Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - တစ်နိုင်ငါးပုဇွန်မွေးမြူခြင်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

၁။ မြေနေရာရွေးချယ်ခြင်းနှင့် ငါးကန်တူးဖော်ခြင်း မြေနေရာရွေးချယ်ခြင်း

ငါးမွေးမြူရာတွင် ရေစီးသော မြစ်ချောင်းများတွင် ယင်းများ ကာ၍လည်းကောင်း၊ သဘာဝအိုင်များတွင်လည်းကောင်း၊ ရေလှောင် ကန်များတွင်လည်းကောင်း၊ စပါးစိုက်လယ်ကွင်းများတွင်လည်းကောင်း မွေးမြူနိုင်သည်။ မြန်မာနိုင်ငံတွင် ကန်တူးဖော်၍ မွေးသောနည်းသာ လျှင် အသင့်လျော်ဆုံးဖြစ်သည်။ ကန်တူး၍ မွေးမည်ဆိုပါက မြေနေရာ ရွေးချယ်ခြင်းသည် အလွန်အရေးကြီးပေသည်။ ရွေးချယ်ရာတွင် အောက်ပါအချက်များနှင့် အများဆုံးကိုက်ညီသင့်သည်။

(က) လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း

ငါးများကို ကျွေးမွေးရမည့် အစားအစာများကို သယ်ယူပို့ဆောင်ရန်၊ သိုလှောင်ရန်၊ ငါးများဖော်ယူရောင်းချရာ ဈေးကွက်သို့ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိဖြန့်ဖြူးနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အရေးကြီးသည်။

(ခ) ရေကောင်းရေသန့်

ရေကောင်းရေသန့်ကို တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင် မည့် နေရာများနှင့် ရေထုတ်ရန်လွယ်ကူသည့် နေရာများဖြစ်ရမည်။

- (၈) ရေမလွှမ်းမိုးနိုင်သည့်နေရာ

မိုးရာသီရေကြီးချိန်တွင် နိမ့်သောလယ်ကွင်းများတွင် များသော အားဖြင့် ရေလွှမ်းမိုးနိုင်သဖြင့် ငါးများထွက်ကုန်မည် ဖြစ်သောကြောင့် ရေလွှမ်းမိုးသည့်နေရာတွင် ကန်တူးဖော်ခြင်းကို ရှောင်ကြဉ်သင့်သည်။ (သို့မဟုတ်) ကန်ပေါင်အား ခပ်မြင့်မြင့်မြေဖို့ပြုလုပ်ထားသင့်သည်။

(ဃ) သစ်ပင်ကြီးများ ထူထပ်ခြင်းမရှိသောနေရာ

သစ်ပင်ကြီးများ ထူထပ်သောနေရာ၌ သစ်မြှစ်များ ကြီးထွား လာပြီး ကန်ရေစိမ့်ခြင်း၊ နေရောင်ခြည်ကွယ်သဖြင့် ရေအောက်သစ်ပင် များပေါက်ဖွားခြင်း၊ မျောလှေးများ ပေါက်ရောက်ခြင်းကို ဟန့်တား သလိုဖြစ်ခြင်း၊ ငါးများကြီးထွားမှုကို ဟန့်တားခြင်း ဖြစ်တတ်သည်။

(င) ရွှံ့နန်းမြေနှင့် မြေစေးရှိသောနေရာများ

ငါးများသည် အများအားဖြင့် သဘာဝအစာရရှိနိုင်သည့် ရေ ဩဇာကောင်းပြီး ငါးစာဖြစ်သည့် သတ္တဝါအစာများ၊ ရေညှိ၊ ရေမှော် များရှိသောနေရာတွင် ပျော်မွေ့တတ်သည်။ ထိုကဲ့သို့သော နေရာမျိုးရရှိရန်မှာ ရွံ့နုန်းနှင့် ရွှံ့စေးမြေရှိသော နေရာသာလျှင် အကောင်းဆုံးဖြစ် သည်။ ထိုမြေမျိုးသည် မြေသြဇာကောင်းခြင်း၊ ရေစိမ့်ယိုမှုမရှိဘဲ ရေတင် နေခြင်းတို့ကြောင့် ငါးကန်တူးဖော်ရန် အသင့်တော်ဆုံးဖြစ်သည်။ မြေဩဇာကောင်းသဖြင့် ရေညှိ၊ ရေမှော်များ ပေါက်ရောက်လွယ်ပြီး သတ္တဝါအစာများလည်း ရှိတတ်သည်။

