အောင်သင်း - ကျွန်တော်ကျောင်းဆရာ
“ကျွန်တော်ကျောင်းဆရာ' ဟူသော ဆောင်းပါးများကို တစ်လ နှစ်ကြိမ်ထုတ် Commerce' စာစောင်တွင်နှစ်နှစ်ေကျော်ကရေးသားခဲ့ရာထိုဆောင်းပါးများကို စုစည်းတည်းဖြတ်ပြီး စာအုပ်အဖြစ် ထုတ်လိုက်ခြင်း ဖြစ်ပါသည်။
ဆောင်းပါးတွေကို ရေးနေစဉ်ကာလမှာပင် ကျွန်တော်၏ ကျန်းမာရေး ယိုင်သွားမှုကြောင့် စာမရေးနိုင် မထိုင်နိုင်ဖြစ်ခဲ့သေးရာ ကက်ဆက်နှင့် အသံသွင်းပေးခဲ့ရသည်။ ထိုတိပ်ခွေကို ဇွန်ပွင့်အဖွဲ့သားများက စာစီပြီး စာစောင်တွင် ထည့်သွင်းခဲ့ရသည်။ အသံသွင်းတိပ်ခွေကို နားထောင်ပြီး စာစီ ရခြင်းဖြစ်လေတော့ လေသံ၊ ပုဒ်ဖြတ်၊ ပုဒ်စပ် အတိမ်းအပါးလေးတွေ မလွှဲ သာမရှောင်သာ ပါလာတတ်ပါသည်။ ထိုတိမ်းပါးမှုလေးများကိုလည်း သန့်စင်အောင် ပြန်လည်သုတ်သင်ပေးလိုက်ပါသည်။ထိုကဲ့သို့ စာအုပ်အဖြစ် တည်းဖြတ်နေစဉ်မှာပင် ကျွန်တော်၏ ကျန်းမာရေးက နောက်တစ်ကြိမ် ယိုင်သွားလိုက်ပါသေးသည်။ ထိုသို့ ယိုင်နေရင်းကပင် နောက်ထပ်ဖြည့်ချင်၊ စွက်ချင်သေးသည့်စိတ်က ထိန်းလို့မရနိုင်အောင် ရှိလာပြန်သဖြင့် တိုးလိုက်ဖြည့်လိုက်မိပြန်ပါသေးသည်။
'ကျွန်တော်ကျောင်းဆရာ” ဟူသော အမည်ကို တွေ့လိုက်ရုံနှင့်ပင် ဖတ်ရတော့မည့်အကြောင်းအရာကို မှန်းဆပြီး သိနိုင်လောက်ကြပါသည်။ သို့သော် ကျွန်တော် အာရုံပြုမိသည်ကတိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးကို တည်ဆောက်ရာတွင် အရေး အပါဆုံး ပဓာနအကျဆုံးသော အခြေခံအုတ်မြစ်မှာ စာသင်ကျောင်းများဖြစ်သည်။ ထို့ကြောင့် စာသင်ကျောင်း၏ အခြေခံပစ္စည်းများဖြစ်ကြသော “ကျောင်းဆရာနှင့် ကျောင်းသားများသည် အခြေခံအုတ်မြစ်ကြီး စင်စစ်ဖြစ်သည်။ စစ်ဘေးစစ်ဒဏ် လျင် စသည့် သဘာဝဘေးဒဏ်ကြောင့် ကျေးရွာမြို့ပြ အဆောက်အအုံများ ပြိုပျက်ပြာကျသွားသည်ကို ပြန် လည်ထူထောင်ရန် အချိန်ကြာလှသည် မဟုတ်ပါ။ ပစ္စည်းပစ္စယပြည့်စုံလျှင် ၂နှစ် ၃နှစ် အတွင်း ပို၍ပင် လှပထည်ဝါသော မြို့ပြကျေးရွာဗိမာန်များကို တည်ဆောက်နိုင်ပါသည်။ ကျောင်းဆရာ ကျောင်းသားများ ပါဝင်အသုံးတော် ခံကြရသည့် ပညာရေးအုတ်မြစ် ယိမ်းယိုင်တိမ်းပါးသွားလိုက်လျှင် မျက်ကလဲ ဆံပျား ဝိုင်းဝန်းထူထောင်ကြစေဦးတော့ ဆယ်စုနှစ်ချီပြီး အချိန်ကြာတတ် ကြောင်း သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ပါသည်။
