Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - စက်မှုသီးနှံစိုက်ပျိုးခြင်း

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အပိုင်း (၂)

စက်မှုသီးနှံစိုက်ပျိုးခြင်း

၁။ ပီလောပီနံစိုက်ပျိုးခြင်း

ရေမြေရာသီဥတု

မိုးရေချိန်အနည်းဆုံး (၆ဝ- ၁၁ဝ)လက်မအထက်ထိ ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးရန်သင့်တော်သည်။ မြေသြဇာနှင့် ရေငွေ့ အတန် အသင့်ရှိသော သဲနုန်းမြေ (သို့မဟုတ်) နုန်းဆန်သောသဲမြေနှင့် မြေတွင်း အပူချိန် (၃၅)ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့် မြေမျိုးကို အနှစ်သက်ဆုံးဖြစ်သည်။ သို့သော် မြေဩဇာနည်းပါးပြီး ဂဝံဆန်သောမြေတွင်လည်း မြေသြဇာ - အသင့်အတင့်ထည့်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်သည်။ ဆားဓာတ်ပါသော မြေမျိုးကို မနှစ်သက်ပေ။ မြေသြဇာအလွန်ကောင်းသော မြေမျိုးတွင် စိုက်ပျိုးပါက အရွက်နှင့်ပင်စည်ပိုမိုကြီးထွားပြီး ဥဖြစ်ထွန်းမှုနှင့် ကော်ဓာတ်ပါဝင်နှုန်းတို့ကို " လျော့နည်းစေသည်။

စွတ်စိုသည့်အပူပိုင်းရာသီဥတုမျိုးကို နှစ်သက်ပြီး မိုးရေချိန် (၆၀) လက်မသည် အကောင်းဆုံးဖြစ်သော်လည်း (၂၀ - ၂၀၀)လက်မအထိ ရွာသွန်းသော ဒေသများတွင်လည်း ပေါက်ရောက်နိုင်သည်။ စတင်စိုက်ပျိုး သည့်အချိန်တွင် ရေအလုံအလောက်ရရှိထားပါက မိုးခေါင်မှုဒဏ်ခံနိုင်ရည် ရှိသည်။

- ဆီးနှင်းနှင့်ထိက အပင်သေပြီး အပူချိန် (၁၀)ဒီဂရီစင်တီဂရိတ် . . အောက်တွင် ရှင်သန်မှုမရှိနိုင်ပေ။ အကောင်းဆုံးအပူချိန်မှာ (၂၅ - ၂၇) - ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။

မြေပြုပြင်ခြင်း

ပီလောပီနံဥသည် မြေကြီးအတွင်းသို့ (၁- ၂)ပေအထိ ဝင်ရောက် - နိုင်သောကြောင့် ထယ်ရေးနက်သမျှ နက်အောင်ထိုးပေးရမည်။ အနည်း အကျဉ်းသာစိုက်ပျိုးပါက (၆ - ၁၂) လက်မအမြင့်ရှိ မြောင်းပေါင်ဖော် ၍လည်းကောင်း၊ အပုံလိုက်လည်းကောင်းစိုက်ပျိုးနိုင်သည်။ အမြောက် အမြားစိုက်ပျိုးရာတွင် ထယ်ရေးနက်နက်ထွန်၍ စိုက်ပျိုးခြင်းက ပျိုး၍ကောင်းသည်။ မြေကို ကြေညက်စေရန် ထွန်တိုက်ခြင်း၊ ကြမ်းတုံးရိုက်ခြင်း များကို သေသေချာချာပြုလုပ်သင့်သည်။

တောင်ခြေကုန်းလျှာများတွင် စိုက်ပျိုးပါက ရေတိုက်စားမှုမရှိ စေရန် မြောပေါင်များပြုလုပ်၍ စိုက်ပျိုးရမည်။ မြောင်းပေါင်ပြုလုပ်ရာ . တွင် ကုန်းလျှောအတိုင်း အထက်အောက်အလိုက်သင့်ဖောက်ရမည်။ သို့မှ သာ စီးဆင်းသောရေသည် ပေါင်နှင့်ခံနေခြင်းမရှိဘဲ အလွယ်တကူ လျှာ ဆင်းသွားမည်။ ပီလောပီနံသည် ရေဝပ်ခြင်းကို မနှစ်သက်ပေ။

