Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - ဘိုးတော်သုတေသန

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အခန်း (၁)

ဘိုးမင်းခေါ် ကန်တော့ပွဲပေးနည်း

ဘိုးတော်ဟု အများက ခေါ်ဆိုနေကြသော ထွက်ရပ်ပေါက်ဝိဇ္ဇာ တို့သည် ကျွန်တော်တို့နှင့် နယ်ပယ် (dimension) မတူကြသော် လည်း ကျွန်တော်တို့နှင့်အတူ လောကကြီးတွင် အမှန်တကယ် တည်ရှိ နေသည်ဟု ကျွန်တော် ယုံကြည်သည်။

သူတို့သည် လူသားများနှင့် ဆက်သွယ်ချင်လျှင် နည်းလမ်း ပေါင်းစုံသုံး၍ ဆက်သွယ်နိုင်သည်ဟုလည်း ကျွန်တော် ဆင်ခြင်မိသည်။ ဓာတ်စီးနတ်ဝင်သည့်နည်းနှင့်လည်း ဆက်သွယ်နိုင်မည်။ တိုက်ရိုက် အသံနှင့်လည်း စကားပြောချင် ပြောလိမ့်မည်။ ကိုယ်ထင်ပြခြင်းဖြင့် လည်း ထင်ရှားအောင် ပြုလုပ်နိုင်မည်။ သူတို့မှာက လောကကြီးတွင် ရှိသော ဓာတ်သဘာဝများကို စိုးမိုးချုပ်ကိုင်စွမ်း ရှိကြသည်။

ခက်သည်က ကျွန်တော်တို့ ဖြစ်သည်။ ကျွန်တော်တို့က သူတို့ နှင့် ဆက်သွယ်ချင်သည်ဆိုလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ သမထ တန်ခိုးစွမ်းအားများ ထက်မြက်အောင် ကြိုးစားနိုင်မှသာလျှင် ဆက် သွယ်နိုင်မည့်သဘောသဘာဝဖြစ်နေသည်။ ဤသို့ ပြုလုပ်ဖို့ ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်။ သမထတန်ခိုးရဖို့ မဆိုထားနှင့်၊ သမာဓိ ရအောင် လုပ်ဖို့ဆိုသည်ပင် မလွယ်။

သည်တော့ ကျွန်တော်တို့က သူတို့ကို မည်သို့ဆက်သွယ်မည် နည်း။ တစ်နည်းသာရှိသည်။ သူတို့က ဆက်သွယ်ချင်လာအောင် ကျွန်တော်တို့က နေထိုင်ကျင့်ကြံရမည်။ သူတို့နှင့် ဆက်သွယ်ချင်ကြောင်း ကိုလည်း အမြဲတစေ ဆန္ဒပြုနေရမည်။

ကျွန်တော်သည် ဘိုးတော်များအကြောင်း စတင်သုတေသနပြု လေ့လာစဉ်က အဘချစ် (ခေါ်) ဦးခင်မောင်ချစ်နှင့် တွေ့လိုက်ရခြင်း သည် ကံကောင်းသွားသည်။ ဟောက်စား မြှောက်စား ခြောက်စားသူ များ၏ အန္တရာယ်မှ ကင်းလွတ်သွားသည်။ သူသည် ဗိုလ်အောင်ဒင် အဖြစ် နာမည်ကြီးခဲ့သော ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင်၏ညီ ဖြစ် သည်။ သူက ကျွန်တော့်ကို ရိုးရိုးကလေးရှင်းပြသည်။

“ဝိဇ္ဇာရှစ်သောင်းဆိုတဲ့စကား ကြားဖူးတယ်မဟုတ်လား၊ ထွက်ရပ် ပေါက်သွားတဲ့ ဝိဇ္ဇာတွေက နည်းတာမှမဟုတ်တာ၊ အနီး ခေတ်မှာတောင် ပေါက်ဆရာ ၆၄ ယောက်တို့ ဘာတို့ ရှိသေးတယ်၊ ဒါပေမယ့် အဲဒီဝိဇ္ဇာတိုင်းက လူတွေနဲ့ အဆက်အသွယ် လုပ်ကြတာမဟုတ်ဘူး၊ ကျွန်တော် သိရသလောက်ဆိုရင် ဘိုးဘိုးအောင်နဲ့ ဘိုးမင်းခေါင်တို့ နှစ်ဦးပဲ လူတွေနဲ့ အဆက်အဆံများတယ်၊ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရေးတဲ့ ကတိသစ္စာ”ဆိုတဲ့ စာအုပ်ဖတ်ကြည့်ပါလား၊ အဲဒီမှာ ဘိုးဘိုး အောင်က စာရေးဆရာနဲ့ ဆက်သွယ်တာကို တွေ့ရလိမ့်မယ်၊ ဘိုးဘိုး အောင်ထက်ပိုပြီး လူတွေနဲ့ ဆက်သွယ်တာက ဘိုးမင်းခေါင်ပဲ၊ ဒီတော့ ဘိုးမင်းခေါင်ဆက်သွယ်ပုံ၊ ဆက်သွယ်နည်းတွေ လူတွေကြားမှာ ပိုပြီး အပြောများနေကြတာပေါ့”

