Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - အင်္ဂလိပ်အသံထွက်ပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အသံထွက် လေ့ကျင့်ခန်း (၁)

“အသံထွက်သော့ချက်များကို လှန်ကြည့်ပြီး အောက်ပါ အချက်များကို သတိပြုမှတ်သားပါ။

- (၁) မတူခြားနားသော အသံ (၄၄) သံရှိသည်ကို သတိပြုပါ။ အသံ တစ်ခုစီတွင် ကိုယ်ပိုင်အသံထွက်သင်္ကေတ တစ်ခုစီ ရှိပါသည်။

သရတွဲများအပါအဝင် သရ -၂၀ သံ

ဗျည်း -၂၄ သံ -

စုစုပေါင်း - ၄၄ သံ

(၂) သရသံ (၂၀) အတွက် အသုံးပြုထားသော အသံထွက်သင်္ကေတများကို ကြည့်ပါ။ အများစုသည် အင်္ဂလိပ်စာလုံးများနှင့် မတူ ခြားနားသည်ကို တွေ့ရပါလိမ့်မည်။ အချို့ကား တူညီကြပါသည်။

(၃) ဗျည်းသံ (၂၄) သံအတွက် အသုံးပြုထားသော အသံထွက်သင်္ကေတများကို လေ့လာပါ။ အများစုသည် အင်္ဂလိပ်စာလုံးများနှင့် အတူတူပင် ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ အချို့သာကွဲပြားခြားနားမှု ရှိ၏။

(၄) သရသင်္ကေတ အချို့ကို ထုတ်နုတ်လေ့လာကြည့်ကြပါစို့။

အမှတ်စဉ်(၇)တွင် ရေးထားသော သင်္ကေတ / ၁:/သည် “saw” ဟူသော စာလုံးကို အသံထွက်သကဲ့သို့ အမြဲတမ်း ဤ သံစဉ် ထွက်၏။ ထို့ကြောင့် saw ဟူသော စာလုံးကို အသံထွက် သင်္ကေတနှင့် / s5:/ဟု ရေးရလေသည်။

(မြန်မာသံ ဆ+အား ဆာ)

အမှတ်စဉ်(၈)တွင် ရေးထားသော သင်္ကေတ / ပ /သည် လည်း “put' စာလုံးကို အသံထွက်သကဲ့သို့ အမြဲတမ်း ထို အသံကိုပင် ထွက်သည်။ ထို့ကြောင့် Put ဟူသော စာလုံးကို အသံထွက်သင်္ကေတနှင့် / put /ဟု ရေးရလေသည်။

{မြန်မာသံ ဖ + အွတ် ဖွတ်(တ်)}

(၅) ထို့ကြောင့်သင်္ကေတအက္ခရာစာလုံးတစ်လုံးစီအတွက် နမူနာစကားလုံးတစ်လုံး ရှိဖို့လိုကြောင်း သင် တွေ့ရပေပြီ။ သို့မှသာ “သင်္ကေတ” က ကိုယ်စားပြုသောအသံကို သရုပ်ဖော် ပြနိုင်ပါ လိမ့်မည်။

(၆) သရသံများဇယားမှ အမှတ်စဉ် (၁၃- ၂ဝ)တို့ကို ကြည့်ပါ။သင်္ကေတတစ်ခုစီတွင် အသံထွက်အက္ခရာ စာလုံးနှစ်လုံးစီ ပါ သည်ကို သတိပြုမိပါလိမ့်မည်။ အဆိုပါ အသံမျိုးကို သရတွဲ (diphthong) ဟု ခေါ်သည်။ ဂရုတစိုက်လေ့ကျင့်ရန် လို၏။

(၇) အဆိုပါသင်္ကေတများအား မှတ်မိစေရန်အတွက် အထူးတလည်ကြိုးစားရန် မလိုအပ်ပါ။ အသုံးပြုရင်း ပြုရင်း မှတ်မိသွားပါလိမ့်မည်။ အသုံးပြုဖို့တော့ လိုပါသည်။ ။

(၈) မည်သို့ဖြစ်စေ အရေးကြီးသည်မှာ နမူနာစာလုံး (၄၄)လုံး၏အသံထွက်အမှန်များကို လေ့လာသင်ယူရန် လိုပါသည်။ အဆို ပါ စကားလုံးများကို လုံးဝနှင့် တိကျမှုရှိစေရန်အတွက် သင့် ဆရာ/ ဆရာမ (သို့မဟုတ်) ဒေသခံ အင်္ဂလိပ်စကားပြောသူ တစ်ဦးဦးကို မှီခိုရပါလိမ့်မည်။ ဤ (၄၄) လုံး၏အသံထွက်များချွတ်ယွင်းခဲ့လျှင် တောက်လျှောက် ချွတ်ချော်ပေတော့မည်။ -

(၉) သင်သည် သင်္ကေတများနှင့် သူတို့၏ တိကျသောအသံများ၊အဆိုပါသင်္ကေတများကို အမျိုးမျိုးပေါင်းစပ်ရာ၌ ထွက်ဆိုရ မည့်အသံများကို လေ့လာတတ်မြောက်သွားပြီဆိုပါလျှင် အဘိဓာန် တွင်ပါသော မည့်သည့်စကားလုံးများကိုမဆို အသံထွက်တတ် သွားပါပြီ။