မျိုးရယူခြင်း

မျိုးစေ့မှစိုက်ပျိုးရရှိသော အပင်၏ ဥထွက်နှုန်းမှာ ပင်စည်ကိုင်း ဖြတ်ကို ပြန်၍စိုက်သော အပင်ထက်နည်းသည်။ သက်တမ်း (၁၀)လခန့် နှင့် လုံးပတ် (၁)လက်မမှ (၁)လက်မခွဲခန့်ရှိသော အပင်များကို မျိုးအဖြစ် ခုတ်ယူသိမ်းဆည်းထားနိုင်သည်။ ခုတ်ယူရာတွင် ပင်စည်အရင်းနှင့် အဖျား ၊ ပိုင်းတို့မှ (၉)လက်မစီဖြတ်၍ ဖယ်ပြီးအလယ်ပိုင်းကိုသာယူရမည်။ မျိုးပင်စည် အဖျားပိုင်းမှာ အပင်ပေါက်မြန်သော်လည်း အရင်းပိုင်းလောက် ဥထွက်နှုန်း မကောင်းပေ။ မျိုးပင် (၁၀ – ၁၅)ခန့် ချည်နှောင်ပြီး ခြောက်သွေ့ သော နေရာတွင် အရင်းမှထောင်၍ သိမ်းထားနိုင်သည်။

မျိုးကိုင်းဖြတ်ရာတွင် ရွက်ကြွေအမာရွက်ဘေးရှိ အဖူးကလေးများ ကို ထိခိုက်မှုမရှိစေရန် သတိထားရမည်။ ထောင်လိုက်ဖြတ်သော မျိုးကိုင်း သည် ဥထွက်ညီညာပြီး တစောင်းဖြတ်ထားသော မျိုးကိုင်းမှာမူ စောင်းသော ထိပ်ဖျားသို့ ဥများစုပြုံဥတတ်ကာ ဥထွက်ညီညာမှုမရှိပေ။

စိုက်ပျိုးသင့်သည့် အချိန်

များသောအားဖြင့် မိုးဦးကျစ ဧပြီ၊ မေ၊ ဇွန်လများတွင် စိုက်ပျိုးကြ သည်။ ရေကြိုက်သောအပင်မဟုတ်သော်လည်း ဥများကြီးထွားစအချိန်တွင် ရေလိုအပ်သည်။ ရေသွင်းစိုက်ပျိုးနိုင်သည့်ဒေသများတွင် ဥကြီးထွားမည့် အချိန်နှင့် မိုးကျမည့်အချိန်အံကိုက်ဖြစ်စေရန် နွေရာသီမကုန်မီ ကြိုတင်စိုက် ပျိုးသင့်သည်။ အချို့ ပီလောပီနံမျိုးများမှာ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးခြင်း ၊

သိုလှောင်ထားသော မျိုးများကို စိုက်ခင်းတွင် (၃x ၃)ပေ၊ (၄) ကွက်ကြား အကွာအဝေးထား၍ စိုက်ပျိုးရမည်။ မစိုက်ပျိုးမီ စိုက်ကွက်တွင် (၃x ၃)ပေ အကွာအဝေး လေးကွက်ကြား အကွက်ချပေးပြီး (၃x ၃) ပေကြား နေရာများတွင် ကျင်းငယ်များ တူးဖော်ပေးရမည်။ တစ်ကျင်းလျှင် မျိုးကိုင်း တစ်ခုစီကို (၅-၆) လက်မနက်အောင် စိုက်ပျိုးရမည်။

စိုက်ပျိုးရာတွင် ထောင်၍စိုက်ပျိုးခြင်း၊ လှဲ၍စိုက်ပျိုးခြင်းနှင့် (၄၅) ဒီဂရီစောင်း၍စိုက်ပျိုးခြင်း ဟူ၍ရှိသည်။ မိုးများသောဒေသများတွင် လှဲ၍ စိုက်ပျိုးပါက မိုးရေဖြင့် ဆွေးမြည့်ပုပ်သွားနိုင်သဖြင့် ထောင်၍စိုက်သင့် သည်။ မိုးနည်းသောဒေသများတွင် လှဲ၍စိုက်သင့်ပြီး မိုးအသင့်အတင့်ရွာသော ဒေသများတွင် (၄၅) ဒီဂရီစောင်း၍စိုက်ပျိုးသင့်သည်။ စိုက်ပျိုးနည်း (၃) နည်းအနက် ထောင်၍စိုက်ပျိုးခြင်းမှာ အထွက်ကောင်းဆုံးဖြစ်ပြီး မြေအောက် (၂ -၄)လက်မအထိ မြှုပ်၍စိုက်သင့်သည်။ ' 'စိုက်ပျိုးပြီးရက် (၃၀)အကြာတွင် မြေဘောင်တင်ခြင်း၊ ပေါင်း လိုက်ခြင်း ပြုလုပ်ရမည်။ မိုးများသောဒေသတွင် နောက်ထပ်ရက် (၆၀) အကြာတွင်တစ်ကြိမ် မိုးကုန်ခါနီးတွင်တစ်ကြိမ် ထပ်မံပြုလုပ်ပေးရမည်။

