Skip to product information
1 of 6

Other Websites

အောင်သင်း - အတွေ့အကြုံနှင့်အတွေးအကြံ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အတွေ့အကြုံနှင့် အတွေးအကြံ

ကျွန်တော်၏ စာပေရေးရာ ဆောင်းပါးများ စာအုပ်တွင်

ဆောင်းပါးများကို ကဏ္ဍလေးခု ခွဲထားခဲ့ရာ “အတွေးနှင့် အတွေ့' ဟူသော ကဏ္ဍအတွက် အဖွင့်စကားတို ကလေးမှာ -

အတွေ့ ကို အခြေခံ၍ အတွေးကို ပြုရ သည်။ တစ်ဖန် အတွေးကို အခြေခံ၍ အတွေ့ကို ပြုကြရပြန်သည်။ တစ်ဖန် အတွေ့ကို အခြေခံ၍ -

ဟူ၍ ဖြစ်ပါသည်။ ယခု ပြန်ပြီး ဖတ်ကြည့် လိုက်သောအခါတွင်လည်း ထိုစကားစုကို နှစ်သက် နေမြဲပင် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင်လည်း “အတွေ့ အကြုံကို အခြေခံ၍ အတွေးအကြံကို ပြုလျက်” စသည် အားဖြင့်လည်း ကျွန်တော် ရေးမိတတ်ပါသည်။

ကျွန်တော်၏ ခေါင်းထဲသို့ မကြာခဏဝင် ရောက်တတ်သည်မှာ သစ်သော့သီးတစ်လုံး ကြွေကျ သည်ကို တွေ့လိုက်ရသောကြောင့် “ကျတယ် ဆိုတာဘာလဲ ၊ ဘာကြောင့် ကျလာရသလဲ” စသည်ဖြင့်တွေးတောကြံစည်ရာမှ ကမ္ဘာကြီး၏ဆွဲငင်အား အကြောင်းကို ထုတ်ဖော်လိုက်နိုင်သော သိပ္ပံပညာရှင်ကြီး နျူတန်၏ အကြောင်းပင် ဖြစ်ပါသည်။ သစ်သော့သီး

ကြွေသည်ကို ကမ္ဘာဦးကစပြီး လူတို့တွေ့ကြုံခဲ့ကြရဖူးသော်လည်း သူ့လိုမည်သူမျှ မစဉ်းစားဖူးခဲ့ကြဟု ဆိုကြရပါတော့မည်။

အတွေ့အကြုံတွေ မည်မျှပင် ကြီးမားများပြားနေစေဦးတော့ ထိုအတွေ့အကြုံ၌ အတွေးအကြံ မပြု

လျှင် တစ်ပါးလူသားတို့အတွက် (ဝါ) လောကအတွက်ဘာမျှ အကျိုးကျေးဇူးမများနိုင်ဟု ထင်မိပါသည်။ အတွေ့ အကြုံ အတန်အသင့် နည်းပါးစေဦးတော့ အတွေးအကြံ ဘက်၌ လေးနက်စူးရှလျှင် ထိုသူတို့၏ အတွေးအကြံ

သည် လူ့လောကကို အကျိုးပြုတတ်မြဲ ဖြစ်သည်ဟုဆိုသင့်ပါသည်။ ပညာရှင်ဆိုသည်မှာ ထိုကဲ့သို့သောသူမျိုး ကိုပင် ဆိုလိုသည်ဟုလည်း အထင်ရောက်မိပါသည်။

ကျွန်တော် ဤကဲ့သို့ နိဒါန်းပျိုးနေခြင်းမှာ “အတွေ့အကြုံမှ အတွေးအကြံသို့” ရောက်ခြင်းနှင့် ပတ်သက်၍ ပြောလို၍သာ ဖြစ်ကြောင်းကို စာဖတ်

သူတို့ သိနေလောက်ပါပြီ။ မှန်ပါသည်။ “လောကဓမ္မ ထုံးပေါင်းစာတမ်း” ပြုစုခဲ့သော “မဟာအတုလဆရာတော်” ၏ အတွေးအကြံများကို တင်ပြလိုသော ကြောင့် ဖြစ်ပါသည်။

အတွေ့အကြုံဆိုသည်မှာ မိမိကိုယ်တိုင် တွေ့ကြုံခံစားရသည်လည်း ရှိသည်။ သူတစ်ပါး၏ အတွေ့အကြုံကို သိရှိ မှတ်သားလိုက်ရသော အတွေ့ အကြုံလည်း ရှိပါသည်။ သူတစ်ပါး၏ အတွေ့အကြုံ များ၌ပင်လျှင် မိမိ၏ခေတ်ပြိုင် လူပုဂ္ဂိုလ်တို့၏ အတွေ့ အကြုံနှင့် သမိုင်းထဲတွင်သာ တွေ့နိုင်တော့သော ရှေးကလူသူပုဂ္ဂိုလ်တို့၏ အတွေ့အကြုံဟူ၍ ရှိပါသေး သည်။