ကျွန်တော်ကလည်း အဘချစ်ကို ကျွန်တော် စဉ်းစားနေသည့် အချက်အား ထုတ်ဖော်ပြောပြခဲ့ပါသည်။

“အဘချစ်ရေ၊ ဒီလိုဆိုတော့ ကျွန်တော်တို့က ဘိုးမင်းခေါင် ဆက်သွယ်လာမှာကို ထိုင်စောင့်နေရမလိုဖြစ်နေတာပေါ့ ၊ ကျွန်တော်တို့က စပြီး ဆက်သွယ်လို့ မရဘူးလား”

အဘချစ်က ကျွန်တော့်ကို စိုက်ကြည့်ပြီး ပြန်ပြောသည်။

“ဒါဆိုရင်တော့ ခင်ဗျား အင်တင်နာ ထောင်ရလိမ့်မယ်”

“အင်တင်နာ ဟုတ်လား၊ ဘာ အင်တင်နာ ထောင်ရမှာလဲ”

“ခင်ဗျား အိမ်မှာ တီဗီကြည့်ဖို့ အင်တင်နာ ထောင်ထားတယ် မဟုတ်လား”

“ထောင်ထားတယ်လေ”

“အဲသလိုပေါ့၊ တီဗီကြည့်ချင်ရင် အင်တင်နာ ထောင်ရသလို ဘိုးမင်းခေါင်နဲ့ ဆက်သွယ်ချင်ရင် ဘိုးမင်းခေါင်ကန်တော့ပွဲ ပေးရ လိမ့်မယ်”

“ဟုတ်လား အဘချစ်၊ ဘိုးမင်းခေါင် ကန်တော့ပွဲ ပေးလိုက်ရင် ဘိုးမင်းခေါင်နဲ့ ဆက်သွယ်လို့ ရပြီလား”

“ဒီတစ်ခုထဲတော့ မဟုတ်ဘူး၊ ဘိုးမင်းခေါင်ကြိုက်တဲ့ နေထိုင် ကျင့်ကြံမှုမျိုးနဲ့ နေထိုင်ဖို့လဲ လိုသေးတယ်”

“ဘိုးမင်းခေါင်က ဘယ်လို နေထိုင်ကျင့်ကြံတာမျိုးကို ကြိုက် သလဲ အဘချစ်”

“ဘာသာရေးကြည်ညို ကိုင်းရှိုင်းတဲ့ နေထိုင်ကျင့်ကြံမှုမျိုးကို ကြိုက် တယ်လေ၊ ဒီတော့ ခင်ဗျား ဘိုးမင်းခေါင် ကန်တော့ပွဲပေးချင်ရင် အရင် ဆုံး အရက်ဖြတ်ရလိမ့်မယ်”

ထိုအချိန်က ကျွန်တော်သည် ဘာသာရေးဘက်သို့ စိတ်လည် ကာစသာ ရှိသေးသည်။ ဘာသာရေးစာပေအချို့ကို စတင်ဖတ်ရှုနေပြီ ဖြစ်သော်လည်း ပုတီး မကိုင်သေး၊ ဘာဝနာ မပွားသေး၊ သောက် သောက်စားစား လူ့မင်းသားဘဝကို ခံယူထားဆဲ။

“ဖြတ်ဆိုရင်လဲ ဖြတ်မယ်လေ အဘချစ်၊ ကျွန်တော်က အဲဒီ ဘိုးတော်တွေဆိုတာကို အရမ်းစိတ်ဝင်စားနေတာ၊ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ ရည်ရွယ်ချက်၊ သူတို့ရဲ့ အသိဉာဏ်၊ သူတို့နဲ့ဆက်သွယ်မိရင် ကျွန်တော့်အသိဉာဏ်လဲ ပိုပြီးမြင့်မားလာမယ်လို့ ထင်မိတယ်၊ ပြီးတော့ သူတို့ တကယ် ရှိမရှိလို့ သံသယဝင်နေတဲ့ ကျွန်တော့် သံသယစိတ်လဲ ရှင်းသွားနိုင်တာပေါ့”

