အောင်အေး(ရန်ကုန်တက္ကသိုလ်) - သက်ရှည်ကျန်းမာရေးလိုတိုရှင်းအကြံပြုချက်များ
မိတ်ဆက်
(ကြိုတင်ကာကွယ်ခြင်း၏ တန်ခိုးစွမ်းအား)
အနည်းဆုံးတစ်ပတ်မှာ နှစ်ကြိမ်လောက် လူနာတစ်ယောက်ကို ကျွန်တော် ပြောနေရတဲ့စကားက သူ ဒါမှမဟုတ် သူမရဲ့ ကင်ဆာရောဂါ ကို တွန်းလှန်တိုက်ခိုက်ဖို့ရာ ကျွန်တော့်မှာ ဘာလက်နက်ခဲယမ်းမှ မရှိတော့ဘူးဆိုတဲ့စကားဖြစ်ပါတယ်။ ရောဂါက ကျွမ်းသွားပြီမို့ ဝေဒနာရှင် အများစုဟာ ဘဝနိဂုံးအဆုံးသတ်မယ့်အချိန် နီးကပ်နေပြီမို့ပါ။ ဒီလိုပြောရတာဟာလည်း ပြောရမယ့်တာဝန်ရှိနေလို့ ပြောရတာပဲဖြစ်ပါတယ်။ အသိအမှတ်ပြုဖွယ်ရာ ခြွင်းချက်အနည်းငယ်က လွဲရင် ကင်ဆာရောဂါ ကုသခြင်းနဲ့ပတ်သက်လို့ ဒီနေ့ခေတ်အခြေအနေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က ကျွန်တော်တို့ အရူးဖြစ်ခဲ့ရတဲ့အခြေအနေထက် ဘာ မှ သိပ်ထူးလှတာမဟုတ်သေးပါဘူး။ ပိုပြီး ဒေါသဖြစ်စရာကောင်းတာ က အတော်များများ ကျွန်တော့်ရဲ့ လူနာတွေဟာ သူတို့ရဲ့ ကင်ဆာ ရောဂါ ဒါမှမဟုတ် ဘဝတစ်ပါး ပြောင်းသွားစေနိုင်တဲ့ တခြားရောဂါကို ဘဝရဲ့ အစောပိုင်းကာလတွေကတည်းက ကိစ္စတချို့ကို တစ်နည်းတစ်ဖုံ လုပ်ခဲ့ကြမယ်ဆိုရင် ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားမှာကို တွေ့ရလို့ဖြစ်ပါတယ်။ အဲဒီအကြောင်း အပြန်အလှန်ပြောဆိုကြရင်းက ပိုပြီးတော့တောင် စိတ်မကောင်းဖြစ်ရပါတယ်။ လူအများစုဟာ ဒီနေ့ ကျွန်တော် တို့ မြင်တွေ့နေရတဲ့ မနည်းလှတဲ့ရောဂါတွေကို လုံးဝ ဒါမှမဟုတ် မြန် မြန်ဆန်ဆန်ကြီး ဖြစ်မလာအောင် ကာကွယ်နိုင်စွမ်းရှိကြတယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ ကင်ဆာရောဂါမှမဟုတ်ပါဘူး။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ အဝလွန် ရောဂါ၊ ဆီးချိုရောဂါ၊ အလိုအလျောက်ကိုယ်ခံအားစနစ် ကစဉ့်ကလျား ဖြစ်တဲ့ရောဂါ၊ “ဒီမင်းရှား” ဦးနှောက်ရောဂါ၊ အာရုံကြောချို့ယွင်းမှုဆိုင်ရာ တခြားရောဂါတွေ အပါအဝင် ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ ဟာ စောစောစီးစီးကတည်းကသာ ကျန်းမာရေးကောင်းမွန်စေတဲ့အလေ့ အထတချို့ ကို ကျင့်သုံးနေထိုင်ကြရုံနဲ့ ရောဂါဖြစ်မယ့်ဘေးကို ရှောင်ကွင်း နိုင်ကြမှာဖြစ်ပါတယ်။
