Skip to product information
1 of 4

Other Websites

အောင်ဝေး - မစ်ရှီဂန်မှငမိုးရိပ်သို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မစ်ရှီဂန်မှ ငမိုးရိပ်သို့ (၁)

မိတ်ဆွေကြီး ကိုဒေါင်း။

          ကျန်းခံ့သာလို့မာပါစ။ ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာလှုပ်ရှားမှုသတင်းတွေကြားရဖတ်ရတော့ ကျနော်တို့ ဒီမှာ၊ ပြည်ပက အတော့်ကို ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရပါတယ်။

          ဒီမှာရှိတဲ့ ဘလော့ဂါကဗျာဆရာတွေကလည်း အဲဒီပြည်တွင်းကကဗျာသတင်းတွေကို သူတို့ကိုယ်ပိုင် ဘလော့ဂ်တွေမှာ ဝေဝေဆာဆာဖော်ပြတတ်ကြ တယ်လေ။

          ဒီမှာကတော့ ဆရာမောင်စွမ်းရည်ကို အကြီးအမှူး ဦးစီးဦးဆောင်ထားပြီး ကဗျာလှုပ်ရှားနေကြတာပါ။ ဆရာမောင်စွမ်းရည်က နယူးယောက်စီးတီးမှာ။ သစ်ကောင်းအိမ်က အင်ဒီယားနားမှာ။ ထက်ရာဇာ (ဒီလက်မျိုး)က အရင် အော်ရီဂွန်၊ နောက် နယူးယောက်ပြည်နယ်၊ အခုတော့ ကိုလိုရာဒိုမှာ။ ကျောက်ဆည်သား ကျော်သူမိုးမြင့်က ယူတပြည်နယ်။ ထိုင်းနယ်စပ်ကလာတဲ့ ဆရာမခိုင်မာကျော်ဇောက ပင်ဆယ်ဗေးနီးယား။ ကျွန်တော်က မစ်ရှီဂန်မှာ ဆိုပါတော့။

           ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာတော့၊ ကဗျာဆရာမောင်လွမ်းဏီ၊စိုးနေလင်း(မောင်စိုးသစ်)၊ နှင်းခါးမိုးတို့ရှိတာပေါ့လေ။ (ပြည်တော်ပြန်သွားတဲ့ကဗျာ့အိုးဝေကိုငြိမ်းဝေလည်းအဲဒီမှာနေခဲ့တာပါ) ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးABSDFကျောင်းသားတပ်မတော်ကနေပေါ်ထွန်းလာတဲ့ကဗျာဆရာတွေလည်းမနည်းပါဘူး။

           သူတို့အထဲကဆိုရင် နယ်စပ်မှာ ကဗျာဆရာ ကမာပုလဲ။ ကယ်လီဖိုးနီးယား ရောက်နေတဲ့ အောင်သာငယ်။ အင်ဒီယားနား-ဖို့တ်ဝိန်းက ဆောင်းယွန်းလ။ နယူးယောက်ပြည်နယ်-ဘတ်ဖဲလိုးက ညိုထက် (လမ်းသစ်ဦး)။ ဒါ ကျွန်တော် လက်လှမ်း မီသလောက်ဆိုပါတော့။ သူတို့ကိုတော့ လက်နက်ကိုင်ကဗျာဆရာတွေလို့ ခေါ်ရ မလားပဲ။ အခုလက်ရှိ မကဒတ(ကျောင်းသားတပ်မတော်)ဥက္ကဋ္ဌရဲဘော်သံခဲဆိုရင် သူကိုယ်တိုင်လည်း ကဗျာရေးသူ တစ်ယောက်ပါပဲ။

          ပြည်ပရောက်လာပြီး ကိုယ်ပိုင်ဘလော့ဂ်နဲ့ ကဗျာတွေ အဆက်မပြတ် ရေးတင်နေကြသူတွေထဲမှာ နယ်စပ် နို့ဖိုးဒုက္ခသည်စခန်းက ခင်လွန်း (အခု နယူး ဇီလန် ရောက်သွားပြီ)။ မယ်တော်ဆေးခန်းက ဒေါက်တာလွဏ်းဆွေ။ ဗန်ကောက်တက္ကသိုလ်တစ်ခုက ကောင်းကင်ကို။အမေရိကကဟာဝိုင်ယီမှာနေတဲ့မသဒ္ဒါတို့ဆိုရင်လည်း မြန်မာ ကဗျာဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးပမ်းနေကြသူတွေပါ။

