အောင်အေး(ရန်ကုန်တက္ကသိုလ်) - ဘဝနဲ့အလုပ်ကိုဟန်ချက်ညှိ
လက်ရှိ “ဘဝနဲ့အလုပ် ဟန်ချက်ချိန်ညှိမှုကို တွေးဆကြည့်ပါ
ခင်ဗျား အပျော်ကျူးနေတဲ့အခါ အချိန်ကမှတ်တမ်းတင်ထားတယ်”(Time files when you're having fun.) ဆိုတဲ့ရှေးရိုးစကား ရှိတယ်။ ခင်ဗျား အရမ်းအလုပ်များနေတာကိုလည်း အချိန်က မှတ်တမ်းတင်တာပါပဲ။ အပျော် ကျူးတာထက်တောင် ပိုပြီးတိတိကျကျ မှတ်တမ်းတင်တယ်ထင်တာပဲ။ မကြာမတင်မှာဘဲ ခင်ဗျားဟာ စိတ်ဖိစီးမှုတွေ ခံစားလာရပြီး ခင်ဗျားရဲ့ စိတ် ဓာတ်နဲ့ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ မူလအခြေအနေတွေကိုရော ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်ပျက်ယွင်းလာစေနိုင်တယ်။ နေ့ပိုင်း မှာ အချိန်မလုံလောက်တဲ့အခါ တစ်စုံတစ်ခုကိုတော့ ပေးကိုပေးရမယ့်သဘော ဖြစ်လာတယ်။ ခင်ဗျားရဲ့ အလုပ်ကို ပေးမှာလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ ပုဂ္ဂိုလ် ရေးဘဝကို ပေးမှာလား။ “ဟန်ချက်ချိန်ညှိမှု”တစ်ခုကို ရယူခြင်းဟာ နေ့ပိုင်း ဆိုင်ရာ အလွန်အရေးကြီးတဲ့စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လာနေလေရဲ့။
ဘဝနဲ့ အလုပ် ဟန်ချက်ချိန်ညှိမှု”ဆိုတဲ့ခေါင်းစဉ်ကို အလေးအနက် ထားပြောဆိုနေတဲ့လူတွေ ဘာဖြစ်လို့ များသထက်များလာရသလဲဆိုတာဖွင့်ဆိုတဲ့ အဓိကအကြောင်းရင်းတွေထဲက တချို့ကို အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။
- အလုပ်လုပ်တဲ့အင်အားစုထဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာခြင်းကနေသားသမီးရှိသူတွေအဖို့ အလုပ်နဲ့မိသားစုအကြား ကြံဖန်လှည့်ပတ်ပြီး ကတ်တီးကတ်ဖဲ့စီစဉ်နေရတာတွေ ပေါ်ပေါက်လာတယ်။
- လူတွေ အသက်ပိုရှည်လာကြခြင်းဟာလည်း အသက်အရွယ်အိုမင်း နေပြီဖြစ်တဲ့ မိဘဆွေမျိုးတွေကို စောင့်ရှောက်ရတဲ့အလုပ်သမားတွေ အရေအတွက် တိုးပွားလာစေတယ်။
- ခေတ်သစ်နည်းပညာတွေကြောင့် ဖိအားပိုများလာတဲ့အပြင် အလုပ်ချိန် လည်း ပိုမိုရှည်ကြာလာတော့ (ဥပမာအားဖြင့်- အီးမေးလ်စာအဝင်တွေ လျှံကျနေမှု (overflowing inboxes)၊ အင်တာနက်ကနေ သတင်း အချက်အလက်တွေ ဒလဟောကျနေမှု၊ ဖုန်းတွေကလည်း ခဏခဏ မြည်နေမှုတို့ကြောင့် လူတွေဟာ နုပျိုငယ်ရွယ်မှုတွေကို အလုပ်အကိုင် မီးတွေနဲ့ တင်ရှို့ နေကြရတဲ့အခြေအနေမျိုး ကြုံတွေ့နေကြရတော့ တယ်။