မြေသြဇာကျွေးခြင်း ၊

မြေရိုင်းတွင် စိုက်ပျိုးပါက ပထမနှစ်တွင် မြေသြဇာထည့်ပေးရန် မလိုပေ။ နှစ်စဉ်စိုက်ပျိုးသော မြေမျိုးတွင် တစ်ဧကလျှင် နွားချေးလှည်းအစီး (၂ဝ)ကို မြေပြုပြင်ချိန်တွင် ထည့်ပေးသင့်သည်။ ယူရီးယား (၁၆)ပေါင်၊ တီစူပါ (၁၁၂)ပေါင်တို့ကို စတင်ပြုပြင်ချိန်တွင် တစ်ဝက်နှုန်းနှင့် ပိုတက်ရှ် (၅၆)ပေါင်ထည့်ပေးရမည်။ စိုက်ပြီးပေါင်းလိုက်၊ မြေတောင်မြှောက်၊ ဘောင် .လုံးသည့်အချိန်တွင် ယူရီးယားနှင့်တီစူပါကျန်တစ်ဝက်ကို ဆက်လက်တည့် ပေးရမည်။

မြေဩဇာထည့်ရာတွင် ကြဲပက်ဖျန်း၍လည်းကောင်း၊ အပင်၏ ၊ ဘေးတစ်ဖက်တစ်ချက် (၁)ပေခွဲ (၂)ပေအကွာမှ ဖြူး၍လည်းကောင်း သင့်တော်သလို ထည့်သွင်းနိုင်သည်။

ပိုးမွှားနှင့်ရောဂါများ

ပင့်ကူအိမ်းပိုး - - နုနယ်သည့်အပင်ခေါင်ဖျားရွက်နုများကို ကိုက် ဖြတ်စားသောက်သည်။ ၎င်းပိုးကျရောက်ပါက ရွက်နုများသည် ကြီးထွားမှု ရပ်တန့်သွားပြီး အရွက်များတွင် အဝါစက်အပြောက်များ ဖြစ်ပေါ်လာသည်။ အရွက်များ အောက်သို့ငိုက်ကျလာသည်။ ပင့်ကူနီပိုးလည်းရှိသေးရာ ၎င်းပိုးသည် အပင်ရင့် အရွက်ရင့်များကိုသာ နှစ်သက်သည်။

ပင့်ကူအိမ်းပိုးသည် ခြောက်သွေ့ သောနွေရာသီကို နှစ်သက်ပြီး လေဖြင့် လည်းကောင်း၊ ပိုးကျသောအပင်မှ အခြားအပင်သို့လည်းကောင်း ပြန့်ပွား ကူးစက်သည်။ -

မီးလဘတ်ပိုး - , ၎င်းပိုးသည် ပီလောပီနံပင်ဖျက်ပိုးတစ်မျိုးဖြစ် ပြီး ခြောက်သွေ့သောရာသီကို နှစ်သက်သည်။ မြေသြဇာညံ့သော မြေမျိုး တွင် ပေါက်သောအပင်များကို ပိုမိုဖျက်ဆီးသည်။ ဥမှအကောင်ပေါက်ရန် (၂၄)ရက်ခန့်ကြာပြီး ဥပေါက်ရန်အကောင်းဆုံးအပူချိန်မှာ (၂၆)ဒီဂရီစင်တီ ဂရိတ်ဖြစ်သည်။