          တောင်ကိုရီးယားက ရန်နိုင်ထွန်း၊ ဝိုင်မြစ်ချို။ ဂျပန်က ရဲရင့်သက်ဇွဲ (အခု ဖင်လန်နိုင်ငံ)။ ရဲငြိမ်း။ စသည်ဖြင့် သူတို့ဟာလည်း အဝေးရောက်ဗမာကဗျာဆရာ တွေလို့ ဆိုရမယ်။ သူတို့လိုပဲ တရုတ်ပြည်ရွှေလီဘက်၊ကူမင်းဘက် ရောက်နေတဲ့ ဆရာဝင်းတင့်ထွန်းတို့၊ဆရာမောင်လှဝင်း(မြင်းခြံ)တို့နဲ့အောင်ငြိမ်း၊ရဲဘော်ဖိုးသံချောင်းတို့ဟာလည်း အထင်ကရ ပြည်ပရောက် ကဗျာဆရာတွေပဲမဟုတ်လား။

          ကဗျာဟာ ဒီမိုကရေစီတိုက်ပွဲလက်နက်တစ်ခုအဖြစ်နဲ့ အဝေးရောက်ဗမာ ကဗျာဆရာတွေက ယုံယုံကြည်ကြည် ကိုင်စွဲထားကြတာပါ။ပြည်တွင်းမှာကတော့ ကဗျာဟာ၊ အထူးသဖြင့်လူငယ်တွေရေးနေတဲ့ခေတ်ပြိုင် ကဗျာတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့ အဓမ္မကန့်သတ်ပိတ်ပင်ချုပ်ချယ်ခံနေရတဲ့အခြေအနေမှာရှိနေတုန်းပါပဲ။

          ဗမာ့လူ့အဖွဲ့အစည်းဟာကဗျာနဲ့မကင်းကွာဘူး။ကဗျာဆရာနဲ့မဝေးဘူး။ ဒါပေမဲ့အာဏာရှင်စနစ်ဆိုးတွေအောက်မှာတော့ ပြည်သူတွေနဲ့အတူပဲ၊ ကဗျာဆရာ တွေလည်း ဖိနှိပ်ခံရ၊ စော်ကားခံနေရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့တဲ့ စစ်သံဖနောင့်အောက်မှာ စာပေနဲ့ အနုပညာလွတ်လပ် ခွင့်ဟာ ဇီးရိုး နတ္ထိ ဖြစ်ခဲ့ပေါ့။

          ခေတ်အဆက်ဆက် ဗမာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်လိုက်စမ်းပါ ကိုဒေါင်း။ အုပ်ချုပ်သူ၊ ဖိနှိပ်သူ၊ အာဏာရှင်ဆိုသူတွေဟာ ကဗျာဆရာကို အထူး စိုးရွံ့ကြောက်လန့်ခဲ့ကြတာချည်းပါဗျာ။ လွတ်လပ်ရေးမရခင်၊ ဗြိတိသျှကိုလိုနီခေတ်မှာအင်္ဂလိပ်နယ်ချဲ့အစိုးရရဲ့BLACKLISTSလို့ခေါ်တဲ့ရန်သူတော်စာရင်းထဲမှာကဗျာဘိုးအေကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ရန်သူနံပါတ်(၁)အဖြစ်သတ်မှတ်ခဲ့တာပါ။ (ဗိုလ်ချုပ်အောင်ဆန်းကရန်သူနံပါတ် ၅ ပေါ့)

          တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်တွေ မှာကျတော့ရော။ ၁၉၅၆ခုနှစ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်(၁၀၀)ပြည့်ပွဲကို မဆလစစ်အစိုးရက ပိတ်ပင်တားဆီးခဲ့တာပဲမဟုတ်လား။ မှိုင်းရာပြည့်အရေးအခင်းမှာ ကျောင်းသားတွေ ထောင်ချီပြီး အဖမ်းခံခဲ့ရတာပဲမဟုတ်လား။

