Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - အာဏာထောင်ချောက်နှင့်ဒဿနပုံပြင်များ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အာဏာထောင်ချောက် နှင့် ဒဿနပုံပြင်များ

ပြည်သူတွေက ဒီတစ်ခါတော့ လှံသူရဲကောင်း နိုင်ပြီလို့ ယူဆပြီး ဝမ်းမြောက်ပျော်ရွှင်ကြပြန်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နဂါးကြီးဟာ လိုဏ်ခေါင်းထဲကနေ အကောင်းပကတိ ပြန်ထွက်လာတယ်။ လက်ထဲမှာ လှံသူရဲကောင်းရဲ့ လှံကို ကိုင်လာတယ်။ ပြည်သူတွေကို အရင်အတိုင်း ဆက်သဖို့ အမိန့်ချတယ်။ ပြည်သူတွေ ဘာမှမတတ်နိုင်ဘူး။

အဲဒီအချိန်မှာ ပြည်သူတွေအထဲက လူငယ်တစ်ယောက်က နဂါးကြီး ကို သူ တိုက်ခိုက်မယ်လို့ ပြောတယ်။ လူငယ်ရဲ့ မိဘတွေရော၊ ဆွေမျိုးတွေနဲ့ တခြားပြည်သူတွေကပါ တားမြစ်ကြတယ်။ သူက သူဟာ တုတ်သိုင်းပညာ လေ့ကျင့်ခဲ့တာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီမို့ တစ်ဖက်ကမ်းခပ် တတ်မြောက်နေ ပြီ ဖြစ်ကြောင်း ပြန်လည်ပြောကြားပြီး နဂါးကြီးကို စိန်ခေါ်လိုက်တယ်။ သူ့မှာ ဒိုင်းမပါပေမဲ့ နဂါးကြီးရဲ့ မီးလျှံကို ခုန်ပျံပြီးရှောင်နိုင်တယ်။ နဂါးကြီးရဲ့ လှံကိုလည်း သူ့ရဲ့ တုတ်ရှည်နဲ့ ခတ်ထုတ်လိုက်နိုင်တယ်။ သူက ခုန်ပြီး နဂါးကြီးရဲ့ လည်မျိုကို တုတ်ရှည်နဲ့ ထိုးလိုက်တယ်။ လည်ပင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့နဂါးကြီးဟာ လိုဏ်ခေါင်းထဲ ပြန်ဝင်ပြေးတယ်။ လူငယ်က လိုဏ်ခေါင်းထဲအထိ ပြေးလိုက်ဖို့ ပြင်တော့ မိဘပြည်သူတွေက အော်ဟစ်ပြီး စားကြတယ်။ လိုဏ်ခေါင်းထဲ ဝင်မလိုက်နဲ့လို့ တားကြတယ်။ အရင်သူရဲကောင်းတွေတုန်းက လိုဏ်ခေါင်းထဲ ဝင်လိုက်မိလို့ ဒုက္ခရောက် ကုန်ကြတာလို့ ယူဆထားကြလို့ပါ။

လူငယ်က ခဏတော့ တွေဝေသွားတယ်။ ဒါပေမဲ့ လိုဏ်ဂူထဲ ဝင် မလိုက်ရင် နဂါးကြီးကို ကိစ္စတုံး သတ်ဖြတ်လို့ ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် သူဟာ မိဘပြည်သူတွေ အော်ဟစ်ပြီး တားနေတဲ့ကြားက လိုဏ်ခေါင်းထဲ ဝင်လိုက်သွားတယ်။ ပြည်သူတွေက သွားပြီလို့ ယူဆလိုက်ကြ တယ်။ ခဏနေရင် နဂါးကြီးက တုတ်ရှည်ကိုင်ပြီး ပြန်ထွက်လာတော့မှာလို့ ထင်နေကြတယ်။