ပိုးကျရောက်ပါက ၎င်း၏အဆိပ်များသည် အပင်အတွင်းသို့ရောက် ရှိပြီး အရွက်များလိပ်ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ အရွက်ခြောက်၍ ညှိုးခြင်းများ ဖြစ်ပေါ်စေသည်။ ၎င်းပိုးသည် အရွက်၏ ရိုးတံအရင်းပိုင်းမှ ရိုးတံများ၊ အရွက်များစသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် စားသုံးသည်။ ပိုးလောက် ကောင်နှင့် ဥများသည် လေမှတစ်ဆင့်အခြားအပင်များသို့ ကူးစက်နိုင်သည်။

ရွက်ပြောက်ပိုး - ရွက်ပြောက်ပိုးကျရောက်ပါက အရွက်ဖျားတွင် အညိုရောင်အစက်အပြောက်များ တွေ့ရသည်။ အနည်းငယ်သာ စိုက်ပျိုး ရာတွင် စိုးရိမ်စရာ မရှိသော်လည်း အမြောက်အမြား စိုက်ပျိုးပါက ဂရုစိုက် သင့်သည်။ ကာကွယ်နှိမ်နင်းရန်မှာ ပိုးသတ်ဆေးဖျန်းခြင်း (သို့မဟုတ်) နွေအခါတွင် ရွက်ခြောက်ရွက်ကြွေများကို မီးရှို့ပေးခြင်း၊ အပင်များမှ ကိုင်းများ ကို (၆)လက်မခန့်ချိုး၍ မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်၍ ကာကွယ်နိုင်သည်။

ပီလောပီနံဥပိုး - ကြာရှည်စွာ မရိတ်သိမ်းဘဲထားသော သက် တမ်း (၂) နှစ်မှ (၄) နှစ် ပီလောပီနံများတွင် အဖြစ်များသည်။ တောင်စောင်း များတွင် စိုက်ပျိုးပါက တောင်ခြေမှအပင်များကို ပို၍အန္တရာယ်ပေးသည်။ ဥပိုးကျရောက်ပါက အရွက်ရင်းမှစ၍ အဝါရောင်ဖြစ်လာပြီး ပင်စည်မှ ညှာတံသည် မကြာမီ ကြွေကျသည်။ မြေပြင်မှ (၄) လက်မအကွာအဝေး အတွင်းရှိ ပင်စည်တွင် အမည်းစင်းများ အက်ကွဲစင်းများ ဖြစ်လာသည်။

ဗက်တီးရီးယားပင်နာကျရောဂါ - ဇန်သိုမိုနော့စမင်နီဟော့ တစ် ဗက်တီးရီးယားကြောင့် ဖြစ်ပွားရသည်။ အဓိကအားဖြင့် သစ်ရွက်စားပိုးကောင်များမှ တစ်ဆင့်ကူးစက်ပြန့်ပွားသည်။ ရောဂါပိုးရှိသောအပင်မှ မျိုးကိုင်းဖြတ်၍ စိုက်ခြင်းကြောင့်လည်း ပြန့်ပွားသည်။ အရွက်အိုများတွင် စတင်၍စွဲကပ်နိုင်ပြီး ညှာတံ၊ ပင်စည်၊ ဥစသည်တို့ကို အပင်တွင်း အစာပို့ အကြောများမှ တဆင့်တုစ်ပင်လုံးသို့ ပြန့်ပွားနိုင်သည်။ ရောဂါပိုးကျရောက် ပါက အရွက်များညှိုးလာပြီး ရွက်ညှာတံမှာသေးသည်။ ရွက်ညှာတံ အမာရွတ် အတတ်မှ ညှာတံအသစ်ပြန်ထွက်နိုင်သော်လည်း အလွန်ကြုံလှီသည်။ ဥများမှာလည်း သေးကွေးပြီး ပုပ်သိုးဆွေးမြည့်သွားသည်။ သဲနုန်း မြေညံ့များ တွင် ပေါက်သောအပင်များမှာ ရောဂါဒဏ်ခံနိုင်မှုမရှိပေ။

မိုစိတ်ရောဂါ - ၎င်းရောဂါသည် ရွက်အိုများထက် ရွက်နု ကလေးများအပေါ်တွင်သာ ကျရောက်တတ်သည်။ အရွက်များရင့်လာပါကရောဂါဖြစ်ပွားမှု လျော့နည်းလာသည်။ ရောဂါပိုးကျရောက်ပါက ခေါင်ညွန့် နှင့် အရွက်နုကလေးများကို ခူးပေးခြင်းဖြင့် သက်သာစေသည်။ ရောဂါပိုး သည် အချဉ်ဓာတ်ရှိသောမြေကို ကြောက်သည်။ မြေကြီးကို ထုံးရောပေး ပါက ရောဂါကျရောက်မှု တိုးလာနိုင်သည်။