ထိုကဲ့သို့လျှင်ပညာရေးကိုတန်ဖိုးထားမိသောကြောင့်ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာများကို လေးစားသော စိတ်ဖြင့်လည်းကောင်း၊ ကျွန်တော်၏ တပည့်အရွယ် ကျောင်းသားလူငယ်များအား ချစ်သောစိတ်ဖြင့်လည်းကောင်း ဤဆောင်းပါးများကို ရေးဖြစ်ပါသည်၊
“ကျွန်တော်ကျောင်းဆရာ”ကို အားပေးသောအနေနှင့် ဖော်ပြပေးခဲ့ သော Commerce စာစောင်အားလည်းကောင်း၊ စိတ်ရှည်လက်ရှည်ကူညီခဲ့ ရှာသောဇွန်ပွင့်အဖွဲ့သားများအားလည်းကောင်း လှိုက်လှဲသော ကျေးဇူး စကား ဆိုလိုက်ရပါသည်။
အောင်သင်း ၂၀-၅-၂၀၀၇
ကျွန်တော် စာပေဟောပြောပွဲတွင် ပြောခဲ့သည်များကို စာအဖြစ် ပြန်ပြီး ရေးခဲလှပါသည်။ ကျွန်တော်၏ ဟောပြောချက်များကို အသံသွင်းခွေမှ တစ်ဆင့် (ထုတ်ဝေသူများက) ကူးယူထုတ်ဝေသော စာအုပ်များတော့ ရှိခဲ့ ဖူးပါသည်။ ထို့အတူ စာသင်ခန်းတွင် ကျောင်းသားတပည့်ငယ်များအား သင်ကြားပို့ချမိသည်တို့ကိုလည်း စာအဖြစ်ပြန်ပြီး ရေးခဲလှပါသည်။ ပြောခဲ့ရ သည်မှာလည်း ကြိမ်ဖန်များလွန်းသောကြောင့် ကျွန်တော့်စိတ်တွင် ရိုးအီလာ သည်ဖြစ်၍ စာအဖြစ်ချရေးချင်စိတ် ခေါင်းပါးသွားခြင်းလည်း ဖြစ်နိုင်ပါ သည်။ ရေးနေရင်း ဆရာဇော်ဂျီက ကျွန်တော့်အကြောင်းကို ကျွန်တော့် သူငယ်ချင်းများအား ပြောပြသည်ကိုလည်း သတိရမိပြန်ပါသည်။ 'ကိုအောင်သင်းက သူပြောချင်တာတွေကို ရွာရိုးကိုးပေါက် လျှောက်ပြောနေ လေတော့ ရေးချင်စိတ် ခန်းသွားတာမျိုးဖြစ်နေတာကွဲ။ ဒါကြောင့် စာရေး တာနည်းနေတာ”တဲ့။
ယခုတစ်ပတ်တော့ဖြင့် ကျွန်တော့်တပည့်တွေကို စာသင်ခန်းတွင် ပြောမိလေ့ရှိသည့် အကြောင်းကိုပင် စာအဖြစ် ရေးလိုက်ရပါဦးမည်။ကျွန်တော်က သူတို့ကို မေးပါသည်။ “လူနဲ့ တိရစ္ဆာန် ဘယ်သူက သာသလဲ” အားလုံးတညီတည်း “လူကသာပါတယ်” ဟု ဖြေလေ့ရှိပါသည်။
