Skip to product information
1 of 17

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - ကုမ္ပဏီလောကအတွင်းကထိပ်တန်းအဆင့်နေရာကိုဘယ်လိုသွားမလဲ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
Type

[၁] ထိပ်တန်းအဆင့်စွမ်းဆောင်ရှင်ဖြစ်ရေးကို ရွေးချယ်ခြင်း

ကျွန်တော်တို့ဟာ ရွေးချယ်စရာတစ်ခုကို လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်၊ အဲဒီနောက်မှာတော့ ရွေးချယ်ခဲ့တဲ့အရာက | ရွေးချယ်မှုကို ထိန်းချုပ်သွားတော့တာပါ။

မေရီ ခရောင်လီ (Mary Crowley)

ကျွန်တော်တို့ရဲ့ ဘဝဆိုင်ရာအောင်မြင်မှုကို ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေက အဆုံးအဖြတ်ပေးပါတယ်။ မိမိအနေနဲ့ ရွေးချယ်မှုတစ်ခုခုကို လုပ်ကို လုပ်ရ ပါလိမ့်မယ်။ အဲဒီရွေးချယ်မှုကနေ မိမိကိုယ်တိုင်နဲ့တခြားသူတွေကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာလေ့လာသွားစေမှာဖြစ်ပြီး အောင်မြင်မှုကို အဆုံးအဖြတ် ပေးသွားမှာပါ။ ပြတ်သားတဲ့ရွေးချယ်မှုတွေကို ထိထိရောက်ရောက် လုပ်နိုင် ဖို့အတွက် မိမိဟာ တန်ပြန်တုံ့ပြန်မှု” (reacting) နဲ့ ‘အကျိုးပြု တုံ့ပြန်မှု” (responding) တို့အကြားက ခြားနားချက်ကို သိရှိနားလည်ထားရမှာပါ။

၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျွန်တော်ဟာ မစ်ဆိုရီ ပြည်နယ်၊ ကန်းဆက်စ်မြို့တော်မှာ ရောက်ရှိနေပါတယ်။ အဲဒီရက်သတ္တပတ် တွေထဲက ရက်သတ္တပတ်တစ်ခုမှာပေါ့။ ကျွန်တော်ဟာ ကိုယ့်အိုးကိုယ့်အိမ် နဲ့အလှမ်းဝေးနေလေတော့ နေထိုင်စားသောက်မှုက အဆင်မပြေလှပါဘူး။ ဒဏ်ပေးခံထားရတာမဟုတ်ပေမဲ့ ဒဏ်ပေးခံထားရတယ်လို့တောင် ခံစားနေမိပါရဲ့။ မတူခြားနားတဲ့နေရာဒေသတစ်ခုကို ရောက်နေတာကိုး။ အဲဒီ မနက်က ကျွန်တော်ဟာ လေးနာရီတိတိကြာမယ့် အသံသွင်းမှုတစ်ခုလုပ် ဖို့ရှိနေပါတယ်။ အသံသွင်းတဲ့အခါ ကျွန်တော့်ရဲ့ အသံကို ကျယ်ကျယ်ပြောဖို့ လိုအပ်သလို စကားပြောအဖြတ်အတောက်တွေမှာ စည်းချက်ဝါးချက်ကိုက်၊ နရီကိုက် မြှင့်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒီအချက်ကို ကျွန်တော်က အပြည့်အဝ သတိထားဆောင်ရွက်ရမှာပါ။ ဒါမှသာ ဒီအသံသွင်းမှုကို နား ထောင်တဲ့လူတွေဟာ စိတ်ပါလက်ပါ စီးမျောနားထောင်သွားမှာဖြစ်ပြီး ကျွန် တော်ပြောချင်တဲ့အကြောင်းအရာကိုလည်း မှတ်မိသွားမှာဖြစ်ပါတယ်။