          န၀တ၊နအဖခေတ်တွေကိုရောက်လာတော့ပိုဆိုးသွားပြီကိုဒေါင်း။နဝတခေတ်မှာပထမဆုံးအဖမ်းခံရတဲ့ကဗျာဆရာက ဆရာဦးတင်မိုးပါ။ နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDကကဗျာဆရာတွေဖြစ်ကြတဲ့ ဆရာဖျာပုံနီလုံဦးနဲ့ဆရာမုံရွာအောင်ရှင်တို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ ကဗျာဆရာမမစိမ်းပင်ဆိုရင်အကျဉ်းထောင်ထဲမှာ လူစဉ်မမီတော့အောင်ကို နှိပ်စက်ညှဉ်းပမ်း ခံခဲ့ရတယ်။

          ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ ဗမာပြည်မှာပဲရှိတဲ့ စာပေစိစစ်ရေးဌာန ဆိုတာဂျပန်ခေတ်ကကင်ပေတိုင် စစ်ပုလိပ်အဖွဲ့သာသာပါ။ ၁၉၈၈ရှစ်လေးလုံးအရေးတော်ပုံကြီးမဖြစ်ခင်ကလေးက အဲဒီစာပေ စိစစ်ရေးဌာနကိုရောက်လာတဲ့ ဒီတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ မဆလဗဟိုဌာနချုပ်၊ သုတေသနဌာနကြီးက ပြုစုထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ဆရာမောင်သွေးသစ်က တစ်နည်းတစ်ဖုံနဲ့ ရခဲ့ဖူးပါတယ်။ 

          အဲဒီလျှို့ဝှက်အစီရင်ခံစာထဲမှာလက်ရှိဗမာကဗျာဆရာတွေကိုအစိုးရဆန့်ကျင်ရေးသမားတွေအဖြစ်အုပ်စုတွေခွဲပြီးဖော်ပြထားတာပါ။ဥပမာဆိုပါတော့၊ဆရာမောင်စွမ်းရည်တို့၊ဆရာကြည်အောင်တို့၊ဆရာမောင်သွေးသစ်တို့၊ကျွန်တော်တို့ကိုဗကသတမ်းချင်းရေးသူ“တောမျှော်ကဗျာဆရာများ”ဆိုတဲ့ခေါင်းစဉ်အောက်ထည့်ထားတာမျိုး။ ပြီးတော့၊ လွတ်လပ်လင်္ကာ၊ ကာရန်မဲ့ကဗျာတွေ ရေးနေ လို့ဆိုပြီး ကျွန်တော်တို့လူငယ်ကဗျာဆရာအားလုံးကို “အမေကျော် ဒွေးတော်လွမ်း ကဗျာဆရာများ” ဆိုတဲ့ တံဆိပ်ကပ်တာမျိုး။ ဆိုးပ။

          န ၀ တ ခေတ်မှာလည်း အဲဒီလိုလျှို့ဝှက်အစီရင်ခံစာမျိုး ရှိတယ်လို့ ဆရာမြသန်းတင့် မကွယ်လွန်ခင်က ကျွန်တော်တို့ကို သတိပေးခဲ့ဖူးပါတယ်။

          စစ်အာဏာရှင် ခေတ်အဆက်ဆက်မှာတော့ ကဗျာဆရာတွေလည်း တောထဲ ရောက်၊ ထောင်ထဲရောက်၊ ရေဝေးရောက်၊ နိုင်ငံခြားရောက် ဖြစ်ကုန်ကြပါပြီ။

           ၁၉၉၀ရွေးကောက်ပွဲမှာ NLDကနေဝင်ရောက် အရွေးခံပြီးအနိုင်ရခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်တို့၊ ဆရာဗန်းမော်ညိုနွဲ့တို့ကို စစ်အစိုးရက အငြိုးအတေး ကြီးကြီးထားခဲ့ပါတယ်။

          ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို ထောက်ခံအားပေးတဲ့အတွက် ဆရာ ကြည်အောင်နဲ့ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့ကို စစ်အစိုးရက စာရေးခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။ အခုဆရာကြည်အောင်ကွယ်လွန်သွားခဲ့ပါပြီ။

         

 

          ကျနော်တို့တိုင်းပြည်မှာဘာနဲ့တူနေသလဲဆိုတော့ အစိုးရတွေဟာ ကဗျာဆရာတွေကိုအာဏာလုဘက်ထင်ပြီး ကြောက်ကြောက်နဲ့ မတရား ဖမ်းဆီးနှိပ်စက် နေသလိုမျိုး ဖြစ်နေတာပါပဲဗျာ။

                                                                                                                              အောင်ဝေး

 ဧပြီ ၁၉ ၂၀၁၁။

 

မစ်ရှိဂန်မှ ငမိုးရိပ်သို့ (၂)

 

မိတ်ဆွေကြီး ကိုဒေါင်း။

          ကျန်းခံ့သာလို့မာပါစဗျာ။ ဒီမှာ ကျွန်တော်တို့အဝေးရောက်တွေ မှတ်မှတ်ရရ ကဗျာရွတ်ဆိုပွဲကလေးတစ်ခု လုပ်ခဲ့ကြတဲ့အကြောင်း ပြန်ပြောင်းပြောပြပါရစေ။

          ပြည်တွင်းမှာတုန်းကတော့ ကျွန်တော်တို့တွေ ကဗျာရွတ်ဆိုပွဲတွေ အများ ကြီး လုပ်နိုင်ခဲ့ကြတာပေါ့နော်။ မကွေးမြို့က ဧရာဝတီမြစ်လယ်ခေါင် သောင်ပြင်ကြီး ပေါ်မှာ နှစ်စဉ် လွတ်လပ်ရေးနေ့တိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ “ကျွန်းမကြီး” ကဗျာ ရွတ်ဆိုပွဲကနေ စလို့ပေါ့ဗျာ။

           နောက်ပိုင်းကိုစောဝေတို့၊ကိုဇော်သက်ထွေးတို့၊ကျွန်တော်တို့တွေတာဝန်ယူစီစဉ်ခဲ့ကြတဲ့“အဖြူရောင်သက်တီ” ကဗျာရွတ်ဆိုပွဲတွေ။ ပြီးတော့ နှစ်စဉ် မတ်လ (၂၁)ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ကဗျာနေ့” အထိမ်းအမှတ် ကဗျာ ရွတ်ဆိုပွဲတွေလည်း ရှိသေးတယ်မဟုတ်လား။

          ကိုဒေါင်းရေ ••• ပြည်ပမှာတော့ ကဗျာရွတ်ဆိုပွဲတွေလုပ်ဖြစ်ဖို့က ခဲယဉ်း ပါတယ်။ ကိုယ့်ရေကိုယ့်မြေလည်း မဟုတ်ဘူးလေ။ ပြည်ပမှာကတော့ အွန်လိုင်း ကဗျာဆရာ လုပ်နေရတာ၊ အင်တာနက်ဘလော့ဂါများပါတယ်။ ဝက်ဘ်ဆိုက်တွေကို ကဗျာရေးပို့ကြတယ်။ ကိုယ်ပိုင်ဘလော့ဂ်တွေမှာ ကဗျာတွေ ရေးတင်ကြတယ်။ ပြည်ပမှာ မြန်မာမဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် ရှားတယ်ဗျ ကိုဒေါင်းရဲ့။

          အမေရိကမှာ လော့စ်အိန်ဂျယ်လိစ်အခြေစိုက် “မန္တလေးဂေဇက်ရတနာပုံ နေပြည်တော်”သတင်းစာရှိတယ်။ နယူးယောက်မြို့အခြေစိုက် “ပြည်သူ့အမြင်” ဂျာနယ်ရှိတယ်။ ဂျပန်မှာက “အာဟာရ”စာစောင်နဲ့ “အလင်းအိမ်” မဂ္ဂဇင်းတို့ ပုံမှန်ထုတ်ဝေနေတယ်။ စင်ကာပူမှာလည်း မြန်မာမဂ္ဂဇင်းထုတ်တယ်ကြားတယ်။ ဒီလောက်ပါပဲ။