ငါးကန်တူးဖော်ခြင်း ၊

ငါးကန်တူးဖော်ရာတွင် ကြိုက်နှစ်သက်ရာ ပုံအမျိုးမျိုးတူးဖော် နိုင်သည်။ သို့သော် ပိုက်ဆွဲရန် အလွယ်ကူဆုံးဖြစ်သော အလံ ၂၀ နှင့် အလံ ၆၀ ကန်များကို အသုံးပြုမှုများသည်။ တစ်ဧကလျှင် ကန်ကို (၂၀x ၆၀)လံ (သို့မဟုတ်) (၃၀x ၄၈)လံ တူးဖော်ကြပြီး ကန်ပေါင် အခြေနှင့် အမြင့်ကိုမူ ရာသီဥတုနှင့် ကိုက်ညီရန် ပြုလုပ်သင့်သည်။ အောက်ဖော်ပြပါ ကန်အမျိုးအစားများအလိုက် တူးဖော်ပါက အဆင် ပြေသင့်တော်ပေမည်။

(က) ငါးသားဖောက်ကန်

ငါးသားဖောက်ရန် (သို့မဟုတ်) ငါးမှုန်ပြုစုရန် တူးဖော်ပါက ကန်ကို ပေ ၅ဝ ပတ်လည် (သို့မဟုတ်) ၇၅ ပေ၊ ပေ ၁၅ဝ၊ အနက် ၄-၅ ပေအထိ တူးဖော်နိုင်ပြီး မြေဖို့ကန်ပေါင်ပြုလုပ်ပါက သင့်တော် သည်။ ရေယိုပေါက်မရှိစေရန် အားထုထောင်းပေးပါ။ ပြီးလျှင် ကန်ကိုအခြောက်ခံ၍ ထုံးဖြူးပေးထားရမည်။ ထုံးဖြူးပေးထားပါက ငါးမှုန်၊ ငါးသားပေါက်များကို အန္တရာယ်ပြုသည့် ပိုးမွှားများ၊ အသား စားငါးများအန္တရာယ်မှ ကာကွယ်နိုင်သည်။

(ခ) ငါးပြုစုကန်

တစ်ဧကခန့် သင့်တော်သလို တူးဖော်ရမည်။ အနက်သည် ရေအနည်းဆုံး ၄ ပေအထိ ရှိရမည်။ ကန်တူးဖော်ပြီးနောက် ငါးသား ဖောက်ကန်ကဲ့သို့ပင် ထုံးဖြူးပေးပါ။ ပထမ ရေတစ်ဝက်ခန့်ထည့်ပြီး ကန်အတွင်းသို့ ဓာတ်မြေသြဇာ၊ နွားချေး၊ ကြက်ချေး တစ်မျိုးမျိုးကို  ́ ဂါလံ ၄ဝဝ မှ ဂါလံ ၁၂၀၀ အထိ နေရာအနှံ့ထည့်ပေးပါ။ တစ်ပတ် ခန့်အကြာ ကန်ကိုနောက်ထပ် ရေဖြည့်ပေးပါ။ ကန်ရေမှာ အစိမ်းပုပ် ရောင်သမ်းလာပါက မြေဩဇာပြည့်ဝပြီဟု ယူဆနိုင်သည်။ -

(ဂ) အသားတိုးကန်

ငါးများအား ကြီးထွားရန် မွေးသည့်ကန်ဖြစ်၍ အနံပေ ၃ဝဝ မှ ပေ ၄ဝဝ အထိ ရှည်နိုင်သမျှရှည်ရှည် တူးဖော်ရမည်။ နွေရာသီတွင် ရေအနည်းဆုံး အနက် ၃ ပေအထိ ရှိရမည်။ သဘာဝငါးစာများဖြစ်

သော အပင်စာနှင့် သတ္တဝါစာများ ရရှိစေရန် တစ်လတစ်ကြိမ် ဓာတ် မြေသြဇာ၊ နွားချေး၊ ကြက်ချေး ရရာကို ကန်ထဲထည့်ပေးပါ။

