အောင်အေး(ရန်ကုန်တက္ကသိုလ်) - ချမ်းသာအောင်တွေးချမ်းသာအောင်လုပ်
အခန်း(၁)
“အတွေး” ရဲ့ တန်ခိုးစွမ်းအား
(The Power of Thought)
“သောမက်စ် အေ အက်ဒီဆင်” (Thomas A. Edison) • လုပ်ဖော်ကိုင်ဖက်ဖြစ်ချင်သူ လူတစ်ယောက်ရဲ့ အတွေး
“အတွေး” တွေဟာ “အရာဝတ္ထု” တွေ ဖြစ်တယ်ဆိုတာ အမှန်တရား ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာဆိုရိုးစကားအရ “thoughts are things' ဖြစ်ပါတယ်။ ဆိုလိုတာက လူသားတွေမှာ “စိတ်” ဆိုတာရှိပြီး အဲဒီ “စိတ်”မှာ အတွေးတွေဖြစ်ပေါ်တယ်။ အဲဒီအတွေးတွေဟာ စိတ်ထဲမှာ တင် “သဲထဲ ရေသွန်သလို” ပျောက်သွားတာမျိုးမဟုတ်ဘဲ ရုပ်ဝတ္ထုနယ် ပယ်မှာ “အရာဝတ္ထုတွေအဖြစ် ပေါ်ထွန်းလာနိုင်တယ်၊ “လက်တွေ့” ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် “အတွေးတွေဟာ အရာဝတ္ထုတွေပါ” လို့ တိုက်ရိုက်ပြောလိုက်တာပါ။ အဲဒီလို “စိတ်” မှာဖြစ်ပေါ်တဲ့အတွေးကို ရည်ရွယ်ချက်ထားရှိမှု (purpose)၊ မဆုတ် မနစ် ကြိုးပမ်းမှု (persistence) နဲ့ မီးတောက်မီးလျှံလို တောက်လောင် နေတဲ့ဆန္ဒ (burning desire) တွေနဲ့ ပေါင်းစပ်ပေးလိုက်နိုင်တယ်ဆိုရင် တန်ခိုးစွမ်းအားတစ်ရပ် ဖြစ်ပေါ်လာပြီး ချမ်းသာချင်တဲ့အတွေး ဆိုရင် အတွေးထဲကအတိုင်း ချမ်းသာအောင်၊ တခြားရုပ်ဝတ္ထုပစ္စည်း တွေကို ပိုင်ဆိုင်ချင်တဲ့အတွေးဆိုရင် အတွေးထဲကအတိုင်း ပိုင်ဆိုင်နိုင် လာအောင် ဖန်ဆင်းပေးနိုင်တယ်ဆိုတဲ့ သဘောတရားပါ။
“အက်ဒ်ဝင်း စီ ဘားနက်စ်” (Edwin C. Barnes) ဆိုသူဟာ “ချမ်းသာအောင်တွေးပြီး ချမ်းသာအောင်လုပ်” နိုင်တယ်ဆိုတဲ့အမှန် တရားကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုဟာ တစ်ထိုင် တည်းနဲ့ တွေ့ရှိခဲ့တာမဟုတ်ပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်း ခဲ့ရတာပါ။ အစပြုခဲ့တာကတော့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ “သောမက်စ် အက်ဒီဆင်” (Thomas Edison) နဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်တဲ့ မီးတောက်မီးလျှံလိုတောက်လောင်နေတဲ့ဆန္ဒ ရှိနေခြင်းပါပဲ။
“ဘားနက်စ်” ရဲ့ဆန္ဒမှာ အဓိကကျတဲ့သွင်ပြင်လက္ခဏာက သတ်သတ်မှတ်မှတ် တိတိကျကျရှိခြင်း ဖြစ်ပါတယ်။ သူဟာ အက်ဒီ ဆင်” နဲ့ အတူ အလုပ်လုပ်ချင်တယ်။ ဒီတစ်ခုပဲ ရှိတယ်။ သူ့အတွက် ဘာလိုချင်တယ်၊ ညာလိုချင်တယ်ဆိုတာ မရှိဘူး။ သူ့ရဲ့ ဆန္ဒကို လက်တွေ့ဖြစ်အောင် သူ ဘယ်လိုဖန်တီးသွားသလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင် ချမ်းသာကြွယ်ဝရေးအတွက် လမ်းညွှန်ချက် ၁၃ ချက်ကို ကောင်းကောင်း နားလည်သွားပါလိမ့် မယ်။