          အဲဒီလို ရှားရှားပါးပါး မြန်မာမဂ္ဂဇင်းစာစောင်တွေမှာ ကျွန်တော်တို့ ကဗျာ ရေးကြ၊ စာရေးကြရတာပါ။ များသောအားဖြင့်ကတော့ အင်တာနက်ဝက်ဘ်ဆိုက် တွေမှာ ဝင်ပြီးရေးကြရတာပါပဲ။ ဆန်ဖရန်စစ္စကိုအခြေစိုက် “မိုးမခ”ဝက်ဘ်ဆိုက်။နယူးယောက်အခြေစိုက်“ဘားမားတူဒေး”ဝက်ဘ်ဆိုက်။အိန္ဒိယအခြေစိုက်“မဇ္ဈိမ”နဲ့ထိုင်းအခြေစိုက် “ဧရာဝတီ” ဝက်ဘ်ဆိုက်တွေ။ လန်ဒန်အခြေစိုက် “ကောင်းကင် အနုပညာ”။ ဒီလိုဝက်ဘ်ဆိုက်တွေမှာ ဝင်ရေးရပါတယ်။

          တစ်ခါတလေသူတို့ဘလော့ဂ်ပိုင်ရှင်တွေကလက်ခံရင်လည်းဝင်ရေးပေါ့။ ဥပမာ- ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်လိုနေရာမျိုး။ ဒါလောက်ပါပဲ။

          ဒီတော့ ပြည်ပမှာက ကဗျာရွတ်ဆိုပွဲယဉ်ကျေးမှုက ပြည်တွင်းမှာလို ဖွံ့ဖြိုး ခွင့်၊ ထွန်းကားခွင့် မရဘူးလေ။ ပြည်ပရောက်မှ ကျွန်တော်အလွန်ဆုံးလုပ်နိုင်ခဲ့တာဆိုလို့ ၂၀၀၈ခုနှစ်(မတ်လ၂၁) ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အဖြစ် နော်ဝေ အခြေစိုက် “ဒီမိုကရက်တစ်မြန်မာ့အသံ” DVBရုပ်မြင်သံကြားသတင်းဌာနနဲ့ ပူးပေါင်း ပြီး LIVE SHOW ရိုက်ကူးခဲ့တဲ့ မဲဆောက်မြို့ ဒေါင်းရင်ပြင်က ကဗျာရွတ်ဆိုပွဲ တစ်ပွဲပဲရှိတာပါ။

          ဆရာမောင်စွမ်းရည်တို့၊မေငြိမ်းတို့၊ခက်မာတို့၊ကျွန်တော်တို့ဒီကစာပေဟောပြောပွဲတွေမှာတော့ဟောရင်းပြောတွင်းသား ဆီရာဆိုင်ရာကဗျာတချို့တလေ အနည်းနဲ့အများရွတ်တာဆိုတာ ဖတ်တာ လောက်တော့ရှိ သပေါ့ဗျာ။ဒါပေမဲ့ဒါကစာပေဟောပြောပွဲပဲ။ ကဗျာရွတ်ဆိုပွဲမှမဟုတ်ဘဲပဲနော်။

          ဒီလိုအခြေအနေမျိုးမှာကိုဒေါင်းရေ•••တစ်ခါသားမှာတော့အလွန်ကိုနှစ်ထောင်းအားရကျေနပ်ပျော်ရွှင်ခဲ့ရတဲ့ ကဗျာရွတ်ဆိုပွဲတစ်ခု ကျွန်တော်တို့ ကျင်းပ နိုင်ခဲ့ကြတာပါ။ တကယ်တမ်းပြောရင်တော့ ဒီကဗျာရွတ်ဆိုပွဲဟာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုအရင်းခံပြီး ဖြစ်လာရတာပါ။

          ၂၀၁၀ နိုဝင်ဘာ ၁၃။

          ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေဂုံတိုင် ထောင်လွတ်မိန့်ခွန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့သားငယ် ကိုထိန်လင်း

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)