“နေရာတကာမှာ သာသလား' ဟုဆက်မေးလိုက်သောအခါ တစ်တန်းလုံး ငြိမ်ကျသွားလေ့ရှိပါသည်။ သူတို့အားလုံး ငိုင်သွားလေ့ရှိပါ သည်။ ကျွန်တော်က ဆက်ပါသည်။
“လူက ဆင်လောက်အားကောင်းသလား”
“မကောင်းပါဘူး”
“မြင်းလောက် အပြေးသန်သလား”
“မသန်ဘူး”
“ငါးလောက် ရေကူးတတ်သလား”
“မကူးတတ်ဘူး”
“ကျားသစ်လောက် သတ္တိကောင်းသလား”
“မကောင်းဘူး”
“ပျားတွေ ပုရွက်ဆိတ်တွေလောက် စည်းလုံးမှုကောင်းသလား”
“မကောင်းဘူး”
“ဒါဖြင့် တိရစ္ဆာန်အားလုံးထက် ဘယ်နေရာတွေမှာ သာသလဲ၊ စဉ်းစားကြစမ်း”
ထိုမေခွန်းကို မေးလိုက်သောအခါတွင်တော့ဖြင့် အားလုံး ငြိမ်ကျ သွားပြီး တစ်ယောက်တစ်ပေါက် အသိဉာဏ် ပညာ၊ စသည်ဖြင့် သူတို့ ထင်ရာမြင်ရာတွေကို ပြောကြပါတော့သည်။ သူတို့အပြစ် မဟုက်ပါ။ အလွန် လေးနက်သော ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ဆိုတော့ ရေရေရာရာ သိခဲ့သည် မဟုတ်ပါ။ ခပ်ငယ်ငယ်ကဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးသည်ကို သတိရနေသောကြောင့် ပြောလိုက် နိုင်ခြင်း ဖြစ်ပါသည်။ ထိုဆောင်းပါးရှင်ကိုပင် သတိမရတော့သောကြောင့် မဖော်ပြလိုက်နိုင်သည်ကို စိတ်မကောင်းပါး မှတ်မိသလောက်မှာ ဘာသာ ပြန် ဆောင်းပါး ဖြစ်ပါသည်။ ပညာရှင်ကြီးတွေက ရေးထားသည့် ဆောင်းပါး ကို ဘာသာပြန်ထားခြင်း ဖြစ်ပေမည်။
ဘယ်တိရစ္ဆာန်ထက်မဆို လူကသာသည်မှာ သုံးမျိုးသာ ရှိပါသည်တဲ့။ ထိုအချက်တွေက -
(၁) ကျိုးကြောင်းဆင်ခြင်ဉာဏ် ပညာကြီးခြင်း (၂) ကိုယ်ကျင့်တရားရှိခြင်း (၃) အလှအပကို ခံစားဖန်တီးတတ်ခြင်း ထိုသုံးချက်မှာတော့ဖြင့် ဘယ်တိရစ္ဆာန်မျှလူကို မမီနိုင်တော့ပြီ။
ကျိုးကြောင်းဆင်ခြင်ဉာဏ် ပညာကြီးခြင်း
တိရစ္ဆာန်များမှာလည်း ကျိုးကြောင်းဆင်ခြင်ဉာဏ်တော့ဖြင့် ထိုက်သင့် သလောက် ရှိသည်။ ခွေးတွေကို ဆပ်ကပ်သွင်းနိုင်သည်ကိုထောက်လျှင် ထိုအချက်မှာ ထင်ရှားသည်။ ထို့ပြင် အိမ်တွင် ဖြစ်သလိုမွေးထားသော ခွေးများပင် သူ ဘယ်နေရာမှာသာ နေရမည်း ဘယ်နေရာထိအောင် မသွားရ ဆိုတာတွေကို သိနေကြသည်။ ထို့ကြောင့် ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိသည်ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။