ထုံးနှင့် မြေဩဇာထည့်နည်း ။

ထုံးထည့်ခြင်းသည် ကန်ရေသန့်ရှင်းခြင်း၊ ငါးအထွက်နှုန်း တိုး မြင့်ခြင်းဟူသော ကောင်းကျိုးကို သက်ရောက်စေသည်။ ထုံးတွင် အဆိပ်ဓာတ်နှင့် ကော့စတစ်ပါဝင်သဖြင့် ဘက်တီးရီးယားနှင့် ငါးကပ်ပါး များကို သေစေနိုင်ပြီး pHပြောင်းလဲမှုကိုလည်း ရပ်တန့်တည်မြဲစေသည်။ ထုံးမထည့်မီ ကန်ကိုအခြောက်ခံပြီး ကန်အောက်ခြေ (ကြမ်းပြင်)တွင် ဖြစ်စေ၊ ရေသွင်းပေါက်မှ ရေနှင့်အတူဖြစ်စေ၊ ရေမျက်နှာပြင်ပေါ်ဖြူး၍ ဖြစ်စေ ထည့်သွင်းနိုင်သည်။ ငါးရှိနေစဉ် ထုံးထည့်ပါက အရည်ကျဲကျဲသာ ထည့်ပေးပါ။ ငါးများစားမိပါက သေကျေပျက်စီးတတ်သည်။ pကောင်းမွန်သော ကန်များတွင် ထုံး ၅ ပိဿာမှ ၁၅ ပိဿာမျှသာ အသုံးပြုကြသည်။ ကန်များကို ထိုးထည့်ရန် pH ပမာဏကို ဦးစွာတိုင်း တာရမည်။ ထိုသို့တိုင်းတာပြီး တစ်ဧက လိုအပ်သောထုံးကို တွက်ချက် ထည့်သွင်းနိုင်ပါသည်။

ငါးမွေးကန်ထဲတွင် ဇီဝတွင်းဖြစ်ပျက်မှုသံသရာ အမြဲရှိရန် လို အပ်သဖြင့် သဘာဝအာဟာရဓာတ်ပြည့်ဝမှုကို ဖြည့်စွက်ရန် သြဇာ ဓာတ်များ ထည့်ပေးသင့်သည်။ မြန်မာနိုင်ငံရှိ ငါးကန်အများစုသည် ဇီဝသြဇာဓာတ်အဖြစ် နွားချေးကိုသာ အဓိကအသုံးပြုပြီး အဇီဝဩဇာ ဓာတ်အနေနှင့်မူ အမိုနီယမ်စူပါဖော့စဖိတ်ကိုသာ အသုံးများသည်။ ငါးကန် တစ်ဧကလျှင် နွားချေးပုံး ၂၀၀ (သို့မဟုတ်) ကြက်ချေးပုံ ၁၀၀ အနည်းဆုံး ထည့်သွင်းရမည်။ ကြက်ချေး၊ နွားချေး၊ ပဲဖတ်တို့ကို ရောစပ်၍ ဇီဝသြဇာဓာတ်အဖြစ်လည်း အသုံးပြုနိုင်သည်။

၂။ မွေးမြူမည့် ငါးအမျိုးအစားရွေးချယ်ခြင်း ၊

. ငါးမွေးမြူရေးလုပ်ငန်းတွင် မိမိထည့်သွင်းမွေးမြူမည့် ငါးရွေး ချယ်ခြင်းသည် အလွန်အရေးကြီးသည်။ ကန်အတွင်းဖြစ်ပေါ်နေသော သဘာဝအနေအထား၊ ရေနှင့် လိုက်လျောညီထွေမည့်ငါးမျိုး ရွေးချယ် မွေးမြူရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် အများဆုံးမွေးမြူပြီး ဈေးကောင်း ရသောငါးများမှာ ငါးခူ၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးသိုင်း၊ တီလားပီး ယားတို့ ဖြစ်သည်။ ငါးမြင်း၊ ငါးတန်တို့ကို မွေးမြူမည်ဆိုပါက ၎င်း ငါးများ၏ အစာမှာ ငါးကလေးများဖြစ်၍ အစာကို အလုံအလောက် ရှာဖွေရန် မလွယ်ကူပေ။ ထို့ကြောင့် ငါးမွေးမြူပါက အသားစားငါး များကို မရွေးချယ်သင့်ပေ။ မွေးမြူမှုစရိတ်စက ကြီးမားသောကြောင့် ပင် ဖြစ်သည်။

