ၏အသားတက် စံချိန်အား ဘဲ၏သွင်ပြင် လက္ခဏာကို ကြည့်၍အကဲခတ်နိုင်ပေသည်။ ဥစားဘဲများသည် ရင်အုပ်သေးခြင်း၊ ကိုယ်လည်အဆံတိုခြင်း၊ လည်ပင်ရှည်လွန်းခြင်း၊ တိုလွန်းခြင်း စသည့်တို့ ကင်းမှသာ ဘဲကောင်းများဖြစ်နိုင်ကြောင်း သတိပြုရမည်။

ဘဲထီးနှင့်ဘဲမရောမွေးခြင်းသည် သဘာဝကျပြီး လိုအပ်သော် လည်း အကောင်ရေမည်မျှ အတူတကွမွေးမြူရမည်ကို သိထားရန် လိုအပ်သည်။ ဥစားဘဲများတွင် အထီးတစ်ကောင်လျှင်အမ ခြောက်ကောင်နှုန်းမွေးသင့်ပြီး အသားစားဘဲများတွင် အထီးတစ်ကောင်လျှင် အမ သုံးကောင်နှုန်းမွေးသင့်သည်။ ယေဘုယျအားဖြင့် ဘဲများသည်ခြောက်လသားခန့်တွင် စတင် ဥ, ဥတတ်ကြပြီး အကောင်ဖောက်ရန် အကောင်းဆုံးအရွယ်မှာ (၁-၂) နှစ်အရွယ်ကြား ဖြစ်သည်။ ဘဲမွေးမြူ ရာတွင် ကြက်များကဲ့သို့ မဟုတ်ဘဲ (၃-၄) နှစ်အထိ ဆက်လက်မွေးမြူနိုင်ပေသည်။

၃။ သတိပြုရမည့်အချက်များ

ဘဲသတ္တဝါများအတွက် သဘာဝရေအိုင်၊ ချောင်း၊ မြောင်းများ လိုအပ်ကြောင်း အရှေ့တွင်ဖော်ပြပြီးဖြစ်ပေသည်။ ဘဲများသည် ရေအလွန်ကြိုက်သောသတ္တဝါမျိုးဖြစ်သည့်အလျောက် အိပ်တန်းတက် ချိန်မှလွဲ၍ တစ်နေကုန်ရေရှိသည့်နေရာအနီးအနားတွင်သာ နေချင်ကြ သည်။ ထို့ကြောင့် ရေသည် ဘဲများအတွက် မရှိမဖြစ် အရေးကြီးလှ ပေသည်။ အကယ်၍ မွေးမြူရာနေရာတွင် ရေအိုင်၊ ချောင်း၊ မြောင်းများ မရှိပါက ဖန်တီးပြုလုပ်ပေးသင့်သည်။

ထိန်းကျောင်းသည့်လူများကို အလိုလိုကြောက်လန့်တတ်သည့် ဘဲများကို ဂရုစိုက်ရန်လည်းလိုအပ်သည်။ လူကိုကြောက်လန့်သော ဘဲများသည် အသက်မရှည်တတ်ချေ။ လူကိုမကြောက်ဘဲ ယဉ်ပါးလာ စေရန် တဖြည်းဖြည်းလေ့ကျင့်ပေးသင့်သည်။ ထို့ပြင် ဘဲများကြောက် လန့်စေတတ်သည့် အခြားအချက်မှာ ဘဲခြံတည်ဆောက်မှုနှင့်လည်း သက်ဆိုင်သည်။ အောက်စီဂျင်ရရှိစေရန် လေကောင်းလေသန့်လိုအပ် သဖြင့် ဘဲခြံ(ဘဲတ်)များတွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များထားရှိပေးရမည်။ သို့ရာတွင် ညဘက်အလင်းရောင် (လရောင်၊ မီးရောင်)များကြောင့် ဘဲများထိတ်လန့်စေသည့်အတွက် ကြီးမားစွာဖောက်ထားရန်မလိုပေ။

အစာကျွေးရာတွင်လည်း သတိပြုရမည်မှာ အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ အသားဘဲ၊ ဥစားဘဲ မည်သည့်ဘဲကိုမဆို ကျွေးသောအစာအာဟာရသည် ကျန်းမာရေးအတွက် ကောင်းမွန် သည့်အစာဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့် ဘဲစာကောင်းများ မပြတ် ကျွေးသင့်သည်။

