အောင်အေး(ရန်ကုန်တက္ကသိုလ်) - ရေခီကုထုံး
ရေခီမိတ်ဆက်
ယခုခေတ်တွင် ရှေးကမရှိခဲ့ဖူးသော ရောဂါဆန်းတွေ တစ်ခု ပြီးတစ်ခု ပေါ်နေသည်။ ကင်ဆာ၊ အေအိုင်ဒီအက်စ်ရောဂါ များ။ ရောဂါပေါ်လာလျှင် ယင်းရောဂါကိုကုသရန် ဆေးကို ရှာဖွေရသည်။ တီထွင်ရသည်။ ကုထုံးဟောင်းတွေ၊ ဆေးဟောင်းတွေဖြင့် ကုသမရသောအခါတွင် ဆေးသစ်တွေ၊ ကုထုံးသစ်တွေ ရှာရပြန်သည်။
ရောဂါသစ်တစ်မျိုးကို ကုထုံးအသစ်၊ ဆေးအသစ်ဖြင့် ကုသမှု ကြာမြင့်လာသောအခါတွင် “ဆေး” သွားသဖြင့် ဆေးမတိုးတော့ချေ။ ထိုအခါတွင် သမားရိုးကျဆေးဝါး၊ သမားရိုးကျဆေးပညာဘောင်ကို ကျော်လွန်ပြီး သမားရိုးကျ လွန် ဆေးပညာကို ရှာဖွေလေ့လာရပြန်သည်။ အလွန်အားကိုး ရသော ဆေးသိပ္ပံပညာဖြင့် မကုသနိုင်သော ရောဂါများအတွက် တိုင်းရင်းဆေးပညာများဘက်သို့ လှည့်လာရသည်။ FOLK MEDICINE ခေါ် ရိုးရာဆေးဝါးများကိုပင် အားကိုးလာရ တော့သည်။ တိုင်းရင်းဆေးပညာ၊ အရှေ့တိုင်းဆေးပညာ၊ ရိုးရာဆေးပညာတို့ဖြင့် မလုံလောက်သောအခါ ပယောဂကု ပညာ၊ ရှာမင်ဆေးပညာ၊ ပရာနကုထုံးဆေးပညာ၊ တရုတ် အပ်စိုက်ကုထုံးပညာစသော သမားရိုးကျလွန် ဆေးပညာဘက် သို့ ရောက်လာရသည်။
၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် ရောဂါအမျိုးမျိုးကို ကုသရန်အတွက် ရုပ်ခန္ဓာကို ကုသခြင်းသာမက စိတ်နှင့် ပတ်ဝန်းကျင်ပါ ထည့်သွင်းစဉ်းစားကုသရန်အတွက် သမား ရိုးကျဆေးပညာတစ်မျိုးတည်းဖြင့် မလုံလောက်တော့ကြောင်းဆေးသိပ္ပံပညာရှင်များက တွေ့ရှိလာသည်။ ထို့ကြောင့် သမားရိုးကျဆေးပညာနှင့် သမားရိုးကျလွန် ဆေးပညာအားလုံး ပါဝင်သော “ဥဿုံကုထုံး HOLISTIC MEDICINE သို့ ရောက်လာသည်။ ဘက်စုံဆေးပညာဟုလည်းကောင်း၊ ဘက်စုံကုထုံးဟုလည်းကောင်း ခေါ်နိုင်ပါမည်။ “ဥဿုံ ကုထုံး” ဟူသော ဝေါဟာရမှာ ဆေးပညာ၊ ဆေးကုနည်းဟူသမျှ မကြွင်းမကျန် လုံးဝဥဿုံပါဝင်သော ကုထုံးဟု ဆိုလိုပါသည်။
ရေမီကုထုံးမှာ ဥဿုံကုထုံးတွင် ပါဝင်သည်။ ရေမီ ကုထုံးသည် ဂျပန်ပြည်က စတင်ပေါ်ပေါက်သည်။ အမည် ကပင် ဂျပန်အမည်ဖြစ်သည်။ “ရေ” ဆိုသည်မှာ “မဟာစကြ ဝဠာအနှံ့တွင်ရှိသော” ဟု အဓိပ္ပာယ်ရပြီး “ဒီ” မှာ တရုတ် ဝေါဟာရ “ချီ” မှ “”၊ “ကီ” မှ “ဒီ” ဖြစ်လာခြင်း ဖြစ်၏။