စိုက်ခင်းများနှင့် ရောနှောမွေးမြူသူများအဖို့ စိုက်ခင်းအား ဖျက် ဆီးတတ်သည့် ငါးများ၊ လယ်ကန်သင်းများကို ဖျက်ဆီးတတ်သည့် ငါးများ၊ မျိုးမတူသည့်ငါးများကို တိုက်ခိုက်သတ်ဖြတ် စားသောက် သည့်ငါးများကို မမွေးမြူသင့်ပါ။ တီလားပီးယား၊ ငါးကြင်း၊ ငါးသိုင်း၊ ငါးမြစ်ချင်းများကို တွဲဖက်မွေးမြူသင့်သည်။ ထိုငါးများသည် ရေပေါ် တွင် နေထိုင်ကျက်စားပြီး ပိုက်ဖြင့်ဖမ်းဆီး၍ အလွယ်တကူရနိုင်သည်။ မွေးမြူသောငါးသည် ကန်တစ်ကန်မှ အခြားကန်သို့ ပြောင်းရွှေ့ရန်၊ ငါးများအရွယ်ရောက် မရောက်သိရှိနိုင်ရန်၊ မျိုးပွားဖို့ ဆေးထိုးသား ဖောက်ရန် ကိုင်တွယ်ရွှေ့ပြောင်းခြင်းဒဏ်ခံနိုင်သော ငါးမျိုးဖြစ်ရမည်။ မျိုးပွားနှုန်းကောင်းသည့် ငါးမျိုးဖြစ်ရမည်။

မိမိမွေးမြူမည့်ငါးအား အနှစ်ချုပ်အနေဖြင့် အောက်ပါအတိုင်း မှတ်ယူ၍ ရွေးချယ်မွေးမြူသင့်သည်။

(၁) ဈေးနှုန်းကောင်းသည့်ငါးမျိုး၊

(၂) အရသာရှိပြီး လူကြိုက်များသည့်ငါးမျိုး၊

(၃) ပတ်ဝန်းကျင်အား မဖျက်ဆီးဘဲ စုပေါင်းနေထိုင်လေ့ရှိသောငါးမျိုး၊

(၄) ပတ်ဝန်းကျင်ရှိ အစားအစာကို အသုံးချနိုင်သည့်ငါးမျိုး၊

(၅) ကြီးထွားနှုန်းကောင်းသည့် ငါးမျိုး၊

(၆) မျိုးပွားနှုန်းကောင်းသည့် ငါးမျိုး၊

(၇) အကြမ်းခံနိုင်သည့် ငါးမျိုး၊

(၈) ပြန်လည်ဖမ်းဆီးရာတွင် လွယ်ကူသည့်ငါးမျိုး။

၃။ မျိုးငါး (ငါးသားပေါက်) ထည့်ခြင်း

ငါးသားပေါက်များကို မွေးမြူရန်အတွက် အခြားဒေသမှ ဝယ်ယူရခြင်း (သို့မဟုတ်) ပြုစုကန်၊ သားဖောက်ကန်၊ ဥဖောက်ကန် တို့မှ သယ်ယူရမည်မှာ ဧကန်ပင်။ သယ်ယူရာတွင် ခရီးနီးသည်ဖြစ် စေ၊ ဝေးသည်ဖြစ်စေ လိုအပ်သော ဒေသအရောက် အသေအပျောက် နည်းစွာ သယ်ဆောင်နိုင်ရန် အရေးကြီးသည်။ ပို့ဆောင်ရာတွင် ရေကို သိုလှောင်၍ သယ်ဆောင်ရသဖြင့် ရေနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစား ရမည်။ အောက်စီဂျင်ဓာတ်များ ပျော်ဝင်နေသည့်ရေမျိုး ဖြစ်ရမည်။ ငါးများသည် ရေတွင်ပျော်ဝင်နေသည့် အောက်စီဂျင်ကို အသုံးပြုပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးသဖြင့် အောက်စီဂျင်ဓာတ်နည်း ပါက ငါးများသေကျေပျက်စီးနိုင်သည်။

ငါးသန်များကို ပြုစုကန်အတွင်းမှ သယ်ယူပါက ပိုက်စိပ်ဖြင့် ဆွဲ၍ ငါးသန်လှောင်အိမ်တွင် ၁ ရက်ကြိုတင်၍ လှောင်ထားရမည်။ ထိုကဲ့သို့ လှောင်ထားစဉ် အစာမကျွေးရပေ။ အဖုံးဖွင့်သယ်ယူခြင်းနှင့် အလုံပိတ်သယ်ယူခြင်း နှစ်မျိုးရှိသည်။ အဖုံးဖွင့်သယ်ယူခြင်းတွင်မြေအိုးများ၊ ဝါးဖြင့် ရက်လုပ်ထားသည့် ရေလုံခြင်းများ၊ သံပုံးများ၊ သစ်သားစည်များကို အသုံးပြုကြပြီး အလုံပိတ်သယ်ယူခြင်းတွင် ၂၅x ၁၈ လက်မအရွယ်၊ ၅ မီလီမီတာထူသော ပလတ်စတစ်အိတ်ထဲ သို့ ရေ ၃ ပုံ ၁ ပုံခန့်ထည့်၍ အောက်စီဂျင်ဓာတ်ငွေ့ကို အလုံအလောက် ပေးပြီး အပေါ်မှစု၍ သားရေကွင်းကြီးများဖြင့် စည်းရသည်။ ၎င်းသည် ၂၄ နာရီခံ ၁ လက်မအရွယ် ငါးသန် ၂၀၀-၂၅ဝ ခန့်ထည့်နိုင်ပြီး ငါးမှုန် ၃ဝဝဝဝ ခန့် ထည့်နိုင်သည်။ လှေဝမ်းထဲငါးထည့်၍ ရေလဲပေး သောနည်းသည် အဖုံးဖွင့်သယ်ယူခြင်းပင် ဖြစ်သည်။