ကင်ဆာရောဂါသာမက တခြားရောဂါအားလုံးကို တိုက်ခိုက်ဖို့ ရာ အကောင်းဆုံးနည်းလမ်းကတော့ အချိန်မီ ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ နှစ်စဉ်အမေရိကန်လူမျိုးတွေအကြားက သေဆုံးသူ ၁ဝ ဦးမှာ ၇ ဦးက ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့နာတာရှည်ရောဂါအမျိုး အစားတွေကြောင့် သေဆုံးကြရတာ ဖြစ်နေတာကို အံ့သြစရာအဖြစ် တွေ့နေရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေသင်တုန်းဖြတ် ရောဂါတွေကြောင့် သေဆုံးရမှုတွေဟာ နှစ်စဉ်သေဆုံးမှုတွေရဲ့ ၅၀ ရာ ခိုင်နှုန်းကျော်အရေအတွက် ရှိနေပါတယ်။ အခုအခါမှာ ကျွန်တော်တို့ အားလုံးရဲ့ အရေအတွက်ထက်ဝက်လောက်ဟာ နာတာရှည်ရောဂါတွေ နဲ့ အသက်ရှင်နေကြတဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒါပေမယ့် “ကြိုတင်ကာကွယ်ရေး” ဆိုတဲ့အကြောင်းအရာ ကလည်း နားဝင်အောင်ပြောဖို့ အတော်ခက်ခဲတဲ့အကြောင်းအရာ ဖြစ်နေပါတယ်။ စာဖတ်သူကိုယ်တိုင် ခဏလောက် ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားကြည့်ပါ။ အခုအချိန်ရဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ က၊ နှစ် ပေါင်း ၃၀ က ဒါမှမဟုတ် နှစ်ပေါင်း ၄ဝ ကအချိန်ကာလတွေ ကိုယ့် အကြောင်းတွေကို ပြန်တွေးကြည့်လို့ ရမလား။ ကျွန်တော်တို့ ဒီနေ့ ဘယ်လိုပုံစံနဲ့ အသက်ရှင်နေတာပဲဖြစ်ဖြစ် ဒါဟာ အရင်တုန်းက ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေအတွက် ပေးဆပ်နေရခြင်း ပဲ ဖြစ်ပါတယ်။ နေ့စဉ် ကျွန်တော် ဆုံတွေ့ နေရတဲ့ကျွန်တော့်လူနာတွေ ရဲ့ အဲဒီပေးဆပ်နေရမှုတွေကို သူတို့မျက်လုံးတွေထဲမှာ မြင်နေရပါတယ်။
ကျွန်တော့်အလုပ် ကျွန်တော်လုပ်ပေးနေတာကလွဲလို့ ဒီထက်ပိုပြီး ကျွန်တော် ဘာမှလုပ်မပေးနိုင်ပါဘူး။ အသက်အရွယ်ကြီးရင့်လာရင် သေဆုံးကြရစမြဲဖြစ်တဲ့ကျွန်တော်တို့ရဲ့ ကမ္ဘာလောကကြီးအကြောင်း စဉ်း စားကြည့်လိုက်ပါ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပျက်စီးယိုယွင်း တဲ့ဘက်ကို ဦးတည်ပြီး သွားနေတာပါ။ မိုင်ပေါင်းထောင်နဲ့ သောင်းနဲ့ ချီပြီး မောင်းနှင်ထားတဲ့ ကားအိုကြီးတစ်စီးနဲ့ အတော့်ကို တူပါတယ်။ တစ်နေ့မှာ စက်နှိုးလို့မရတော့တဲ့အင်ဂျင်ဖြစ်သွားပြီး