အင်သရနိုစ်ရောဂါ- ၎င်းရောဂါသည် အရေးကြီးသော ပီလောပီနံပင်၊ ပင်စည်ရောဂါဖြစ်ပြီး မြေသြဇာချို့တဲ့သော သဲမြေနှင့် အချဉ်ဓာတ်ရှိသော မြေများတွင် ပို၍ဖြစ်ပွားသည်။ အပင်အိုများ၏ ပင်စည်ထက် အပင်ပျိုများ ၊ ၏ ပင်စည်တွင် ပို၍ကျရောက်သည်။

ရိတ်သိမ်းခြင်းနှင့် ထားသိုခြင်း ၊

ပီလောပီနံဥရိတ်သိမ်းသည့်အချိန်သည် တစ်ဧကဥထွက်အများဆုံး နှင့် ဥအတွင်းမှ ကော်ဓာတ်အများဆုံး ထုတ်ယူရရှိနိုင်သော အချိန်ဖြစ်ရန် လိုအပ်သည်။ ရိတ်သိမ်းချိန်သည် မျိုးကိုလိုက်၍ ပြောင်းလဲမှုရှိသော်လည်း ယေဘုယျအားဖြင့် (၈ -၁၄)လအတွင်းဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် အပွင့်များပွင့်လာပြီး အရွက်များဝါကာ ကြွေကျစပြုလာချိန် အပင်ရင်းမြေကြီးမှာလည်း အက်ကွဲစပြုပါက ရိတ်သိမ်း ချိန်ကျပြီဟု မှတ်ယူနိုင်သည်။ ဥများကို မရိတ်သိမ်းဘဲ (၂)နှစ်ခန့်အထိ ထားနိုင်သည်။ ကော်ဓာတ်လျော့နည်းသွားသော်လည်း ပုပ်သိုးပျက်စီးမှု မရှိပေ။ ရိတ်သိမ်းပြီးနောက် (၄၈)နာရီထက်ကျော်ပါက ဥများ ပုပ်သိုး ပျက်စီးနိုင်သည်။ ရိတ်သိမ်းစဉ် ဥများအနာတရဖြစ်ပါက ပျက်စီးမှုပိုမြန် သည်။ ။

ထားသိုရာတွင် သပ်ရပ်စွာစီထားသော ပီလောပီနံဥတစ်ထပ်၊ (၃) လက်မခန့်ထုရှိသည့် မြေကြီးတစ်ထပ် အဆင့်ဆင့်စီပြီး ထိပ်ဆုံးတွင် (၆) လက်မထုရှိမြေကြီးဖြင့် ထပ်ဖို့ပြီး နာနာဖိသိပ်ပေးထားရမည်။ ထို့နောက် - ရေစီးရေလာကောင်းစေရန် မြောင်းကလေးများ ပြုလုပ်ပေးရမည်။ ထို့ပြင် အပူချိန် (၂၅ -၂၇)ဒီဂရီစင်တီဂရိတ်ခန့်တွင် ရေ (၂၀%)ခန့်ပါသော သဲများ အတွင်းလတ်ဆတ်သောဥများကို မြှုပ်ထားပါက(၂)လခွဲခန့်အထားခံသည်။

ဓာတုဗေဒပစ္စည်းများဖြင့် ပြုပြင်သိုလှောင်ရာတွင် လတ်ဆတ်သော ဥများကို မှိုနုများ၏ ဖျက်ဆီးမှုမှ ကာကွယ်ရန်အပေါ်ယံအခွံအား ဖယောင်း ရည်ဖျန်းပေးခြင်းဖြင့် (၁၆)ရက်ခန့် ကောင်းမွန်စွာထားသိုနိုင်သည်။ ထို့ပြင် အီသလင်းဗရိုမိုက်၊ မီသိုင်းဗရိုမိုက်၊ အီသိုင်းဗရိုမိုက် ဆတူရောထားသော ပိုးသတ်ဆေးရည် (သို့မဟုတ်) ဖော်မလင်တစ်ဆကိုရေ(၃၂)ဆဖြင့် ရောထားသောအရည်တို့ဖြင့် ဖျန်းပေးခြင်းဖြင့်လည်း (၁၉ -၂၅)ရက်အထိ အထားခံ သည်။

