Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - စျေးကွက်ဖေါ်ဆောင်ရာတွင်အောင်မြင်နိုင်ရေးလမ်းညွှန်

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

အောင်အေး (ရန်ကုန်တက္ကသိုလ်)

ကူးမျှော်လင့်နေတဲ့အသံဖြစ်ပါတယ်။ လက်လီအရောင်းဆိုင်ပိုင်ရှင်ဖြစ်ဖြစ်၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်ဖြစ်၊ တေးဂီတဖျော်ဖြေပွဲဦးဆောင်ပြုလုပ်သူဖြစ်ဖြစ် လူတွေ အုံလိုက်သင်းလိုက် စီစီညံညံအသံတွေနဲ့ ဝင်လာပြီဆိုတာနဲ့ ချွင်ချွင်” အသံတွေပါ ကြားလာရတော့တာဖြစ်ပါတယ်။

ချွင်-ချွင်” ဆိုတဲ့အသံဟာ ကုန်ပစ္စည်းထုတ်လုပ်သူတစ်ယောက်ရဲ့ နားထဲမှာ ကုန်ပစ္စည်းရဲ့ အစိတ်အပိုင်းတစ်ခုထွက်လာတိုင်း ကြားယောင်နေ တဲ့အသံပါ။ ချွင်ချွင်” ဆိုတဲ့အသံဟာ ကုန်ပစ္စည်းဖြန့်ဖြူးသူတစ်ဦးက သူ့ဂိုဒေါင်ထဲကစင်တစ်စင်ပေါ် ကုန်သေတ္တာတစ်လုံးတင်လိုက်တိုင်း ကြားယောင်နေတဲ့အသံပါ။ ချွင်-ချွင်” ဆိုတဲ့အသံဟာ မော်တော်ကားရေဆေး ဆီထိုးလုပ်ငန်းပိုင်ရှင်တစ်ဦးအဖို့ ဆီးနှင်းတွေ ထူထူထပ်ထပ်ကျနေတဲ့အချိန်၊ လေထဲမှာ ပန်းဝတ်မှုန်တွေ လွင့်မျောနေတဲ့အချိန်၊ အင်းဆက်ပိုးကောင်တွေ အများအပြား ပျံဝဲနေတဲ့အချိန်၊ ငှက်တွေက ငှက်ချေးတွေ ပါချနေတဲ့အချိန် တွေမှာ ကြားယောင်နေတဲ့အသံပါ။

ဈေးကွက်ဖော်ဆောင်သူတစ်ယောက်ရဲ့ အလုပ်က ငွေပေါ်အောင်လုပ် ဖို့၊ ငွေစာရင်းမှတ်ပုံတင်စက်ကနေ ချွင်-ချွင်” ဆိုတဲ့ ခေါင်းလောင်းသံ မြည်လာအောင်လုပ်ဖို့ ဖြစ်ပါတယ်။ လူအတော်များများဟာ ချွင်-ချင်” ဆိုတဲ့ဈေးကွက်ဖော်ဆောင်ရေးသီချင်းစာသားတွေကို ရကြပါတယ်။ ဒါပေ မယ့် သံစဉ်ကို မရကြပါဘူး။

လူအတော်များများပဲ အမြဲတစေ တီထွင်နေဖို့လိုအပ်တယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ဘာအသစ်အဆန်းကိုမှ မလုပ်နိုင်ကြပါဘူး။ လူအတော်များများပဲ ကုန်ပစ္စည်းတွေ ရောင်းထွက်နိုင်ဖို့အတွက် ကြော်ငြာ ခြင်းက အထောက်အကူပြုတယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် သူတို့ ဟာ အလုပ်မဖြစ်တဲ့၊ လူကြားထဲ ပေါက်” သွားတဲ့၊ ရောင်းအားတက်သွား စေတဲ့ကြော်ငြာမျိုးတွေနဲ့ မကြော်ငြာနိုင်ကြပါဘူး။ ကုန်ပစ္စည်းရောင်းချမှု တိုင်းအတွက် အရောင်းဝန်ထမ်းတွေနဲ့အတူ စီမံကိန်းချပြီးရောင်းချရမယ်ဆို တာ လူအတော်များများပဲ သိထားကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ ရဲ့ အရောင်းဝန်ထမ်းတွေကို သင်တန်းပေးရမယ်ဆိုတဲ့အချက်ကို မသိကြ ပါဘူး။ အဲဒီလိုလူတွေဟာ ဈေးကွက်ဖော်ဆောင်ရေးသီချင်းစာသားကိုသာရပြီး သံစဉ်မရတဲ့လူတွေဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့ဈေးကွက်ဖော်ဆောင်သူတွေကတော့ စာ သားလည်းသိ၊ သံစဉ်လည်းသိလို့ သီချင်းအဖြစ်သီဆိုနိုင်ကြပြီး ကလည်း ကခုန်နိုင်ကြသူတွေဖြစ်ပါတယ်။