အစိုးရက ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအရ ဥရောပမှာ ဗြိတိန်နိုင်ငံ ဟာ အလုပ်ချိန်အရှည်ကြာဆုံးနိုင်ငံလို့ သိထားရတယ်။ ဗြိတိန်နဲ့ မနှိုင်းယှဉ် ရင်တောင် အတော်များများနိုင်ငံတွေက ကျွန်တော်တို့ရဲ့ အလုပ်သမား အင်အားစုဟာ တချို့နိုင်ငံတွေလို အလုပ်ချိန်တိုတိုနဲ့ ထုတ်လုပ်အားကောင်း တာမျိုး မလုပ်နိုင်သေးတာအမှန်ပါပဲ။ဒါကြောင့် လူတွေက အလုပ်ထဲမှာ အချိန်တွေ အများကြီးဖြုန်းပေးနေရတဲ့အချိန်မှာ သူတို့ ရသင့်ရထိုက်တာ တွေကျတော့ ပိုပြီးရတာမျိုးမှမရှိတာ။
အလုပ်ထဲမှာ ချိန်ညှိမှုနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုအတွက် ကျယ်ပြန့် တဲ့အတိုက်အခံလုပ်မှုတွေ ပေါ်ပေါက်နေရတာဟာ အလုပ်သမားတွေကြား ထဲမှာ စိတ်ကျေနပ်မှုတွေ မြင့်မြင့်မားမားရရှိပြီး စိတ်ဖိစီးမှုနဲ့ ဆက်နွယ်တဲ့ ရောဂါဘယတွေ နည်းပါးသွားစေဖို့၊ ဖျားနာလို့ ခွင့်တိုင်ရတဲ့ကိစ္စတွေ လျော့နည်းသွားစေဖို့၊ ရုံး အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေ ရတာတွေ အကြိမ်အရေအတွက် လျော့ကျသွားစေဖို့နဲ့ ကုန်ထုတ်လုပ်ရေး မြင့်မားစေဖို့အတွက် ဖြစ်ပါတယ်။
ကိုယ့်အလုပ်တာဝန်နဲ့ တခြားတာဝန်ရှိမှုတွေ၊ စိတ်ဝင်စားမှုတွေအကြား မှာ ကောင်းမွန်စွာ ချိန်ညှိနိုင်တဲ့လူတွေဟာ ပိုမိုတက်ကြွပြီး ကုန်ထုတ်လုပ် အား ပိုမိုကောင်းမွန်တဲ့ဘက်ဆီကို ဦးတည်စေပါတယ်။ နောက်တစ်နည်း ပြောရရင် ပျော်ရွှင်နေတဲ့လူတွေဟာ အလုပ်ကို ပိုကောင်းအောင်လုပ်နိုင် ကြတယ်။
အဆင့် (၁) သဘောတရားရဲ့အဓိပ္ပာယ်ကိုနားလည်ယူပါ။
“ဘဝနဲ့ အလုပ် ချိန်ညှိခြင်း စံထားချက်” ဟာ အရမ်းကို ပုဂ္ဂိုလ်ရေးဆန် တဲ့သဘောတရားတစ်ရပ် ဖြစ်ပါတယ်။ လူတွေက အချက်အလက်တွေရှာ၊ အဖြေမှန်ထုတ်ပြီးတော့ လမ်းညွှန်အဖြစ်ထားလို့ရတဲ့ သိသာမြင်သာတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဒါမှမဟုတ် စာရင်းဇယားဆန်တဲ့သဘောတရား မျိုး မဟုတ်ဘူး။ ဒီကိစ္စဟာ အပြောင်းအလဲရှိတဲ့အင်အား (dynamic) ဖြစ်ပြီး မတူခြားနားတဲ့အချိန်တွေအတွင်း မတူခြားနားတဲ့လူတွေအတွက် မတူခြား နားတဲ့လိုအပ်ချက်တွေ ပါရှိနေလေရဲ့။ ဆိုလိုတာက တစ်ယောက်ရဲ့ စံထား ချက်နဲ့ တစ်ယောက်ရဲ့ စံထားချက်ဟာ ထပ်တူမကျနိုင်ပါဘူး။