အအေးခန်း၌ သိုလှောင်ရာတွင် ပီလောပီနံဥများကို အပူချိန် (၃၂ - ၃၅)ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ (၈၅ - ၉၀ %)ရှိသော အအေးခန်း တွင် ထားသိုပါက (၆)လခန့်အထိထားနိုင်သည်။

၂။ နေကြာစိုက်ပျိုးခြင်း

ရေမြေရာသီဥတု

နီညိုမြေ၊ ဝါညိုမြေ၊ ဂဝံမြေများနှင့် အညိုရောင်ထုံးဓာတ်များသော မြေများတွင် ဖြစ်ထွန်းမှုရှိသည်။ သို့သော် ရေစီးရေလာကောင်းသော သဲမြေ စေးသမ မြေစေးအမျိုးအစားများတွင် မြေသားထု (၁,၅၀)မီတာထက်ထူသော မြေမျိုးတွင် ပို၍ဖြစ်ထွန်းမှုရှိသည်။ ရေဝပ်ခြင်းကို မနှစ်သက်ဘဲ မြေသားထု အထူမှ အမြစ်တွယ်ကပ်နိုင်မှုအား (၃)မီတာအထိ ရှိရန်လိုအပ်သည်။ pH မှာ (၅ - ၈.၅)ဖြစ်သော်လည်း အကောင်းဆုံးမှာ (၆ – ၇.၅)ဖြစ်သည်။  အပူချိန် (၂၀ - ၂၅) ဒီဂရီစင်တီဂရိတ်တွင် ပို၍ဖြစ်ထွန်းသည်။ အထူးသဖြင့် ပန်းပွင့်ချိန်တွင် ထိုအပူချိန်မျိုးရရှိစေရန် စိုက်ပျိုးချိန်ကို အပင်သက်တမ်းနှင့် ညှိ၍စိုက်ပျိုးရမည်။ နေကြာသည် ပင်ကြားဝတ်မှုန်ကူးပေးရန် . လိုအပ်သောကြောင့် တစ်ဧကလျှင် ပျားအုံတစ်အုံရှိသင့်သည်။ များများသည် ( အပူချိန်သင့်တင့်ပါက ဝတ်မှုန်နှင့်ဝတ်ရည် စုဆောင်းကြပြီး အပူချိန်မြင့်နေ လျှင် ရေကိုသာစုဆောင်းပြီးပျားအုံတွင် အတောင်ခတ်၍ အေးအောင်ပြု လုပ်ကြရသည်။ အပူချိန်ပြင်းထန်ပါက ဝတ်မှုန်များ ပျက်စီးခြင်း၊ ပျားအလာ နည်းသဖြင့် နေကြာပင်မျိုးမကူးနိုင်ခြင်းတို့ကြောင့် အထွက်နှုန်းထိခိုက်နိုင် 'သည်။

စိုက်ပျိုးချိန်

မိုးရာသီနှင့် ဆောင်းရာသီများတွင် သီးထပ်သီးညှပ် ပုံစံအမျိုးမျိုး ဖြင့် စိုက်ပျိုးနိုင်သည်။ မိုးနည်းပါးသည့် မြန်မာပြည်အလယ်ပိုင်းဒေသများ တွင် မိုးရာသီတွင် မျိုးရရှိရေးကို ဦးစားပေးစိုက်ပျိုးကြပြီး ဆောင်းရာသီ တွင် သီးသန့်ဖြစ်စေ၊ အခြားသီးနှံများနှင့် သီးညှပ်ဖြစ်စေစိုက်ပျိုးကြသည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးစပါးအပြီး နေကြာသီးထပ်အဖြစ် လည်းကောင်း၊ ပဲမျိုးစုံဖြင့် သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။