ဘဲများထားရှိရာ(သို့မဟုတ်)လွှတ်ကျောင်းရာနေရာသည် ကျဉ်း မြောင်းမှုမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ရှိရမည်။ ကျယ်ပြန့်မှုရှိမှသာ ဘဲ တို့သည် လွတ်လပ်စွာသွားလာလှုပ်ရှားလိုသည့်ဉာဉ်ကို ပိတ်ပင်ရာ မကျဘဲရှိပေမည်။ ကျန်းမာသန်စွမ်းမှုအတွက် ဘဲစာများကို ဂရုတစိုက် ကျွေးသော်လည်း လွတ်လပ်စွာလှုပ်ရှားသွားလာရင်း တီကောင်၊ ခရု၊ ပိုးမွှားသတ္တဝါငယ်များ၊ မှော်စာ၊ ဒိုက်နှင့် ရေမှော်များကိုလည်း စားတတ်ကြသေးသည်။ ထိုကဲ့သို့ လှုပ်ရှားသွားလာစားသောက်စေရန် ဘဲမွေးမြူမည့် နေရာသည် ကျယ်ဝန်းမှုရှိရမည်။

အနည်းငယ်သာ မွေးမြူသူများအဖို့ ဘဲခြံအား အထူးတလည် ဆောက်လုပ်ဖို့မလိုပေ။ ထို့ပြင် ဘဲစာများကိုလည်း အထူးတလည် စီမံပေးစရာမလိုပါ။ ဘဲများသည် နံနက်လင်းသည့်အချိန်မှစတင်၍ လှုပ်ရှားသွားလာကာ အစာရှာဖွေစားသောက်ခြင်း၊ အထီးနှင့်အမ မိတ် လိုက်ခြင်းစသည်တို့ဖြင့်သာ အချိန်ကုန်လွန်လေ့ရှိသည်။

၄။ မွေးမြူခြင်း

ဘဲစတင်မွေးမြူရာတွင် ရက်သားဘဲငယ်များ ဝယ်ယူ၍ မွေးမြူခြင်း၊ ဥများကို ဝယ်၍ ကြက်မဖြင့်သားဖောက်မွေးမြူခြင်းနှင့် ဘဲပျို များကို ဝယ်ယူမွေးမြူခြင်းဟူ၍ ရှိကြသည်။ ရက်သားဘဲငယ်များ ဝယ်ယူ၍ မွေးမြူရာတွင် လွယ်လင့်တကူ ဝယ်ယူ၍ရသဖြင့် ဝယ်ယူ ပြီးပါက သင့်တော်ရာနေရာတွင် စတင်မွေးမြူနိုင်သည်။ ဘဲဥများ ဝယ်ယူ၍ လုပ်ငန်းစလုပ်လိုသူသည် ဘဲဥအမျိုးအစားကောင်းကောင်း ကို ရွေးချယ်ရပေမည်။ အချို့သော ဘဲဥရောင်းသူများထံ အကောင် ဖောက်ရန်ဝယ်ယူမည့်အကြောင်း ကြိုတင်ပြောပါက သင့်တော်သည့် ဘဲဥကို ရွေးချယ်ရောင်းပေးတတ်သည်။

ဝယ်ပြီးသောဥများကို ပြန်လည်စစ်ဆေးရန်လိုအပ်သည်။ ယေဘုယျအားဖြင့် အကောင်ပေါက်မည့်ဥများသည် ၂ ပတ်အတွင်း အရောင်အသွေးပြောင်းလာတတ်သည်။ အကောင်မပေါက်နိုင်သည့် ‘လေဥ ဆိုလျှင်ကား မည်သို့မှပြောင်းလဲမှု မရှိပါပေ။ ဘဲဥဝယ်၍ စတင် လုပ်ငန်းလုပ်ကိုင်သူသည် စစချင်း ဘဲဥအမြောက်အမြားမလိုပေ။ ကြက်မဝပ်နေသည့်တင်းထဲသို့ ဘဲဥများထည့်ပေးထားပြီး ဘဲ အကောင်ငယ်ကလေးများ ပေါက်စေတတ်သည်။ ထိုကဲ့သို့ အကောင်ဖောက်ပါက ကြက်မများဝပ်ရန်နေရာကို လုံခြုံပြီး ပူနွေးစေရန် ကောက် ရိုးများဖြင့် ကောင်းစွာပြုလုပ်ပေးရမည်။ ပိုးမွှားအန္တရာယ်ကင်းစေရန် ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးအနည်းငယ် ဖျန်းထားသင့်သည်။ ဝပ်နေစဉ် ဘဲဥများကို စစ်ဆေးသင့်သည်။ ၂၁ ရက်ကြာသောအခါ အကောင်မပေါက်သည့်လေဥများကို ဖယ်ထုတ်ရမည်။ လေဥများမှာ ကိုင်ကြည့်လျှင် အလွန်ပေါ့ နေတတ်သည်။ ။

ကြက်မဖြင့် ဘဲဥကို အကောင်ဖောက်ရာတွင် ကြက်မတစ်ကောင် ချင်းမဟုတ်ဘဲ ကြက်မအုပ်လိုက်ဝပ်စေသော နည်းကိုလည်း အသုံး ပြုသည်။ ဤနည်းမှာမူ အချိန်ကုန်သက်သာသည်။ ဝပ်ကြက်မကြီး