ဆရာတော်၏ “လောကဓမ္မ ထုံးပေါင်း စာတမ်း” ကို ရုတ်တရက် ရှာဖွေဖတ်ရှုနိုင်ရန် မလွယ်

သော်လည်း ကောက်နုတ်ချက် အချို့ကိုမူကား အလွယ် တကူ တွေ့နိုင်ပါသည်။ “အခြေခံပညာ သင် ရိုး ညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီ” မှ ထုတ်ဝေသော “ဒသမတန်း၊ ပင်ရင်း မြန်မာစကားပြေ လက်ရွေးစင်” တွင် “ကုန်းဘောင် နီတိ” ဟူသော ခေါင်းစဉ်ဖြင့် ထည့်သွင်းပြဋ္ဌာန်းထား ပါသည်။ ထို့ ကြောင့် နီးရာဆယ်တန်းကျောင်းသား တစ်ယောက်ယောက်ထံမှ ဆွဲယူပြီး ကောက်နှုတ်ချက် များကို မြည်းစမ်းကြည့်လိုက်နိုင်ပါသည်။ဆရာတော်၏ အရေးအသားလေသံကို သေချာ ဖတ်ကြည့်လိုက်ပြီးနောက် ကျွန်တော့် စိတ်ထဲတွင် ဆရာတော်သည် အလွန်စူးရှ ထက်မြက်သော ဉာဏ် လည်း ရှိဟန်တူသည်။ စိတ်လည်း တိုတတ်ဟန်ရှိသည်။ အထူးသဖြင့် တော်ရုံတန်ရုံပြောရုံနှင့် သဘောမပေါက် တတ်သူများအပေါ် သိပ်ပြီး စိတ်ရှည်တတ်ဟန်မတူဟု အောက်မေ့နေမိပါသည်။

ယခု ဤဆောင်းပါးမှာ ဆရာတော်၏ စိတ်နေစရိုက်ကို သုံးသပ်ကြရန်မဟုတ်ဘဲ ဆရာတော်၏ “အတွေးအကြံ” ကိုသာလျှင် တင်ပြလိုခြင်း ဖြစ်သောကြောင့် သက်ဆိုင်ရာသာဓကများကိုသာ တင်ပြလိုက် ပါတော့မည်။

သာလွန်မင်းတရားအမတ် ဗညားကျန်းတော တစ်ပါးသို့ သွားစဉ် သားနှစ်ယောက်ကို လွှတ်ခေါ်၍ ဘွဲ့အမည်ပေးနှင့်၏။ အဖ ရောက်လျှင် ဘွဲ့အမည်ရကြောင်း ဝမ်းမြောက် ဝမ်းသာပြောကြ၏။ ငါ့သခင် ငါ့မျက်နှာကိုထောက်၍ ငါ့သားများကို ဘွဲ့အမည် ပေးသည် ဖြစ်ရာချေသည်။ သည်ကဲ့သို့ ပြု၍ ပြည်ရွာမဖျင်းပြီလော၊ အရာလော၊ အရာမဟုတ်။ မင်းတို့ကြောင့် ငါ့သခင် ရန်သူခွေးတစ်ကောင်ကို မနိုင်ချေ။ မင်းတို့သည် ဘွဲ့ကိုခံ၍ အရှင့်အမှုကို မပြတ်စွန့်စား၍ ထမ်းပေးသူတို့ ဘယ်ဘွဲ့ကို ခံရမည်နည်း။ သူ့ဘွဲ့ကို အပ်ပချေဆို၍ သားနှစ်ယောက် လွှတ်မှာ သွားအပ်ရ၏။ ဗညားကျန်းတောထုံး။

မဟာအတုလဆရာတော်သည် ကုန်းဘောင် ခေတ်ဦးဆရာတော်ဖြစ်သည်။ အင်းဝသာလွန်မင်း တရားအကြောင်း ကိုးကားသောကြောင့် သမိုင်းအတွေ့ အကြုံကို ပြန်ပြောခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုသမိုင်းအတွေ့အကြုံကလေးကိုယူ၍ ဆရာတော် တွေးကြံထုတ်ပြလိုက်သည်ကို ဆက်လက်ပြီး ဖတ်ကြည့် စေချင်ပါသည်။ ။

