အောင်အေး(ရန်ကုန်တက္ကသိုလ်) - ဘဲတစ်ကောင်ကိုသိန်းငှက်ကျောင်းသို့သင်မပို့နိုင်
ကိုယ့်လူတွေကို ထည့်မတွက် မငဲ့ကွက်ဘူးဆိုရင် ခေါင်းဆောင်လုပ်ရတာမခက်ပါဘူး
ဝန်ထမ်းတိုင်း၊ အလုပ်သမားတိုင်း အလုပ်ရှင်ကနေ ဒါမှမဟုတ် ခေါင်းဆောင်ကနေ “ဘာများ အကူအညီပေးရမလဲ” လို့ မေးလာရင် သဘောကျနှစ်ခြိုက်ကြပါတယ်။ အလုပ်ရှင်တွေ၊ ခေါင်းဆောင်တွေက လည်း အရာအားလုံးကို ကိုယ်က ဖြည့်ဆည်းပေးနိုင်သလိုလို ခံယူပြီး အဲသလို မေးရတာကို အရသာတွေ့ နေကြပါတယ်။ တကယ်တော့ “ဘာများအကူအညီပေးရမလဲ” ဆိုတဲ့ အဲဒီမေးခွန်းဟာ တက်တက်စင် လွဲမှားနေပါတယ်။ အဲဒီမေးခွန်းကို နယ်ပယ်သုံးနယ်ပယ်မှာ အလေးထား ပြီး မေးကြည့်လိုက်စမ်းပါ။
၁။ ဖောက်သည်တွေကို ဝန်ဆောင်မှု ပိုပေးနိုင်အောင် ဘာများအကူအညီပေးရမလဲ။
၂။ လုပ်ငန်းခွင်မှာ သာသာယာယာ ပိုဖြစ်အောင် ဘာများအကူအညီ ပေးရမလဲ။
၃။ ခင်ဗျားရဲ့ လုပ်ငန်းနဲ့ မိသားစုဘဝ ဟန်ချက်ညီ ထိန်းညှိနိုင်အောင် ဘာများ အကူအညီပေးရမလဲ။
ဒါကြောင့် ကိုယ့်လူတွေကို အရင်ဆုံး အသိပေးထားရမှာက မိမိ ဟာ အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘဲ တတ်နိုင် သလောက်တော့ လုပ်ပေးမှာပါဆိုတာပဲ။ တခြားစကားလုံးနဲ့ ပြောရရင် “ဘာများအကူအညီပေးရမလဲ” ဆိုတာ ကိုယ့်ယာဉ်မောင်းတစ်ဦးကို မေးလို့မရတဲ့မေးခွန်းအမျိုးအစား ဖြစ်ပါတယ်။ ။
ကိုယ့်ဝန်ထမ်းတွေကို “ဘာများအကူအညီပေးရမလဲ” လို့ မေး လိုက်တဲ့အခါ မျှော်လင့်မထားတဲ့ အံ့သြဖွယ်ရာအဖြေတွေကို ကြားရ တတ်ပါတယ်။ ရုံးခန်းထဲက ကုလားထိုင်တွေက ထိုင်ရတာ သက်သောင့် သက်သာ မရှိဘူးဆိုတဲ့အဖြေမျိုး။ ဖိုင်တွဲတွေ ထည့်ထားဖို့ ဘီရိုတစ်လုံး လိုအပ်နေတယ်ဆိုတဲ့အဖြေမျိုး။ ရက်သတ္တတစ်ပတ်မှာ အကြောအခြင် ဆန့်တဲ့အချိန် တစ်ရက်စာလောက် ပေးဖို့လိုအပ်တယ်ဆိုတဲ့အဖြေမျိုး။ တယ်လီဖုန်းနားထောင်တဲ့ နားကြပ်အသစ်တစ်ခု လိုအပ်နေတဲ့အဖြေ မျိုး။ ဆောင်းတွင်းရောက်ရင် သုံးဖို့ အပူငွေ့ ပေးတဲ့စက် ခပ်သေးသေး တစ်လုံး လိုအပ်နေတယ်ဆိုတာမျိုး။ တကယ်တော့ ကိုယ်က သူတို့ အတွက် ဘာလုပ်ပေးရမလဲဆိုတာ မေးနေတာထက် သူတို့ပြောတဲ့စကား တွေကို အချိန်ပေးနားထောင်ပြီး သူတို့ရဲ့ ပင်ကိုအရည်အသွေးတွေကို အကဲခတ်တာက ပိုပြီး အရေးပါအရာရောက်တာ ဖြစ်ပါတယ်။ မိမိတို့ ရဲ့ လုပ်ငန်းရှင်သူဌေးဟာ ကောင်းတယ်” လို့ ခံယူထားတဲ့အလုပ်သမား ဒါမှမဟုတ် ဝန်ထမ်းဦးရေ တစ်သန်းလောက်ကို လိုက်မေးကြည့်လိုက် ပါ။ ဘာဖြစ်လို့ “ကောင်းတယ်” လို့ သတ်မှတ်ထားတာလဲလို့။ ပထမ ဆုံးအကြောင်းရင်းကတော့ အဲဒီလုပ်ငန်းရှင် ဒါမှမဟုတ် ခေါင်းဆောင် ဟာ သူတို့ပြောသင့်ပြောထိုက်လို့ ပြောပြတဲ့စကားတွေကို စိတ်ပါလက် ပါ နားထောင်ပေးလို့ ဖြစ်ပါတယ်။ ဘယ်တော့မှ မမေ့ပါနဲ့။ ဒီအချက် ဟာ အသေးအဖွဲကိစ္စလေးတစ်ခုသာဖြစ်ပေမယ့် ကိုယ့်လူတွေရဲ့ လေး စားသမှုကို ခံယူရရှိသွားနိုင်တယ်ဆိုတာကိုပေါ့။
ပြောင်းလဲခြင်းဟာ ကောင်းတဲ့ကိစ္စမို့ သင်က ပထမဦးဆုံးပြောင်းလဲပြလိုက်ပါ
“တွန်မ် ဖယ်လ်တင်စတိုင်း” (Tom Feltenstein) ပြောဖူးတာကို ပြန်သတိရမိပါတယ်။
“မက် ... ရေ၊ ငါတို့ စာအုပ်တစ်အုပ် အတူတူ ရေးရအောင်၊ ခေါင်းစဉ်ကို ပြောင်းလဲခြင်းဟာ ကောင်းတဲ့ကိစ္စမို့ သင်က ပထမဦးဆုံး ပြောင်းလဲပြလိုက်ပါ” လို့ တပ်မယ်”
သူ ပြောတဲ့ခေါင်းစဉ်ကို ချက်ချင်းပဲ ကျွန်တော် ကြိုက်သွားပါ တယ်။ ပြီးတော့ ပြောင်းလဲစေနိုင်တဲ့နည်းလမ်း ၂၁ လမ်း” ဆိုတဲ့ ခေါင်း စဉ်ငယ်တစ်ခုကိုပါ ဖြည့်စွက်လိုက်ကြတယ်။
ဘယ်အဖွဲ့ အစည်းမှာမဆို ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စိတ်ဓာတ် တက်ကြွရေးတံခါးတွေကို ဖွင့်နိုင်တဲ့သော့တံဟာ ပြောင်းလဲခြင်း” ဖြစ်ပါတယ်။ ပြောင်းလဲခြင်း” ဆိုင်ရာ အလေ့အထကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိတဲ့ ခေါင်းဆောင်ရဲ့ အရည်အချင်းကနေ သူတို့ရဲ့ အောင်မြင်မှု ဒါမှ မဟုတ် ရှုံးနိမ့်မှုကို အဆုံးအဖြတ်ပေးပါတယ်။ “မနက်ဖန်” ဆိုတာဟာ ကျွန်တော်တို့ဆီကို လျှပ်စီးလက်သလို အရှိန်အဟုန်မျိုးနဲ့ လာနေတာ ဖြစ်ပါတယ်။ကျွန်တော်တို့ကို ရင်ဆိုင်နေတဲ့အပြိုင်အဆိုင်တွေကလည်း အများကြီး ပါပဲ။ ဒါကြောင့် “ဘီလ်ဂိတ်” က အခုလို ပြောခဲ့ပါတယ်။
“သုံးနှစ်ကြာသွားတာနဲ့ ကျွန်တော်တို့ကုမ္ပဏီက ထုတ်လုပ်ထား တဲ့ထုတ်ကုန်တိုင်းဟာ ခေတ်နောက်ကျသွားပြီဆိုတာ သေချာတယ်။ ပြဿနာက အဲဒီထုတ်ကုန်တွေကို ခေတ်နောက်ကျသွားအောင်လုပ်လိုက် တာဟာ ကျွန်တော်တို့ကိုယ်တိုင်လား၊ ဒါမှမဟုတ် တခြားတစ်ယောက် ယောက်လား ဆိုတာပဲ”
