Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - ပန်းမာလာတစ်နိုင်စိုက်ပျိုးနည်း

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

မေမြို့ပန်းစိုက်ပျိုးခြင်း

ရေမြေရာသီဥတု - နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။

မိုးရာသီတွင် ကုန်းမြေများ၌လည်းကောင်း၊ ဆောင်းရာသီတွင် ခဲမြေ များ၌လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ ကုန်းမြေမှာ မြေနီ၊ မြေဝါနှင့် သဲနုန်းမြေအမျိုးအစားဖြစ်သည်။ ခဲမြေ မှာ အစိုဓာတ်များသည့် သစ်ဆွေးပုပ်မြေများဖြစ်ပြီး အချို့နေရာများ တွင် မြေအောက်(၂-၃)အထိ ရေဝပ်မြေများဖြစ်သည်။

စိုက်ပျိုးခြင်း - စိုက်ပျိုးရာတွင် ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးခြင်းနှင့် တိုက်ရိုက်ပက်ကြဲ စိုက်ပျိုး ခြင်းဟူ၍ (၂)မျိုး စိုက်ပျိုးနိုင်သည်။ ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပုံမှာ သစ်သားဗန်းကို အောက်မှ အပေါက်ကလေးများဖောက်ပေးပြီး အုတ်ခဲကျိုးကလေးများကို ၁ လက်မခန့်အထူရရှိအောင် ထည့်ပေးရ မည်။ ထို့နောက် သဲနှင့်မြေဆွေး တစ်ဆစီ ရောစပ်ထည့်ပေးပြီး မျိုး စေ့များကို အတန်းလိုက်ချပေးပါ။ မျိုးစေ့များချပြီးပါက မြေသားနုနု ကလေးများ ဖုံးအုပ်ပေးရမည်။ ပျိုးထောင်ရာတွင် အောက်တိုဘာလ တွင် ပျိုးထောင်ပြီး ၄၅ ရက်၊ အပင်ကလေးများ ၃ လက်မခန့်ရှိသော အခါ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ပျိုးပင်ကလေးများ နုတ်ယူရာတွင် အပင်ရှင်သန်မှုရှိစေရန် အမြစ်၌ မြေသား(မြေလုံး)ကပ်၍ ပါလာစေ ရန် ဂရုစိုက်ရမည်။ စိုက်ပျိုးဘောင်ကိုမူ အကျယ်(၄)ပေ၊ အလျား သင့်တော်သလို၊ အမြင့် ၁ ပေခွဲခန့်ပြုလုပ်သင့်သည်။ စိုက်ပျိုးသည့် အခါ ပျိုးပင်တစ်ပင်လျှင် နွားချေးလက်တစ်ဆုပ်စာခန့်ထည့်ပေးရမည်။ စိုက်ပျိုးပြီးသောအခါ ရေနိုင်နိုင်လောင်းပေးရန် လိုအပ်သည်။ စိုက်ပျိုး မည့်မြေမှာ မြေစေးဖြစ်နေပါက သဲ ၃ဝ%၊ နွားချေး၊ မြေဆွေး ၄၀%ရော၍ ထည့်ပေးရမည်။ (ဤပျိုးထောင်စိုက်ပျိုးစနစ်မှာ ဆောင်းရာသီ စိုက်ပျိုးခြင်းနှင့် ခဲမြေများတွင် စိုက်ပျိုးခြင်းတို့နှင့်သာ သင့်တော်သည်။)

တိုက်ရိုက်ပက်ကြဲစနစ်စိုက်ပျိုးရာတွင် မြေပြုပြင်ပြီးပါက ဇွန်လ တွင် တိုက်ရိုက်ပက်ကြဲလေ့ရှိကြပါသည်။ ပက်ကြဲစိုက်ပျိုးထားသော အပင်များ (၄-၆)လက်မခန့်ရှိလာသောအခါ ပေါင်းမြက်များကို ရှင်းပေးရမည်။ ရေမှန်မှန်လောင်းပေးရမည် ဖြစ်ပြီး ရေလောင်းရာတွင် မနည်းလွန်း၊ မများလွန်းစေရပေ။

ဆွတ်ခူးခြင်း - မိုးရာသီစိုက်ပန်းများမှာ လေးလကြာသည်။ ဇွန်လတွင် ပက်ကြဲစိုက်ပျိုးပါက စက်တင် ဘာလတွင် ဆွတ်ခူးနိုင်သည်။ မိုးရာသီနှင့်ဆောင်းရာသီ ခွဲခြားစိုက် ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် အပင်ပေါင်း ၄၀,၀၀၀-၆၀,၀၀၀)အထိ စိုက်ပျိုးနိုင်သည်။