စကားစပ်မိလာလိုက်ပြန်သောကြောင့် သတိရတာကလေးတစ်ခုကို ကောက်ထည့်ရေးလိုက်ရပါဦးမည်။ ကျွန်တော်လူပျိုပေါက် ငယ်ဘဝက ပျဉ်းမနားမြို့နယ် ကျေးလက်ပိုင်းတွင် ကြားခဲ့ရဖူးသော ဆင်တစ်ကောင် အကြောင်း ဖြစ်ပါသည် ဆင်ရိုင်း မဟုတ်ပါ။ သစ်ဆွဲ ဆင်ယဉ်ဖြစ်ပါသည်။ သူက ညဉ်ဘက်လွှတ်လိုက်လျှင် တောထဲတောင်ထဲသွားပြီး ဝါးပင်သစ်ညွန့် တွေကို ရှာမစား။ လူတွေ စိုက်ပျိုးလုပ်ကိုင်ထားသော ယာခင်း လယ်ကွက်တ သီးနှံကို လာလာပြီး စားလေ့ရှိသည် ယာရှင် လယ်ရှင်က အော်ကာဟစ်ကာမောင်းထုတ်ရသည်။ သည်လိုကျပြန်တော့လည်း လူကို ရန်မူခြင်း မပြု။ သို့သော် တစ်ချိန်လုံး ဘယ်မှာ စောင့်နေနိုင်ပါမည်နည်း။ သူတို့အိပ်ချိန်လောက်တွင် အသာလာပြီး စားတတ်ပြန်သည်။ သည်တော့ ဆင်ပိုင်ရှင်နှင့် ဆင်ဦးစီးကို တိုင်ကြတောကြရပြန်သည်ပေါ့။နောက်တော့ ဆင်ဦးစီးက ဒေါင်ဒေါင်ဒင်ဒင် အသံစွာစွာမြည်သော သံခေါင်းလောင်းတစ်လုံးကို လည်ပင်းတွင် ဆွဲထားပေးလိုက်သည်း ဒီတော့ တိုးတိုးတိတ်တိတ် သွားလို့မရတော့ပြီး သွားလိုက်လျှင် လယ်ရှင် ယာရှင်က နိုးလာပြီး အော်လားဟစ်လား ခြောက်နိုင်လှန့်နိုင်သည်ပေါ့။ သည်အကောင် အတော်လေး အခက်ကြုံလာပြီပေါ့။
သို့သော် တစ်ပတ် ဆယ်ရက်လောက်ရှိတော့ ခေါင်းလောင်းသံ တစ်စက်မှမကြားဘဲ သူဝင်စားသွားသည့် ခြေရာလက်ရာတွေကို တွေ့လာရ ပြန်သည်။ ဒီတော့ ဆင်ပိုင်နှင့် ဆင်ဦးစီးကို တိုင်ကြပြန်သည်။ သူတို့လည်း နားမလည်နိုင်အောင်ဖြစ်နေကြသည်။ နောက်တော့ သူ့အကြောင်းကို သိနေ သည့် ဆင်ဦးစီးက မသင်္ကာသောကြောင့် သူ့လည်ပင်းက သံခေါင်းလောင်း ကို သေချာစစ်ဆေးကြည့်သည်။ လားလား ဒီတော့မှ ခေါင်းလောင်းထဲတွင်ရွံ့ခြောက်အစအနတွေကို သွားတွေ့သည်။ ငနဲက ခေါင်းလောင်းထဲတွင် ရွှံ့တွေဆို့ပြီး လှုပ်ရှားနေသည်ကို ပြီးတော့မှ ခေါင်းလောင်းထဲက ရွှံ့ကို