'ဘဝနဲ့အလုပ် ချိန်ညှိမှု” ဟာ တစ်ခါတစ်ရံ အလုပ်ကိုလျှော့ချဖို့ ဒါမှ မဟုတ် အလုပ်ကို ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင်လုပ်ဖို့အတွက် နည်းလမ်းတွေ ရှာကြရာမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့လူတွေအတွက် ကောင်းမွန်တဲ့ချိန်ညှိမှုဖြစ်ဖို့ဆိုတာ အလုပ်ရဲ့ အရေး အကြီးဆုံးလိုအပ်ချက်တွေနဲ့ ငြိနေတတ်လို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ကုန်တာပါ။အကြမ်းဖျင်း သဘောတရားအရ ဘဝနဲ့ အလုပ် ချိန်ညှိမှု”ဆိုတာ ခင်ဗျားရဲ့ ဘဝကို ထိန်းချုပ်ကိုင်တွယ်မှုနဲ့ပတ်သက်တဲ့ခံစားမှုတစ်ရပ် ဖြစ်ပါတယ်။ ရွေးချယ်စရာ အခြေအနေတွေကို အလေ့အကျင့်လုပ်ပြီးရွေးချယ်နေရတာ ဖြစ်နိုင်သလို လုပ်ငန်းခွင်ထဲမှာဖြစ်စေ အိမ်မှာဖြစ်စေ ခင်ဗျားကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေနဲ့ တခြားလူတွေရဲ့ လိုအပ်ချက်တွေအကြားမှာ ညီမျှခြေ တစ်ရပ်ကို ရှာဖွေနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဲဒီအခိုက်အတန့်မှာ ခင်ဗျားကြုံတွေ့ နေရတဲ့ အရာကိစ္စတွေဟာ ခင်ဗျားအတွက် ပျော်ရွှင်စရာ ဖြစ်မနေဘူးဆိုရင် မစိုးရိမ်ပါနဲ့။ ကိုယ့်ဘာသာ ဖန်တီးယူနိုင်တဲ့လုပ်စရာအချက်အလက်တွေ အများကြီးရှိပါတယ်။ ပထမဆုံး ခြေလှမ်းကတော့ ခင်ဗျားအတွက် ဘယ်အနေအထားဆိုရင် ဟန်ချက်ညီ နေပြီး ဘယ်အနေအထားဆိုရင် ဟန်ချက်ပျက်သွားတာဖြစ်တယ် ဆိုတာကို လေ့လာသုံးသပ်မှတ်သားထားနိုင်ဖို့ပါပဲ။ ပြီးတော့ ဘယ်လိုအခရာကျတဲ့ အချက်အလက်တွေကို လုပ်လိုက်ရင် ဟန်ချက်ညီတာတွေ၊ ဟန်ချက်ပျက် တာတွေ ဖြစ်သွားနိုင်တယ်ဆိုတာကိုပါ နားလည်သဘောပေါက်အောင် လုပ်ပါ။ အဲဒါတွေကို ရှာဖွေ ဖော်ထုတ်နိုင်ပြီဆိုတာနဲ့ အနာဂတ်အတွက် အဖြေရှာမယ့်ကိစ္စကို စတင်လှုပ်ရှားနိုင်ပါပြီ။
အဆင့် (၂) ဟန်ချက်မညီဖြစ်မှု (ဟန်ချက်ပျက်မှု) နဲ့ ပတ်သက်တဲ့လက္ခဏာရပ်တွေကို စာရင်းပြုစုပါ။
ရှေ့ကို ချီတက်ဖို့အတွက် နည်းနာတစ်ခုရှာဖွေ ဖော်ထုတ်ပြီး ခါးဝတ် ပုဆိုးလိုမြဲအောင်လုပ်ထားနိုင်မှ တော်ကာကျတော့မယ်နော်။ ဒါကြောင့် အကောင်းဆုံးအကြံပြုရရင် အတိတ်က သင်ခန်းစာတွေကို ယူဖို့” အတွက် နောက်ကြောင်းကို အရင်ဆုံး ပြန်လှည့်ကြည့်လိုက်ရအောင်။