ဘာနဲ့မှ အစားထိုး ပြုပြင်လို့မရတော့တဲ့အခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်။ လက် တွေ့မှာလည်း အမေရိကန်ပြည်ထောင်စုမှာဆိုရင် အိုမင်းပြီးသေဆုံးသွား တယ်ဆိုတဲ့အကြောင်းရင်းနဲ့ ထုတ်ပြန်ရေးသားထားတဲ့သေစာရင်းမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို အိုမင်းပြီးသေဆုံးသွားရတယ်ဆိုတဲ့သေစာရင်းမျိုးဟာ ၁၉၅၁ ခုနှစ်မှာ နောက်ပိုင်းမှာ သိပ်မတွေ့ရတော့ ပါဘူး။ အဲဒီနောက်ပိုင်းက သေစာရင်းတွေမှာ သေဆုံးရခြင်းအကြောင်း ရင်းဆိုတဲ့နေရာမှာ ရောဂါနာမည်တစ်ခုခုကြောင့် ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရမှုကြောင့် ဒါမှမဟုတ် ရောဂါမျိုးစုံကြောင့် ဆိုတဲ့အကြောင်းရင်း တွေ ဖော်ပြထားတာက အများစု ဖြစ်လာပါတယ်။ ဒီအခြေအနေကိုကြည့်ပြီး ကျွန်တော် အံ့သြမိတာက ကျွန်တော်တို့ဟာ အဆင့်မြင့်နည်း ပညာတွေ ထွန်းကားနေတဲ့ကမ္ဘာလောကကြီးမှာ နေထိုင်နေကြပြီး ကျန်း မာအောင် ဘယ်လိုနေကြထိုင်ကြရမယ်ဆိုတဲ့အသိပညာ ဗဟုသုတတွေ ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေနိုင်တဲ့ခေတ်ကာလကြီး ရောက်နေတာတောင် ရောဂါဘယတွေရဲ့ ဘေးဒဏ်ကို မကာကွယ်နိုင်ကြသေးလို့ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အသက် ၉၉ နှစ်အရွယ်အထိ သက် တမ်းစေ့နေထိုင်သွားပြီး အေးအေးချမ်းချမ်းနဲ့ သေဆုံးသွားရတယ်ဆိုတဲ့ အဖြစ်မျိုးကို ကြားရခဲပါတယ်။ အဲဒီလို သတင်းမျိုးကို ကြားကြရမယ့် အစားရောဂါဝေဒနာတစ်ခုခုကို စဉ်ဆက်မပြတ် ခံစားရပြီး အဲဒီရောဂါ ဝေဒနာနဲ့ ရေရှည်တိုက်ပွဲဝင်ရာက လက်မြှောက်အရှုံးပေး သေဆုံးသွား ရတဲ့လူပုဂ္ဂိုလ်တွေအကြောင်းကိုပဲ ကြားနေကြရပါတယ်။
ကျန်းမာရေးအတွက် အကြံပြုချက်တွေကို “မီဒီယာ” တွေကနေ သကြားလုံးဝေသလို ဝေပေးနေနိုင်တဲ့ ကျွန်တော်တို့ရဲ့ သတင်းနည်းပညာ ခေတ်ကြီး ရောက်ခါမှ ကျန်းမာရေးဆိုင်ရာသတင်းစကားတွေက ပိုပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာခဲ့ပါတယ်။ အကြောင်းအကျိုး၊ အကောင်း အဆိုးကို ကိုယ်တိုင် စဉ်းစားဆုံးဖြတ်မှ ရတော့မယ့်အခြေအနေမျိုး ဖြစ် လာနေပါတယ်။ ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး ပြောပြတဲ့ပါရဂူတွေ ရဲ့ အဆိုအမိန့်တွေ၊ နောက်ဆုံးပေါ်သိပ္ပံပညာတွေ့ရှိချက်တွေနဲ့ ပြည့်နှက် နေတဲ့သတင်းတွေ၊ သီအိုရီတစ်ခုမဟုတ်တစ်ခု ဒါမှမဟုတ် အစိုးရအသိ အမှတ်ပြု အကြောင်းအရာတွေအကြောင်း ဖော်ထုတ်ရေးသားထားတဲ့ အရောင်းရဆုံးစာအုပ်တွေ၊ ကုန်အမှတ်တံဆိပ်တွေကို အမွှမ်းတင်ထား တဲ့ကြော်ငြာတွေ၊ ကျွန်တော်တို့လိုဆရာဝန်တွေရဲ့ ပြောစကားတွေ စုံနေအောင် ပေါ်ထွက်နေတာပါ။ ဒါပေမယ့် အဲဒီအကြံပြုချက်တွေအားလုံး ဟာ ကြောက်စရာကောင်းလောက်အောင် ယေဘုယျသဘောဖြစ်နေတာမို့ ဝိရောဓိတွေဖြစ်နေတာဟာလည်း ယေဘုယျကျကျ ဖြစ်နေတော့တာ ပေါ့။ သတင်းမီဒီယာတစ်ခုက ဗိုက်တာမင်ပေါင်းစုံဟာ ကင်ဆာရောဂါ ကာကွယ်ရာမှာ ထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ရပ် ကို ထုတ်ဖော်ရေးသားလိုက်တာ ဖတ်လိုက်ရပြီးမှာ နောက်တစ်နေ့လည်း ကျရော နောက်သတင်းမီဒီယာတစ်ခုကနေ ဗိုက်တာမင်ပေါင်းစုံဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများတဲ့အန္တရာယ်ရှိနေပြီး နှလုံးကျန်းမာရေး အတွက်လည်း အကျိုးမရှိဘူးလို့ ရေးသားဖော်ပြထားတာကို ဖတ်ရပြန် ပါရော။ (ပိုဆိုးတာက ဗိုက်တာမင်တွေ ထုတ်လုပ်ရောင်းချနေတဲ့ဆေး ကုမ္ပဏီနဲ့ ကင်ဆာရောဂါကုသဆေးတွေ ထုတ်လုပ်ရောင်းချနေတဲ့ ဆေး ကုမ္ပဏီဟာ ကုမ္ပဏီတစ်ခုထဲ ဖြစ်နေတာကို သိလိုက်ရတာပဲ။)
“ရောဂါဝေဒနာရဲ့ အဆုံး” ဆိုတဲ့ ကျွန်တော် ပထမဆုံး ရေးခဲ့တဲ့ စာအုပ်ရဲ့ ရည်ရွယ်ချက်က ရိုးရိုးလေးပါပဲ။ ကင်ဆာရောဂါနဲ့ စစ်ဆင် နေရတဲ့ချောက်ကမ်းပါးစွန်းပေါ်မှာ အလုပ်လုပ်ရင်း ကျွန်တော် တွေ့ ကြုံလေ့လာခဲ့ရသမျှကို မျှဝေပေးတာဖြစ်ပါတယ်။ ကျွန်တော် အလုပ် လုပ်ခဲ့ရတဲ့နေရာကတော့ လူသားတွေ အသက်ရှည်ရှည် နေရဖို့အတွက် ဆေးဝါးတွေ တီထွင်ထုတ်လုပ်ရင်း စွန့်စားစမ်းသပ်မှုတွေ လုပ်တဲ့နေရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အနှစ် ၅၀ အတွင်း ကင်ဆာရောဂါကြောင့် အသေ အပျောက်ဖြစ်ရတဲ့နှုန်းက အပြောင်းအလဲမရှိဖြစ်နေတဲ့အချိန်မှာ တခြား ရောဂါတွေအတွက်ကျတော့ လေ့လာတွေ့ရှိချက်လေးတစ်ခုတည်းကနေ အဲဒီရောဂါတွေကို ကုသဖို့ ဒါမှမဟုတ် အမြစ်ပြတ်အောင် လုပ်လို့ရသွား တဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ လေ သင်တုန်းဖြတ်ရောဂါတို့ကို