Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - တခြားသူတွေနဲ့လက်တွဲပြီးရလဒ်ကောင်းတွေပေါ်ထွက်လာအောင်ဘယ်လိုအလုပ်လုပ်မလဲ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာ သိရှိနားလည်မှု

လူအများစုဟာ အသင်းအဖွဲ့ အတွင်း တာဝန်ထမ်းဆောင်ရာမှာ ရာထူး အဆင့်နေရာအချို့မှာ အသင်းအဖွဲ့ ရဲ့ တစ်စိတ်တစ်ပိုင်းကို တာဝန်ယူအလုပ် လုပ်ကြတာပါ။ စီမံချက်တစ်ရပ်ကို အချိန်တိုတိုနဲ့ အကျိုးအများဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (the skills) ရှိတဲ့၊ ပညာခန်းဆိုင်ရာ ကျွမ်းကျင်မှု (expertise) ရှိတဲ့လူတစ်စု က အတူတကွပူးပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့လမ်းကြောင်းတစ်ခု ဖွင့်လှစ် ခြင်းဟာ အသင်းအဖွဲ့ တွေရဲ့ သဘောသဘာဝပဲလို့ ပြောရပါလိမ့်မယ်။ ဒီလို ဆိုတော့ မတူခြားနားတဲ့ပုဂ္ဂိုလ်တွေ၊ (မကြာခဏ) စီမံခန့်ခွဲဖို့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တင်းမာမှုတွေ ပေါ်ပေါက်နိုင်ပါတယ်။ ခင်ဗျားဟာ လတ် တလောအချိန်မှာမှ အသင်းအဖွဲ့ရဲ့ ခေါင်းဆောင်မှုနေရာကို ရောက်လာတယ် ဆိုရင် ဒီစာအုပ်က လူမှန်တွေကို ရွေးချယ်ခန့်ထားနိုင်ရေး၊ ပြီးတော့ ခင်ဗျားရဲ့ အသင်းအဖွဲ့ က ရည်မှန်းချက်ပန်းတိုင်အတိုင်း အကောင်းဆုံး အခွင့်အရေး ရရှိဖို့အတွက် တင်းမာမှုတွေကို ချောမွေ့စွာ ကျော်လွှားသွားနိုင်ရေး အစရှိတဲ့ခင်ဗျားရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အလွယ်တကူ ရှင်းရှင်းလင်းလင်း သိရှိနားလည်သွားအောင် အကူအညီပေး ပါလိမ့်မယ်။

ထူးချွန်တဲ့အသင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်လိုခေါင်း ဆောင်ရမယ်ဆိုတဲ့ခေါင်းဆောင်နည်းကို သိနားလည်လို့ ထူးချွန်တာပေါ့။ အဲဒီလို အသင်းအဖွဲ့ ခေါင်းဆောင်နည်းအတတ်ပညာနဲ့ပတ်သက်တဲ့ ကျမ်းကြီးကျမ်းခိုင်တွေကတော့ ထစ်ပုံတစ်ပင်ကြီးပါပဲ။ ဒါပေမယ့် အဲဒီကျမ်း ကြီးကျမ်းခိုင်တွေရဲ့ နိဂုံးချုပ်ချက်တွေဟာ နောက်ဆုံးဘဝပေးအသိ” ဆိုတာ ကို က်သွားတော့တာပါပဲ။ အခု ဒီစာအုပ်ကို ဖတ်နေတဲ့စာဖတ်သူဟာ “ကွန်ဂရက်ကျူလေးရှင်း” (congratulation) ဆိုတဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း” ပူပူနွေးနွေးအပြောခံပြီးကာစ ပထမဦးဆုံးအကြိမ် အသင်းအဖွဲ့ ကို စီမံခန့်ခွဲနေသူဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိမိရဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကို ဉာဏ်သစ်လောင်းချင်လို့ ဖတ်ကြည့်နေတာလည်းဖြစ်နိုင်တယ်။

လူတချို့ဟာ ပင်ကိုသဘာဝကိုက သူများထက်ကို ခေါင်းဆောင်မှု အဆင့်နေရာနဲ့ သင့်တော်နေတာမျိုး ရှိနေတတ်တာအမှန်ပါပဲ။ ဒါပေမယ့် ခေါင်းဆောင်တစ်ဦးအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေ ရရှိဖို့ဆိုတာ လေ့လာ သင်ယူလို့လည်း ရနိုင်ပါတယ်။ အသင်းအဖွဲ့ တစ်ဖွဲ့ ရဲ့ ခေါင်းဆောင်အဖြစ် ရောက်ရှိနေတဲ့စာဖတ်သူရဲ့ အဆင့်နေရာမှာ စာဖတ်သူရဲ့ ယုံကြည်မှုကို မြှင့် တင်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့လက်တွေ့ကျကျ နည်းလမ်းတွေကို ဒီအခန်းမှာ ဆွေးနွေးတင်ပြပေးမှာ ဖြစ်ပါတယ်။