နှာမောင်းဖြင့် ရေမှုတ်ဆေးပစ်သည်။ သို့သော် လည်ပင်းအောက်က ခေါင်းလောင်းကို မမြင်ရလေတော့ ရွှံ့ခြောက်တွေက ကပ်ကျန်နေရစ် သည်ပေါ့။ နောက်ပိုင်းတော့ဖြင့် ဘယ်လိုစီမံကြသည်ကို ကျွန်တော် မမှတ်မိတော့။ ကျွန်တော်ကတော့ လူငယ်ဘာဝ ခေါင်းလောင်းထဲ ရွှံ့ပိတ်သည်ကို ကြားရသည်နှင့်ပင် အလွန်နှစ်ခြိုက်စွာ ရယ်မောခဲ့မိသည်ကို သတိရနေပါ သေးသည်။
ထိုသို့သော တိရစ္ဆာန်တို့၏ အသိဉာဏ်ကို ပညာရှင်များက (Animal wisdon) “တိရစ္ဆာန်လိမ္မာမှု” ဟု ခေါ်တတ်ကြပါသည် ထိုသို့သော ဖြစ်ရပ်ကလေးတွေ အတော်များများကို ကျွန်တော် ဖတ်ရှုမှတ်သားဖူး ပါသည်။ သို့သော် ဆောင်းပါး ရှည်လျားလွန်းမည်စိုးသောကြောင့် မရေး လိုက်တော့ပါ၊ , မရေးတော့ပါဟု ဆိုရင်းကပင် မရေးဘဲ မနေနိုင်အောင်ဖြစ်လာသောကြောင့် တိရစ္ဆာန်တို့၏ အသိဉာဏ်(animal intelligence)အ ကြောင်းကို ရေးလိုက်ချင်ပါသေးသည် ကျွန်တော် ခပ်ငယ်ငယ်(လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်လောက်က) မဂ္ဂဇင်းတစ်စောင်တွင် ဖတ်ခဲ့ရသော သစ်တောဘက် အရာရှိတစ်ဦးသည့် ဆောင်းပါးကို ယခုတိုင် မှတ်မိနေပါသည်။
သစ်ထုတ်လုပ်ရေးတွင် ဆင်တို့၏ အရေးပါပုံကို တင်ပြထားသော ဆောင်းပါး ဖြစ်ပါသည်။ တောင်ပေါ် တောစွယ်များတွင် ကျွန်းပင်ကြီးများကို ခုတ်လှဲကြရသည်။ လမ်းမရှိ ပန်းမရှိတောင်စွယ်တွင် သင်းသတ်ခုတ်လှဲထား သည့် သစ်လုံးတွေကို ယမားချောင်းကျယ်ကြီးများရှိရာသို့ ဆင်နှင့်ဆွဲကြရ သည်။ မိုးကျလာလို့ ချောင်းရေကြီးလာမှ သစ်တွေကို ချောင်းရေတွင် မျှော ကြရသည်။ ထိုအခါတွင်လည်း ချောင်းရေစီးတွင် အလိုက်သင့်မျောပါအောင် ဆင်များကိုပင် အသုံးပြုကြရသည်းချောင်းရေနှင့် မျောလာသော သစ်လုံးများကို ချောင်းအောက်ဘက် ရေစီးသာသော ဆိပ်ကမ်းကောင်းသည့် သစ်ဆိပ်ရောက်မှ ဆင်များနှင့် ဖမ်းယူကမ်းတင်ရသည်။ ထိုသစ်ဆိပ်ကမှ ဆင်နှင့်ဆွဲ၊ ကျွဲနှင့်ရုန်း စသည် အားဖြင့် သစ်တိုက်ကားပေါ်တင်၊ ရထားလမ်းရှိရာ၊ ဖောင်ဖွဲ့ရန် မြစ်ဆိပ်ရှိရာ စသည်တို့သို့ သစ်လုံးများကို ပို့ပေးကြရသည်။ကျွန်တော် ပြောချင်သည်က “ရေလိုက်ကောင်းသော ဆင်' များ အကြောင်း ဖြစ်ပါသည်။ မိုးမကျမီ(ချောင်းရေကျမလာမီ) သဲပြင်တွင် ချထားသော သစ်လုံးများမှာ ချောင်းရေနှင့် အလိုက်သင့်မျောပါသွားရမည် ဖြစ်ပါသည်။ ဆင်များကိုပဲ အသုံးပြုကြရသည်။
သို့သော် တစ်ခါတစ်ရံတွင် သစ်လုံးကြီးများ တစ်လုံးနှင့်တစ်လုံး တိုးဝှေ့ယှက်တင်ပြီး “ဒိုက်ပုံ' ဖြစ်သွားတတ်သည်။ “ဒိုက်ပုံ” ဖြစ်သွားလျှင်တော့ ရေစီးတွင် မမျောတော့ပါ။ မိုးပြတ်လို့ ချောင်း မရှိတော့လျှင် သစ်လုံး ဒိုက်ပုံကြီးကို ဖြိုလို့ မရနိုင်တော့ပြီး ထို့ကြောင့် ချောင်းရေစီးသန်ခိုက်မှာပင် သစ်လုံးအောက်ပုံကို ဖြိုချသည်။ ဒီအခါတွင်မှ ရေလိုက်ကောင်းသောဆင် ၏ စွမ်းရည်နှင့်အသုံးဝင်ပုံက ထင်ရှားလာသည်။
တဟဲဟဲစီးဆင်းနေသော ချောင်းတွင်းသို့ဆင်းကာ ဝိုက်ပုံကို ဖြိုရ တော့မည့် အန္တရာယ်ကြီးလှသောကြောင့် ဆင်ဦးစီးသည်ပင်လျှင် 'ဆင်ဦးမှာ မစီးဝံ့တော့ဘဲ” ကမ်းပေါ်က လှမ်းပြီး အော်ကာဟစ်ကာ အမိန့်ပေးနေ ရသည်။ဒိုက်ပုံကို ဖြိုရသည်မှာ အန္တရာယ်ကြီးလှသောကြောင့် ဆင်ကလည်း ကောင်းကောင်းသိသည်။ ထို့ကြောင့် ရေစီးတဟဲဟဲတွင် ကြံ့ကြံ့ခံနေသည်းသစ်လုံး ဒိုက်ပုံအနီးသို့ သတိကြီးစွာ ချဉ်းကပ်သွားသည်။ ရေအောက်တွင် ရှိနေသော သစ်လုံးများကို နှာမောင်းဖြင့် သေချာစမ်းသပ်သည်။ မည်သည့် သစ်လုံးက 'အခရာ' နည်း။ မည်သည့်နေရာက 'သော့ချက်” ဖြစ်သနည်း။ ထိုသစ်လုံးကို ဆွဲချရမည်လား၊ တွန်းထိုးရမည်လား၊ ဆွဲမ ရမည်လား၊ ဖိနှိပ် ရမည်လား စူးစမ်းရသည် ။တွေ့ပြီဆိုတော့မှ ထိုသစ်လုံးကို နှာမောင်းနှင့်မ၊ အစွယ်နှင့်နှိပ် စသည်ကို ပြုလုပ်ရမည်။ ဒိုက်ပုံပြိုတော့မည့်လက္ခဏာ ပြလာလျှင် ပိုပြီး သတိထားရသည် ဧရာမသစ်လုံးကြီးများ ပြိုကျလာလိုက်လျှင် ဆင်လည်း သစ်လုံးတွေကြားထဲ ညပ်ပြီး မကူးသာမခတ်သာ ချောင်းရေစီးတွင် မျောပါ သွားနိုင်သည်းထို့ကြောင့် ဒိုက်ပုံပြိုတော့မှာ သေချာသည်နှင့်တစ်ပြိုင်နက်ဆင်က ကမ်းဘက်သို့ ပြန်ပြေးတော့သည်။ ဒိုက်ပုံထဲက တစ်လုံးပြိုဆင်းသည်။