မျိုးများ

ယခင်GOR - 102, 104 နှင့် “ပယ်ရီနိုးဗစ်”မျိုးများကို တင်သွင်းစိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့သည်။ မြန်မာနိုင်ငံတွင် နေကြာကို” (၃) မျိုးခွဲခြားထားသည်။ ယင်းတို့မှာ အပင်ကြီးမျိုး၊ အပင်လတ် မျိုးနှင့် အပင်ပုမျိုးတို့ဖြစ်ကြသည်။ အပင်ကြီးမျိုးနေကြာမှာ ယခင်ကတည်း က အစေ့စားရန် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ အပင်အမြင့် (၆ - ၁၂)ပေခန့်၊ အပွင့်အချင်း (၁၂ - ၂၀) လက်မခန့်ရှိသည်။ အစေ့မှာ အဖြူ (သို့မဟုတ်) ညိုမွဲရောင်တွင် အနက်စင်းများပါရှိပြီး သက်တမ်းမှာ (၁၂၀ - ၁၃၀)ရက် ခန့်ရှိသည်။ အပင်လတ်မျိုးမှာ အပင်မြင့် (၄ . ၆ - ၆)ပေခန့်၊ အပွင့် အချင်း (၇ - ၉)လက်မခန့် ရှိသည်။ အစေ့အရောင်မှာ ညိုမွဲရောင်တွင် အဖြူစင်းများပါရှိပြီး သက်တမ်းမှာ ရက် (၁၅ဝ)ခန့်ရှိသည်။ အပင်ပုမျိုးမှာ အပင်မြင့် (၂ - ၄)ပေခန့်၊ အပွင့်အချင်း (၅ - ၆)လက်မခန့်ရှိသည်။ အစေ့မှာ သေး၍အနက်ရောင်ရှိပြီး သက်တမ်းမှာ (၉၅)ရက်ခန့်ဖြစ်သည်။

စိုက်ပျိုးခြင်း

ထွန်ကြောင်းများဆွဲပြီး လက်ဖြင့်ဖြူးချစိုက်ပျိုးသည့်အခါ နေအပူ ချိန်ပြင်းခြင်း၊ လေတိုက်ခတ်မှုပြင်းထန်ခြင်းများနှင့် ကြုံရသည့်အခါ မျိုးစေ့ များ ထိခိုက်ပျက်စီးပြီး အပင်ပေါက်ကျဲသွားခြင်း၊ အသေအပျောက်များ ခြင်းများဖြစ်ပေါ်လေ့ရှိသည်။ ထို့ကြောင့် မျိုးစေ့ချကိရိယာကို အသုံးပြု၍ မျိုးစေ့ချသင့်သည်။ နေကြာအမြစ်တွင် ရေသောက်မြစ်သည် မြေကြီး . .။ အတွင်းသို့ (၉) လက်မအထိ ဆင်းသော်လည်း မြစ်တက်အများစုမှာ မြေဆီ လွှာအပေါ်ပိုင်းတွင် ဘေးသို့ (၁)ပေခန့် ဖြာ၍ထွက်သည်။ ထို့ကြောင့် - ပင်ကြားတန်းကြား (၁၁ x ၂၄)လက်မ ထား၍စိုက်ပျိုးသင့်သည်။ စိုက်ပျိုး ရာတွင် အပင်ပုမျိုးအား တစ်ဧကအပင်အရေအတွက် (၃၆၄၃၇) စိုက်ခြင်း ထက်အပင်အရေအတွက် (၂၄၂၉၀) ရရှိအောင်စိုက်ခြင်းက အထွက်နှုန်း ပို၍ကောင်းသည်။ အပင်ကြီးမျိုးကိုမူ တစ်ဧကအပင်အရေအတွက် (၂၄၂၉ဝ) စိုက်ပျိုးခြင်းထက် အပင်အရေအတွက် (၃၆၄၃၇) စိုက်ပျိုးခြင်းက အထွက် နှုန်းပို၍ကောင်းသည်။ တစ်ဧကလျှင် မျိုးစေ့ (၃-၄)ပြည်ခန့်သာ ကုန်ပြီး ပျမ်းမျှ (၂၇ - ၄ဝ)တင်းအထိ ထွက်နိုင်သည်။ ရေလိုအပ်ချိန်တွင် ရေပေး သွင်းပေးနိုင်ပါက အထွက်နှုန်းကောင်းနိုင်သည်။

ရောဂါ

နေကြာရွက်တွင် ဆိုးရွားစွာကျရောက်တတ်သည့် Alternaria leaf Blight ရောဂါကို ခံနိုင်ရည်ရှိသောမျိုး မရှိသေးပေ။