အဆင့် (၁) ။

ခေါင်းဆောင်အမျိုးမျိုးရှိတာကို သဘောပေါက်ထားပါ

လူတွေရဲ့ ပင်ကိုအရည်အသွေးတွေအလိုက် ခေါင်းဆောင်နည်းခေါင်း ဆောင်ဟန်တွေဟာလည်း မတူခြားနားတဲ့ပုံစံပေါင်းမြောက်မြားစွာနဲ့ ရှိနေ လိမ့်မယ်လို့ ခင်ဗျား စိတ်ကူးထားတဲ့အတိုင်းပါပဲ။ ဥပမာအားဖြင့် သိုးထိန်းသုံးမျိုးကို လေ့လာကြည့်ပါ။

> ပထမဆုံးအမျိုးအစားက သိုးခြံဂိတ်တံခါးကို ဖွင့်ပြီး သူက အရင်ရှေ့ကထွက်၊ သိုးအုပ်ကို နောက်ကနေ လိုက်ခိုင်းတဲ့အမျိုး အစား။ ဒီသိုးထိန်းက ရှေ့ကနေ ဦးဆောင်တာ။

> နောက်သိုးထိန်းတစ်မျိုးက သိုးအုပ်ရဲ့ နောက်ကနေပြီး မောင်းတဲ့ ဒါမှမဟုတ် ကွပ်ကဲလမ်းညွှန်တဲ့ နည်းနဲ့ထိန်းတယ်။ အထောက် အကူပြုပေးတဲ့ ခေါင်းဆောင်နည်းခေါင်းဆောင်ဟန်ကို သရုပ် ဖော်ထားလေရဲ့။

> တတိယသိုးထိန်းအမျိုးအစားကျတော့ ရှေ့ကနေတဲ့အခါ နေ လိုက်၊ နောက်ကနေတဲ့အခါ နေလိုက်၊ သိုးအုပ်ရဲ့ အလယ်ကို ရောက်တဲ့အခါရောက်နဲ့ လှုပ်ရှားထိန်းကျောင်းတယ်။ အခြေ အနေလိုက်ပြီး တုံ့ပြန်မှုရှိတဲ့ခေါင်းဆောင်နည်းခေါင်းဆောင် ဟန်ကို သရုပ်ဖော်ထားတာပါ။

မှတ်သားဖွယ်

ပြောင်းလွယ်ပြင်လွယ်ရှိမှု (being flexible)ဟာကောင်းမွန်တဲ့ စီမံ ခန့်ခွဲမှုဖြစ်ဖို့ရာအတွက် သော့ချက်ပဲ။ ခေါင်းဆောင်တွေတည်ရှိနေဖို့ အတွက် နောက်လိုက်တွေဆိုတာ မဖြစ်မနေလိုအပ်တဲ့အပြင် အဲဒီ လိုအပ်မှုဆိုတာကလည်း အခြေအနေအရ အပြောင်းအလဲတွေ ရှိ တယ်။ မတူခြားနားတဲ့ ခေါင်းဆောင်နည်းခေါင်းဆောင်ဟန်တွေကို ဘယ်လိုအသုံးချရမယ်ဆိုတာသိရှိထားခြင်းဖြင့် မတူခြားနားတဲ့အခြေ အနေပေါင်းမြောက်မြားစွာအတွက် တန်းတူရည်တူ ထိထိရောက် ရောက် တုံ့ပြန်သမှုပြုနိုင်မှာဖြစ်ပါတယ်။

တခြားအတွေးအခေါ်အယူအဆတစ်ရပ်အရ ခေါင်းဆောင်နည်း ခေါင်းဆောင်ဟန် ၄ မျိုးရှိတယ်လို့ အသိအမှတ်ပြုထားတယ်။

> တိုက်ရိုက်ခေါင်းဆောင်ခြင်း (direct)

 > လုပ်ငန်းစဉ်ရေးဆွဲကွပ်ကဲခေါင်းဆောင်ခြင်း ၊(process-driven)

> ထိုးထွင်းတီထွင်မှုရှိရှိခေါင်းဆောင်ခြင်း(creative)

>  ပံ့ပိုးပေးတဲ့နည်းနှင့်ခေါင်းဆောင်ခြင်း ၊(facilitative)