- စာရွက်လွတ်တစ်ရွက် ယူလိုက်ပါ။ နောက်ဆုံးအကြိမ် ခင်ဗျားတကယ်တမ်း ဟန်ချက်ပျက်သွားတုန်းက အခြေအနေတွေကို ပြန်စဉ်းစားပါ။ အဲဒီတုန်းက ခင်ဗျားရဲ့ ခံစားရမှုတွေကို သရုပ်ဖော်တဲ့ စကားလုံးတချို့ ချရေးလိုက်ပါ။ ဥပမာ- ခင်ဗျား ခံစားခဲ့ရတာက ထိန်းချုပ်လို့မရလောက်အောင် လည်ထွက်သွားကြောင်း၊ ဖရိုဖရဲဖြစ် သွားကြောင်း၊ ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း၊ စိတ်ဖိစီးမှုခံစားရ ကြောင်း၊ ခြေပစ်လက်ပစ်ဖြစ်ခဲ့ရကြောင်း ဒါမှမဟုတ် ဖျားနာသွား ကြောင်း စသဖြင့်ပေါ့လေ။
- အဲဒီကာလတုန်းက ခင်ဗျားနဲ့ ပတ်သက်ခဲ့တဲ့ အလုပ်ထဲကလူတွေကို စာရင်းပြုစုပါ။ အဲဒီအချိန်က သူတို့နဲ့ပတ်သက်ပြီး သတိပြုမိတဲ့အပြု အမူတွေကိုလည်း ချရေးပါ။ အဲဒီကာလတုန်းက ခင်ဗျားရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို စာရင်းပြုစုပါ။
- အဲဒီကာလမှာ သူတို့ရဲ့ ဖော်ပြချက်တွေကိုလည်း ချရေးပါ။ • တခြား ဟန်ချက်ပျက်ဖူးတဲ့ ဇာတ်လမ်းတွေရှိခဲ့ရင်လည်း မှတ်မိ သလောက်ကို အထက်ဖော်ပြပါအချက်အလက်တွေအတိုင်း ရေးသား ပြုစုပါ။
အဆင့် (၃) ကိုယ့်အတွက် ဟန်ချက်ပျက်ရလောက်အောင်ဖြစ်စေခဲ့တဲ့ အခရာကျတဲ့ အချက်တွေကို ရှာဖွေဖော်ထုတ်ပါ။
ဟန်ချက်ပျက်ခဲ့ရတယ်လို့ ခင်ဗျားခံစားမှတ်တမ်းတင်ထားတဲ့ အထက် ပါဇာတ်လမ်းတွေကို ပြန်လည်တွေးတောပါ။ လိုရင်းကိုသာ တွေးတောပါ။ ခင်ဗျားကိုယ်ခင်ဗျား မေးကြည့်ပါ။
- ဟန်ချက်ပျက်ခဲ့တဲ့ဇာတ်လမ်းတိုင်းဟာ ဘယ်လို စတင်ဖြစ်ပျက်ခဲ့တာလဲ။
- အဲဒီဖြစ်ရပ်လှုပ်ရှားမှုကို ခင်ဗျား လုပ်ခဲ့တာလား။ ခင်ဗျားလုပ်ခဲ့တာ ဆိုရင် အဲဒီဖြစ်ရပ်လှုပ်ရှားမှုရဲ့ အခရာအချက်အလက်က ဘာလဲ။
- ဒီကိစ္စဟာ ခင်ဗျားစီမံလို့မရတဲ့ ပြင်ပနဲ့ဆက်နွယ်နေတဲ့ဖြစ်ရပ် (external event) တစ်ခုလား။ ပြင်ပနဲ့ ဆက်နွှယ်နေတဲ့ဖြစ်ရပ်ဆိုရင် ဘယ်လို ပြင်ပအရင်းအမြစ်က လာတာလဲ။