အဲဒီမနက်က ကျွန်တော့်ရဲ့ လေးနာရီကြာ အသံသွင်းမှုဟာ အရှိန် ကောင်းကောင်းနဲ့ ပြီးဆုံးသွားပါတယ်။ ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး။ (ကျွန်တော်ဟာ တစ်မိနစ်ကို စကားလုံး ၂၈ဝ လောက် ပြောနိုင်ပါတယ်။ စိတ်ပါလက်ပါနဲ့ အရှိန်တက်နေတဲ့အချိန်ဆိုရင် တစ်မိနစ်မှာ စကားလုံး ၄၅ဝ လောက် ဖြစ်သွားတတ်ပါတယ်။) ကျွန်တော်အသံသွင်းတာ နေ့လယ် ၁ နာရီတိတိမှာ ပြီးဆုံးသွားပါတယ်။ ကျွန်တော်တို့က “ဒဲလက်စ်” မြို့ကို သွားမှာဖြစ်ပြီး လေယာဉ်ထွက်မယ့်အချိန်က ညနေ ၃ နာရီမှာဆိုတော့ အလောသုံးဆယ် ဖြစ်နေပါတယ်။ လေယာဉ်ကွင်းကလည်း လေယာဉ်ထွက် မယ့်အချိန်ထက် ၁ နာရီစောပြီး အရောက်လာခဲ့ပါလို့မှာထားပါတယ်။ ဒါ ကလည်း ကျွန်တော်တို့နဲ့အတူ သယ်သွားမယ့် အသံသွင်းစက်ကို လေယာဉ် ပေါ်တင်ဖို့ အချိန်ယူရမှာမို့ပါ။ ကျွန်တော်တို့ရဲ့ အသံသွင်းစက်က လေးလည်း လေးပြီး ထုထည်လည်း ကြီးပါတယ်။ ကျွန်တော်တို့တည်းခိုတဲ့မြို့လယ် ကောင်နေရာကနေ လေယာဉ်ကွင်းကို ကားမောင်းမယ်ဆိုရင် မိနစ် ၃၀ ကြာခရီးဖြစ်ပါတယ်။ ကျွန်တော်တို့ကော်ပိုရေးရှင်းရဲ့ အသံသွင်းနဲ့ အခွေကူး လုပ်ငန်းလုပ်တဲ့ At the Top ကုမ္ပဏီက အထွေထွေမန်နေဂျာဖြစ်သူ ကျွန်တော့်သမက် ‘ချက်ဒ် ဝစ်တ်မေယာ” (Chad Widmeyer) ဟာ လေ ယာဉ်ကွင်းကို အမြန်ရောက်ရှိရေးအတွက် ကားမောင်းပြီးပို့ပေးပါတယ်။

ကျွန်တော်တို့ဟာ လေယာဉ်ကွင်းကို ၂ နာရီတိတိမှာ ရောက်သွား ပါတယ်။ အဲဒီမှာ လေယာဉ်ကွင်းထဲဝင်ဖို့တန်းစီနေတဲ့လူတန်းရှည်ကြီး နှစ် တန်းဖြစ်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့က အဲဒီနှစ်တန်းထဲက အတိုဆုံးအတန်းမှာ ဝင်ပြီး တန်းစီလိုက်ကြပါတယ်။ တန်းစီနေရင်း ကျွန်တော် သတိထားမိသွားတာက ကောင်တာနောက်မှာ လေယာဉ်လက်မှတ် ကိုယ်စား လှယ်တစ်ဦးက ဆိုင်းဘုတ်တစ်ခုဆီ လမ်းလျှောက်သွားနေတာပဲ။ အဲဒီ ဆိုင်းဘုတ်က “ပိတ်ပြီ” လို့ ရေးထားတဲ့ဆိုင်းဘုတ်ပါ။ အဲဒီဆိုင်းဘုတ်ကို လှန်လိုက်ရင် “ဖွင့်ပြီ” ဆိုတဲ့စာလုံးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ လေယာဉ် လက်မှတ်ကိုယ်စားလှယ်က ဆိုင်းဘုတ်ကို လှန်ပြီး လေယာဉ်ကွင်းထဲဝင်မယ့် နေရာအသစ်တစ်ခု ထပ်ဖွင့်တော့မယ်လို့ ကျွန်တော် မှန်းဆလိုက်မိပါတယ်။ ကျွန်တော်မှန်းဆတဲ့အတိုင်း အဲဒီအမျိုးသမီးလေယာဉ်လက်မှတ်ကိုယ်စား လှယ်က ဆိုင်းဘုတ်ကို “ဖွင့်ပြီ” ဘက် လှန်လိုက်ပါတယ်။ ပြီးတော့ တန်းစီ နေတဲ့လူတွေဘက်လှည့်ပြီး ကြေညာလိုက်ပါတယ်။

“ရှင်တို့အားလုံးထဲက “ဒဲလက်စ်” ကို ထွက်ခွာမယ့် ၃ နာရီလေယာဉ် မှာ လက်မှတ်ဖြတ်ထားတဲ့လူတွေရှိရင် ဒီကို လာနိုင်ပါတယ်”တဲ့။