အဲဒီခေါင်းဆောင်နည်းခေါင်းဆောင်ဟန် တစ်ခုစီဟာ ပုဂ္ဂိုလ်ရေးပင်ကို ဉာဉ်လက္ခဏာနဲ့ပတ်သက်တယ်။ တည်ငြိမ်အေးဆေးလွန်းတာနဲ့ပဲ ခင်ဗျား ဟာ ခေါင်းဆောင်တစ်ယောက်မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဒါဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေး ဆေး ပုံစံနဲ့ခေါင်းဆောင်မှုအမျိုးအစား အဖြစ် ပေါ်လွင်နေတဲ့ ပင်ကိုသဘာဝတိမ်းညွှတ်မှုတစ်ခု ခင်ဗျားမှာ ရှိနေတာ လို့ ပြောလို့ရပါတယ်။ ခင်ဗျားဟာ မိမိရဲ့ ခေါင်းဆောင်မှုအပေါ် ပိုမိုယုံကြည် ချက်ရှိလာပြီး ပိုမိုကျင့်သားရလာတာနဲ့အမျှ ပိုမိုသြဇာကြီးတဲ့၊ ပိုမိုထိုးထွင်း မှုရှိတဲ့ ဒါမှမဟုတ် ပိုမိုစနစ်တကျ စုစည်းစပ်ဟပ်နိုင်တဲ့ တခြားခေါင်းဆောင် နည်းခေါင်းဆောင်ဟန်တွေကို တစ်ဆင့်တိုး လေ့လာလို့ရသွားပြီပေါ့။ ခင်ဗျား ဆန္ဒရှိတဲ့ခေါင်းဆောင်နည်းခေါင်းဆောင်ဟန်နဲ့ အလုပ် လုပ်ကြည့်ပါ။ တစ်မူ ခွဲထွက်လို့ရသွားလောက်တဲ့ နေသားတကျခေါင်းဆောင်နိုင်စွမ်းရှိသွားချိန် အထိပေါ့။

ထိုထိုသော ခေါင်းဆောင်နည်းခေါင်းဆောင်ဟန်တွေမှာ သဟဇာတ ဖြစ်တဲ့ သူ့သီးခြားအခြေအနေတွေနဲ့ သူ ရှိကြတယ်။ ပမာအားဖြင့် စနစ် တကျစုစည်းစပ်ဟပ်နိုင်တဲ့ခေါင်းဆောင်တစ်ယောက်ဟာ ရှုပ်ထွေးတဲ့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရတာမျိုးလို လုပ်ငန်းစဉ်ပိုင်းကို အရေးထားရတဲ့အခြေအနေတစ်ရပ်အတွက် အောင်မြင်သွားအောင် ခေါင်းဆောင်နိုင်ဖွယ် ရှိတယ်။ တည်ငြိမ်အေးဆေးတဲ့ ဒါမှမဟုတ် ပံ့ပိုးပေးတဲ့နည်း နဲ့ခေါင်းဆောင်တဲ့ခေါင်းဆောင်ဟာ လုပ်ငန်းပိုင်းမှာကျွမ်းကျင်တဲ့အုပ်စု တစ်စုအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ သြဇာကြီးတဲ့ ခေါင်းကင်တွေကျတော့ တကယ်တမ်းလှုံ့ဆော်မောင်းနှင်ပေးရမယ့် လုပ်ငန်းမျိုး ဒါမှမဟုတ် အလှည့်အပြောင်းလုပ် ဖို့လိုအပ်နေတဲ့လုပ်ငန်းမျိုး တွေနဲ့ သင့်တော်တဲ့သဘော ရှိတယ်။

မတူခြားနားတဲ့လုပ်ငန်းခွင်စစ်တလင်းတွေအကြား ခင်ဗျားရဲ့ကျွမ်းကျင်မှုတွေကို နေရာရွှေ့ပြောင်းအသုံးချခြင်း

တခြားအခြေအနေတွေမှာခေါင်းဆောင်ရတာထက် ခင်ဗျားဟာ • တချို့အခြေအနေတွေမှာ ခေါင်းဆောင်ရတာကို သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားနေရတယ်ဆိုရင် စိတ်မပူဖို့ပြောပါရစေ။ ခင်ဗျားအနေနဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ အတွေအကြုံတွေ ပိုရ၊ ကျင့်သားလည်း ပိုရလာတာနဲ့အမျှ ခင်ဗျားရဲ့ ကျွမ်းကျင်မှုတွေကို ခင်ဗျားရဲ့လုပ်ငန်းခွင်ဘဝရဲ့ မတူခြားနားတဲ့ကဏ္ဍတွေမှာပါ ရွှေ့ပြောင်း အသုံးချရင် ရနိုင်တာပဲရယ်လို့ ခင်ဗျား တွေ့မြင်လာပါလိမ့်မယ်။

ဥပမာဆိုရင် ခင်ဗျားဟာ လုပ်ငန်းဆိုင်ရာမိတ်ဆက်တင်ပြတဲ့ အခမ်းအနားမျိုး၊ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်မှုအခမ်းအနားမျိုး တွေမှာ ဦးဆောင်နေသူဆိုရင် အခမ်းအနားတက်ရောက်လာတဲ့ ပရိသတ်ထဲကတစ်ယောက်ယောက်ကိုလှမ်းပြီး အကူအညီတောင်း လို့ရတယ်ဆိုကြပါစို့။ ဒါပေမယ့် မကြာမတင်အချိန်ကမှ ခင်ဗျား စတင်စီမံခန့်ခွဲနေတဲ့အသင်းအဖွဲ့အတွင်းမှာတော့ အဲဒီလိုလုပ်လို့ရမယ် မထင်ဘူး။

ပရိသတ်ထဲကတစ်ယောက်ကိုလှမ်းပြီး အကူအညီတောင်းတယ် !. ဆိုတာဟာထူးချွန်တဲ့ကျွမ်းကျင်မှု အရည်အချင်းတစ်ခုဖြစ်ပြီး အတော် ..