ကျွန်တော့်စိတ်ထဲတွင် ဘိုးမင်းခေါင်နှင့် အဆက်အသွယ် ရခဲ့ပါ က အတ္ထုပ္ပတ္တိရေးခွင့် တောင်းခံမည်ဟု တွေးထားသည်။

ဘိုးမင်းခေါင်နှင့် ဆက်သွယ်လိုစိတ် မည်မျှပြင်းပြပါသနည်း ဆိုသော် ကျွန်တော်သည် နေ့စဉ်ပုံမှန် သောက်နေကျ အရက်ကို တိခနဲ ဖြတ်ပစ်လိုက်သည်။ အဘချစ် ပြောသည့်အတိုင်း နေ့စဉ် ဘုရား ဂုဏ်တော်ကိုးပါး ရွတ်ဆို၊ ပုတီးတစ်လုံးချစနစ်ဖြင့် ပုတီးတစ်ပတ် မှန်မှန်စိပ်သည်။ ရုတ်တရက်ပြောင်းလဲသွားသော ကျွန်တော့်ကို ပုလင်း တူဘူးဆို့ မိတ်ဆွေအပေါင်းအသင်းများက အံ့သြကြသည်။ ဘာ့ကြောင့် အရက်ဖြတ်သနည်းဟု ဝိုင်းမေးကြသည်။ သူတို့ကို ကျွန်တော် အမှန် အတိုင်းမဖြေ။ ကျန်းမာရေးနှင့် မိသားစုစီးပွားရေးကြောင့် အရက်ဖြတ်ရ သည်ဟု အကြောင်းပြခဲ့သည်။ ဆက်သောက်ရင် အသက်ကိုတော့မှာမို့ မသေချင်သေးလို့ မသောက်တော့တာဟုပြောသောအခါ အပေါင်း အသင်းများလည်း အတင်းမတိုက်ရဲတော့။ ဒါတောင် တချို့က စပ်စု သည်။ အဆုတ်ထိလို့လား၊ အသည်းထိတာလား မေးကြသေးသည်။ ကျွန်တော်က အသည်းထိတာဟု ခပ်တည်တည် ဖြေရသည်။

မိဘနှစ်ပါးကိုတော့ ကျွန်တော် အမှန်အတိုင်း ပြောပြသည်။ သူတို့ကတော့ဝမ်းသာသည်။ ကိုယ့်သားအရက်ဖြတ်သည်ကို ဝမ်းမသာသောမိဘ ဘယ်မှာရှိမည်နည်း။ သူတို့က ဘိုးမင်းခေါင်ကို ကျေးဇူး တင်သကဲ့သို့ အဘချစ်ကိုလည်း ကျေးဇူးတင်ကြသည်။

အရက်ဖြတ်ပြီး ငါးပါးသီလ ခံယူကာ နေ့စဉ် ပုတီးစိပ်ခဲ့သည့် ကာလတစ်လခန့်ကြာသောအခါ အဘချစ်က ဦးဆောင်၍ ကျွန်တော့် အိမ်မှာ ဘိုးမင်းခေါင်ကန်တော့ပွဲ ပေးဖြစ်ပါသည်။

ကန်တော့ပွဲမပေးမီ တစ်ပတ်အလိုကပင် အဘချစ်က ကန်တော့ ပွဲ ပေးပုံပေးနည်းကို ကြိုတင်ရှင်းလင်းပြောကြားသည်။

“ကန်တော့ပွဲပေးမယ့်နေ့ဟာ ကန်တော့ပွဲပေးမယ့် ပါရမီရှင် (ကာယကံရှင်) ရဲ့ မွေးနေ့ဖြစ်ရမယ်၊ အချိန်က မနက် ကိုးနာရီတိတိမှာ ပေးနိုင်ရင် အကောင်းဆုံးပဲ၊ နဝင်းချိန် မဟုတ်လား”