အံ့ဖွယ်၊ အံ့ဖွယ်

ကျွန်တော်က သူမ ရှိရာကို လျှပ်ပြက်သလိုအရှိန်နှုန်းနဲ့ အမြန်ဆုံး သွားလိုက်ပါတယ်။ ဒါမှ တန်းစီတဲ့လူတွေရှိရင်တောင် ကျွန်တော်က ရှေ့ ဆုံးကဖြစ်နေမှာကိုး။ လက်မှတ်စစ်က ကျွန်တော့်ကို ပြုံးပြုပြီး ပြောလာပါတယ်။

“၃ နာရီမှာ အဲလက်စ်” ကို ထွက်ခွာမယ့်လေကြောင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါပြီရှင်”တဲ့။

သူမရဲ့ စကားကို ကျွန်တော်က စိတ်အားထက်သန်စွာနဲ့ တုံ့ပြန်ပြော ဆိုလိုက်ပါတယ်။

“ကောင်းလိုက်တာ”

ကျွန်တော့်ရဲ့ တုံ့ပြန်စကားသံကို ကြားလိုက်ရတော့ အမျိုးသမီး လေယာဉ်လက်မှတ်ကိုယ်စားလှယ်ရဲ့မျက်နှာမှာ ဇဝေဇဝါတွေ ဖြစ်ပုံပေါ်သွား ပြီး ပြန်မေးလာပါတယ်။

“ကျွန်မ ပြောတာက ၃ နာရီမှာထွက်မယ့် အဲလက်စ်” လေကြောင်း ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါပြီလို့ပြောတာလေ၊ အဲဒါကို ရှင်က ဘာဖြစ်လို့ “ကောင်းလိုက်တာ” လို့ ပြောရတာလဲ”

ကျွန်တော့်ကို တွေ့တွေ့ချင်းပြုံးပြခဲ့တဲ့ သူမကို ကျွန်တော်က ပြန်လှန် ပြုံးပြလိုက်ပါတယ်။ ပြီးတော့ ပြောပြလိုက်ပါတယ်။

“ဒီလိုပါ။ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်ကို ထွက်မယ့်လေကြောင်း ခရီးစဉ်ကို ဖျက်သိမ်းဖို့ဆိုတာ အကြောင်းရင်း သုံးခုပဲရှိတာပါ။ နံပတ် (၁) က လေယာဉ်ပျံတစ်ခုခု ချို့ယွင်းလို့ဖြစ်မယ်၊ နံပါတ် (၂) က အဲဒီလေယာဉ် နဲ့ လိုက်ပါမယ့်ခရီးသည်တစ်ဦးဦးဟာ သံသယရှိဖွယ်ဖြစ်နေလို့ ဖျက်သိမ်း တာလည်း ဖြစ်နိုင်တယ်၊ နံပါတ် (၃) က ရာသီဥတုဆိုးဝါးနေလို့ ဖြစ်နိုင် တယ်။ အဲဒီအချက် ၃ ချက်ထဲက တစ်ချက်ချက်ဖြစ်နေရဲ့ သားနဲ့ လေကြောင်းခရီးစဉ်ကို မဖျက်သိမ်းဘူးဆိုရင် အဲဒီလေယာဉ်ပျံမျိုးကို ကျွန်တော် မစီးရဲဘူး၊ မစီးတာ ပိုကောင်းမှာပေါ့။ ဒါကြောင့် ကောင်းလိုက်တာ”လို့ပြောတာ”

“ဟော့ဒေါ့ဂ်" (Hot Dog) ရေး မင်းကိုပြောဖို့ မကောင်းသတင်းတစ်ခု ပါလာတယ်ဟေ့ •••

မကောင်းသတင်းတွေ ပြောရမှ ကျေနပ်ပျော်ရွှင်နေတတ်တဲ့လူတချို့ ကို တွေ့ဖူးကြမယ်ထင်ပါတယ်။ အဲဒီလူတွေက ဘဝဆိုတာ ကြမ်းတမ်း ခက်ခဲတယ်လို့ ခံယူထားကြပြီး အဲဒီကြမ်းတမ်းခက်ခဲမှုအကြောင်း တစ်ဖက် သားကို ပြောပြချင်နေကြတာပါ။

ကျွန်တော် တုံ့ပြန်ပြောဆိုတဲ့စကားကို နားထောင်ပြီးတဲ့အခါ အမျိုး သမီးလေယာဉ်လက်မှတ်ကိုယ်စားလှယ်ဟာ သူ့လက်ဖဝါးတွေကို တင်ပါး တစ်ဖက်တစ်ချက်မှာ ထောက်ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဆိုတဲ့အိုက်တင် နဲ့ ပြောလာပြန်ပါတယ်။