အောက်ဖော်ပြပါ သီချင်းလေးမျိုးကို သီဆိုနိုင်ကြသူတွေဖြစ်ပါတယ်။

“ချွင်-ချွင် အသံမကြားရတဲ့ကုန်ပစ္စည်း ကုန်ပစ္စည်းလို့ ခေါ်လို့ ရမလား တူးပို့ တူးပို့ တူးပို့ ကုန်ပစ္စည်းလို့ ခေါ်လို့ ရမလား ချွင်-ချွင် အသံမကြားရတဲ့ကုန်ပစ္စည်း များ တူးပို့ တူးပို့ တူးပို့ ...”

အခန်း (၂)

ဈေးကွက်ဖော်ဆောင်ခြင်းရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို

နက်နက်ရှိုင်းရှိုင်း နားလည်ယူပါ

ဈေးကွက်ဖော်ဆောင်ခြင်းရဲ့ အဓိပ္ပာယ်ကို အရှည်ဖွင့်ဆိုရမယ်ဆိုရင် ဖောက်သည်ကောင်းဖြစ်မယ့် (အိုကေဖြစ်မယ့်) ဝယ်ယူသုံးစွဲသူတွေကို အကျိုးအမြတ်အပေါ်ကနေစိစစ်ရွေးချယ်ခြင်း၊ ဆွဲဆောင်ခြင်း၊ သိမ်းသွင်း ခြင်းနဲ့ ရေရှည်ဖြစ်အောင် ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။ အတိုချုပ်ဖွင့် ဆိုမယ်ဆိုရင် ဖောက်သည်ကောင်းဖြစ်မယ့်ဝယ်ယူသုံးစွဲသူတွေကို အကျိုး အမြတ်အပေါ်ကနေ သိမ်းသွင်းခြင်းနဲ့ ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။

စိစစ်ရွေးချယ်ခြင်း၊ ဆွဲဆောင်ခြင်း၊ သိမ်းသွင်းခြင်း ဆိုတဲ့အချက် တွေဟာ ရောင်းချခြင်းမတိုင်မီဆောင်ရွက်ရမယ့်ကဏ္ဍတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် ဈေးကွက်သုတေသနလုပ်တာဟာ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ဖြစ်ပါတယ်။ ကြော်ငြာခြင်း၊ ထုပ်ပိုးခြင်း၊ သန့်ရှင်းသပ် ရပ်တဲ့စတိုးဆိုင်များမှာတင်ပေးထားခြင်းတို့ဟာ ဆွဲဆောင်ခြင်းဆိုင်ရာလှုပ် ရှားမှုတွေဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ရောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဈေး သတ်မှတ်ခြင်း၊ ကုန်ထုတ်အရည်အသွေးမီခြင်း၊ အရောင်းစာရေးတွေကိုပြုံးခိုင်းထားခြင်း အစရှိတာတွေဟာ သိမ်းသွင်းခြင်းဆိုင်ရာလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ရောင်းချပြီးနောက်မှ ဆောင်ရွက်ရတဲ့ ကုန်ပစ္စည်းပို့ဆောင်ပေး ခြင်း၊ ပြေစာဖွင့်ခြင်း၊ ပြေစာစုဆောင်းခြင်း၊ ဝယ်ယူသုံးစွဲသူဝန်ဆောင်မှုလုပ် ငန်းများဆောင်ရွက်ခြင်း၊ ပြင်ဆင်မှုအာမခံပေးခြင်း၊ ကျေးဇူးတင်ကြောင်း မှတ်ချက်ပေးခြင်းအစရှိတဲ့လှုပ်ရှားမှုတွေဟာ ထိန်းသိမ်းခြင်းဆိုင်ရာလှုပ်ရှား မှုတွေဖြစ်ပါတယ်။