အဲဒီ “ဆန္ဒ” ဒါမှမဟုတ် “အတွေးရဲ့ စေ့ဆော်မှု” ဟာ သူ့စိတ် ထဲမှာ ပထမဆုံး လင်းလက်ပေါ်ထွန်းလာခဲ့စဉ်က သူ့မှာ အဲဒီဆန္ဒကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ မရှိခဲ့ပါဘူး။ သူ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ အခက်အခဲနှစ်ခု ရှိနေခဲ့တယ်။ ပထမအခက် အခဲက သူနဲ့ မစ္စတာ အက်ဒီဆင်တို့ဟာ သိမှမသိကြတာ။ ဒုတိယအခက်အခဲက မစ္စတာ အက်ဒီဆင် နေထိုင်ရာ နယူးဂျာဆေးပြည်နယ်၊အာရိန်းဂျုံမြို့ကိုသွားဖို့ ရထားခ”မရှိတာဘဲ။ အဲဒီအခက်အခဲနှစ်ခုဟာ တခြားလူတွေသာဆိုရင် ပေါ်လာတဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးမှမလုပ်တော့ဘဲ လက်လျှော့လိုက်တော့မယ့် အခက်အခဲတွေဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကျတော့ တခြားလူတွေနဲ့ မတူတော့ဘူး။ သူ့ဆန္ဒက သာမန်ဆန္ဒမျိုးမှ မဟုတ်တာကိုး။ ဒါ့ကြောင့် သူ့ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် မစ္စတာ အက်ဒီဆင်ရှိရာအောရိန်းဂျ်မြို့ကို လူစီးရထားနဲ့မသွားဘဲ ကုန်ရထားနဲ့ လိုက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ (ကုန်ရထားနဲ့ စီးနင်းလိုက်ပါခွင့် ရဖို့ ကုန်ရထားမောင်းသူကို ပေးရမယ့် လက်ဖက်ရည်ဖိုးလောက်ကတော့ သူ တတ်နိုင်တယ်လေ။) တကယ်တော့ ကုန်ရထားတွဲထဲမှာ လိုက်ပါရတာ အလွန်မွန်းကျပ်ပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ဘာမှ မမြင်ရလို့ “မျက်မမြင်ရထားတွဲ” လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ ဒါပေမယ့် သူ့ရဲ့ မီးတောက်မီးလျှံလို တောက်လောင်နေတဲ့ဆန္ဒက သူ့ကို အဲဒီလို အပင်ပန်းခံဖို့၊ အဲဒီလို ကုန်ရထားတွဲနဲ့ စီးနင်းလိုက်ပါဖို့ တိုက်တွန်းနိုင်ခဲ့တယ်။
ဒီလိုနဲ့ သူဟာ မစ္စတာ အက်ဒီဆင်ရဲ့ ဓာတ်ခွဲခန်းကို အရောက် သွားနိုင်ခဲ့တဲ့အပြင် အဲဒီလို ကမ္ဘာကျော်တီထွင်သူကြီးနဲ့အတူ အလုပ် လုပ်ချင်လို့ ရောက်လာခဲ့တာပါလို့ သတင်းပို့နိုင်ခဲ့တယ်။ သူနဲ့ မစ္စတာ အက်ဒီဆင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပုံအကြောင်းကို နှစ်အနည်းငယ် ကြာတဲ့အခါ မစ္စတာ အက်ဒီဆင်က ထုတ်ဖော်ပြောကြားခဲ့တယ်။ သူ့ပြောကြားချက်ကို လေ့လာကြည့်ကြပါစို့။
“သူ ကျွန်တော့်ရှေ့မှာ ရပ်နေတယ်၊ ပုံပန်းသဏ္ဌာန်အရတော့ ခြေသလုံးအိမ်တိုင် လူလေလူလွင့်တစ်ယောက်ပုံမျိုး ပါပဲ၊ ဒါပေမယ့် သူ့မျက်နှာပေါ်မှာက တစ်စုံတစ်ခုသော ထင်ဟပ်ချက်ကို ဖော်ပြနေ တယ်၊ အဲဒီထင်ဟပ်ချက်ဟာ သူ ဒီကို ဆုံးဖြတ်ချက်ရှိရှိ ရောက်လာတာ ဖြစ်တယ်လို့ပြောပြနေသလိုပဲ၊ ကျွန်တော်ဟာ လူအမြောက်အမြား နဲ့ နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ရတဲ့အတွေ့အကြုံ ရှိနေလေတော့ မျက်နှာတွေကို အကဲခတ်တတ်နေပြီ၊ ဒါကြောင့် သူ့ကို ကျွန်တော် သူ တောင်းဆိုတဲ့အခွင့်အရေးပေးလိုက်တာပဲ၊ ဒါ့အပြင် သူဟာ တစ်ခုခု လုပ်မယ်ဆိုရင် မအောင်မြင်မချင်း ဇွဲနဲ့ လုပ်သွားမယ့်လူလို့လည်း အကဲခတ်မိတယ်၊ နောက်ပိုင်းမှာ သူ့လုပ်ရပ်တွေကို စောင့်ကြည့်တဲ့ အခါ ကျွန်တော်အကဲခတ်တာ မမှားဘူးဆိုတာ တွေ့ရတယ်”