ယင်း “ကီ” ကိုပင် သိုင်းဆရာတို့က “အတွင်းအား” ဟု ခေါ်သည်။ “အတွင်းအား” ခေါ် “ကီ” ဖြင့် ရောဂါကို ကုသနိုင်သည်။ တစ်ဦး၏အားကို အခြားတစ်ဦးထံသို့ ကူးပြောင်းပေးနိုင်သည်။ ရေဒီနှင့် အလားတူ ကုထုံးများမှာဂျင်ရှင်ဂျူဆူ၊ ဂျိုရေ၊ မိုကာရီတို့ ဖြစ်သည်။ ဂျိုရေကုထုံး မှာ ဂျပန်မှ မိုချိအိုကာဒါ တီထွင်သောကုထုံး ဖြစ်သည်။ မိုကရီကုထုံးမှာ ဂျပန်က မိုကာရီတီထွင်သော ကုထုံးဖြစ် သည်။ မိုကာရီကုထုံးအသင်းမှာ အိန္ဒိယတွင် တိုးတက်လျက် ရှိပြီး ဘင်ဂလိုတွင် ဆေးခန်းဖွင့်ကုသပေးလျက် ရှိသည်။ ဂျိုရေကုထုံးနှင့် မိုကာရီကုထုံးတို့သည် ဆေးဝါးမပါ၊ ခန္ဓာကိုယ် ကို မထိမတို့ဘဲနှင့် မန္တန်ဖြင့်လည်းကောင်း၊ ဝိညာဉ်စွမ်းအား ဖြင့်လည်းကောင်း ကုသသောနည်း ဖြစ်သည်။
တရုတ်ပြည်တွင်ကား ရှေးခေတ်ကပင် တိုက်ကျိချန် ကုထုံး၊ ချိ ကုထုံးစသော “ကီ” အသုံးပြုသော ပညာရပ် များရှိခဲ့ပြီးဖြစ်သည်။ တရုတ်ယဉ်ကျေးမှု ဂျပန်ပြည်သို့ ရောက်သွားသောအခါတွင် ဤရောဂါကုထုံးများလည်း တစ်ပါတည်း ရောက်ရှိသွားသည်။ နောက်မှ ဂျပန်အမည် တပ်ပြီး ရေမီကုထုံး၊ ဂျိုရေကုထုံး၊ ဂျင်ရှင်ဂျူဆုကုထုံး၊ မိုကရီကုထုံးဟူသော အမည်များဖြင့် ဆင့်ပွားဖြစ်ပေါ် လာခြင်း ဖြစ်သည်။ ယင်း တရုတ်ဂျပန် ရောဂါကုထုံးများမှာ ဆေးဝါးဓာတ်စာ အပ်စိုက်မပါဘဲ လူကိုယ်တွင်းက ထွက်ပေါ် လာသော စွမ်းအားကို အသုံးပြု၍ ကုသခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းကုထုံးများကို စွမ်းအင်ကုထုံး သို့မဟုတ် ဇီဝစွမ်းအင်ကုထုံးဟု အနောက်တိုင်း ဆေးပညာရှင်များက ခေါ်ကြသည်။
အိန္ဒိယတွင်လည်း ပရာနကုထုံး ရှိသည်။ လူတွင် ရုပ်ခန္ဓာအပြင် ပရာနခန္ဓာခေါ် အသက်ဇီဝတည်မှီရာ ရုပ်နု ခန္ဓာရှိသည်။ ယခင် ပရာနခန္ဓာသည် အသက်ဇီဝဓာတ်များကိုသိုလှောင်ထားပြီး မိမိ၏အသက်ဇီဝ ဖြစ်သော ပရာနအသက် ဓာတ်ဖြင့် သူတစ်ပါး၏ရောဂါများကို ကုသနိုင်သည် ဟူသော အယူမှာ အတီတေ ရှေးခေတ်ကပင် စတင်ရှိခဲ့သည်။ သမားတော် ဇီဝက ခေတ်ကပင် ရှိခဲ့ပြီးဖြစ်သည်။ ခေတ်သစ်တွင် ပရာနကုထုံးမှာ တိမ်ကောသလိုဖြစ်သွားရာမှ လွန်ခဲ့သော ဆယ်နှစ်က ပြန်လည်ပေါ်ထွန်းလာပြန်သည်။