သည်ထုံးကို ထောက်၍ ဧကရာဇ်တို့သည် အမှု မထမ်းသသူကို အမှုထမ်းဘွဲ့ ကြီးကြီးမားမား ချီးမြှောက်လို သည်ဟူ၍ မပေးရာချေ။ ပေးသော်လည်း အရာအခွင့် ကြီးကြီးမားမား မပေးရာ။ တစ်လုံးယူလေ။ ပေးသည်ဟူ၍ အင်မတန်သည်ကို မခံရာချေ။ တစ်ထုံး ယူလေ။ မှူးကြီး မတ်ကြီးတို့ သည်လည်း ဗညားကျန်းတောကဲ့သို့ သားသမီးထက် ပြည် ရေးရာကို ချစ်ရာချေသည်။ တစ်လုံးယူလေ။

အင်းဝတွင် မင်းကျော်စွာကြီး ဝင်းပတ်လည် ကျုံးတူးသည်ကို မြို့ဝန်ထောင်သားတို့နှင့် ဝန်းရံ၍ ထား၏။ ငါဧကရာဇ်ညီကို မြို့ဝန် စော်ကားရမည်လော။ ကျော်စွာကြီး ဓားကို ကိုင်၍ လိုက်၏။ မြို့ဝန်အတွင်းသို့ ပြေး၍ လွှတ်မှာခိုနေ၏။ ဓားကိုကိုင်၍ မြို့ဝန်ကို ဓား နှင့်ကိုင်၍ လိုက်သည်မဟုတ်။ ငါ့ကို နင် ဓားကိုင်၍လိုက်သည်။ စော်ကားလှ၏။ သည် သာလွန်စေ။ အမိန့်တော် ပြန်၏။ အင်းဝထုံး တည်း။

မိမိအိမ်ဝင်းပတ်လည်၌ ကျုံးတူးသည် ဆိုခြင်းမှာ မင်းဧကရာဇ်တို့သာ လုပ်ဆောင်နိုင်ခွင့် ရှိသည်ကို ကျူးလွန်ပြုလုပ်ခြင်း ဖြစ်သောကြောင့် မင်း ဧကရာဇ်ကို တုပယှဉ်ပြိုင်သော ရာဇဝတ်မှု ဖြစ်နေ သောကြောင့် မြို့ဝန်က မိမိ၏ မြို့စောင့် တစ်ထောင် တပ်မှ တပ်သားများနှင့် သွားရောက်တားဆီးခြင်း ဖြစ်ပါသည်။

ကျွန်တော် တွေးပြီး ပြုံးမိသည့်အချက် ရှိပါ သေးသည်။ မြို့ဝန်က မင်းကျော်စွာကြီး၏ စိတ်နေ စရိုက်ကို သိပြီးဖြစ်သည့်အတိုင်း ဤသို့လုပ်လာလိမ့် မည်ကို ကြိုတင်မှန်းဆထားပြီး ဖြစ်ပါလိမ့်မည်။ မိမိ မည်သို့ ပြုရမည်ကိုလည်း ကြိုတင်စဉ်းစားထားပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကျော်စွာကြီး ဓားကိုင် လိုက် သည်နှင့် တစ်ပြိုင်နက် “နောက်ကျတဲ့ ခြေထောက်၊ သစ္စာဖောက်” ဟူသော စကားလို ရွှေနန်းတော် အတွင်းသို့ “လုံး’ နေအောင် ပြေးမည်ကို တွေးကြည့်ပြီး ပြုံးမိခြင်း ဖြစ်ပါသည်။ သူ၏ တုံ့ပြန်ပုံမှာ အလွန်မှန် သည်ဟု ဆိုရပါမည်။ သူက မိမိ၏ ထောင်သားများ အင်အားနှင့် တုံ့ပြန်တိုက်ခိုက်မည်ဆိုလျှင် ရှုပ်ထွေးသွား နိုင်ပါသည်။ ယခုတော့ ခုခံလိုက်ထက်ပင် ခရီးရောက် သွားပါသေးသည်။

ဤအတွေ့အကြုံ အဖြစ်အပျက်နှင့်ပတ်သက်၍ ဆရာတော်သုံးသပ်ပြီး ကောက်ချက်ဆွဲလိုက်ပုံကို ကြည့် စေချင်ပါသေးသည်။

သည်ကိုထောက်၍ ရာဇဝတ်နှင့် ဆန့်ကျင် သည်ကိုပြုက မင်းဧကရာဇ်၏ ညီကိုပင် လည်း မြို့ဝန်တားရိုး ရှိချေသည်။ တစ်ထုံး ယူလေ။ ရာဇဝတ်နှင့် ဆန့်ကျင်သည့် အမှုဖြစ်၍