ဘယ်အဖွဲ့အစည်းမှာမဆို၊ ဘယ်ကုမ္ပဏီမှာမဆို ရေရှည်တည်တံ့နိုင် အောင် ဆောင်ရွက်ထားရမယ့်အချက်နှစ်ချက်ဟာ ဝယ်ယူသုံးစွဲသူတွေကို သိမ်းသွင်းခြင်းနဲ့ ထိန်းသိမ်းခြင်းတို့ဖြစ်ပါတယ်။ တချို့ အချိန်တွေမှာ ဝယ် ယူသုံးစွဲသူဆိုတာ အသင်းဝင်တွေ၊ လူနာတွေ၊ ကျောင်းသားတွေ၊ ဘာသာ ရေးအသင်းအဖွဲ့ဝင်တွေ ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီတစ်ခုအတွင်းက အလုပ် တစ်ခုချင်းစီဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ဝယ်ယူသုံးစွဲသူ တွေကို သိမ်းသွင်းခြင်းနဲ့ ထိန်းသိမ်းခြင်းအချက်နှစ်ချက်ကို အထောက်အကူ ဖြစ်စေရပါမယ်။ အဲဒီလိုအထောက်အကူပြုရေးမှာ ဧည့်ကြိုတွေ၊ အကြွေး စာရင်းစစ်ဆေးသူတွေ၊ အကြွေကောက်သူတွေ၊ ကုန်တင်ကုန်ချအလုပ် သမားတွေ၊ တယ်လီဖုန်းလက်ခံဖြေကြားသူတွေ၊ ကုန်ထုတ်လုပ်သူတွေ၊ ဥက္ကဋ္ဌတွေ အစရှိတဲ့အဆင့်အသီးသီးလူပုဂ္ဂိုလ်အားလုံးမှာ တာဝန်ရှိပါတယ်။ ဝန်ထမ်းတိုင်းရဲ့ အလုပ်ကဏ္ဍတိုင်းဟာ ဈေးကွက်ဖော်ဆောင်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်မှုရှိတာချည်းပါပဲ။

ဈေးကွက်ဖော်ဆောင်ခြင်းဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အချက်အချာ ဖြစ်ပါတယ်။ ဈေးကွက်ဖော်ဆောင်ခြင်းဟာ အရောင်းအင်အားစုတွေ၊ကြော်ငြာခြင်း၊ ရောင်းဈေးသတ်မှတ်ခြင်း၊ ထုပ်ပိုးခြင်း၊ မြှင့်တင်ခြင်း၊ ကုန် သွယ်ရေးပြပွဲတွေမှာ ပါဝင်ပြသခြင်းဆိုတဲ့ကဏ္ဍတွေထက် သာလွန်မှုရှိပါ တယ်။ ဈေးကွက်ဖော်ဆောင်ခြင်းဟာ ဝယ်ယူသုံးစွဲသူတွေရဲ့ အလိုဆန္ဒတွေ အလိုက် ကုန်ပစ္စည်းကိုဖြည့်ဆည်းတီထွင်ဖို့အတွက် တာဝန်ရှိပါတယ်။ အရည်အသွေးထိန်းသိမ်းခြင်းအတွက်လည်း တာဝန်ရှိသလို ငွေစာရင်းဖွင့် ပေးခြင်း၊ ငွေစာရင်းဆိုင်ရာတီထွင်ဖန်တီးမှုများပြုလုပ်ခြင်း၊ ငွေကြေးလိုက် လံကောက်ခံပေးခြင်းအစရှိတဲ့ကိစ္စတွေအတွက်လည်း တာဝန်ရှိပါတယ်။