အက်ဒီဆင်ကတောင် အဲဒီလို ပြောယူရတယ်ဆိုတော့ ဘာ နက်စ်ရဲ့ မျက်နှာပေါ်မှာ ပေါ်လွင်တဲ့ဆန္ဒဟာ ဘယ်လောက်တောင် မီးတောက်မီးလျှံလိုတောက်လောင်နေသလဲဆိုတာ ပြောဖို့တောင် လို မယ်မထင်ပါဘူး။
ဒါပေမယ့် စခါစမှာ ဘားနက်စ်ဟာ အက်ဒီဆင်ရဲ့ လုပ်ဖော် ကိုင်ဖက်အဆင့်ကို မရရှိခဲ့ပါဘူး။ အက်ဒီဆင်ရဲ့ ရုံးခန်းမှာ မဖြစ် စလောက် လစာလေးနဲ့ ရုံးအကူတာဝန်ပေးအပ်ခြင်း ခံခဲ့ရတာပါ။ အဲဒီတာဝန်ဟာ အက်ဒီဆင်အတွက် အရေးမကြီးပေမယ့် ဘားနက်စ် အတွက်ကျတော့ အရေးအပါဆုံးလုပ်ငန်းတာဝန် ဖြစ်ခဲ့တယ်။ ဒီ လုပ်ငန်းတာဝန်ကို အခြေခံပြီး သူ မျှော်မှန်းထားတဲ့ အက်ဒီဆင်ရဲ့ “လုပ်ဖော်ကိုင်ဖက်” အဆင့်နေရာကို တက်လှမ်းနိုင်မှာလေ။
လပေါင်းများစွာ ကုန်လွန်သွားခဲ့တဲ့တိုင်အောင် ဘားနက်စ်ရဲ့ အဓိကရည်မှန်းချက်ကို ရောက်နိုင်တဲ့အခွင့်အလမ်းတွေ ပေါ်မလာခဲ့ပါ ဘူး။ ဒါပေမယ့် ဘားနက်စ်ရဲ့ စိတ်ထဲမှာ အလွန်တရာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ပေါ်ထွန်းခဲ့တယ်။ အဲဒါကတော့ သူ ရည်မှန်းထားတဲ့ အက်ဒီဆင်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ရေးဆိုတဲ့ ရည်မှန်းချက်” ကို ရရှိတဲ့အထိ အနစ်နာခံစောင့်ဆိုင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။
စိတ္တဗေဒပညာရှင်တွေ ပြောထားတဲ့စကားတစ်ခွန်း ရှိတယ်။ “လူတစ်ယောက်ဟာ တစ်စုံတစ်ရာကို လက်ခံဖို့အသင့်ဖြစ်နေပြီဆိုရင် အဲဒီတစ်စုံတစ်ရာကို လက်ခံနိုင်တဲ့အသွင်အပြင် ပေါ်ပေါက်လာတယ်” တဲ့။ ဘားနက်စ်ဟာ အက်ဒီဆင်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ခွင့်ကို ရရှိမှာဖြစ်လို့ သူ အဲဒီလို ရဲရဲရင့်ရင့် ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ပြော ရပါလိမ့်မယ်။ တကယ်တော့ သူ့ရဲ့ မီးတောက်မီးလျှံလိုတောက်လောင် နေတဲ့ဆန္ဒဟာ ဘယ်လိုနည်းနဲ့မှ အရှိန်အဟုန် လျော့ကျသွားခြင်း မရှိတာပါပဲ။
တကယ်လို့သာ ဘားနက်စ်နေရာမှာ တခြားလူတွေသာဆိုရင် ဒီလို တွေးကောင်းတွေးနိုင်ပါတယ်။ “ငါဟာ အက်ဒီဆင်နဲ့ လက် တွဲချင်လို့ လာခဲ့တယ်၊ အခုကျတော့ မဖြစ်စလောက် လစာလေးနဲ့ ရုံးအကူတာဝန်ပဲ ပေးထားတာခံရတယ်၊ ဒီထက်ပိုကောင်းတဲ့ လစာ ရတဲ့နေရာကို ရှာရမယ်၊ တွေ့တာနဲ့ ဒီအလုပ်ကနေ ထွက်လိုက်တော့ မယ်” ဆိုတာမျိုးပေါ့။
သူ အဲဒီလို မတွေးခဲ့ပါဘူး။ သူဟာ အမှန်အတိုင်းပဲ တွေးနိုင် ခဲ့တယ်။ “တကယ်က ငါ့အဆင့်နဲ့ မစ္စတာ အက်ဒီဆင်ရဲ့ အဆင့် နေရာဟာ မိုးနဲ့မြေလို ကွာတာပဲ၊ သူက ငါ့ကို ရုံးအကူ တာဝန်ပေးထား တာကိုတောင် ကျေးဇူးတင်ရမှာ၊ သူက ငါ့ကို လုံးဝလက်မခံဘဲ ငြင်းဆန်လိုက်ရင် ကုန်ရထားနဲ့လိုက်လာခဲ့တဲ့ ငါဟာ အပြန်စရိတ်တောင် မရှိတော့တာမို့ သောင်ပြင်လွှတ်တဲ့ခွေး” လို ဖြစ်တော့မှာ၊ ဒီတော့ ဒီလိုရတဲ့အခွင့်အရေးနဲ့ ကုပ်ကပ်နေပြီး အခွင့်အခါကောင်းကို စောင့်ဆိုင်းမှဖြစ်မယ်” လို့ တွေးနိုင်ခဲ့တယ်။