မျိုးရယူခြင်း - မျိုးထားမည့်ပန်းပင်များကို တိုင်များစိုက်၍ အမှတ်အသားပြုပြီး ရင့်သည်အထိ ထားရ မည်။ အပေါ်ဆုံးခေါင်ပွင့် ချိုးလာပါက အပင်ကိုနုတ်၍ ပုံးထဲထည့် ပြီး အရိပ်ထဲတွင် ၃ ရက်ခန့်ထားရမည်။ ထို့နောက် နေထုတ်လှမ်း၍ အစေ့များကို လက်ဖြင့်ခြွေချပြီး ပြောရမည်။ ခြွေချပြာပြီးသောအစေ့ များကို ပလတ်စတစ်အိတ်ဖြင့် ထည့်ထားပါက အပင်ပေါက်ညံ့တတ် သောကြောင့် ပုလင်းထဲထည့်၍ သိမ်းရမည်။ သတိပြုရမည့်အချက်မှာ နေလှန်းရာတွင် သဲပြား၊ သွပ်ပြားများအပေါ်တွင် လှန်းမိပါက အစေ့ များအပူမိ၍ အပင်ပေါက်ထိခိုက်နိုင်စေသည်။ နှီးဖျာများပေါ်တွင် တစ်ရက်နေလှန်းပြီး တစ်ညအအေးခံထားပြီးမှသာ ခြွေရမည်။ ရရှိ လာသောမျိုးစေ့များ ရရှိလာသောအခါ ပုလင်းများတွင် ထည့်၍ ဝါဂွမ်း အဆို့ဖြင့် လုံခြုံစွာပိတ်ပြီး အေးသောနေရာတွင် သိမ်းဆည်းထားရမည်။

သစ္စာပန်းစိုက်ပျိုးခြင်း

မြေပြုပြင်ခြင်း - သစ္စာပန်းစိုက်ပျိုးမည့်မြေကိုထွန်ဖြင့်ထယ် ထိုးပေးပြီး မြေတွင်ရှိသော ပေါင်းပင်များကို မီးရှို့ခြင်း၊ မြေချေခြင်းများ ပြုလုပ်ရမည်။ ထို့နောက် ယူရီးယား(ပုလဲ)မြေသြဇာ၊ နွားချေး၊ မြေဆွေးများကို မြေ အနေအထားကိုကြည့်၍ ထည့်ပေးပြီး ထယ်ဖြင့် တစ်မြောင်းနှင့် တစ်မြောင်း ၁ ပေအကွာ ဖော်ပေးထားရမည်။ သို့မဟုတ် သစ္စာပန်း များကို တစ်ခုနှင့်တစ်ခု ၉ လက်မခြား၍ တြိဂံပုံစိုက်ပါ။ ရေလောင်း မြေဆွ လွယ်ကူစေရန် တစ်တန်းနှင့်တစ်တန်း (၂-၂.၆)ပေခြား၍ ပြုလုပ် ရမည်။

စိုက်ပျိုးခြင်း - ဖော်ပြပါအတိုင်း မြေပြုပြင်ပြီးပါက နှစ်သက်သောပုံစံဖြင့် စိုက်ပျိုးနိုင်သည်။ ဥများ ကို မြေဖုံးရုံ၊ မြေမြုပ်ရုံသာ ချစိုက်ရမည်။ ဥကို မြေကြီးထဲသို့ ချရာ တွင် ဥမစောင်းစေရန် ဂရုစိုက်ရမည်။ မိုးခေါင်၊ မိုးပြတ်ပါက အပင် အခြေအနေကိုကြည့်ပြီး ရေလိုအပ်ပါက ရေသွင်းပေးရမည်။ ဆောင်းနှင့်နွေရာသီများတွင် မြေကြီးအစိုဓာတ်ထိန်းသိမ်းမှုအပေါ် မူတည်၍ ၃ ရက်တစ်ကြိမ်ရေသွင်းပေးရမည်။ ခဲမြေမဟုတ်ဘဲ မြေနီနှင့်သဲနှုန်း မြေများတွင် ၂ ကြိမ်ခန့်သာ ရေပေးသွင်းပါက လုံလောက်မှုရှိသည်။