ဖိလစ်ပိုင်၊ မနီလာမြို့ကမှ တရုတ်ဖီလစ်ပိုင်ကပြား မစ္စတာချောက ဦးစီး၍ မနီလာမြို့ ကမ္ဘာ့ပရာနကုထုံး ဖောင် ဒေးရှင်း တည်ထောင်ပြီး အိန္ဒိယပြည် ဘင်ဂလိုတွင် ကမ္ဘာ့ ပရာနကုထုံး ရိပ်သာဖွင့်လှစ်ပြီး ပရာနကုထုံးဖြင့် ရောဂါ ဝေဒနာများကို ကုသပေးလျက် ရှိသည်။
အိန္ဒိယပြည်သည် သမားရိုးကျလွန် ရောဂါကုထုံးများ ပေါ်ပေါက်ထွန်းကားရာ လယ်ယာမြေကောင်း ဖြစ်သည်။ ရေမီကုထုံးကိုလည်း ၁၉၈၉ ခုနှစ်က အမေရိကန်လူမျိုး ပေါ်လာဟိုရန်က ယူဆောင်လာပြီး မန်ဗေး အလုပ်ရုံဆွေးနွေးပွဲ တွင် စတင်ဟောပြောပို့ချ လက်တွေ့ကုသပြသည်။ ယခုအခါ တွင်ကား အပိုလိုဆေးရုံကြီးတွင်လည်းကောင်း၊ နယူးဒေလီ အာရ်လော ဆေးရုံကြီးတွင်လည်းကောင်း ရေမီကုထုံးဖြင့် ရောဂါကုသပေးလျက် ရှိသည်။ နယူးဒေလီမြို့ရှိ အောရိုဗင်ဒို ရိပ်သာတွင် ဗီရာပန်ခေါင်းဆောင်၍ ရေနီကုထုံးဖြင့် ကုသ ပေးလျက်ရှိရာ တစ်ပတ်လျှင် ခြောက်ရက် နေ့စဉ် လူနာ ၃ဝ ကျော်လောက်ကို ကုသပေးလျက် ရှိသည်။ မြန်မာပြည်မှ အိန္ဒိယသို့ ဘုရားဖူးသွားခရီးသည်များလည်း အိန္ဒိယပြည် ရောက်ခိုက် ရေမီကုထုံးကုသမှုကို ခံယူကြသည်။
စင်စစ်အားဖြင့် ရေမီကုထုံး ဂျပန်တွင် ပေါ်ပေါက် ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော်ကပင် ဖြစ်သည်။ ၁၉ ရာစုတွင် သာသနာပြု မိကောဥဆက ရေမီကုထုံးကို ပြန်လည်တွေ့ရှိပြီး နှစ်ဆယ်ရာစုတွင် ကမ္ဘာတစ်ဝန်း ပြန့်သွား ခြင်း ဖြစ်သည်။ ။
ရေခီအစရှိသော အရှေ့တိုင်း သမားရိုးကျလွန် ကုထုံး များ ကမ္ဘာ့တစ်ခွင် ပျံ့နှံ့နေစဉ်တွင် ခေတ်သိပ္ပံ ဆေးပညာရှင် များကလည်း သိပ္ပံပညာ၊ ဆေးပညာတို့ကို တိုးချဲ့ လေ့လာ လျက် ရှိသည်။ သုတေသနပြုလျက် ရှိသည်။ သိပ္ပံဆေး ပညာရှင်များအနက် ဒေါက်တာချော်ပရာ၊ ဒေါက်တာ အင်ဒရူးဝေး၊ ဒေါက်တာ ဘရပ်ရွိုင်းစသော M.D ဘွဲ့ရ ဆေးညာရှင်များ၏ တွေ့ရှိချက်မှာ သမားရိုးကျ သိပ္ပံဆေး ပညာနယ်ကို ကျော်လွန်သွားသည်။ အိန္ဒိယတိုင်းရင်းသား ဒေါက်တာချော်ပရာသည် အမေရိကန်တွင် ထင်ရှားကျော်ကြား သူ ဖြစ်သည်။ သူ၏ကွမ်တန်ဟီးလင်းကျမ်းမှာ ကမ္ဘာကျော်ဖြစ် သည်။ အသေးငယ်ဆုံး ဇီဝကလာပ်ဖြစ်သော GENEတွင် CODE ခေါ် သင့်တော်ရာကို ရွေးချယ်နိုင်သော “အသိ” ရှိသည်။ စိတ်စွမ်းအင်ကို ခံယူနိုင်သော အသိရှိသည်။ ဂျင်းခေါ် ဗီဇကလာပ်ကို စိတ်စွမ်းအင်ဖြင့် ပြုပြင်ပေးခြင်း ဖြင့် ရောဂါများကို ကုသပေးနိုင်သည်။ ထို့ကြောင့် သူ၏ ရောဂါကုထုံးကို “ကွမ်တန်စွမ်းအင်ကုထုံး” ဟု ခေါ်သည်။ ဒေါက်တာအင်ဒရူးဝေးကလည်း လူ၏ခန္ဓာကိုယ်သည် မိမိရောဂါကို မိမိဘာသာ ကုသနိုင်သည်။ ကိုယ်အင်္ဂါတွင် မတော်တဆ ထိခိုက်ဒဏ်ရာ ဥပမာ ဓားရှမိခြင်းကို ဘာဆေးမျှမလိမ်းဘဲ သူ့အလိုလို မကြာမီ ပျောက်သွားသည်မှာ ကိုယ်တွင်းက အလိုလိုထွက်ပေါ်သော သဘာဝကုထုံးအရ ဖြစ်သည်ဟု ကျမ်းတစ်စောင် အခိုင်အမာ ရေးပြသည်။ ANTI BODY ခေါ် ခန္ဓာကိုယ်တွင်းရှိ ဓာတ်ပစ္စည်းက သူ့အလိုလို၊ သူ့သဘာဝအရ ချွတ်ယွင်းမှုဒဏ်ရာ၊ ရောဂါပေါ် လာလျှင် ကုသပေးခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်း အင်တီဘော်ဒီခေါ် ကိုယ်ခံအား ဓာတ်လျော့ကျသွားခြင်းကိုပင် AIDS ဟု ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည် SPONTANEOUS HEALING ကျမ်းဖြင့် သက်သေထူထားပါသည်။ (ယင်း ကျမ်းကို မြန်မာဘာသာပြန်ပြီးပြီဟု သိရသည်)
ဒေါက်တာ ဘရပ်ရွိုင်းကမူ တစ်မူထူးသည်။ ဒေါက်တာ ဗျိုင်းသည် ကာလီဖိုးနီးယား ဆေးတက္ကသိုလ်က ပါမောက္ခ ဖြစ်ပြီး နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဖြစ်သည်။ လက်တွေ့ ကုသသောအခါ ဆေးသိပ္ပံနည်းဖြင့် ကုသမရ သော ရောဂါများကို ကုသရန် နည်းလမ်းရှာဖွေရာမှ တွေ့ရှိသော သူ၏ကိုယ်ပိုင်ကုသနည်း ဖြစ်သည်။ သူ့နည်းကို “ဗျိုင်းကုထုံး” ဟု အမည်ပေးသည်။ လူ့ခန္ဓာကိုယ်တွင် ချက္ကရခေါ် စွမ်းအင်များ ထွက်ပေါ်ရာ ပွိုင့်များ ရှိသည်။ ယင်းချက္ကရများကို ပြုပြင်ရာတွင် သူ၏စိတ်စွမ်းအင်နှင့် ဇီဝစွမ်းအင် (ဝါ) ပရာနစွမ်းအင်ကို အသုံးပြုခြင်း ဖြစ်သည်။ ဗျိုင်းကုထုံးကိုပင် “စေပိုင်ကုထုံး” COMMANDTHERAPY ဟုလည်း ခေါ်သည်။
ယခု ကုမ်ရာသီခေတ်ဦးတွင် အရှေ့တိုင်းဆေးပညာရှင် များ၊ အနောက်တိုင်း ဆေးပညာရှင်များသည်ရှိပြီး သမားရိုးကျဆေးပညာ ဘောင်ကိုကျော်၍ သမားရိုးကျလွန် ဆေးပညာဖြင့် ကုမ်ရာသီ လူ့ဘောင်သစ်ကို ကြိုဆိုလျက်ရှိနေပြီ။ မြန်မာပြည် တွင်လည်း အောင်အေး (ရန်ကုန်တက္ကသိုလ်) က “ရေမီ ကုထုံး” ဆေးပညာဖြင့် ကြိုဆိုလိုက်ခြင်းဖြစ်ရာ ခေတ်မီ အေးချမ်းသာယာ ရောဂါဘယကင်းသော မြန်မာ့လူ့ဘောင် သစ်ကြီးမှာ လက်တစ်ကမ်း၊ ခဲတစ်ပစ်သာ လိုတော့သည်ဟု ဆိုချင်ပါတော့သည်။
မောင်ကျောက်တိုင်