တကယ်တော့ ပြည်သူတွေ ထင်သလို မဟုတ်ပါဘူး။ လိုဏ်ခေါင်း ထဲ ဝင်လိုက်သွားတဲ့လူငယ်ဟာ နဂါးကြီးကို ကိစ္စတုံး သတ်ဖြတ်နိုင်ခဲ့တယ်။ သတ်ဖြတ်ပြီးတဲ့နောက် လူငယ်ဟာ လိုဏ်ခေါင်းထဲက ရွှေငွေရတနာတွေကို မြင်လိုက်ရလို့ လောဘတက်သွားတယ်။ အဲဒီရွှေငွေရတနာသိုက်ကြီးကို မိမိတစ်ဦးတည်းသာ ပိုင်ဆိုင်လိုက်ရရင် ဘယ်လောက် ကောင်းမလဲလို့ တွေးမိ တယ်။ အဲဒီလိုတွေးမိတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ ကိုယ်ခန္ဓာဟာ တဖြည်းဖြည်း ပုံပြောင်းလာတာ သူ့ကိုယ်သူ ပြန်တွေ့ရတယ်။ တုတ်ရှည်ကိုင်ထားတဲ့ နဂါးကြီးအသွင် ဖြစ်လာနေတယ်။ ဒီအတိုင်းဆို သူကိုယ်တိုင် နဂါးဖြစ်တော့မှာ ပါလားလို့ တွေးမိသွားတယ်။ မဖြစ်ဘူး။ ဒီလိုအဖြစ်မခံနိုင်ဘူး။ ငါ့မိဘဆွေမျိုးတွေ၊ ငါ့ ပြည်သူတွေကို ငါ မရက်စက်နိုင်ဘူး။ သူတို့ရဲ့ အသားကို ငါ မစားနိုင်ဘူး။ သူတို့ ဆက်သထားတဲ့ ရွှေငွေရတနာတွေကို ငါ တစ်ဦး တည်း ပိုင်လို့မဖြစ်ဘူး။ မူလပိုင်ရှင်ဖြစ်တဲ့ အများပြည်သူတွေဆီ ပြန်လည် ဝေငှပေးရမယ်လို့ တွေးတောဆင်ခြင်မိတယ်။ အဲဒီလို ဆင်ခြင်မိတာနဲ့ သူဟာ မူလ လူအသွင်ကို ပြန်ရသွားတယ်။ သူ့အရင် နဂါးကြီးကို နှိမ်နင်းခဲ့တဲ့ ဓားသူရဲကောင်းဟာ ဒီလိုပုံနဲ့ ဓားကိုင်နဂါးကြီး ဖြစ်သွားပုံရတယ်၊ လှံကိုင် သူရဲကောင်းဟာလည်း ဓားကိုင်နဂါးကြီးကို နှိမ်နင်းပြီးနောက် အခုလို လောဘစိတ်ဝင်ပြီး လှံကိုင်နဂါးကြီး ဖြစ်သွားပုံရတယ်လို့ သူ စဉ်းစားမိတယ်။

လူငယ်ဟာ လိုဏ်ခေါင်းအပြင်ကို ပြန်ထွက်လာတယ်။ သူ အကောင်း ပကတိ ပြန်ထွက်လာတာ မြင်လို့ မိဘပြည်သူတွေက ဝမ်းသာအားရ ပြေးပြီး ကြိုဆိုကြတယ်။ နဂါးကြီး သေသွားပြီလားလို့ မေးကြတယ်။ လူငယ်က နဂါးကြီး သေသွားပြီဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ လူတိုင်းဟာ နဂါးဖြစ်နိုင်တာ မို့ နဂါးဖြစ်ချင်တဲ့လောဘစိတ်ကို လူတိုင်းက ဆင်ခြင်နိုင်မှသာ နောက်ထပ် နဂါးတွေ ထပ်ပေါ်မလာတော့မှာဖြစ်တယ်လို့ ပြောပြလိုက်တယ်။ မိဘ ပြည်သူတွေက လူငယ်ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြ ပြီး လူငယ်က ရွှေငွေရတနာတွေကို မူလပိုင်ရှင်ဖြစ်တဲ့ မိဘပြည်သူတွေဆီ ပြန်ဝေပေးလိုက်တယ်တဲ့။

ပုံပြင်ကလေးကတော့ ဒါပါပဲ။ သင်ခန်းစာယူစရာအလွန်ကောင်းတဲ့ ပုံပြင်လေးပါ။ အာဏာဆိုတာ ထောင်ချောက်တစ်ခု ဖြစ်ပါတယ်။