“ပီတာ ဒရပ်ကာ” (Peter Drucker) ကလည်း ဘီလ်ဂိတ်” ပြောသလိုအဓိပ္ပာယ်မျိုးကိုပဲ အောက်ပါ အတိုင်း ထပ်လောင်းပြောဆိုခဲ့ပါ တယ်။
“သုံးနှစ်ပြည့်တိုင်းပြည့်တိုင်း ကိုယ်ထုတ်လုပ်ခဲ့တဲ့ ကုန်ပစ္စည်းတိုင်း၊ လုပ်ငန်းစဉ်တိုင်းကို ခုံရုံးတင်ပြီး သေဒဏ်ပေးနိုင်ရမယ်၊ မဟုတ်ရင် ပြိုင်ဘက်တွေက ကိုယ့်ကို ကျော်တက်သွားလိမ့်မယ်”
ပြီးတော့ “ဒရပ်ကာ” က ဆက်ပြောပါသေးတယ်။ ကုမ္ပဏီအများ စုဟာ ထုတ်ကုန်ပစ္စည်းအဟောင်းတွေကို စွန့်ပစ်လိုက်ကြမယ့်အစား စိတ်ကူးဉာဏ်အသစ်ကလေးတွေနဲ့ မွမ်းမံပေးခြင်းဆိုတဲ့အလွယ်လမ်း ကိုပဲ လိုက်တတ်ကြတယ်တဲ့။
ပိတ်ထားတဲ့ပြတင်းပေါက်မှန်ကို လာလာတိုးနေတဲ့ယင်ကောင် ကို တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ ခပ်လှမ်းလှမ်းမှာ ဖွင့်ထားတဲ့တံခါး ကြီးတစ်ခုရှိနေတာတောင် အဲဒီတံခါးပေါက်ကြီးကနေ သွားမဝင်ဘဲ ပိတ် ထားပါတယ်ဆိုတဲ့ပြတင်းမှန်ကိုမှ လာလာတိုးနေတာလေ။ အကြိမ်ပေါင်း များစွာ တိုးတိုက်နေပေမယ့် ပြတင်းပေါက်မှန်က ကွဲမသွားဘဲ အဲဒီယင်ကောင်သာ ဒဏ်ရာဒဏ်ချက်တွေရပြီး သေသွားရတာပဲ။ ဒီနေ့ခေတ် ကုမ္ပဏီအတော်များများဟာ အဲဒီယင်ကောင်လို လုပ်နေကြတာ တွေ့ရပါ တယ်။ သူတို့ဟာ လုပ်ရင်ဖြစ်နိုင်ခြေရှိတဲ့ ‘ပြောင်းလဲခြင်း”ကို မလုပ်ကြဘဲ နောက်ဆုံးပိတ် ရှုံးနိမ့်သွားတဲ့တိုင်အောင် လမ်းဟောင်းကြီး အတိုင်းပဲ သွားခဲ့ကြတယ်။
“ပြောင်းလဲခြင်း လုပ်ဖို့နဲ့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေအောင် လုပ်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ ပစ္စုပ္ပန် မှာ တည်ရှိနေတဲ့ ပြဿနာတွေကို အာရုံစိုက်ပြီး မနက်ဖန်အတွက် အခွင့်အလမ်းတွေကို အမြဲတစေ စီမံကိန်းရေးဆွဲနေရမှာဖြစ်ပါတယ်။
“ပြောင်းလဲခြင်း”လုပ်ဖို့ရာအတွက် ဆန်းသစ်တီထွင်ခြင်း၊ စွန့်စား မှုယူခြင်း၊ ဖန်တီးခြင်းတို့နဲ့ အစပြုရပါတယ်။ လက်တွေ့မှာ ချော်လဲ တတ်ပါတယ်။ အရေးကြီးတာက လဲရာကနေပြန်ထပြီး ပြိုင်ဘက်တွေ ထက် ရှေ့ ကျော်တက်အောင် သွားနိုင်ဖို့ပါပဲ။ “တီ အက်စ် အဲလိယော့” (T.S. Eliot) ပြောတာအကောင်းဆုံးပါ။
“လူတစ်ယောက် ဘယ်လောက်ဝေးဝေး သွားနိုင်တယ်ဆိုတာကို စွန့်စားပြီး ဝေးဝေးသွားကြည့်တဲ့လူမှ သိနိုင်တယ်” တဲ့။