ကာကွယ်ဖို့အတွက် စတေတင်စ်” (statins)ဆေးဝါးတွေ၊ ဘက်တီးရီးယားပိုးတွေအခြေခံပြီး ပေါ်ပေါက်လာတဲ့ကူး စက်ရောဂါတွေကို တွန်းလှန်ဖို့အတွက် “ပဋိဇီဝ” (antibiotics) ဆေးဝါးတွေကို တွေ့ရှိခဲ့ပါတယ်။ စီးကရက်သောက်ခြင်း၊ အစားအသောက်ချို့ တဲ့ခြင်း ဒါမှမဟုတ် အစားအသောက် အလွန်အကျွံစားသောက်ခြင်း တို့လို အကျင့်စရိုက်ဆိုင်ရာအချက်အလက်တွေကြောင့် ပေါ်ပေါက်လာ တဲ့အန္တရာယ်တွေအကြောင်းကိုလည်း ပိုသိလာခဲ့ပါတယ်။ အဲဒီလို တိုး တက်မှုတွေ ရှိခဲ့တာကလွဲလို့ ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းဟာ တစ် ချက်မက ပိုတဲ့ တစ်စစပျက်စီးစေတဲ့နာတာရှည်ရောဂါတွေကို ကုသဖို့ ကျတော့ ကျွန်တော်တို့တစ်တွေ ဘာ့ကြောင့်တိုးတက်မှုမရှိခဲ့ရတာလဲ။
ဆယ်စုပေါင်းများစွာ ကျွန်တော်တို့ဟာ ခန္ဓာကိုယ်အကြောင်းနဲ့ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတဲ့ တိကျတဲ့အကြောင်းရင်း တစ်ခုအကြောင်း နားလည်အောင်လုပ်ရာမှာ အကျဉ်းရုံးဖို့ ကြိုးစားခဲ့ကြ တယ်။ သန္ဓေပြောင်းလဲမှုကြောင့်၊ ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးကြောင့်၊ တစ် စုံတစ်ရာ ချို့တဲ့မှုကြောင့် ဒါမှမဟုတ် သွေးဖြူဥအရေအတွက်၊ ဂလူးကို့စ်ရေချိန်အစရှိတဲ့ အတိုင်းအတာပဏာမဆိုင်ရာကြောင့် ဒါမှမဟုတ် “ထရိုင် ဂလီဆာရိုက်တ်စ်” တန်ဖိုး (Triglycerides value) ကြောင့် အစရှိတဲ့ အဝန်းအဝိုင်းအတွင်းမှာပဲ သုံးသပ်ခဲ့ကြပါတယ်။ အဲဒီလိုအဝန်း အဝိုင်းကို ချုံ့ထားလိုက်တော့ ကျွန်တော်တို့ရဲ့ အမြင်ဟာလည်း ကျဉ်းမြောင်းသွားပါတော့တယ်။ ခန္ဓာကိုယ်ကို ဘယ်လိုဂရုစိုက်ရမှာလဲဆိုတာ နဲ့ပတ်သက်တဲ့အမြင်တွေဟာ အပြောင်းအလဲဖြစ်မလာတော့ဘဲ ကုထုံး အသစ်တွေကိုလည်း မဖော်ထုတ်နိုင်ကြတော့ပါဘူး။ ဘဝနေထိုင်မှုလမ်း ညွှန်တစ်ခုဖြစ်တဲ့ “ရောဂါ ဝေဒနာရဲ့ အဆုံး” စာအုပ်ရဲ့ မူလနာမည်က ကျန်းမာရေးဆိုတာ ဘာလဲ” ဖြစ်ပါတယ်။ အဲဒီမေးခွန်းဟာ ကျွန်တော် နဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဒီနေ့အထိ ဒုက္ခပေးနေတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ့်ကျန်းမာရေးဆိုတာ ဘာလဲဆိုတာကို ကျွန် တော် မသိပါဘူး။ ကျွန်တော်တို့ဟာ ကျန်းမာရေး” ဆိုတာကို တိုင်း