ထို့နောက် တစ်လုံး၊ နောက်တစ်လုံး။ ဤသို့နှင့် ဒိုက်ပုံဖြိုယူရသည်။ထိုဆင်ကို “ရေလိုက်ကောင်းသောဆင်' ဟု ခေါ်ကြသည်။ ဆင်၏ အမြင့်ကို 'ပေတိုင်း' ပြီး အဖိုးသားနား သတ်မှတ်လေ့ရှိကြရာ သာမန်အား ဖြင့် ဆင်၏ အမြင့် '၁ ပေ ́ကို တစ်သိန်းဆိုကြပါစို့ရေလိုက်ကောင်းသော ဆင်မှာ တစ်ပေကို တစ်သိန်းခွဲ စသည်ဖြင့် တန်ဖိုးပိုမြင့်သည်ဟု ဆောင်းပါး ရှင်က ရေးသားတင်ပြထားပါသည် ။
ထိုဆောင်းပါး၏ တင်ပြချက်များကို ထောက်ကြည့်လိုက်လျှင် ရေ လိုက်ကောင်းသောဆင်၏ ကျိုးကြောင်းရှာဖွေစူးစမ်းတတ်မှုမှာ အံ့သြ လောက်အောင်ပင် ထက်မြက်ကြောင်း သိသာနေပါသည်။
ကျွန်တော်ဆိုလိုသည်က တိရစ္ဆာန်များမှာလည်း ကျိုးကြောင်း ဆင်ခြင်ဉာဏ် ထိုက်သင့်သလောက်တော့ရှိသည်ဟု တင်ပြလိုခြင်းမျှသာ ဖြစ်ပါသည်။ ကိုယ်ကျင့် တရားရှိခြင်း ကိုယ်ကျင့်တရား ဆိုသည်ကတော့ တိရစ္ဆာန်တွင် မရှိကြတော့ပါ။ အထူး သဖြင့် တောရိုင်းတိရစ္ဆာန်တို့တွင် ဘာကိုယ်ကျင့်တရားမျှ မရှိပါ။ တောရိုင်း တိရစ္ဆာန်ကို မပြောနှင့်ဦး ရှေ့တွင်ပြောခဲ့သည့် ဆင်ယဉ်ပင်လျှင် ယာခင်း လယ်ကွက်ကို ခိုးစားနေခဲ့သည် မဟုတ်လား ။
ငါးအသေးလေးတစ်ကောင်ကိုတွေ့လျှင် ငါးကြီးက စားလိုက်မည် သာ ဖြစ်သည်။ ကျားက သမင်တစ်ကောင်ကို တွေ့လျှင် ကိုက်စားလိုက်မည်သာ ဖြစ်သည်။ ထိုသမင်မမှာ သားငယ်သမီးငယ်တွေ ရှိနေသေးသလား။ ဒါ သူ့အလုပ် မဟုတ်။ ကိုယ်ချင်းစာနာစိတ်၊ ထောက်ထားညှာတာစိတ် သူ့မှာ ပေါ်မလာနိုင်။ ကိုယ်ကျင့်တရားဆိုတာ သူတို့မှာ မရှိနိုင်။ကျွန်တော်တို့ လူတွေမှာတော့ဖြင့် တစ်ဘက်သားအား ကိုယ်ချင်း စာနာစိတ်၊ ထောက်ထားစာနာစိတ်၊ ညှာတာစိတ် ဆိုတာတွေ ရှိကြရသည်။ ထိုထိုသောစိတ်မျိုး ကင်းမဲ့သည့် လူသားများကော မရှိဘူးလားဟု စာဖတ်သူ က မေးစရာရှိပါသည်။ ရှိနိုင်ပါသည်။ “လူသည် တိရစ္ဆာန် စိတ်နှင့် ဆင်ခြင်ဉာဏ်တွဲနေသော သတ္တဝါဖြစ်သည်” ဟု ဒဿနပညာရှင်များက ဆိုမိန့်သည်ကို ကျွန်တော် မှတ်သားရဖူးပါသည်။ တိရစ္ဆာန်စိတ်များနေသော