မည်သည့်နည်းဖြင့် သယ်ယူသည်ဖြစ်စေ၊ ရေသန့်စင်၍ အေးမြ စေရန်၊ အောက်စီဂျင်များပြားစေရန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အမိုး : နီးယားထုတ်လုပ်မှု နည်းပါးစေရန်၊ သယ်ယူမည့်နေရာသို့ အချိန်တိုတို - ဖြင့်ရောက်ရှိရန် သတိပြုလုပ်ဆောင်ရမည်။ ရောက်ရှိလာသည့် ငါးများ . ကို ကန်အတွင်းသို့ထည့်သည့်နှုန်း များသွားပါက ငါးများကျပ်၍ ကြီးထွားမှု လျော့နည်းတတ်သည်။ ကန်အတွင်း ရေဩဇာဂုဏ်သတ္တိ ပြောင်းလဲနေပါကလည်း ရောဂါကျရောက်နိုင်သည်။ ထို့ကြောင့် ငါး သားပေါက်ထည့်သွင်းရာတွင် ကန်ရေပြင်ပမာဏနှင့် ငါးသားပေါက် များ၏ ကျန်းမာသန်စွမ်းမှုကို ကြိုတင်စစ်ဆေးသင့်သည်။ ငါးသားပေါက် - ထည့်နှုန်းသည် ငါးအရွယ်အစားကို အခြေခံ၍ ထည့်ရမည်။

ဖြည့်စွက်အစာထည့်သွင်းမွေးမြူသည့် ငါးကန်များတွင် ငါးဖန်းမ၊ ရွှေရောင်ငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးကြင်းဖြူ၊ မြက်စားငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးခူ၊ ငါးတန်၊ တီလားပီးယား၊ ရွှေနီ၊ ငါးဖယ်၊ ဂိုရာမီ၊ ရေချိုငါးမုတ် စသည့်ရေချို ငါးသားပေါက်များ မွေးမြူနိုင်သည်။ တစ်ဧကလျှင် ၂၀ ကျပ်သားအောက် ငါးမျိုးစိတ် ကောင်ရေ ၁ဝဝဝဝ-၂၅ဝဝဝ ခန့်၊ ၂၀ ကျပ်သားနှင့်အထက် ငါးမျိုးစိတ် ကောင်ရေ ၇၅ဝဝ-၁ဝဝဝဝ ခန့် မွေးမြူနိုင်သည်။ ။

ကျွေးမွေးရန်လိုအပ်သည့် အစာနှုန်းမှာ

ထို့ပြင် ဗီတာမင်အမျိုးမျိုး၊ ကယ်လ်စီယံနှင့် ဖော့စဖိတ်သတ္တု ဓာတ်ဆား ကာကွယ်ဆေးများကိုလည်း ရောစပ်ထည့်သွင်းနိုင်သည်။

ရွှေဝါငါးကြင်းမှာ ရေကန်အောက်ခြေ၌ ကျက်စားလေ့ရှိပြီး ငါးမြစ်ချင်းမှာ ရေကန်အပေါ်ပိုင်း (သို့မဟုတ်) ရေလယ်တွင်သာ ကျက် စားလေ့ရှိသည်။ ငါးသိုင်းမှာ ရေမျက်နှာပြင်တွင် ကျက်စား၍ ကန်အတွင်း မှ ထွက်ရှိသမျှ မျှောလှေးများကို စားသုံးသည်။ ငါးနက်ပြာမှာ ခရု များကိုစားသုံးသဖြင့် အချို့နေရာများတွင် ထိုငါးမျိုးကို ရောနှောမွေးမြူ ကြသည်။