ဗေဒင်လောက၊ နတ်လောက၊ ဓာတ်လောကတို့တွင် နဝင်းကို အတော်အလေးထားကြသည်။

“ဘိုးမင်းခေါင် ကန်တော့ပွဲပေးရင် မြတ်စွာဘုရားရဲ့ သာသနာတော် ကို ရည်စူးပူဇော်တဲ့ သာသနာပွဲမပေးလို့ မရဘူး၊ သာသနာပွဲကို အရင် တင်ပြီးမှ ဘိုးမင်းခေါင်ကန်တော့ပွဲ တင်ရမယ်၊ သာသနာပွဲကို ဘုရားစင် ပေါ်မှာ ဒါမှမဟုတ် ဘုရားကျောင်းဆောင် ရှေ့တည့်တည့်မှာ တင်ရ မယ်၊ ဘိုးမင်းခေါင် ကန်တော့ပွဲကျတော့ ဘုရားစင်ရဲ့ လက်ဝဲဘက် (မိမိက ဘုရားစင်ဘက်ကို မျက်နှာမူထားတဲ့အနေအထားမှာ မိမိရဲ့ ညာဘက်) မှာ သာသနာပွဲထက် နိမ့်အောင်ထားပြီး တင်ရမယ်၊ သီးခြား စားပွဲခုံလေးနဲ့ဆိုရင် ပိုကောင်းတယ်”

ကျွန်တော့်အိမ်မှာက ဘုရားကျောင်းဆောင် ကျယ်သည်။ ဘုရား ဆင်းတုတော်တည်ရာ မှန်ကျောင်းဆောင်ရှေ့တွင် သာသနာပွဲတင်ရန် နေရာလုံလောက်သည်။ ဘုရားကျောင်းဆောင်ထက်နိမ့်သော အဆင့် တစ်ဆင့်တွင် ဆွမ်းတော်တင်ရန်၊ ဆီမီးထွန်းရန် ရည်ရွယ်ပြီး ပြုလုပ် ထားသော ပျဉ်ပြားနှစ်ချပ် စပ်ထားသည့် စင်ရှိသည်။ ထိုစင်သည် ဘုရားကျောင်းဆောင်၏ ဘယ်ညာနှစ်ဖက်သို့ အစွန်းထွက်လျက် ရှိ သည်။ ဘိုးမင်းခေါင်ကန်တော့ပွဲကို ဘယ်ဘက်စွန်းတွင် တင်လျှင် အဆင်ပြေသည်။

“ပွဲတင်တဲ့အခါ ထုံးစံအတိုင်း ပွဲတင်မယ့် အုန်းသီးဟာ အနာ လွတ်ရမယ်၊ ကြွက်မြီး ကျွတ်မနေရဘူး၊ ကြွက်မြီးထိပ်ကျိုးနေတာမျိုး မဖြစ်ရဘူး၊ ငှက်ပျောသီးလည်း ဒီအတိုင်းပဲ၊ ဓားနဲ့ ခုတ်မိထားတဲ့အရာတွေ မပါစေရဘူး၊ အနာအဆာ ကင်းရမယ်”

အဘချစ် ရှင်းပြနေစဉ် ကျွန်တော့်ခေါင်းထဲတွင် မိတ်ဆွေတစ်ဦး ပြောဖူးသော ကန်တော့ပွဲများတွင် အုန်းသီးနှင့် ငှက်ပျောသီးကို အသုံးပြု ခဲ့ကြသည့် ရှေးလူကြီးတို့၏သင်္ကေတနိမိတ်ပုံအကြောင်း ကြားယောင် လာခဲ့သည်။ ငှက်ပျောသီး၊ ငှက်ပျောဖီးတို့သည် လူလက်များနှင့် သဏ္ဌာန်တူပြီး အုန်းသီးက လူခေါင်းနှင့်သဏ္ဌာန်တူသည်။ လူတစ် ယောက်က လက်အုပ်ချီပြီး ကန်တော့နေသည့် ပုံသဏ္ဌာန်မျိုးပေါ်လွင် အောင် ဖန်တီးထားခြင်းဖြစ်သည်ဟု မိတ်ဆွေကပြောပြခဲ့သည်။ သူ ပြောပြသည်မှာ မဆိုးပေ။ အုန်းပွဲ၊ ငှက်ပျောပွဲများမြင်တိုင်း ကျွန်တော့် အမြင်အာရုံသည် ကန်တော့နေသည့်သင်္ကေတ အသွင်သဏ္ဌာန်များ ပေါ်လာသည်။ -