ကျေးဇူးသစ္စာ ရှိသည့် အတိုင်း မြို့ဝန်တားသည်ကို ငါ့ညီကို နင်းရမည်

လော၊ မင်းဧကရာဇ် အမိန့်တော် ပြန်ရိုးမရှိ ချေ။ တစ်ထုံးယူလေ။ ကျေးဇူးသစ္စာနှင့်အညီ မြို့ဝန် ဖျက်ချေတားချေသည်ကို ငါတို့ ရှင်ဘုရင့်ညီ ရှင်ဘုရင့်သားဟူ၍ ဂုဏ်မာန်တက် ၍ မပြုသင့်ချေ။ မင်းညီမင်းသားတို့ တစ်ထုံး ယူလေ။ ဂုဏ်မာန်တက်ပချေသော် မြို့ဝန်အပြစ်မဟုတ်။ အရှင်ကို စော်ကားရာ ရောက်ပချေ၏။ တစ်ထုံးယူလေ။ အင်းဝတွင် မင်းတစ်ဦး သောက်ဦးလို၍ လူတိတ်သည့် အခိုက်ထန်းရည်အိုးကို ပဝါနီ စည်း၍ အနောက်တော်က သွင်းရ၏။ အတွင်းဝန်ကြီးသိ၍ အနောက်အတွင်းတော် က ချောင်း၍ ဖမ်း၏။ မိလျှင် သေအိုးနှင့် တကွ မိန်းမကိုတပ်၏။ အမိန့်တော်ရှိ၍ သွင်း ရသည် မိန်းမငယ်လည်းဆို၏။ သေအိုးနှင့် နင် မိန်းမတန်မဲ့ တစ်ပြည်လုံးကို မှောက်မည် ကြံသည်။ ယခုပင်သတ်ပစ်မည်။ ဝန်ကြီး လည်း အတွင်းတော်ကကြားအောင် ခြိမ်း မောင်း၏။ မင်းဧကရာဇ်ရွှေနားတော် ကြား၍ သည်းခံပါ။ သင်းအပြစ်မဟုတ်ချေ။ ဆေးဝါး ချက်၍ ငါပင်စေလိုက်ပချေသည် အမိန့်တော် ပြန်မှလွှတ်၏။ အင်းဝထုံး။ ။ သည်ကိုထောက်၍ မင်းဧကရာဇ်တို့ မသင့်သည်ကို ပြုလျှင် ဝန်ကြီးတို့ အလိုလိုက်၍ မနေသင့်။ ဆိုရာချေသည်။ တစ်လုံးယူလေ။ ငါ အလိုတော်ရှိ၍ ယူသည်ကို ငါ့ကို မထောက်အောက်မေ့ရမည်လော၊ ဧကရာဇ်တို့ စိတ်ရိုး မရှိချေ။ တစ်ထုံးယူလေ။

နောက်ဆုံး ကျွန်တော်တင်ပြလိုသော သမိုင်း အတွေ့အကြုံမှာမူကား အလွန်လူသိများပါသည်။ အခြားသူတို့၏ အတွေးအကြံ ကောက်ချက်များကို လည်း ဖတ်ရှုကြရဖူးပြီး ဖြစ်ပါသည်။ ကြည့်ပါဦး။

သာလွန်မင်းတရား သမီးတော် အင်္ကျီတရပ်ပါး ကိုဝတ်၍ ညစ်သောတိုင်ကို မှီ၍ ထိုင်နေ သည်ကို ပရိသတ်အလယ် နင်ဥစ္စာမှန်းမသိ အပြစ်တင်၍ သုံးရက် သမီးတော်နှင့် စကား မဆိုနေ၏။

ဤသမိုင်းအတွေ့အကြုံကို ကောက်ချက်ဆွဲ ကြရာတွင် ထမင်းရည်ကို လမ်းဘေးတွင် ရှိုးသွန်ပစ်

သော မိန်းမတစ်ဦးအား ဆုံးမခဲ့ခြင်းနှင့် ရောစပ်ပြီးသာလွန်မင်းတရားကြီး၏ ချွေတာရေးမူဝါဒ ရှုထောင့် ကသာလျှင် တွေးကြံကောက်ချက် ဆွဲကြမြဲ ဖြစ်ပါ သည်။ မဟာအတုလဆရာတော်၏ အတွေးအကြံ နှင့်ကောက်ချက်ကို ကြည့်ပါဦး။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)