ဇာတ်လမ်းအားလုံးကို အဆင့် (၁) နောက်ပိုင်းက စလို့ အကြံပြုထား တဲ့အတိုင်း စာရင်းပြုစုပြီးသွားပြီဆိုရင် အခရာကျတဲ့အချက်အလက်တွေကို ပြန်လည်သုံးသပ်ပါ။ အဲဒီမှာ အဓိကဆိုလိုရင်းအချက်တွေက အတူတူပဲလား။ ဥပမာအားဖြင့် ဟန်ချက်ပျက်ခဲ့တယ် လို့ ခင်ဗျားခံစားခဲ့ရတာဟာ ခင်ဗျားရဲ့ လုပ်ငန်းရှင် သူဌေး (boss) က ခင်ဗျားအပေါ် အလွန်အမင်း ဖိအားပေးခဲ့လို့လား။ ခင်ဗျားက ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ခင်ဗျားရဲ့ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ အဆင့်တူဖြစ်နေလို့လား။ အဲဒီမတိုင်ခင် ကတည်းက ခင်ဗျားဟာ အပြင် ရောက်နေသလို ဖြစ်နေခဲ့လို့လား။
အထူးအကြံပြုချက်
ခင်ဗျားရဲ့မျက်လုံးအစုံကို မှိတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်မှုကို အကြိမ်အချို့ပြုလုပ်ပါ။ ခင်ဗျား မှတ်မိနေသေးတဲ့ အပြုသဘော မဆောင်တဲ့ ဒါမှမဟုတ် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အတွေးအခေါ်အားလုံး အသက်ရှူထုတ်မှုတွေနဲ့အတူပါသွားပြီလို့ စိတ်ကူးပါ။ အဆင့် (၄) ကိုမဖတ်ခင် ခဏတစ်ဖြုတ် အနားယူလိုက်ပါဦး။
(၄) ဟန်ချက်ညီနေတဲ့အချိန်မှာခင်ဗျားဘယ်လိုခံစားရသလဲဆိုတာဆန်းစစ် ဖော်ထုတ်ပါ။
အံ့သြစရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဟန်ချက်ညီခြင်းအကြောင်း ဖော်ပြရတာ အခါခပ်သိမ်း သိပ်လွယ်ကူလှတာမဟုတ်ဘူး။ ခင်ဗျားက ဘယ်သူလဲ၊ ဘယ်လိုဖြစ်ပျက်ခဲ့တာလဲ၊ ပြီးတော့ ဘယ်တုန်း ကလဲဆိုတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကွဲလွဲမှုတွေ အများကြီးပေါ့။
- နောက်ထပ် စာရွက်အလွတ်တစ်ရွက် ယူလိုက်ပါ။ နောက်ဆုံးအကြိမ်ခင်ဗျား တကယ်တမ်း ဟန်ချက်ညီခဲ့တုန်းကအခြေအနေတွေကို ပြန်စဉ်းစားပြီး ခင်ဗျား ခံစားခဲ့ရမှုတွေကို ဖော်ညွှန်းတဲ့စကားလုံးအချို့ ချ ရေးပါ။ အဲဒီခံစားမှုတွေကို အခုပြန်စဉ်းစားတဲ့အချိန်မှာရော ပြန်ခံစား မိသေးလား။
- ခင်ဗျားနဲ့ပတ်သက်ခဲ့တဲ့အလုပ်ထဲကလူတွေရဲ့ စာရင်းကို ပြုစုပါ။ အဲဒီကာလတုန်းက သတိထားမိခဲ့တဲ့သူတို့ရဲ့ အပြုအမူတွေကိုချရေးပါ။
- ပြီးတော့ အဲဒီကာလတုန်းက ခင်ဗျားရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို စာရင်းပြုစုပြီး သူတို့ရဲ့ ဖော်ပြချက်တွေကို ချရေးပါ။
- တခြား ဟန်ချက်ညီတဲ့ဇာတ်လမ်းတွေ ရှိသေးရင်လည်း ခင်ဗျားမှတ်မိ သလောက်ကို အထက်ဖော်ပြပါအချက်အလက်တွေအတိုင်း ရေးသား ပြုစုပါ။