ဒါကြောင့် ကုမ္ပဏီရဲ့ ဌာနအသီးသီး၊ အစိတ်အပိုင်းအသီးသီးဟာ ခိုင် မာတဲ့ ‘ဝယ်ယူသုံးစွဲသူ ပထမဦးစားပေး” ဆိုတဲ့ဈေးကွက်ဖော်ဆောင်ရေး သဘောထားနဲ့ လူတွေကို ဦးတည်ဆက်ဆံရမှာဖြစ်ပါတယ်။ ဖြစ်တတ်တာ က ကုန်ပစ္စည်းထုတ်လုပ်ရေးမန်နေဂျာက ဝယ်ယူသုံးစွဲသူနဲ့ တစ်ခါမှ မျက်နှာ ချင်းမဆိုင်ဖူးလေတော့ ဝယ်ယူသုံးစွဲသူကို မသိကျိုးကျွန်ပြုထားတတ် ပါတယ်။ သုတေသနနဲ့ဖွံ့ဖြိုးရေး (R&D) သိပ္ပံပညာရှင်ကလည်း ဝယ်ယူ သုံးစွဲသူနဲ့ တစ်ခါမှမတွေ့ဖူးလို့ လျစ်လျူရှုထားတတ်ပါတယ်။ အကြွေးရောင်းမန်နေဂျာကလည်း အကြွေးရောင်းထားတဲ့ငွေတွေ ပြန်လည်ကောက်ခံ ရရှိရေးအတွက် စစ်ပွဲတစ်ပွဲတိုက်ရသလို လုံးပန်းနေရပြီး ဝယ်ယူသုံးစွဲသူ ထိန်းသိမ်းရေးတာဝန်မရှိလေတော့ ဈေးကွက်ဖော်ဆောင်ရေးကို ဆန့်ကျင် သလိုဖြစ်တဲ့လုပ်ဟန်တွေကို ပြုမူဆောင်ရွက်တတ်ပါတယ်။ ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်သူကလည်း သူ့အချိန်ရဲ့ ၄ဝ-၆ဝ ရာခိုင်နှုန်းလောက်ကို ဝယ်ယူသုံးစွဲ သူတွေနဲ့ ထိတွေ့ခြင်း၊ ဝယ်ယူသုံးစွဲသူတွေအကြောင်း ပြောဆိုခြင်း၊ ဖတ် ရှုခြင်း၊ ရေးသားခြင်းတွေ မလုပ်ဘူးဆိုရင် ဒီကုမ္ပဏီဟာ ညဘက်ကြီး မီး မထွန်းဘဲ သင်္ဘောမောင်းနေတာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အလုပ်တိုင်းဟာ ဒီနေ့မနက်ဖြန်အတွက်ပါ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ဖောက်သည်ကောင်းဖြစ်တဲ့ဝယ်ယူသုံးစွဲသူတွေ ကို သိမ်းသွင်းရေးနဲ့ ထိန်းသိမ်းထားရေးအတွက် ရပ်တည်ပေးဖို့လိုပါတယ်။ ကုမ္ပဏီဝန်ထမ်းတိုင်းဟာ မိမိရဲ့ အလုပ်တာဝန်ကနေ ဝယ်ယူသုံးစွဲသူတွေကို ဘယ်လိုသိမ်းသွင်းပြီး ဘယ်လိုထိန်းသိမ်းထားနိုင်အောင် ပံ့ပိုးနိုင်တယ်ဆိုတာ သိထားရမယ်။ ကုမ္ပဏီဝန်ထမ်းတိုင်းဟာ ဝယ်ယူသုံးစွဲသူတွေကို သိမ်းသွင်း ဖို့နဲ့ ထိန်းသိမ်းထားနိုင်ဖို့အတွက် နေ့စဉ်နေ့တိုင်း တစ်နေ့တာအလုပ်ချိန် အတွင်း တစ်ခုခုတော့ လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဝယ်ယူသုံးစွဲသူတွေကို သိမ်းသွင်းမှုမရှိ ထိန်းသိမ်းထားနိုင်မှုမရှိတဲ့အလုပ်အကိုင်မျိုးတွေဟာ ယာ ယီသာဖြစ်တည်နိုင်ပါတယ်။ အဲဒီလိုအလုပ်အကိုင်မျိုးတွေဟာ မလိုလား အပ်ပါဘူး။ မဟုတ်ရင် အဲဒီလိုအလုပ်အကိုင်မျိုးတွေရဲ့ အဲဒီအားနည်းချက် ကို ဖြည့်ဆည်းပေးရပါမယ်။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို သင်တန်း တွေ ပေးရပါမယ်။ သူတို့ရဲ့ အလုပ်အကိုင်တွေကို ဝယ်ယူသုံးစွဲသူသိမ်းသွင်းရေး၊ ထိန်းသိမ်းထားနိုင်ရေးဆိုတဲ့အချက်နဲ့ ဘယ်လိုချိတ်ဆက်ရမယ်ဆိုတာ လေ့ကျင့်ပေးရပါမယ်။

ဈေးကွက်ဖော်ဆောင်ရေးအလုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရတာ ရိုးရှင်း လွယ်ကူပါတယ်။ လက်တွေ့ လုပ်တဲ့အခါမှာတော့ ချွေးပြန်လောက်အောင် ခက်ခဲပါတယ်။