ပြုစုခြင်း - စိုက်ပျိုးပြီး ရက် ၃၀ အတွင်း အပင်ထွက် စုံပါက မြေကို ခပ်နက်နက်ဆွပေးရမည်။ အရွက် ၄ ရွက်ရှိလာသော အခါ ထပ်မံမြေဆွပေးပါ။ တတိယအကြိမ်မြေဆွရမည့်အချိန်မှာ အရွက်(၅-၆)ရွက် ထွက်လာသောအချိန် ဖြစ်သည်။ ဂရုပြုရမည်မှာ မြေဆွသောအခါ ပန်းဥအား ထိခိုက်မှုမရှိစေရန် ကပ်၍ မြေမဆူပါနှင့်။ နွားချေးဆွေး၊ မြေဆွေး၊ အမှိုက်ဆွေးများကို မြေဆွပြီးချိန် ထည့်ပေး ခြင်း(သို့မဟုတ်) မြေမဆူခင် ဖြူးပေးခြင်းပြုလုပ်ရမည်။ (မြေသြဇာကို မြေအလွန်ညံ့မှသာကျွေးရမည်။ ဥနှင့် မြေသြဇာ မထိပါစေနှင့်။) ရောဂါကျရောက်မှုမှာ နည်းပါးပြီး တစ်ခါတစ်ရံအရွက်ခြောက်ခြင်း၊ ပင်စည်ပုပ်ခြင်းကိုသာ တွေ့ရှိရသည်။ ထိုသို့တွေ့ရှိပါက နုတ်၍ မီးရှို့ဖျက်ဆီးခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်သည်။

ဆွတ်ခူးခြင်း - ဖူးတံ၏အောက်ဆုံးအဖူး ပွင့်ဖတ်များစတင်၍ အဝါရောင်သမ်းလာသည်နှင့်တစ်ပြိုင် နက် ပန်းများကို ခူးဖြတ်ပေးရမည်။ ပန်းများခူးဖြတ်ရာတွင် မြေပြင်မှ ၄ လက်မခန့် ခွာ၍ ဖြတ်ပေးရမည်။ သစ္စာပန်းများသည် ဥတစ်ဥမှ ပန်းတစ်ခိုင်သာ အထွက်များပြီး မြေကောင်းသော အချို့ဒေသများတွင် ပန်းခိုင် ၃ မိုင်အထိ ရရှိနိုင်သည်။

ဟော်လံသစ္စာပန်းကြီးစိုက်ပျိုးခြင်း

ဟော်လံသစ္စာပန်းများ စိုက်ပျိုးရာတွင် မြေသြဇာစပ်ထားပြီး မြေများကို ကြေမွအောင် စနစ်တကျပြုပြင်ထားရမည်။ ထို့နောက် အနက် ၆ လက်မ၊ အကွာအဝေး ၄ လက်မရှိသော ကျင်းများကို တူး ရမည်။ ကျင်းများ တူပြီးပါက ဥများပုပ်ရိမသွားစေရန်နှင့် ဥမှာ အမြစ် ပွားကလေး အမြန်ထွက်လာစေရန် ကျင်းထဲသို့ သဲမြေ ၂ လက်မခန့်ထည့်ပေးရမည်။ ထို့နောက် မြေဖို့၍နေစဉ် ရေလောင်းပေးရမည်။ ၃ ပတ်ခန့်တွင် အပင်နှင့် အညွန့်အတက်များ ထွက်လာပြီး (၁)လကျော် တွင် အဖူး, ဖူးလာမည်။ ဟော်လန်သစ္စာပန်းမှာ အပင်နှင့်အဖူးအပွင့် များကြီး၍ အပင်ကို တုတ်တစ်ချောင်းစိုက်၍ ချည်ပေးထားရမည်။

မျိုးပွားခြင်း - ပန်းပင်ကျသောရာသီတွင် ထယ်ထိုး၊ တူးထုတ်ပြီး အကြီးဆုံးဥများကိုသာ မျိုးအဖြစ် ထားရမည်။ သေးငယ်သော ဥများကို သီးသန့်ရွေးထုတ်၍ ၁ဝ ရက် ခန့်နေလှန်းပြီး အခွံခွာပြန်စိုက်ရမည်။ သို့မှသာ အပင်ပေါက်မြန်ပြီး အပင်ပေါက်ကောင်းမည်။ ထိုသို့ ပြန်စိုက်သောဥများမှာ ၇ လခန့် အကြာတွင် စိုက်ပျိုးရန်သင့်သောဥများ ဖြစ်လာမည်။ ၂ လခန့် အနားပေးပြီး ပန်းအဖြစ်စိုက်ပျိုးရမည်။ သေးငယ်သော ဥများကို ဖော်ပြ ခဲ့သည့်အတိုင်း ပြန်၍စိုက်ခြင်းဖြင့် မျိုးဥများ ပြန်လည်ရရှိနိုင်သည်။ မျိုးပွားချိန်မှာ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် အနက် ၃ လက်မ အထိစိုက်၍ ပျိုးထောင်ရမည်။