“ပွဲတင်တဲ့အခါ လူတိုင်းလိုလိုပဲ ကြွေဇလုံကို သုံးကြတယ်။ ကျွန်တော်မှတ်သားမိသလောက်ပြောရရင် ဘိုးတော်က ကြွေဇလုံ သုံးတာ မကြိုက်ဘူး၊ ခံတောင်းကို သုံးခိုင်းတယ်၊ ခံတောင်းဆိုတာ “တောင်းခံ” တာကိုဆိုလိုတာ၊ ကျွန်တော်တို့က ကန်တော့ပြီးနောက် ကိုယ်လိုရာဆုကို တောင်းခံတော့မှာကိုး”

အဘချစ်ပြောသည်မှာ သဘာဝကျသည်။ ဤကဲ့သို့သော အရာ ကိစ္စများတွင် အမည်နာမ ပညတ်များလည်း အရေးပါသည်။

“ဒီတော့ ခင်ဗျား ခံတောင်းနှစ်လုံး ဝယ်ရမယ်၊ သာသနာပွဲက ငှက်ပျောဖီး ငါးဖီးတင်ရမှာဆိုတော့ ခံတောင်းကြီးကြီးဝယ်၊ ဘိုးတော်ပွဲ အတွက်က သုံးဖီးထဲမို့ ခံတောင်းသေးသေးဝယ်၊ ခင်ဗျား တာမွေဈေးကို သွား၊ တာမွေဈေးနဲ့ အနားတစ်ဝိုက်မှာ ခံတောင်းရောင်းတဲ့ဆိုင်တွေရှိတယ်”

အဘချစ်က နေရာကိုပါ ညွှန်ပြခဲ့သည်။

“ပွဲထိုးတဲ့အခါ တချို့က ရရင်ခိုင်အောင်ဆိုတဲ့နိမိတ်ယူပြီး ရခိုင် ငှက်ပျောဖီးတွေကို သုံးတယ်၊ တချို့ကလည်း သီးရင်မွှေးအောင် ဆိုတဲ့နိမိတ်ယူပြီး သီးမွှေးငှက်ပျောသုံးကြတယ်၊ ကျွန်တော်တို့က မင်းခေါင်” ဆိုတဲ့ဓာတ်ရအောင် ယူမှာမို့ “ဖီးကြမ်း” ငှက်ပျောသုံးရမယ်၊ မင်းခေါင်၊ ဖီးကြမ်းဆိုတဲ့နာမည်တွေဟာ ကြာသပတေးနံနဲ့ တနင်္လာနံကို ပေါင်း ထားတာ၊ အဲဒါ “ဂဗ္ဗေဓာတ်” တွေပဲ”

“အဘချစ်၊ ဒီလိုလုပ်ဗျာ၊ ကျွန်တော့်ကို ဝယ်ရမယ့် ပစ္စည်းစာရင်း လုပ်ပေး၊ ဒါမှ ကျွန်တော် တိတိကျကျဝယ်လို့ရမယ်” ။

“စာရွက်ယူလေ၊ လိုက်မှတ်၊ ကျွန်တော် ပြောပြမယ်”

အဘချစ်ပြောသမျှ လိုက်မှတ်လိုက်သောအခါ ကျွန်တော်သည် သာသနာပွဲနှင့် အဘဘိုးမင်းခေါင်ပွဲအတွက် ဝယ်ရမည့် ပစ္စည်းစာရင်း ထွက်လာသည်။

၁။ ခံတောင်း ၂ လုံး

၂။ အုန်းသီး ၂ လုံး

၃။ ဖီးကြမ်းငှက်ပျော ၈ ဖီး

၄။ ကွမ်းရွက် တစ်ဆယ်သား (ကွမ်းရွက် ၁၈ ရွက် ရွေးချယ်အသုံးပြုရန်)

၅။ ကွမ်းသီး (ညှပ်ပြီး) ငါးကျပ်သား

၆။ ထုံး အထုပ်သေး တစ်ထုပ်

၇။ ဆေးရွက်ကြီး အနည်းငယ်

၈။ လက်ဖက်သား ငါးကျပ်သား (သို့မဟုတ်) တစ်ဆယ်သား

၉။ ဆေးပြင်းလိပ် တစ်လိပ်

၁၀။ ဖယောင်းတိုင် ၁၄ တိုင် (သင့်ရုံအရွယ်)

၁၁။ အမွှေးတိုင် တစ်ထုပ်

၁၂။ သပြေပန်း တစ်စည်း (သပြေညွန့် ၉ ညွန့် ရွေးချယ်အသုံးပြုရန်)

၁၃။ နှင်းဆီအနီ ၉ ပွင့် ၊

၁၄။ ကောက်ညှင်းပေါင်းတစ်ပွဲ