“ကျွန်မ ရှင့်ကို ပြောတဲ့စကားက မဆုံးသေးဘူး။ ဟုတ်တယ်၊ နောက် ထွက်မယ့်လေယာဉ်ကလည်း ညနေ ၆ နာရီ ၅ မိနစ်မတိုင်မီအထိ ထွက် နိုင်ဦးမှာမဟုတ်သေးဘူး”

သူမရဲ့ အဲဒီသတင်းစကားအတွက်လည်း ကျွန်တော်က “ကောင်း လိုက်တာ” လို့ တုံ့ပြန်လိုက်ပါတယ်။

အဲဒီအချိန်မှာ တန်းစီနေတဲ့လူတန်းနှစ်တန်းကလူတွေက ကျွန်တော် တို့စကားဝိုင်းဘက် လှည့်ကြည့်နေကြလေရဲ့။ ဘာပြောပြော “ကောင်းလိုက် တာ” လို့ အာမေဍတ်ပြုနေတဲ့ကျွန်တော့်ကိုလည်း ထူးဆန်းနေတယ်ထင် ပါတယ်။ လေယာဉ်လက်မှတ်ကိုယ်စားလှယ်အမျိုးသမီးကတော့ လုံးဝ အံအားသင့်တဲ့မျက်နှာနဲ့ ကျွန်တော့်ကို ပြောပါတယ်။

“ကျွန်မတော့ ခေါင်းရှုပ်သွားပြီ၊ ဒီကမ္ဘာကြီးပေါ်မှာ “ကောင်းလိုက် တာ” ဆိုတဲ့စကားတစ်ခွန်းပဲ ရှင်က ပြောတတ်တာလား။ ကျွန်မ ပြောနေတာ က ရှင်ဟာ နောက်ထွက်မယ့်လေယာဉ်ပျံကို စီးဖို့အတွက် ဒီလေဆိပ်မှာ ၄ နာရီလောက် ထိုင်စောင့်နေရဦးမယ်လို့ ပြောနေတာရှင့်”

ကျွန်တော်ကလည်း ပြုံးပြုံးလေးနဲ့ ပြန်ရှင်းပြလိုက်ပါတယ်။

“ဒီလိုပါ၊ ကျွန်တော် အခု အသက် ၅၄ နှစ်ရှိပါပြီ၊ ဒီအသက်အရွယ် ရောက်တဲ့အထိ ဒီ “ကန်းဆက်စ်” လေဆိပ်ထဲမှာ တစ်ခါမှ ၄ နာရီလောက် လေယာဉ်စောင့်မစီးဖူးပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အတွေ့အကြုံ အသစ်တစ်ခု ဖြစ်သွားတာပေါ့။ ပြီးတော့ လေဆိပ်ထဲမှာ ထိုင်စောင့်ရတယ် ဆိုတာ အရမ်းကို သက်သောင့်သက်သာ ရှိပါတယ်၊ ကော်ဖီသောက်ချင်ရင်

ကော်ဖီဆိုင်လေးမှာ သွားသောက်ရုံပဲ၊ ကျွန်တော့်အလုပ်တွေကိုလည်း ဒီလေဆိပ်ထဲမှာပဲ အေးအေးဆေးဆေး ထိုင်လုပ်လို့ရတယ်၊ ပိုက်ဆံပေးစရာ မလိုတဲ့အဆင့်မြင့်ရုံးခန်းတစ်ခန်းကို ၄ နာရီလောက် သုံးခွင့်ရလိုက်တာပဲ။ ဒါကြောင့် “ကောင်းလိုက်တာ” လို့ပြောတာပါ”

အပြုသဘောနဲ့တွေးတတ်သူတွေ၊ အကောင်းမြင်သမားတွေထက်တောင် ပိုပြီး အပြုသဘောနဲ့ တွေးတတ်၊ အကောင်းမြင်တတ်ဖို့ လိုတယ်

စာဖတ်သူဟာ အခု ဒီနေရာမှာ အခုလို တွေးကောင်းတွေးနေလိမ့် မယ်ထင်ပါတယ်။ ။

“မစ္စတာ ဇစ်ဂလာရေ ၊ ကိုယ်တော့ မင်းပြောသလို “အကောင်းမြင် အတွေးအခေါ်” နဲ့ တောက်လျှောက်သွားမယ်ဆို သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုသွားတာဟာ အစွန်းများ ရောက်နေသလားလို့”

နောက်တစ်မျိုးလည်း တွေးကောင်းတွေးနိုင်ပါတယ်။

“သူ့စာထဲမှာ ရေးထားသလို သူ တကယ်ရော လုပ်နိုင်လို့လား”

အိမ်ကနေ ခွဲသွားခါနီး ကိုယ့်အိမ်သူအိမ်သားကို ပြောသလိုမျိုး “စိတ်ချပါ၊ ကိုယ့်မိသားစု ဂုဏ်သိက္ခာကျအောင် ဘယ်တော့မှမလုပ်ပါဘူး” လို့ ပြောရပါလိမ့်မယ်။ ကျွန်တော့်ဂုဏ်သိက္ခာကျအောင် ကျွန်တော် လိမ် ညာမရေးပါဘူး။ ကျွန်တော် အဲဒီအတိုင်း တကယ်လုပ်ကိုင်ပြုမူခဲ့တာပါ။

ဒီလိုဆိုပြန်တော့ စာဖတ်သူက အခုလို မေးကောင်းမေးပါလိမ့်မယ်။

“အိုကေပါ မစ္စတာ ဇစ်ဂလာ၊ ခင်ဗျားပြောတဲ့အတိုင်း လုပ်ခဲ့တယ် ဆိုပါတော့။ အမှန်အတိုင်းပြောပြစမ်းပါ၊ ခင်ဗျား အဲဒီလို ပြုမူခဲ့တာမှာ စိတ်ထဲကရော တကယ်ပါလို့လား”

ဒီမေးခွန်းကို ကျွန်တော် အခုလို ဖြေရပါလိမ့်မယ်။

“စိတ်ထဲကတော့ ဘယ်ပါမလဲ” လို့။

အစပိုင်းမှာ ကျွန်တော်ဟာ စိတ်ထဲက မပါခဲ့ပါဘူး။ လမ်းခရီးအခက် အခဲတွေအပေါ် ငြီးငွေ့ တတ်တဲ့ ခရီးသည်အများစုလိုပဲ ကျွန်တော်လည်း ထပ်တူထပ်မျှ ဖြစ်ပါတယ်။ ဒါပေမဲ့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခြင်းလို ကိုယ် ဘာမှမတတ်နိုင်တဲ့အခြေအနေမျိုး ရင်ဆိုင်တိုးတဲ့အပေါ် ဘယ်လို တုံ့ပြန်မလဲ။ အကျိုးပြုတုံ့ပြန်မှုမျိုး တုံ့ပြန်လို့ရသလို တန်ပြန်တုံ့ပြန်မှုမျိုးလည်း တုံ့ပြန်လို့ရတယ်လေ။ အကျိုးပြုတုံ့ပြန်မှုက အပြုသဘောဆောင်တယ်။ တန်ပြန်တုံ့ပြန်မှုကတော့ အပြုသဘောမဆောင်ဘူး။ ကျွန်တော်က အကျိုး ပြုတုံ့ပြန်မှုကို ရွေးလိုက်တယ်လေ။

အကျိုးပြုတုံ့ပြန်မှုနဲ့ တန်ပြန်တုံ့ပြန်မှုရဲ့ ကွဲပြားခြားနားပုံလေးကို ရှင်း ပြပါရစေ။ ကျွန်တော်တို့ နေထိုင်မကောင်းလို့ ဆရာဝန်တစ်ယောက်ဆီ သွားပြတယ်ဆိုပါစို့ ။ သူက စမ်းသပ်စစ်ဆေးပြီး ဆေးဝယ်သောက်ဖို့ ဆေး စာ ရေးပေးလိုက်မှာ သေချာပါတယ်။ ပြီးတော့ နောက်တစ်နေ့ ပြန်လာခဲ့ ပါလို့ ချိန်းလိုက်မှာပါ။ နောက်တစ်နေ့ ပြန်သွားတဲ့အခါ ဆရာဝန်က ထပ်မံ စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ သူက စိုးရိမ်တကြီးနဲ့ ဆေးပြောင်းသောက်မှ ဖြစ်မယ်လို့ ပြောလာရင် သေချာတာက သူပေးခဲ့တဲ့ဆေးဟာ ကိုယ့်အပေါ် မှာ “တန်ပြန်တုံ့ပြန်မှု” ဖြစ်လို့ပါ။ ဆရာဝန်က ပြုံးပြုံးလေးနဲ့ အရင်ဆေးစာ အတိုင်းပဲ ထပ်ရေးပေးတယ်ဆိုရင် သေချာတာက သူပေးခဲ့တဲ့ဆေးဟာ